Spread the love

ကိုယ်စိတ် နှစ်ပါးလုံး လန်းဆန်း ကြည်လင် မှုမရှိတဲ့ ယောဂီ တစ်ယောက်ဟာ ရှုစိတ် မငြိမ် နိုင်ပါ ဘူး။❌ရှုစိတ်မငြိမ်ရင် ရုပ်သဘော နာမ်သဘောတွေကိုမမြင်နိုင်ပါဘူး။❌ဒါဆို ငြိမ်အောင် ဘယ် လိုလုပ်ရမလဲ? အရင်ဆုံး တရား မထိုင်ခင် မိမိ စိတ်ကလေးကို ငြိမ်အောင် ထားမယ် ဆိုပြီး နှလုံး သွင်း လိုက်ပါ။✅ဘာနဲ့ တူသတုန်း ဆိုတော့ ရေအိုးထဲက ရေကိုလက်နဲ့မွှေရင်အနယ်တွေထမယ်၊ အနယ်တွေထရင်အတွင်းကိုစိုက်ကြည့်တဲ့အခါမှာအနယ်အမှုန်တွေကာဖုံးနေတဲ့အတွက်ကြောင့် အိုးရဲ့ အောက်ကြမ်းပြင်ကို ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မမြင်နိုင် ပါဘူး။ ထိုသို့ သည်ပင် လျှင်ဒီရေကိုငြိမ်ချင်ရင် အိုးကိုလည်းငြိမ်အောင်ထားရမယ်ရေကိုလည်းငြိမ်အောင်ထားရပါမယ်။ အချိန် အတိုင်းအတာ တခုအိုးကို မလှုပ်ရှားပဲထားရင် ရေဟာ တဖြေးဖြေးနဲ့ ငြိမ်ပြီးတော့ အနယ် တွေ ထိုင်ကြသွား ပါမယ်။အယ်.. အဲ့လိုအနယ်တွေ ထိုင်ကြသွားပြီဆိုတော့မှ ကြည်လင် သန့်ရှင်း တဲ့ရေကိုရ ပါမယ်။ ဟော…ရေကြည်လေး ရလာ ပြီဆို တော့မှ သောက်လိုက သောက် သုံးလိုက သုံးမိမိတို့ ကြိုက်နှစ် သက်သလို အသုံးပြုလို့ ရသွား သလိုပါ ပဲနော်။ အသုံးဝင်တဲ့ ရေကြည်လေး ဖြစ်သွားပါပြီ။ဒါမို့ လှုပ်ရှားရုန်းကန်နေတဲ့ အနယ်တွေဟာ… နီဝရဏ တရားတွေနဲ့တူပါတယ်။

ရေဟာ ဘဝင်နဲ့ တူပါတယ်။ အိုးဟာ ရုပ်နဲ့တူ ပါတယ်။ ဒီလိုဆိုတော့ရုပ်ကိုလည်း ငြိမ်ထားရမယ်၊ ဘဝင်လေကလည်းငြိမ်ရပါမယ်။စိတ်ကိုလည်းအထိုင်ကျကျလေးခေါင်းကလည်းအေးအေးလေးနဲ့….ခေါင်းအေးအေးစိတ် အထိုင်ကျကျလေးနဲ့ ရှုမှတ်ပါမှ ရုပ်နာမ်ဓမ္မသခ်ါရ သဘော တရားတွေ ကို ထိုးဖောက် မြင်နိုင်စွမ်း ဖြစ်တဲ့ ဉာဏ်ဆိုတာ ပေါ်လာပါလိမ့်မယ်။ ဒီသဘောလေးကို သေသေ ချာချာ လေးနားလည် သဘောသွား ပြီဆိုရင်တော့ တရားကို ဘာကြောင့် ရှုမှတ် ရတာလဲ?တရား ရှုမှတ်တဲ့ အချိန်ဘာကြောင့်သဘောထား မှန်ဖို့လိုတာလဲ?တရားရှုမှတ်ရခြင်း၏ ရည်ရွယ်ချက်က ဘာလဲ? စသော မေးခွန်းလေးတွေရဲ့ အဖြေကို ရရှိသွားပါ လိမ့်မယ်။ ရေမှမငြိမ်သေးပဲဘယ်လိုမှ သောက်သုံး လို့ရမှာ မဟုတ်ပါဘူး။အယ်… ရေလေးလည်း ငြိမ်သွားရော…ဟောဗျာ… ကိုယ့်စိတ် ကလေးကြည်ကြည်လင်လင်သန့်သန့်လေးနဲ့လိုသလိုသုံးစေ။ဖြစ်သွားတော့တာဗျားးးးရေအိုးကိုလည်း ငြိမ်အောင်ထားလို့ ရေကိုလည်း ငြိမ်အောင်ထားရင်း…. လေ့ကျင့်သွားကြပါစို့ ယောဂီ အ ပေါင်းတို့…🤗🤗🤗🤗

Nippon San(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *