Spread the love

💔💔💔💔ဘဝမှာ ရုန်းကန်လိုက်ရတာ။ အမေ့ဗိုက်ထဲတုံး ကတည်းက။ အသက်ရှင် နိုင်ဖို့ အများ ကြီး ကြိုး စားရ ပါလား။ လူ ဖြစ်လာ ပြန် တော့ မသေ ရအောင် ကြိုးစား ကြံ့ ကြံ့ ခံ ရင်း တစ်နေ့ တစ်နေ့ အမျိူးစုံသော ဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ ရတာပါ။ ကျောင်းတက် တော့ရော။ စာမေး ပွဲကျ မှာ ကြောက်လို့ မကျက် ချင် လည်းကျက်၊ ကျက်ချင် လည်း ကျက်ရင်း အ မြတ် ထွက် ဖို့ ပဲ စဉ်းစား လာမိ တယ်။ စာမေးပွဲ ရှုံးမှာ ကြောက်လို့။ ရှူံးရင် ရိုက်တတ်တဲ့ မိဘရှိ ပိုဆိုး။ သည်လို နဲ့ ဘဝမှာ မရှူံး ချင်လို့ အမြတ်ထွက် ဖို့ပဲ မဲလာ မိပါတယ်။ ဆယ်တန်း ရောက်တော့ ပိုဆိုး။ စာမ ကျက်ချင် လည်းကျက် ရတယ်။ အမှတ် ကောင်းကောင်း ရမှ တက္ကသိုလ် ကောင်း ကောင်း ရမယ်။ ဘဝ မှာ သူများထက် သာဖို့ဆို ကြိုးစားလိုက် ရတာ မရှူံး ချင်တာလေ။အမြတ် အမြတ် နဲ့။ တစ်ခါတစ်ခါ ဝါသနာ လည်းဖျောက် ဘဝလည်း ပျောက် နေရသူ တွေ အများ ကြီး။ အနာဂါတ် ဆိုတဲ့ ပုံစံ ခွက် ထဲ မှာ ကိုယ် က အ ဝိုင်း ကြိုက် ဦး လေးထောင့် ဖြစ် လိုက် တြိဂံ ဖြစ် လိုက်။ နုပျိူ ခြင်း တွေ ကို စတေးရင်း မပျော်လည်း ရွေ့ ပျော်လည်း ရွေ့ နေရ တာပါလား။ ဘဝမှာ အများအထင်ကြီးတဲ့ဘွဲ့၊ ရာထူးတွေအတွက် အတော် များများသော ဝါသနာ၊နု ပျိူမှု၊လွတ်လပ်မှုတွေ စတေးရင်း အသက် ဝဝမျှ မရှူရဲသောအချိန်တွေလည်းရှိကြပါတယ်။အချစ်ကြပြန်တော့ ဦး‌နှောက်နဲ့ ဈေးတွက်တွက် ရင်း သာယာ ချင် ယောင် ဆောင် လို့ အမြတ် နဲ့ အ ရှုံးကြား နှစ်ပါး သွားရ တာ တွေ။ နှလုံးသား နဲ့ ရင်း ပြန်တော့ ထင် သလို မဖြစ် ရလို့ အရှူံး ကြီး ရှုံးလို့ သား သမီးတွေသာမြတ်ခဲ့တဲ့ ယိုင်နဲ့နဲ့ဘဝ တွေ။

စီးပွားရေး တွေ၊ လူမှုရေးတွေ ကြားမှာ ခေါင်းမော့ နေနိုင်တဲ့ အခါအမြတ် ထွက်တာလား။ ခေါင်း ငုံ့နေရတာ အရှူံးကြီး ရှူံးတာလား။ကိုယ်ကြိုးစားသလောက်ဖြစ်လာရင် အောင်နိုင် တာက မြတ် တာလား။ ကိုယ် ကြိုးစား ပါလျှက် အမြဲ ကျရှူံး နေရ တဲ့ အခါ ကော။ လူ့ ဘဝကြီး ကို စွန့်ခွါ ချင် လောက်အောင် ဖြစ်တော့ သေချာ အရှူံး လား။ ကိုယ့် စိတ် ကလေး တစ်ခု ရဲ့ အရောင် ဆိုး ချယ် လှယ်သမျှ ခံစားရင်း ရှူံးတယ် မြတ်တယ်ဆိုတာ တွက်ဆချက်တွေပါလို့ ဘာလို့ မသိခဲ့မိပါလိမ့်။ လူဖြစ်ရှုံး တယ်တဲ့။ ဒါဆိုလူဖြစ် မြတ်ရမယ်လို့ ဆိုတာပေါ့။ အရှုံးအမြတ်ကြား ပတ်ချာလည်ရင်း တကယ် တော့ ဇရာကို ဘယ်တုံး ကများနိုင်ခဲ့ ပါလိမ့်။ ဗျာဓိ ကို ဘယ် တုံး ကများ နိုင် ခဲ့ ပါ လိမ့်၊ မရဏကို ဘယ်တုံးကများ နိုင်ခဲ့ပါလိမ့်။ အရှူံးမရှိချင်လို့ မပျော်လည်းကြိုးစား၊ ပျော်လည်း ကြိုး စားရင်း တကယ်ရှူံးရမယ့် အရှူံးကြတော့ မေ့ထားမိတာလား။ မနိုင်နိုင်ဘူး သိသိနှင့် ရှုံးတယ် ဆို သော စကား မကြားချင် လို့ မြတ်ချင်ယောင် ဆောင်နေ မိတာလား။ သံသရာက ရှည် သလောက် တစ်ဘဝစာက တိုတိုလေးပါ။ မရှူံးချင်လို့ တိုက်ပွဲတွေ ဝင်မော့ ကြည့်လိုက်ချိန် သည်တစ် ခါရင် ဆိုင်ရမှာက ဇရာလား၊ဗျာဓိလား၊မရဏလား။ သည် စာမေးပွဲ က အနိုင်ရ ဖို့ဆို တာ။ နည်းဗျူဟာ တွေမပြင်ဆင်သင့်ဘူးလား။ဆယ်တန်းမှာဂုဏ်ထူးများများရဖို့ ညများစွာ ရင်းခဲ့ပါလျှက် သည်စာ မေးပွဲကညများစွာမရင်းသင့်ဘူးလား။

ဟို အရှူံး လေးတွေ က ပြန်ပြင် လို့ရ ပါတယ်။ ပြန်ပြင် ဖို့ လွယ်ပါ တယ်။ သည် အရှူံး က တော့ ကြောက်စရာ ကောင်းလွန်းလှပါရဲ့။ ပြန်ပြင်ဖို့ အခွင့်အရေး မရနိုင်လောက်အောင် အရှူံး ကြီးရှူံး နစ်မြုပ် ရတော့မှာပါ။ မြတ် ချင်တယ်၊ နိုင်ချင် တယ်ဆို တဲ့စိတ်က သည် နေရာမှာ မွေးထား ရမှာ မဟုတ်လား။ ဘဝစာမေးပွဲတွေက ငွေဆိုသောအရာကိုပေးဆပ်ရလွန်းပါလျက် သည်စာမေးပွဲက ငွေမလို ကိုယ့် ခန္ဓာရှိရင် တိုက်ပွဲဝင်လို့ ရပါပြီ။ ကျွန်မတို့က အရှူံးမရှိ အမြတ်ကြီးပဲရမယ့် သည် တိုက် ပွဲ ကိုကြ တော့ မေ့လျော့ နေကြ တာ ပါလား။ ငွေဘယ် လောက် ပေးရ လို့ လည်း။ မွေးက တည်းက တလစပ် ဝင်ထွက် နေသော သည် ဝင်လေ ထွက်လေ တွေ။ တ လစပ် ဖောက် ပြန် နေ သောသည် ရုပ်သည် နာမ်တွေကို စောင့်ကြည့် ရတာလေး ကိုတော့ သတိမေ့ထားမိကြတာလား။ အနိုင်ယူလိုသော ကျွန်မတို့ရဲ့ ပုထုဇဉ် စိတ်တွေ၊ အကျိူး အမြတ် မျှော်သော ကျွန်မတို့ရဲ့ ပုထုဇဉ် စိတ်တွေ ။ဒါသေချာပေါက် အရှူံးမရှိတဲ့ အနိုင်အ မြတ်ရတဲ့ တိုက်ပွဲပါ။ နိုင်မှာသိမြတ်မှာသိသော သည်စာမေးပွဲ။စာများများမကျက်သင့်ဘူးလား။

ဟိုး ယခင် က ကျွန်မ လည်း အကျိူး မျှော်၍ အကြော င်းများစွာ ပြုခဲ့ ပါတယ်။ အခု လည်းသည် အကြောင်း ကနေ အကျိူး ကြီးကြီးရ မှာသိနေ တာပဲ လေ၊ သည်အမြတ်က မမျှော်လည်း ရမျှော် လည်းရ မှာမို့။ သည်ခန္ဓာတစ်ခုက သေချာ ရှိပြီးသား။ ငွေပေး ဝယ်စရာ မှမလို။ တန်ဖိုးကြီး သမျှ လိုချင်ခဲ့ပါလျှက် အဖိုးမဖြတ်နိုင်သော သည်ဝင်လေထွက်လေတို့ကို ရနေပါ လျှက်။💔💔💔💔💔💔💔💔💔ကျွန်မ လည်းသည် သို့ အစဉ်တွေး လျှက် မရဏနှင့် စစ်ခင်းချိန် ကျွန်မ ဘယ်သို့ အနိုင် တိုက်မည် ဆိုတာ ပွဲမဝင်ခင် ကြိုတင် ပြင်ဆင် နေရဆဲ။ တိုက်စရာ လက်နက် အင်အား အစုံရှိ ပြီ ပဲ မဟုတ် လား။ ဒါကြောင့် လက်နက် အစုံနှင့် လေ့ကျင့်ရင်း အချိန် တခုရသမျှ နောက်ဆုံး ထွက် သက်ထိ။ ကျွန်မ သေချာ ပေါက် အနိုင် ရမှာလို့ ယုံကြည် ပါပြီ။ ပန်းခင်း လမ်းက ဟိုး အရှေ့ ကြို ဆို နေမှာပါ။ သည် တစ်ဘဝ တိုက်ခဲ့ သ မျှ သည် တစ်ပွဲ နိုင် ဖို့ ပြင် ဆင် ရတာ က။ ငွေ မလို ပါပဲ စိတ်ဓါတ် အင်အား သာလို တာပါ။ သည်တိုက် ပွဲမှာ အနိုင် လိုချင်ရင် ခုထဲက ပြင်ဆင်ကြစို့လား။ အရှူံးကို မလို ချင်ဘူး ဆိုရင် ပေါ့လေ။ ဆရာတော် ကြီးတွေပြောသလို မပြင်ဆင်တတ်ရင်တော့ မတ်မတ်ရပ်နိုင်တဲ့ဘဝကနေလေး‌ဘက်ထောက်ဘဝရောက်သွားမယ်တဲ့။အဲ့လိုမရှုံးချင်ရင်တော့ ကျွန်မတို့ အနိုင်ယူနိုင်မယ့်နည်းသိနေပြီပဲ မဟုတ်လား။

အန်တီ ခိုင်ဇင်သက်(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *