Spread the love

ကျွန်မတို့က တစ်ခါတစ်ရံ ၃၁ဘုံမှာ လူ့ဘုံဒါကတော့ ကိုယ်နေတာကိုး။ တိရစ္ဆာန်ဘုံ။ အတူမြင်ရ တာကိုး။ သည်၂ဘုံကိုသာ သိကြမြင်ကြလို့ ယုံကြည် ကြတာ ပါ။ ၃၁ဘုံမှာ အပါယ်၄ဘုံက ပြိတ္တာ ကိုသရဲလို့ နည်းနည်းရှိတာယုံ ကြပါတယ်။ ငရဲကတော့ မယုံသူတွေရှိပါတယ်။ အသူရကာယ် က လည်းကြား ဘူးယုံပေါ့။ နတ်ပြည်၆ထပ်။ သိကြားမင်း၊ နတ်သား၊ နတ်သမီး တွေ ရှိတယ်။ စကား အဖြစ် ကြားဘူးသော်လည်း တစ်ချိူ့က မမြင်သရွေ့ ယုံရအခက်ဆိုတာ လည်းရှိ မှာပါ။ ဗြဟ္မာ့ဘုံ တော့မပြောတော့ပါဘူး။နိဗ္ဗာန်ဆို ကျွန်မပင်ခုချိန်ထိ အေးချမ်းတယ်။အိုနာသေဒုက္ခမရှိဘူးလို့သာ သိတာ၊ထဲထဲဝင်ဝင်မသိပါဘူး။မင်းကွန်းဆရာတော်ကြီးပြောသလို။ ဆရာတော်ကြီးနာမည်တော် မှားလျှင်ခွင့်လွှတ်ပါ။စာကိုသာမှတ်ထားမိလို့ပါ။မင်းကနိဗ္ဗာန်ဘယ်မြင်မလဲ။မြင်နိုင်တဲ့ဉာဏ်ကောရှိလို့လားဆိုတာလေ။သောတာပန်လောက်ဖြစ်မှ နိဗ္ဗာန်ကို ၄ပုံ၁ပုံသာမြင်သတဲ့။ ကိုယ်မသိကိုယ် မမြင်ပေမယ့် လက်ခံ ထားရတဲ့ အရာတွေအများ ကြီးပါ။ အထူးသဖြင့် အမေဆို ပါတယ်။ ကိုယ့် မွေးလို့သေချာသိ၊အမေ့အမေအဖွား မီသူရှိမမီသူရှိလည်းရှိကြောင်းလက်ခံလို့ရပါတယ်။အဖွားရဲ့ အမေ။ အမေ။ အမေ။ အမေ။ အမေ။အဆင့်ဆင့် ဘယ်အဆင့် ထိသိလို့ လဲ။ ကျွန်မ တို့ဆို အဖွား ဒေါ်ဟန်သီ။ နောက်တော့ အမေ ပြောတာ ကြားဘူး တာ။ အဖွား အမေက ဒေါ်အေးယဉ် ဆိုလား မသေ ချာ တော့ ။ သူ တို့ နာ မည်ပင် မသိ။ ရှိတယ် လက်ခံကြပေမယ့် မြင် မမြင်ဘူး။ ဒါပေမယ့် ၃၁ဘုံကြတော့ မမြင်ဘူးရင် သိပ်လက္မခံချင်။

ဒါကြောင့် မို့လည်း ကျေးဇူးတော်အရှင် မောင်းထောင်မြေဇင်း ဆရာတော်ကြီးက ဟိုးတစ်ချိန်က ဆို ယောဂီတွေကို ဘုရားတွေဖူး၊ တွေ့ရကြုံရ ဘယ်သူ့မှ ပြောခွင့် မပေးခဲ့ ပါဘူး။ ကြားရရင်မယုံ ကြည်သူတွေက ပြောမှားဆိုမှားနဲ့ အပစ်ဖြစ်မှာ စိုးရိမ်ပုံ ရပါတယ်။ ကျွန်မတို့ ခုချိန်ပင် ပြောရဆို ရတာ မြေဇင်း ယောဂီ အချင်း ချင်းက ပိုပြောလို့ ကောင်းပါ တယ်။ ကျွန်မ တို့ မိသား စုမှာ သား၊ ချွေးမ။ သူတို့က တရား မှတ်ရင် ဗုဒ္ဓါနုဿတိပဲ မှတ်ကြ တာပါ။ သူတို့က ကျွန်မ ပြောတာ ကို သူ တို့မကြုံရလည်းယုံကြည်ကြတော့ပြောရအဆင်ပြေပါတယ်။တစ်ခါတစ်ရံတစ်ချိူ့သော သူတို့က မမြင် ဘူးသော ဘုံတွေကို မသိလေ တော့ ပြောတတ် ဆိုတတ် တာလေး တွေ ရှိကြ ပါတယ်။

ဒါကြောင့် ကျွန်မ က တစ်ခုခု ထူးခြားတဲ့ အကြောင်းဆို မိသားစု၊ မြေဇင်းသူငယ်ချင်းတွေကိုသာ ပြောပြ မိပါတယ်။ စိတ်ဆိုတာ ကလည်း အင် မတန် အပြောင်း အလဲ မြန်ပါ တယ်။ ခုအကောင်း တော်ကြာ စိတ်က ဘာညစ်လို့ ညစ်နေ မှန်း မသိ။ ကျွန်မလည်း ခုလို အလွန်ဖြစ် ပါတယ်။ တစ်ခါ တစ်ရံ ငါ မပျော်ဘူး စိတ်ညစ် နေ သလိုပါ လား။ ဘာ ကို စိတ်ညစ် နေတာ လဲ ပြန်စဉ်း စား ရ တဲ့ ဘဝပါ။ ဒါ ကြောင့် ကိုယ် မသိ နိုင်သော အကြောင်းတွေ ထဲမှာ တခြားသူ တွေလည်း အကုသိုလ် မဖြစ်‌ေအာင် ကြိုးစား ရှောင်လိုက်တာ အကောင်းဆုံးပါ။ အကုသိုလ် ဆိုတာက သိလို့ပြုပြုမသိ လို့ ပြုပြု ပြု ပြီးရင် စေတနာ ဇော အတိုင်း ရသွား တာ ပါပဲ။ ဟို တစ်နေ့ က မောင်လေးနဲ့ ကျွန်မ ဖုန်း ပြော ရင်း သိ ကြား မင်း ကြီး ကို မြင် ရပြီး ရွှေ ကုတင် ရွှေ ပစ္စည်း တွေ နဲ့ အိပ်ခန်း တစ်ခန်း အကြောင်း ပြောပြမိတယ်။ တစ်ကယ်ပဲ နတ်ပြည် ရောက္မယ်ဆိုလည်း သောတာပန် ဖြစ်မှ မဖြစ် သေး မသေချင်ဘူး ပြောမိ တယ်။ အနားမှာ ရှိတဲ့ သူ တစ်ယောက်ယောက် က မယုံ ပါပဲ အတွေး ချော်ရင် အကုသိုလ် ဖြစ်နိုင်တယ် မဟုတ်လား။ ဒါကြောင့် စကားပြောတာကအစ သတိကြီးကြီး ထားမှ ဆိုသလို စာရေးတာလည်း သတိထားရ မယ်ဆို နောက်ကို အများကြီး ဆင်ခြင်ရ တော့မှာ မဟုတ်လား။ ဒါကြောင့် fbပေါ်မှာလည်း ကိုယ်မမြင်မသိယုံနဲ့ တစ်ခုခုရေး ထားတာလေး အပေါ် မှား ယွင်းစွာ မခံစားလိုက် ကြပါနဲ့။

ကျွန်မ တို့ နား မလည် မသိ နိုင် သော အ ကြောင်း တွေက အ များ ကြီး ပါ။ ကျွန်မ ဆို အ ရင် က ဟီရိဩတပ္ပ မရှိသောပုံတွေ မြင်ရင် စိတ်ပျက်စွာ ပြောမိ ဆိုမိ။ ခုချိန်တော့အမြန် ကျော်ပစ်လိုက် ပြီး သေးမွှားသော အကုသိုလ်သည်လည်း အကုသိုလ်ပဲ လို့ ရှောင်လိုက် ပါတယ်။ မကြည့်ရမနေ နိုင်သော ဖုန်းတစ်လုံးနှင့် ကုသိုလ်၊ အကုသိုလ် ခွဲခြားရင်း ဖုန်းဆိုတာ အနဲငယ် စကားပြောယုံ သုံး သော သူငယ်ချင်းကို အားကျပါသော်လည်း ရိပ်သာမှာ ဆရာတော် က ဖုန်းသိမ်း ထားတာ ကိုပင် လှပသောရှုခင်းလေးတွေမြင်ရင် ဓါတ်ပုံရိုက်ချင်လို့ ဖုန်းကိုလွမ်းဆွတ် နေမိတာပါ။ တစ်နေ့တော့ တစ်နေ့တော့ တစ်နေ့တော့ သို့သော် ဘယ်နေ့ မှန်းမသိ။

အန်တီ ခိုင်ဇင်သက် (Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published.