Spread the love

စိတ်တွေ အရမ်း ကြမ်းနေ ရင် ပုတီး နဲ့ လက် နဲ့ ထိနေ တဲ့ နေရာလေးမှာ စိတ်ကလေးကို ထားပြီး အရဟံ လို့ ရွတ်ပြီး စိတ်က ပုတီးနဲ့ လက်နဲ့ ထိနေတဲ့ နေရာလေးမှာ သတိ ကပ်ထား ပါ။ ပုတီး ကို ဘာလို့ သုံးခိုင်းရ တာလည်း ဆိုတော့ စစချင်းစိတ်ကကြမ်းနေသေးတာမို့ အာရုံအကြမ်းအကြမ်း ချင်း ပေးသိပေးပြီး ခြေကုပ်ယူ တာပါ။ စိတ်ကလေး က ကြမ်းနေတဲ့အချိန် အာရုံအနုတွေပေါ်ကို သတိကပ်ရတာခက်ခဲ ပါတယ်။ စစချင်းလေထိတာကို မသိသေးတာ အာရုံကနုပြီးစိတ်က ကြမ်း နေလို့ပါ။ ဒါမို့ ဒီနည်း လေးကို အထောက် အကူ အဖြစ်လည်း ယူလို့ရ ပါတယ်။ အဲ့လို လေး လုပ် လိုက် လို့ စိတ်ကလေး ငြိမ်လာ ပြီ ဆို ရင် အာနာ ပါန ကို ပြောင်း မှတ် ပါ။ ထိုသို့ လုပ်ပေး နေတဲ့ အချိန် အကျိုးတရား မျှော်တာတို့ မှားလား မှန်လား မသိဘူးတို့ လုံးဝ မတွေးပါနဲ့ အဓိက စိတ်က လေးကို တနေရာ ထဲမှာ ငြိမ်အောင် ထားချင် တယ် ဆိုတဲ့ ရည်ရွယ် ချက် ပြည့်ဝ ဖို့ ကို လေ့ကျင့် ချင်တယ် ဆိုရင်တော့ ဒီနည်း လေးကို သုံးကြည့် ပါလို့။ အား ထုတ်စ အလေ့အကျင့် မရှိသေး တဲ့ သူအဖို့ စစချင်း စိတ် မငြိမ်တာ ဟာသ ဘာဝပါ (စိတ်ပျက် စရာ မဟုတ်ပါ) စိတ်ပျက် လိုက် တာ စိတ်ကလည်း မငြိမ်ဘူး..လို့ စိတ်ထဲမှာ ဖြစ်သွား ရင်တော့ ဒေါသ ကိလေသာလေးက ဝင်ရောက် သွားပြီမို့ တရားမှတ်နေရင်း အကုသိုလ် ဖြစ်နေပါ ပြီ။ရေထဲက ငါးကုန်းပေါ် တင်သလို ဖြစ်နေမှာ အမှန်ပါ။

ဒါကို အမြဲ သတိရဖို့ အရေးကြီး ပါတယ်။ အရာအားလုံးက အစပိုင်းမှာ ခက်ခဲတက်တာ သဘာဝ ပါ။ ဒါကို ကျော်လွှား နိုင်ဖို့ မိမိတို့ အားသန် ရာကို ​ချေကုပ် ယူရတာပေါ့။ ဘယ်လို နည်းနဲ့ သမာဓိ လေးရ လာအောင် လုပ်လုပ် အဓိက စိတ်ကလေးကို တနေရာ ထဲမှာ ကြာကြာလေး စိုက်သွားနိုင် ပြီဆို လိုရင်းရောက်ပါတယ်။ဒါလေးက သမထ ပိုင်းလေးပါ။အယ်… သမာဓိလေး အတော် ရလာ ပြီဆိုရင် မိမိက ဝိပဿနာရှုပွားတက်ပြီဆိုရင် ဝိပဿနာ ရှုလို့ရ ပါပြီ။ စာရေးသူ တုန်းက သမာဓိ ဖြစ်ဖို့ ဘယ်လောက်အချိန်ယူခဲ့ရပါသလဲ ဆိုရင်ဖြင့်အချိန်အားဖြင့် ၃ လ နီးပါးလောက် လေ့ကျင့် ခဲ့ရ တာပါ။ စိတ်ဟာ ကိလေသာ တွေနဲ့ ပျော်ခွင့် ပေးထါးခဲ့ တာ က နှစ်ပေါင်း ၂၀ ကျော် ဆိုတော့ ဒလောက်တော့ ရှိမှာ ပေါ့နော်။ ဒါမို့ လေ့ကျင့်နေတဲ့ အချိန် ဘာကိုမှ ရအောင် လုပ်ဖို့ စိတ်မကူးပါ နဲ့ဦး နော်။အရာအားလုံး က လုပ်ရင်းနဲ့ ရလာတာက ပိုပြီး ဘသဘာဝ ကျပြီး လက်ခံကျေနပ်စရာ ကောင်းလှတာပါ။စိတ်ကို မငြိမ် ငြိမ်အောင်လုပ်မယ်ဆိုတဲ့စိတ်ထက် စိတ်ကလေးကို သူ့အလိုက် သင့်လေး သတိလေးကပ်ပြီး စိုက်ကြည့်နေမယ်လို့ တွေးတာပိုကောင်းပါတယ် ။အနတ္တ သဘာဝ ကြီး ကို အတ္တတွေနဲ့ ဆွဲကိုင်နေ သမျှတော့ ဆင်းရဲ နေဦးမှာ….ဆင်းရဲခြင်းကလွတ် ချင်တယ်ဆို… သူ့အလိုက်သင့်လေး… ထိုင်စောင့်ကြည့်နေပါ။

အလွယ် ဆုံး နည်းနဲ့ သမာဓိ မြန်မြန် ဖြစ်စေတာက တော့ ဝင်လေထွက်လေ ဝင်ထွက်သွားတဲ့ နေ ရာလေးကနေ သတိလေးကပ်ပြီး စောင့်ကြည့်ပေးနေ တာပါပဲ။စောင့်ကြည့်လို့ဆိုလိုက်တာ သူ့အ လုပ် သူလုပ်နေတာကို မိမိက ခြုံသိုင်းပြီး သိပေးနေတာလို့ ဆိုလိုတာပါ။ ဝင်လေ ပူတာအေးတာ တိုတာ ရှည် တာ ကြမ်းတာ နုတာ တွေကို အာရုံ က မညွတ် ပါ နဲ့ ဦး။ ထိသွား တဲ့ နေရာ လေး မှာ အပ်ဖျားလေး စိုက်ထား သလို သတိလေးကပ်ထား ပေးရင် ရပါ ပြီ။ အားမစိုက် ရှုရပါဘူး ဝီရိယ လွန်သွား ရင်လည်း စိတ်ပြန့်တာမို့ ဝီရိယ ကို သတိနဲ့ ထိမ်းကျောင်း ပေးပါ။ သတိကတော့ တံခါး မှူးကြီးမို့ သူ့ကို တော့ သတိရမှ ဖြစ်မှာ ပါ။ ဝင်လေရှည် သွားရင် နောက်ကို လန်ကျတက်ပါတယ် ထွက်လေရှည်သွားရင်လည်း အရှေ့ကို ငိုက်ဆင်း သွားတက်တာ မို့သတိလေးထားပြီး အားထုတ် ပါ။ ရင်ထဲမွန်းကြပ် တင်းကြပ်သလို ဖြစ်ပြီး လက်တွေ တောင့်တင်း သလိုမျိုး ကြီးဖြစ် လာတက် တာဟာ လေနောက်ကို လိုက်သွား မိလို့ပါ။ ဒီသဘော တွေဟာ ဝီရိယ ပိုသွား တာတို့ သမာဓိလွန် သွားတာမျိုး တို့အချိန်တွေမှာဖြစ်တက်တာမို့…မပိုမလိုသော တရားတပါးကတော့… သတိ… ပါ။ ထို့ကြောင့် သတိလေး ကိုသာ ကပ်ထား အပိုအ လိုမရှိ ကွက်တိ ကျလို့ တဖြေးဖြေး နဲ့ အားထုတ် လို့ကောင်းလာပြီး စိတ်ကလေးငြိမ်လာပါလိမ့်မယ်လို့။

#ဒါမို့ သတိမြဲရာ ပထမာလို့ ဆိုရ ခြင်းပါ။ အချိန်မရလို့ ဒီလောက်လေး ပဲ ရေးပေး လိုက်ရ ပါ၏။ စိတ် မငြိမ်ဘူးမမရယ် ဘယ်လိုလုပ်ရမလဲ ❓ဆိုသော မေးခွန်းလေးအားဖြေပေး လိုက်ရပါ၏🤗🤗🤗🤗🤗🤗စကားကြုံ၍ ဘုရားဖူးမရသောယောဂီတချို့ကိုလည်း စကားလေး ပါးလိုက် ပါရစေ ရှင်။ ရုပ်နု ဖြစ်သော နတ် ပြည် ဗြ ဟ္မာ ပြည်များ ကို ဘုရားဖူး ကြည့်တာ မရဘူး ဆိုတာ တွေဟာ မိမိ စိတ်က မနုသေးလို့ ပါလို့ နော်။အင်မတန်နုလွန်းသော ရုပ်တွေကို ကြမ်း နေ တဲ့စိတ်တွေနဲ့ ဖူး လို့ မရတာလည်း သဘာဝ ပါလို့နော်။ဒါမို့ စိတ်ကလေးတွေကို နူးညံံ့ သိမ်မွေး လာအောင် သမာဓိ အားတွေ ကောင်းလာ အောင် လေ့ကျင့် ခြင်း အကြောင်း တရားတွေ ကို အားစိုက်ပါလို့ နော်။

စိတ်နုလာပြီဆိုရုပ်နုလောကကြီးကို ထိုးဖောက်မြင်နိုင်ပါ လိမ့်မယ်လို့။အယ် ဘာမြင်မြင်..မမြဲဘူး ဆိုတာကို လည်းဉာဏ် အမြင်လေးသွင်း ပေးပါနော်။ ဉာဏ်ကမြင်တာ ငါ က မြင်တယ် လို့လည်း မမှတ်ပါနဲ့ ဦးနော်။ ဘာလုပ်လုပ် ဆင်ချင်ဉာဏ်လေး ကပ်ကပ်ပြီး လုပ်သွားရင် လိုရာခရီး ရောက် နိုင်ပါ၏။ ယောဂီအားလုံး တရားတွေ့ ချမ်းမြေ့ ကြပါ စေရှင်။🙏💙🙏

Nippon San(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *