Spread the love

၁။ တရား မထိုင်မီ မြတ်စွာ ဘုရားရှင်ကြီး ကို ၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ် လှူပါ။ (မလွယ် ကူလျှင် လွယ်ကူ တာကပ်ပါ) အိပ်ရာပေါ် ဆေးရုံပေါ်မှာဖြစ်နေပါလျှင် အိမ်သားများ ကပ်တာကို အာရုံပြု ပါ။ ၂။ သီလဆောက်တည်ပါ။ (မိမိနိုင် ရာသီလ)၃။ ဘုရား အစ ရှိသော သူတော် ကောင်းတို့ အား လည်းကောင်း၊ ဆရာ သမားတို့ အား လည်းကောင်း တောင်း ပန်ပါ။ (စိတ်ဖြင့်) သီလယူ ပုံ ဆရာ တော် ဘုရား မှ တိုင် ကြားပေး အရှင် ဘုရား ဘုရား တပည့် တော်တို့သည် သံသရာ ဝဋ်ဆင်း ရဲမှ လွတ်မြောက်၍ နိဗ္ဗန်ကို မျက်မှောက်ပြုပါရခြင်း အကျိုးငှာ ဘုရား တရား သံဃာ တည်းဟူသော ရတနာ မြတ်၃ပါးနှင့် အင်္ဂါ၅ပါးရှိသော သီလတော်မြတ် သိက္ခာပုတ်တို့ကို ကျင့်သုံးခံယူ ဆောက် တည်ပါ၏ အရှင်ဘုရား။ တောင်းပန်ပုံအစီအစဉ် အရှင် ဘုရားတပည့်တော်တို့သည် ဘုရား ပစ္စေ ကဗုဒ္ဒါ ရဟန္တာ အရိယာ အပေါင်း သူတော် ကောင်းတို့ ၏ အပေါ်၌ လည်းကောင်း၊ နိဗ္ဗာန် ရောက် ကြောင်း တရား ကောင်းကို သွန်သင် ပြသ ဆုံးမ ပေးသနား တော်မူ သော ဆရာ သမား တို့၏ အ ပေါ်၌သော်လည်းကောင်း ၊ အစမထင် သံသရာ တစ်ခွင် မှစ၍ ယနေ့ အချိန်ကျအောင် ကာယကံ၊ ဝစီကံ၊ မနောကံ တို့ဖြင့် ပြစ်မှားမိသော အပြစ်များ ရှိပါက သည်းခံတော်မူကြပါဘုရား၊ ခွင့်လွတ် တော်မူကြပါ အရှင်ဘုရား….။

ခန္ဒာကိုယ် အပ်နှံ အရှင်ဘုရား တပည့် တော် တို့ သည် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော် မူကြ ကုန်ပြီး သော ဘုရား အစူစူ တို့၏ အထံ၌ လည်းကောင်း၊ နိဗ္ဗာန် ရောက်ကြောင်း တရား ကောင်းကို သင် ကြားပြသပေးတော်မူသော ဆရာသမားတို့၏ အထံ၌လည်းကောင်း၊ တပည့်တော်တို့၏ ရုပ်နာမ် နှစ်ပါး ခန္ဓာ ငါးပါး တို့ကို တရား ထိုင် နေစဉ် တရား အားထုတ် နေစဉ် နာရီ ပိုင်း အတွင်း ၌ အပ်နှံ လှူဒါန်းပါ၏ အရှင်ဘုရား . . . . ။ ‌ဆရာတော် ဘုရားကြီး ဆီက ကမ္မဌာန်း တောင်းခံ အရှင် ဘုရား ဘုရား တပည့်တော်တို့သည် သံသရာဝဋ် ဆင်းရဲမှ လွတ်မြောက်၍ နိဗ္ဗာန်ကို မျက်မှောက် ပြုပါရ ခြင်း အကျိုးငှာ မောင်ထောင်မြေဇင်း တောရ ဆရာတော် ဘုရားကြီး၏ နည်းနာ နိဿယအတိုင်း သမထ ဝိပဿနာ တရား များကို ချီးမြှင့် ပေးတော် မူပါ အရှင်ဘုရား။ မေတ္တာပို့ ငါသည် ဘေးရန် ကင်းရ ပါလို ၏ ချမ်းသာ ရပါ လို၏။ ငါဘေးရန်ကင်း ၍ချမ်းသာသကဲ့သို့ အသက်နှင့် ခန္ဓာကိုယ် အထင် အရှား ရှိကြ ကုန်သော ခပ်သိမ်းသော သတ္တဝါ အပေါင်းတို့သည်လည်း ဘေးရန် ကင်းကြ ပါစေ ချမ်းသာ ကြပါ စေ။ (အသံထွက် မလို စိတ်ထဲ မှပို့ ရမည်) ငါ၏ ကိုယ်စောင့် နတ် အ‌​ပေါင်း တို့ သည် ကောင်း ၊ ဤ အိမ် အတွင်း ရှိ အိမ်စောင့်နတ် ဝိုင်းစောင့် နတ် အပေါင်း တို့သည် လည်း ကောင်း၊ ငါ့အိမ်အတွင်းရှိ ခပ်သိမ်းသောသတ္တဝါ အပေါင်းတို့သည် လည်းကောင်း ကျန်းမာကြပါ စေ၊ ချမ်းသာကြပါစေ။

ဤ မြို့ ၊ ဤ ရွာ ၊ ဤ ရပ်ကွက် ကို စောင့်ရှောက် ကြ ကုန်သော နတ်မင်း ကြီးများ ၊ အစိုး ရသော မင်းများ နှင့် တကွ ခပ် သိမ်းသော သတ္တဝါ အပေါင်း တို့ သည်လည်း ကျန်းမာ ကြပါစေ ချမ်းသာ ကြပါစေ။မိဆိုင်ဖဆိုင် ဘိုးဆိုင်ဘွားဆိုင် နယ်ဆိုင် ပယ်ဆိုင် နတ်အပေါင်းတို့သည်လည်းကောင်း၊ မြင်မိုရ် တောင်၏ အရပ်လေး မျက်နှာကို စောင့် ရှောက်ကြ သော နတ်မင်းကြီးလေးပါးတို့ သည် လည်းကောင်း ၊ သာသနာတော် စောင့်နတ်၊ လောက စောင့်နတ်တို့သည် လည်းကောင်း၊ ကျန်းမာ ကြပါစေ ချမ်းသာကြပါစေ။ ငရဲသနင်း ယမမင်းသည်လည်းကောင်း ၊ နတ်တို့သနင်း သိကြားမင်း သည်လည်းကောင်း၊ သုံးဆယ့်တစ်ဘုံ ကျင်လည် ကြကုန်သော သတ္တဝါအပေါင်း တို့သည် လည်း ကောင်း၊ ဘဝ သံသရာအ ဆက်ဆက်က ‌တော်စပ်ခဲ့ ကြဘူးသော မိဘ ဘိုးဘွား ဆွေးမျိုးညီအကို မောင်နှမအပေါင်းတို့သည်လည်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ။

ဤ ယနေ့ တစ်နေ့တာ ယောဂီတို့နှင့် ဆုံတွေ့ရသည့် သတ္တဝါ အပေါင်းတို့ သည်လည်းကောင်း ဆုံ တွေ့ရအုံးမည့် သတ္တဝါအပေါင်းတို့သည်လည်းကောင်း ကျန်းမာကြပါစေ . . .. ချမ်းသာကြပါစေ။ (စိတ်ထဲ မှ ပို့ရမည်) တရား ထိုင်သည့် အရိယာပုပ်နဲ့ ထိုင်၍ မျက်နှာ စည်းပုဝါ စည်း ထားပြီး ပို့ရ မည်။ (တရား မထိုင် မီနှင့် တရား ထိုင် ပြီး ချိန် တိုင်း မေတ္တာ ပို့ပါ၊ အမျှ ဝေ ပါ။) တရား မထိုင် မှီ ပရိကံ ယူပုံလေး မေးထားသူ များအတွက်..ဖော်ပြပေးလိုက်ရပါ၏..မိမိသည် မြေဇင်း နည်းစနစ် ဖြင့်အား ထုတ်နေသူ မဟုတ်ခဲ့ပါလျှင်လည်း မိမိအဆင်ပြေသလို စာသားများကိုပြောင်း၍ ဆိုနိုင် ပါသည်။မိမိပြုနေကြ ပရိကံ ရှိနေ ပါလျှင် လည်း ပြု၍ ရပါ သည်။အဓိက ပရိကံ ယူရ ခြင်းသည် မိမိ တို့၌ သံသရာ အဆက်ဆက် ပြစ်မှား မိခဲ့ သည်များ ကို ဝန်ချ တောင်းပန် လိုက်တဲ့သဘော မို့ စိတ်ထဲ ရှင်း လင်းပြီး တရားမှတ် သည့်အခါ စိတ်ကြည် လင်နေ အောင် လို့ပါ.. ဝန်ချ တောင်းပန် ခြင်းအားဖြင့်လည်း မာန်မာနတွေကို ပြေလျော့စေပါတယ်…။

မာန်မာန ကင်းကင်းနဲ့ အားထုတ် ရတော့.. ကောင်းတာပေါ့..ပရိကံ မယူ ပဲ အားထုတ် လို့ မရ ဘူး လားလို့ မေးထား သော ယောဂီ အတွက် ကတော့…..မယူရင် ရတယ် ဆိုပေ မယ့် ယူရင် တော့ ပို ကောင်းတာ ပေါ့ လို့ ဖြေပေး ပါရစေ..မာန်တွေ ကျချင် လော ဘတွေ နဲချင် ဒေါသ တွေ နဲချင် လို့ တရား အားထုတ် ခြင်း ဖြစ်သည် မို့..ကိလေသာ တွေကို..နဲနိုင်သမျှ ပါးနိုင်သမျှ လုပ်ရသော မည် သည့် နည်းမဆို သုံးတာ ပိုကောင်း ပါတယ် ရှင့်….😘ယောဂီ အားလုံး တရား တွေ့ ချမ်းမြေ့ ကြပါ စေရှင်🙏🙏🙏

Nippon San(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *