Spread the love

ကျွန်မ တို့ရဲ့ မနက်ဖြန်။ သေချာ စဉ်းစားတော့ ရှိဦးမယ် ရေရာ ပါသလား။ ကိုဗစ်က ပုန်းနေတတ် သတဲ့။ပြီးရင် ဘာမှ မဖြစ်သလိုကနေ ချက်ခြင်း အောက်ဆီဂျင်ကျလို့ လဲကျ သေဆုံးကြ တာတဲ့ လား။ချစ်တဲ့သူကို ကိုယ့်ရဲ့ အောက်ဆီဂျင်လေးလို့ သီချင်းတွေ၊ရုပ်ရှင်တွေက ‌ဆိုတတ်ပါတယ်။ သားရဲ့ အောက်ဆီဂျင် တိုင်းတဲ့ ကိရိယာ လေးမှာ မိသားစု တွေ တိုင်းကြည့် ကြ။ 98၊ အဲ့သည် အောက်ဆီဂျင်က 90အောက် မကျရဘူး ပြောသေး။ ချစ်သူက အောက်ဆီဂျင်လား။ အောက်ဆီ ဂျင်က အသက်ပေါ့။အောက်ဆီဂျင်က အားကိုး စရာလား။ အောက်ဆီဂျင်က ဘာလို့ ကျရလဲ။ တကယ်တော့ အောက်ဆီဂျင်က အကြောင်းပြချက်ပါပဲ။ ရုပ်ကြီးက ဖောက်ပြန်လာတာ မဟုတ် လား။ ကံ၊စိတ်ဥတု၊အဟာရတွေက ရုပ်ကို ပျက်စေတော့ မှာပါလား။သည်နေ့ ဦးဧရာရဲ့ အမျိူး သမီး ငိုပြောနေ တာလေး နားထောင် မိတယ်။

ICUထဲ တစ်ယောက်ထဲ သွားရမယ် ဆိုတော့ မသွားချင်ရှာ ဘူးတဲ့။ အမျိူးသမီးနဲ့ အတူပဲ နေချင် တယ်တဲ့။သူ့နေရာလေး ကိုယ်နေကြည့် ပါလား။တစ်ယောက် ထဲနော်။ရတယ်၊တရားရှိ တယ်လို့ ရဲဝံ့စွာ ပြောနိုင်လား။ ကိုယ့်ရင်ဆိုင် ရဲမလား။တစ်ယောက်ထဲနဲ့ ငါသေဖို့အရမ်းနီး နေပြီဆိုတာ သိ တဲ့ အချိန် အေးချမ်းစွာ နေနိုင်ပါ့မလား။ကျွန်မဖာသာ မေးခွန်းတွေထုတ်ကြည့် မိပါတယ်။ ရုပ်တ ရက် နှလုံးခုန် မြန်လာတာတွေ။ဗိုက်အောင့်လာတာတွေဖြစ်တိုင်း ဖျတ်ခနဲဆို အနိစ္စမှတ် တတ်ခဲ့ ပါပြီ။ မရတော့ ဘူး။ ငါတစ်ယောက်တည်း ရင်ဆိုင်ရတော့မယ် ဆိုရင်။လူဆိုတာ တခုခုဆို အား ကိုး ရာရှာသတဲ့။ကျွန်မတို့ကအားကိုးရာက ဘာဆိုတာသိပြီပဲ။ပါချူပ်ဆရာတော်ကြီးဟောခဲ့တဲ့ အားကိုးရာ အစစ် အမှန်ဆိုတဲ့ တရားလေး သတိရ ပါပြီ။ လူပုဂ္ဂိုလ် အားမကိုးပါနဲ့ သူတို့လည်း ကိုယ့်လို မတည်မြဲပါဘူးတဲ့။ရတနာသုံးပါးနဲ့ ကိုယ်အားထုတ်ထားခဲ့သောတရားတွေသာ အားကိုး ပါတဲ့။

ကျွန်မမိတ်ဆွေ တစ်ယောက် ပြောဘူးပါတယ်။ ဆရာမရယ် လူ့ဘဝကခြေလေးချောင်း ထောက် ခုံမှာချောင်းကျိူးနေတဲ့သုံးချောင်းသာရှိတဲ့ခုံမှာထိုင်နေရတာ။အချိန်အရွေးလဲကျနိုင်သတဲ့။ဟုတ်ပါတယ်။ခုချိန် ကိုဗစ်က ခန္ဓာမှာပုန်း နေမလား။ ရင်ဆိုင်တို က်ခိုက်ရင်းလဲ ကျလေမလား။ ဘယ် လောက် သတ္တိရှိ ပါတယ်ပြော။ဖားအောက် ဆရာတော်ကြီးကို မိတ်ဆွေ ဘုန်းကြီး တပါးက သူ သေရမှာ မကြောက်ဘူး ပြောသတဲ့။ဆရာတော်ကြီးက ဘာမှ ပြန်မပြော ပေမယ့် နောက်ရက် အဲ့ သည်ဘုန်းဘုန်းက ပြန်လာလျှောက်တာတဲ့။ညကအိပ်မက်ထဲ သူ့ကိုသတ်ဖို့ ဒါး လှံတွေနဲ့ လူတွေ လာတာ ကြောက်တာမှ တုန်နေတာပဲတဲ့။ ဆရာတော်ကြီးက ပြောပါတယ်။သေမှာကို အနာဂါမ် တွေနဲ့ ရဟန္တာတွေပဲ မကြောက်တာတဲ့။ ကျွန်မတို့ မကြောက်ဘူး ပြောရင် အလကားပါ။ တ ကယ်ရင် ဆိုင်ရရင်ကြောက် မှာပါပဲ။ဒါပေမယ့် ကြောက်ကြောက်နဲ့ မဖြစ်ရင်တော့ ကြောက်ကန် ကန်မိ မှာပါ။ရန်တခုခုကို ရင်ဆိုင်ဖို့ အင်အားလိုပါတယ်။မရတော့ဘူး။သေဖို့များပြီသိရင် တခုခု နဲ့ ရအောင်ကာရမှာပါပဲ မဟုတ်လား။ ဝိပဿနာ။ မှတ်နိုင်မယ်ထင်သလား။ မထင်လိုက်ပါနဲ့။

မဇ္ဈိမ ဂုဏ်ရည် ဆရာတော် ဦးနှောက် သွေးကြောပေါက်တာ ဝိပဿနာ မမှတ် နိုင်ပဲ ရန်ကုန် က ကျောင်း၊ဒကာဒကာမတွေဆီရောက်။နောက်ဆုံး ပဌာန်းဆင်ခြင်မှ လွတ်မြောက်တာပါ။ကျွန်မတို့ ဘာနဲ့ ရင်ဆိုင်မိမှာပါလိမ့်။ ဗုဒ္ဓါနုဿတိလား။ မေတ္တာကမ္မဌာန်းလား။ မရဏာနုဿတိလား။ ဝါယူ ဝါမှတ်လား။ သေလုမျောပါး ဝေဒနာမှာဆို နိမိတ်က ပျောက်ချင်ပျောက်တတ်သတဲ့။မှောင် အတိ ကျနေ မလား။ ရင်ချိူင့်က ဝေဒနာ။ ခန္ဓာက ဝေဒနာ မှတ်နိုင် မလား။ မပြော တတ်သေး ပါဘူး။ တကယ်မှ ရင်မဆိုင်ရ သေးတာ။ဘာဖြစ်ဖြစ် အဲ့သည် လက်နက် တစ်ခုခု ဖြင့်တော့ သေမင်းနဲ့ စစ်ခင်းရပါမယ်။ မကြောက်ဘူးလား။ကြောက်မှာပါ။ဒါပေမယ့်ဘာလက်နက်မှမရှိသူထက်တော့ ရင်ဆိုင်ရဲမှာပါ။

ဟိုတစ်ချိန်ကဆို အမှောင်ထုကြီးထဲ တစ်ယောက်ထဲ သွားရမလား တွေးလိုက်မိသေး။ တစ်နေ့ ရင်ဆိုင် ရမှာပါပဲ။မိသားစုမှာ ဘယ်သူ့ ဘယ်သူမှ မကယ်နိုင်သော သည်သေခြင်းကို ကယ်ပေး မယ့် လက်နက်ကအစုံအလင် ရှိပါပြီ။ချွေးထွက်များမှ သွေးထွက်နည်းမယ်ဆိုတာ သည်နေရာ ပြောတာလဲ ပါပါလိမ့်မယ်။သေမင်းရဲ့ စစ်ချီသံကို အမြန်ဆုံး ကြားရတဲ့အခါ။သင် လက်နက်ရှိ ပြီလား။ရင်ဆိုင်နိုင်သော အင်အားရှိပြီလား။ဘယ်လောက်လေ့ကျင့်ထားတဲ့အရည်အချင်းလဲ။ ကျွန်မတို့က သေမထူးမဟုတ်ပါဘူး။သေရင်ထူးတဲ့ဆီသွားနိုင်မှာလို့ ထူးမယ့်လမ်းကို ပြထားပြီး သား။ ထူးတဲ့နေခြင်းနဲ့နေနေကြပြီပဲ။ ကြောက်ပါတယ်။ ဖြစ်နိုင်ရင်တော့ မသေချင်သေးပါဘူး။ ပြောလို့ရလို့လား။ဖြစ်လာခဲ့ရင် ရင်ဆိုင်ရမှာပါ။ တစ်ယောက်ထဲလာ၊ တစ်ယောက်ထဲပြန်ရမှာ။ တစ်ယောက်ထဲရင်ဆိုင်ရမှာ။ပြောလိုက်ပါရစေဦး။ဆရာတော်အရှင်ဆေကိန္ဒကဟောပါတယ်။ ကိုယ့်အချစ်ဆုံးသူကို သေကြည့်လိုက် ခံနိုင်ရည်ရှိသလား။ဘုန်းဘုန်းကို တရားဟောစင်ပေါ်က လိမ့်ကျ ပျံတော်မူကြည့် ဆရာတော်မရှိမဖြစ် ပါဘူးတွေးသလား။အချစ်ဆုံးလူတွေ ကို သေ ကြည့်ရဲပြီဆိုမှ တရား ရှိလာတာတဲ့။

ကျွန်မအရင်က သားကို သေမကြည့်ရဲ ပါဘူး။ သူသေမှာ သိပ်စိုးရိမ် ခဲ့တာပါ။ သူ့မှာ သွေးတိုး ဆီးချို အကုန်ရှိ၊ဆရာဝန်က ဆေးသောက်နေ ရတာ။တခါတခါ သူ့ကိုကြည့်ပြီးရင် သူလည်းရုပ် နာမ်။အချိန်တန်တားမရပါဘူးတွေးရဲလာပါတယ်။တကယ်ရင်ဆိုင်ရဲမယ်တော့မသိသေးပါဘူး။တချိန်က အတွေးတောင် မတွေးရဲခဲ့တာ။တချိန်က သားအမိနှစ်ယောက် ရွှေတိဂုံဘုရား တရား သွားထိုင် နေကြပါ။သား တရားပြန်ထိုင်ပါလားပဲ ပြောလိုက်ပါတယ်။ သားက တရား ပြန်ထိုင် တဲ့အခါ ကျွန်မကျေနပ်ကြည်နူးရပါတယ်။တစ်မိသားစုလုံးတရားထိုင်ကြတဲ့ ဓမ္မမိတ်ဆွေတွေ မြင်တိုင်း ကြည်နူး ကျေနပ်ရပါတယ်။တကယ့် အားကိုးရာရှိရင် ကျွန်မတို့က ကြောက်ရွံ့သော အရာတွေကို ရင်ဆိုင်ရဲလာမှာ ပါလား။ မိသားစုကိုချစ်ရင် တရားအားထုတ်ပါ။ ဝိပဿနာ မှ မဟုတ် သမထဖြစ်လည်းဖြစ်။ယုံကြည်ရာ တစ်ခုခုနဲ့တော့ ရင်ဆိုင်ရဲ အောင်ကြိုးစားကြ ရမှာပါ ပဲ။တစ်နေ့ပေါ့။ဘယ်နေ့လဲ။အချိန်ပိုင်းသာလိုတော့သည်လို့ ဟိုတချိန်မရွတ်ရဲပေမယ့်။ အခု ရွတ်ရဲ လာပါပြီ။တကယ်အချိန်ပိုင်းဆိုလည်း ရင်ဆိုင်ရဲရမှာမဟုတ်လား။ အားကိုးရှိပြီလား။ အားကိုးရာအစစ်အမှန်ရှိပြီဆို။ကြောက်ကြောက်နဲ့ မှတ်ရင်းလည်း အဓိကကကောင်းရာ မွန်ရာဆိုတာ။ကြိုတင်ပြင်ဆင်ထားမှသာ ရနိုင်မှာမဟုတ်လား။

ဒေါ်ခိုင်ဇင်သက်

Leave a Reply

Your email address will not be published.