Spread the love

ပုံထဲမှာ ပါသည့် မြတ်ဘုရားရှင် ကတော့ ကဿပ မြတ်ဘုရား ဖြစ်ပါတယ်။ သည် ကျင့်စဉ် လေး ကိုတော့ ကျွန်မ မေမေ ရှိစဉ်က သင်ပေးခဲ့ ပါတယ်။ လူတစ် ယောက်ဟာ ကျန်းမာရေး ပြင်း ထန် သောရောဂါ တစ်ခုစွဲ ကပ်ပြီဆို ပါတော့။ သေတော့မလား ကိုယ့်ကိုယ်ကို လည်းစိတ် ပူလာပြီ ဆို ပါတော့။ အခု ကျင့်စဉ် လေးကို ကျင့်လို့ ရပါတယ် တဲ့။ ကဿပ မြတ်ဘုရားရှင် ရှေ့မှာ ဖြစ်ရ ပါ မယ်။ ရန်ကုန် မှာတော့ ရွှေတိဂုံ ဘုရားရှိ ပါတယ်။ မုဒ်လေး မုဒ်ရှိသည့် ဘုရားတွေမှာဆို ကဿပ မြတ်ဘုရားရှင် စံပါယ် ပါတယ်။ ရွတ်ရမည့် ဂါထာ ကတော့ ဇလွန် ပြည်တော်ပြန် မြတ်ဘုရား၏ သင်းကျစ်တော် ဂါထာ ဟု ခေါ် သလို တချိူ့ ကတော့ မကိုဋ်တော် ဂါထာ ဟု လည်းဆို ပါ တယ်။ အောင် ကာသပစ္ဆယ ၊ ဥပသိမာ ၊ မမေမာလိ ၊ ဧဟိဧဟိ ၊ ဗုဒၶံဝါ၊ ဓမၼံဝါ၊ သံဃံဝါ၊ သေဂ၊ သုဝါ ဟုရံဝါ ။

အရှင်ဘုရား ဘုရား တပည့်တော်သည် ယခု ဖြစ်ပေါ် နေသော ရောဂါဖြင့် မသေဆုံးချင်ပါဘုရား။ အမြန်ဆုံး ဆေးတွေ့ ကျန်းမာ အသက်ရှည်ရ ပါလို၏။ ငါးပါးသီလ လုံခြုံ အောင်းစောင့်ထိန်းရပါ မည်။အထူးသဖြင့် ကာမေသုကံကို အထူး စောင့်ထိမ်းပါ။ အနည်းဆုံး ၁၀၈လုံး ပုတီး တပါတ်စိပ် ပါ။ ကဿပ မြတ်ဘုရား ရှင်သည် ရွှေတိဂုံ အနောက် မုဒ်မှာရှိသည့်အတွက် ကြာသပတေးဂြိုလ် တိုင်ကြောင့် သာမက မျက်နှာတော် ဖူးရသည်မှာ ကြည်လင် သပ္ပါယ်လှပါသဖြင့် အမြဲဖူးတတ်ပါ သော်လည်း ကျန်းမာရေးကောင်းနေဆဲမို့ ထိုဂါထာကို မရွတ်ခဲ့မိပါ။ မေမေ ပေးခဲ့သောနည်းလေး ဖြစ်ပေမဲ့ ဂါထာကိုသာ နှစ်သက်စွာ ရွတ်တတ် ပါတယ်။ တကယ် လို့များ ကျန်းမာရေး များစွာညံ့ နေခဲ့ပါလျှင် ယခု နည်းလေးဖြင့် ရွတ်ဖတ် ဆုတောင်း နိုင်ပါကြောင်းးးးးးးးးးးးးးးးးးးးးးး။

အန်တီ ခိုင်ဇင်သက်(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *