Spread the love

ရေးပေး ချင်မိ ပါတယ်။ စကားတွေလည်း အများကြီး ပြောပေး ချင်မိ ပါတယ်။🤗🤗🤗 ဘယ်သူ တွေကို တုန်းဆို ရင်ဖြင့် …၁။ မမရေ ဘုရား ဖူးလို့ မရဘူး …၂။ ညီမလေးရေ သမာဓိ မရ လို့လား မသိ အလင်း က မရ လို့ ဘုရားဖူး မရဘူး …၃။ သမီးရေ ဘုရား တော့ ဖူးမရဘူး၊ ဝိပဿနာ အား ထုတ်လို့ ရပါ့ မလား …၄။ တူမလေးရေ … နိမိတ် မရတော့ ဘုရားဖူး မရလို့ တရား မရတော့ ဘူး လားဟင် …၅။ အတိတ် ဘဝတွေ မမြင် ရဘူး၊ စိတ်ညစ် လာပြီ ညီမ ရယ်….၆။ နတ်ပြည်၊ ဗြဟ္မာ ပြည်က ဘုရားတွေလည်း ဖူးမရဘူး၊ အဲဒါ့ဆို ဝိပဿနာကို ကူးလို့ ရပါ့ မလားဟင် …၇။ နိမိတ်က မခိုင် သေးတော့ ဝိပဿနာ ရှုလို့ ရပါ့ မလား sis ရေ ……၈။ အိမ်က ဘုရားပဲ ဖူးရ တယ်၊ ကျန်တဲ့ ဘုရားတွေ မရတော့ ရှေ့ဆက်တရားရှုလို့ရပါ့မလား မနီပွန်ရှင့် …စသော စသော တရားစခန်းဝင် ပြီးသွားသောယောဂီတစ်ချို့၏ မေးခွန်းလေးများကို သေသေချာချာလေးဖြေပေးချင်မိ တာပါရှင့် ..သို့သော် စာအနေနဲ့ ရေးရင် လွန်စွာအချိန်ကြာ မြင့် သည်မို ခြုံ၍ လိုရင်း ကိုသာ ရေးပေး ခဲ့ရ ပါ သည်။အမှန်က ကျေကျေ လည်လည် နားလည်အောင် မေးလိုက် ဖြေလိုက်လေးနဲ့ ဖြေပေးချင် မိ တာပါ။အခုတော့ အတန်အသင့်လေးနားလည်နိုင်အောင် အောက်ပါစကားလေးနဲ့ အတိုချုံ့ အနှစ် ချုပ်လေး ရေးပေးပါရစေနော်။စာရေးသူလေ အယောက်စီတိုင်းကို တကယ်အသေးစိတ် ပြောပြ ပေးချင်မိတာ စိတ်ရင်းအမှန်ပါ။

>> သမာဓိ ကောင်းကောင်း မရသေး လို့ အလင်း မရသေး တာပါ။>>> သို့သော် အလင်း မရ လို့၊ ဘုရားဖူး မရလို့ တရား မရတာတော့ မဟုတ် ပါဘူး။တရားရဲ့ သဘာဝဟာ သဘောတရားတွေကို သေသေ ချာချာ သဘောပေါက် သွားပြီဆိုရင် ရပါပြီ။ ကျန်တာ သတိနဲ့ အမြဲ နေထိုင် သွားဖို့ပါပဲ။ သမထအားသန်ရင် သမထသတိနဲ့ နေပေါ့။ ဝိပဿနာ အားသန်ရင် ဝိပဿနာ သတိနဲ့ နေလို့ ရပါ တယ်။ဘယ်သတိနဲ့ပဲ နေနေ၊ စိတ်မှာ ကိလေသာ ဖြစ်ခွင့် မရဘူးဆိုရင် အတော်ဟုတ်လှပါပြီ။ လူ သား တွေဟာ ကိလေသာ တွေကြောင့် ဆင်းရဲနေရတာပါ။အဲဒီ့ကိလေသာတွေ ဘယ်မှာ ဖြစ်တာ လဲဆို ရင် စိတ်မှာ ဖြစ်တာ ပါ။ နိဗ္ဗာန်ဆိုတာ ကိလေသာ ကုန်တဲ့ နေရာ ကို ခေါ်တာ မို့ မိမိ စိတ်မှာ ကိလေသာတွေတဖြည်းဖြည်း ပါးရာကနေ ကုန်တဲ့အထိ ကြိုးစားအားထုတ်ရမှာ မို့ချက်ခြင်းကြီး မကုန်နိုင်သေးတာ သဘာဝပါ။ကိလေသာကုန် ရင်လည်း ရဟန္တာဖြစ် နေပါပြီ။ဒါမို့ သစ်သားတစ် ခုကို ပေါလစ်အရောင်တင်သလိုမျိုးပေါ့။စစခြင်း ကော်ဖတ်အကြမ်းစားနဲ့ ပွတ်တိုက်ရတယ်။

ဒုတိယ အလတ်စားနဲ့ ပွတ်တိုက် ရတယ်။တတိယ အနုစားနဲ့ ပွတ်တိုက် ပြီးမှ ပေါလစ်သုတ်လိုက် မှ ကြမ်းကွက်တွေ ထင်းခနဲ လင်းခနဲ့ ပေါ်လာပြီး မူလ ပကတိ အခြေ အနေ တစ်ခုလှလှပပလေး တောက်တောက် ပြောင်ပြောင် လေးထွက် ရှိလာသလိုမျိုးပါပဲ။သတိထားနေပြီဆို ဒါ တရားအား ထုတ်နေတာပါပဲ။ကိလေသာဟာ စိတ်မှာ ဖြစ်တာမို့ စိတ်ကို ပြန်အကဲခတ်ပေးနေရင်း မိမိစိတ်မှာ ဖြစ် ပေါ် လာ တဲ့ လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာ တွေ နေ ရာမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ တွေကို အစား ထိုးပြီး နေထိုင် သွားခြင်းကို တရားအား ထုတ်တယ်လို့ခေါ်တာမို့ ပန်းတိုင် ရောက်ဖို့ သတိ တရားသာ လိုတော့ တာပါ။စာတွေလည်း ဖတ်ဖူး ထားတယ်။ တရား တွေလည်း နာဖူးထား တယ်။ လက်တွေ့ အကျင့် တရား ကိုလည်း ပြုနေပြီမို့ တော်တော်လေး ခရီးရောက်လို့ နေ ပါပြီ။ တစ်ခုလေးပဲ လိုတော့ တာပါ။ အဲဒါ့က သတိပါ။သတိနဲ့အသိဟာ ဘယ်လောက်တောင် အရေးကြီးသလည်းဆိုတဲ့ အကြောင်းကို ဟောပြောထား တဲ့တရား တော်တွေလည်း လွန်စွာများ ပြားလှ ပါတယ်။ ဘာလို့ ဆိုရင် တကယ် လည်း သတိ နဲ့ အသိ မပါရင် လိုချင်တဲ့ ပန်းတိုင် ကိုမှ မ ရောက်နိုင် တာကိုးနော်။စာရေးသူတုန်းက သတိဟာ ဘယ် လောက်တောင် အရေးကြီး လိုက် သ လဲဆိုတာကို တရားစခန်းဝင်နေတဲ့ ၂၂ရက်မြောက်နေ့ကျမှသေသေချာချာကြီးကို သဘော ပေါက် သွားရတာပါ။ဒါမို့ ထိုအချိန်တည်းကနေ ယခုအချိန်အထိ သတိကို ဆောင်ထားခဲ့ပါတယ်။

တရားဆိုတာ ဘာလဲ ဆိုတာကို ကောင်းကောင်း သဘော ပေါက် သွားခဲ့ ရတာပါ။ဒါမို့လည်း ယခု ဆို အိပ်ချိန် ကလွဲရင် နေ့စဉ် အချိန်တိုင်းမှာ ဘာဝနာ တစ်ခုခု နဲ့ အစား ထိုးပြီး နေပါတယ်။ ထိုသို့ နေဖို့ရာ သတိလို ပါတယ်။ဘာဝနာ စိတ်မရှိနေရင် ကိလေသာတွေပဲ ဖြစ်ဖို့ များတာပါ။ တရားဆို တာ လည်း ထိုင်နေ တဲ့အချိန် သတိလေး ကပ်ပြီး ကျန်တဲ့ အချိန် သတိ လွတ်ပြီး တွေးတော ငေး မောနေ ရတာ မဟုတ်လို့ ဘယ် အချိန်မှာ သတိ မရှိရဖူး လည်းလို့ မေးရင် သေတဲ့အထိ သတိရှိရ မှာပါ။ မြတ်ဗုဒ္ဓ ကလည်း သတိမ ရှိရင် သေတယ်လို့ ဟောခဲ့ သည် မဟုတ် ပါလော။ဒါမို့ တစ်ချို့ တရားစကားများ သည်ကား ယောဂီတို့ နားရည်ဝအောင် ကြားဖူးနာဖူး သည်များ ပါပေ။သို့သော် တကယ့်နှလုံးသွင်းနေထိုင်ဖို့ကတော့ သတိမေ့နေတတ်ကြပါတယ်။တကယ်က အစွဲကင်းကင်းနဲ့ နေနိုင် ပြီဆို တရား အားထုတ်တာ အောင်မြင် သွားပါ ပြီလို့ …ဒီလို ပြောရမလို ပါပဲ။ ဘာကြောင့် လည်းဆိုတော့ ဘဝ တွေဟာ စွဲလို့ရ တာကြောင့် မစွဲ တော့ဘူး ဆိုရင် ဘဝမှ မရတော့ တာ။ အစွဲ ကင်းဖို့ဆိုတာကလည်း လေ့ကျင့်ယူမှကို ရတာပါ။ ဘယ်လိုလေ့ကျင့်ရမလည်းဆိုရင် ဘယ်အရာ ဖြစ်ဖြစ် မိမိစိတ်မှာ ပေါ်လာသမျှ ကိလေသာကနေ လွတ်အောင် တစ်နည်း၊ ကိလေသာ ကြားမခို အောင် လေ့ကျင့် နေထိုင်သွား မှသာ အစွန်း လွတ်ပြီး အစွဲကင်းမှာပါ။ဒီလိုစာမျိုးတွေ အများကြီး ဖတ်ဖူး ကြားနာ ဖူးကြမှာပါ။သို့သော် လက်တွေ့ ကျင့်ဖို့ကတော့ သတိလေး လိုနေ ပါရော။ဒါဟာ စာရေးသူကိုယ်တွေ့တွေပေါ့နော်။

အရင်က တရားအားထုတ်ရင် တစ်ခုခုရမယ် ထင်နေခဲ့တာနောက်တော့မှ ဟာ ..ရတာမှ မဟုတ်ပဲ ကိုး။ နည်းနည်းသွားတာ၊ တိုတိုသွားတာ၊ ပါးသွားတယ်၊ ကုန်သွားတာပဲကိုးဆိုပြီး သိလာရတယ်။ ဘာတွေနည်းသွားတုံးဆိုတော့ စိတ်ညစ်တဲ့ အကြိမ်ရေတွေ နည်းသွားတယ်။ဘာတွေ တိုသွား လဲ ဆိုတော့ စိတ် ဆိုး၊ စိတ် ကောက် စိတ် ရှုပ်၊ စိတ် ပျက် တဲ့ အချိန်တွေ တိုတို သွားတယ်။ အရင်က ရက်နဲ့၊ လနဲ့ ချီပြီး စိတ်ဆိုးရင် ခု စိတ်က နေ့ပိုင်းလေး ဖြစ်သွားတယ်။ဒီလိုမျိုးပဲ အခြားအရာတွေ လည်း အတူတူပါပဲ။ ဒီလိုမျိုးတွေ မိမိစိတ်ရဲ့ အခြေ အနေတွေ ကို ပြန်ပြီး အကဲခတ်မိတော့မှဟာ ..ဒါတွေ ငါ့စိတ် မှာ အဖြစ်ကြဲ လာပါလား၊ နည်းလာပါလား သိလိုက် ရော ..ဟော .. လောကကြီး နေလို့ထိုင်လို့ကို ကောင်းနေ ရောပါလား။ကဲ .. ဒါသည် ပင်လျှင် တရားအား ထုတ်ခြင်း ပင်တည်း ကိုးလို့ အဲဒီ့အ ချိန်ကျမှ သိခဲ့ရ တာပါ။ ထိုသို့ သိလျှင်ပင် ဘဝကြီးဟာ မသေခင်စပ်ကြား မေတ္တာ စိတ်တွေနဲ့ အစားထိုးနေမယ်။ကရုဏာစိတ်တွေ၊ မုဒိတာစိတ်တွေ၊ ဥပေက္ခာစိတ်တွေနဲ့သာ အစား ထိုးပြီး နေသွားမယ်ဆိုရင်နေပျော်မနေပေဘူးလား။ဒီစိတ်တွေနဲ့ မနေရင် ဘာစိတ် တွေနဲ့ နေမလဲ၊ ပြန်စဉ်းစားကြည့်ရအောင် နော်စာရေးသူအရင်က အတွေးစိတ်တွေနဲ့ နေခဲ့ တာပါ။ဘာတွေ တွေး နေလဲ။

လောဘဖြစ်စရာ တွေးတယ်၊ဒေါသဖြစ်စရာ တွေးတယ်၊မောဟဖြစ်ချင် ဖြစ်နေတယ်၊မာနစိတ်နဲ့ တွေး နေတယ် …စသော စသော ကိလေသာ အတွေး များ နဲ့သာ နေခဲ့ သည် မဟုတ် ပါလော။ ဒါ ကြောင့်မို့လည်း အဆိုး လောကဓံနဲ့လည်း တွေ့ရော အလဲ ထိုးခံလိုက်ရ ပါလေ ရောလား၊ ပစ္စုပ္ပန် တည့်တည့်မှာ ဘာဝနာစိတ်ကလေးတစ်ခုခုနဲ့သာ နေခဲ့ရင် အကုသိုလ် စိတ်တွေ ဖြစ်ခွင့် မရသည် မို့ဘယ် လောက်တောင် တန်ဖိုးရှိ လိုက်သ လဲနော်။ တရား အားထုတ်တာ ကြာလာ တော့ အနတ္တ သဘော တွေကို ကောင်းကောင်းကြီး နားလည် သွားရော၊ဘယ်အရာကိုမှ အကြာကြီး ဆုပ်ကိုင်မ ထားတော့ အပူတွေ နည်းကုန် ရတာပေါ့။ ဟိုးအရင် စစခြင်းတုန်း ကဆို …- ဘုရားဖူး ရတာ ကိုမှ တရားလို့ ထင်တယ်။- အလင်း နိမိတ်ရမှ တရားလို့ ထင်တယ်။- အတိတ် ဘဝတွေ မြင်ရမှတရား လို့ ထင်တယ်။- သေမယ့် နေ့ကို သိတော့မှ တရားလို့ ထင်တယ်။….အခုလို အထင်နဲ့ ကြိုးစား မိခဲ့ တယ်။.တကယ်တော့ …မြေဇင်း နည်းစနစ် အရကယခုလို အရာများ ကို တရား နည်းစနစ် တစ်ခု အနေနဲ့ ထည့်သွင်း ပေးထား ခြင်း သည် သဒ္ဓါ တရားတွေ သမာဓိ တရားတွေ အားကောင်း စေ ဖို့ ပါ။.ဒီ အရာတွေကို ပြန်စွဲလန်းပြီး မိမိတို့စိတ်မှာ ကိလေသာတွေ ပြန်ဖြစ်နေတာတွေ ကိုတော့ စာ ရေးသူ အပါ အဝင် ယောဂီ တော်တော် များများ သတိ မထား မိခဲ့ကြ ပါဘူး။ မြတ်ဗုဒ္ဓရဲ့တရားက အစွဲ ကင်းတဲ့ တရား ပါဆို ..တရားကို ပြန်ပြီး စွဲလန်း နေပြန်တော့ …စဉ်းစားသာ ကြည့် ပေတော့ …တရားအားထုတ်ရင်း ကိလေသာတွေ ဖြစ်နေလိုက်ကြတာ ပြန်မသိခဲ့ကြဘူး ..။

စာရေးသူ တုန်းကလည်း ပြော မရ ဆို မရကို ဖြစ်ခဲ့တာပါ …😔စိတ်မှာ ဖြစ်ပေါ်နေတဲ့ ကိလေသာ တွေကို ကုန်အောင် အားထုတ်ရပါတယ် ဆိုမှဘုရားမဖူး ရမှာစိုးလို့ နိမိတ်မရသေးလို့ဆိုတဲ့ စိုးရိမ် သောက ဗျာပါ ဒတွေ ဖြစ်နေ တော့ဘယ် မှာလာပြီး ပီတိ ဆိုတာ တွေ ရှိနေ ပါတော့မလဲနော် …။ တရား ဆိုတာ ပီတိပဿတိ တွေ ဖြစ်လာအောင် ပွားများ ယူရ တာလေနော်။.အခုတော့ ဒီလိုချင် တာတွေ မရလို့ စိတ်ညစ်တာတွေ၊မြင်ချင်တာ မမြင်ရလို့ စိတ် အလိုမကျတာတွေ၊ အတိတ် ဘဝ တွေ မမြင်ရလို့၊ သေမယ့်နေ့ မမြင်ရလို့၊တာဝတိံသာ ဘုရားမဖူး ရလို့ဆိုတဲ့ စိတ်တွေ အားလုံးကို ပြန်လည်သုံးသပ်ကြည့်ရင် ..- အားမလို အားမရဖြစ်တာ၊- စိတ်ညစ်တာ၊- စိတ်လောတာ၊- စိတ်ပူ ပင်နေတာ၊လိုတာ မရလို့ အလိုမကျ နေတော့ စတာ တွေဟာ ပီတိပဿတိ တွေ တစ်ခုမှ မဟုတ် တာလေနော်။

ဒီ သဘောတွေ ဘာကြောင့် ငါ့စိတ်မှာ ဖြစ်ပေါ် လာရတာ ပါလိမ့်ဆိုတဲ့ သတိလေးသာဝင်သွားရင် အတော်အဆင်ပြေနေပါပြီ။.တရားဆိုတာ ဘာဖြစ်ဖြစ် လက်ခံနိုင်မှ တရားကျင့်တယ်လို့ ခေါ်တာ မို့ယခု မိမိစိ တ်မှာ ဖြစ်ပေါ် လာတဲ့ အကောင်း အဆိုး တရားတွေ ကို အစွဲ ကင်းကင်း နဲ့လက်ခံနိုင် သွားပြီ ဆိုရင် .. တရားအား ထုတ်နေတော့ တာပါ ပဲလို့ …ဒါကြောင့် စာနဲ့ မဟုတ်ဘဲ စကားနဲ့ သာ ပြောပေး လိုက်ချင် မိပါတယ် ဆိုတဲ့ အကြောင်း လေးကို အတိုချုံ လေး ရေးပေးလိုက် ရပါတော့ တယ်ရှင့် … 🤗🤗🤗.စာရေးသူ ကတော့ ယခု အချိ န်မှာ မေတ္တာ ကမ္မဋ္ဌာန်း နဲ့ အေးချမ်းနေရပါပြီ။ .စကားတိုလေး ရေးပေးပါ၏။.စာတိုပေလို့နော် မဟုတ်ရင် ဘယ်ထိ ရှည်ဦးမည်မသိ😁.

Nippon San(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published.