Spread the love

သည်နေ့က တရားစခန်းဝင်တာ တစ်နှစ်တိတိမို့ ရေးချင်တာလေးတွေ ရေးပါရစေလား။ တရား စခန်းမှာက ပုံစံဖြည့်တဲ့အခါ အသက်ဖြည့် ရပါတယ်။စက်တင်ဘာ ကမှ ၆ဝပြည့်တာပါ။ သည် တော့ လွယ်လွယ်၆ဝပဲ ဖြည့်လိုက်ရော။ရိပ်သာမှာကဓမ္မာရုံကြီးထဲတရားသွားထိုင်ချိန် ယောဂီ တွေက အသက်အလိုက်တန်းစီရပါတယ်။ ကျွန်မရှေ့က ကပ်လျှက် သန်းသန်း။သန်းသန်းရှေ့က မမိုးပါ။ပထမတော့ စိမ်းနေရော။နောက်တော့ ရင်းနှီးလာမှ သန်းသန်းက စက်တင်ဘာလ ကုန် မွေးတာပါ။ကျွန်မက စက်တင်ဘာလဆန်း။သူက ၆၁လို့ပေးလိုက်တော့ ကျွန်မရှေ့ရောက်နေ တာပါ။ကျွန်မထက် ရက်ပိုင်းငယ်ပါတယ်။ သန်းသန်းက အေးပါတယ်။ တရားအကြောင်းမေး ရင်တော့ တိုးတိုးလေးဖြေပါတယ်။နေရာတကာ အေးဆေးနေသူပါ။ကျွန်မက နေရာတကာမှာ စူးစမ်း စပ်စုပါ။တန်းစီယောဂီ ပြည့်မပြည့်။ဘယ်သူ ကျန်တယ်။တန်းစီထားရာကထွက် ပြီဆို ယောဂီ ပြည့်မပြည့်က ရည်တွက် သေးတာ။သန်းသန်းကတော့ အေးဆေး တိတ်ဆိပ်။အဲ့ လို ဣန္ဒြေကွာ ပါတယ်။ နောင်ကြာလာတော့ တစ်ယောက်အကြောင်း တစ်ယောက် ဖလှယ်ကြ တဲ့အခါ သန်းသန်းအကြောင်းလေး ပြောပါရစေ။သူက အသက်နည်းနည်းကြီးမှ အိမ်ထောင် ပြုတာပါ။၃ဝကျော်မှပါ။သူ့ခင်ပွန်းက သူ့ထက်၈နှစ်ကြီးပါတယ်။ သားသမီးမရှိပါဘူး။

သူ့တို့ လက်ထပ်ပြီးအတော်ကြာတော့အမျိူးသားအလုပ်ပြောင်းတဲ့ ဂျာမနီကိုလိုက်သွားပါတယ်။ ဟိုရောက်ပြီး တစ်နှစ်မရှိခင် အမေဆုံး ပါတယ်။ သူ့ခမျာ ပြန်မရ၊ မတွေ့ရ တော့ပါဘူး။ ဟိုမှာ သူ့ အမျိူးသားက သူ့ကိုအလုပ် မခိုင်းပါဘူး။အိမ်မှာနေရင်း သူတစ်ယောက်တည်း ပျင်းတော့ တရား နာတတ် လာတယ်။တရားမှတ်တတ်လာ တယ်တဲ့။နောက်ကြာလာလို့ သူ့အသက်၅၂နှစ် လောက် မှာ အဖေလည်းအိုပြီ။ အမေ့ကိုမပြုစုရပေမယ့် အဖေ့ကိုပြုစုမယ်ဆို လင်မယားနှစ်ယောက် ပြန် လာပါတယ်။သူ့အဖေက တရားသမား ပါ။ ရိပ်သာတွေလှည့် တရားအား ထုတ်နေတာ ပါ။ သူတို့ လင်မယား ဆုံးဖြတ်လိုက်သတဲ့။ရှာဖွေထားသမျှ တော်ပြီ။ဘာစီးပွားမှ မလုပ်၊တရားပဲ ရှာမယ်ဆို သူတို့ အဖေဆီမှာ နည်းတောင်း တာပေါ့။အဖေကဟယ် ပြန်လာပြီး စစချင်း ဝင်ခိုင်းတာ က ဗော ဓိအေးငြိမ်း မြေဇင်းတရားပါ။ အဲ့သည်တုံးက ရက်၆ဝပါ။သူတို့နှစ်ယောက်က သမထ၊ဝိပဿနာ ကို အင်မတန့် အင်မတန် ထူးချွန်ပါတယ်။ပြီးတော့ အဖေက သွားဆိုတဲ့ ရိပ်သာ အကုန်သွား သ တဲ့။ မြေဇင်းဆို…. ရှိသမျှအကုန်နီးနီး ရောက် တယ်။ ပြီးတော့ မိုးကုပ်၊ မဟာစည်၊ မင်းကွန်း၊ က သစ်ဝိုင်သဲအင်း စသည်နည်းမျိူးစုံ ဝင်ပါတယ်။ ဘာလို့ ကျွန်မ ဒါလေး ရေးပြသလည်း ဆို သူ့ စကားတစ်ခွန်းကို ကြိုက်လို့ပါ။

မဇင် သူငယ်ချင်း မှတ်ထားပါ။ မြတ်စွာ ဘုရားရဲ့ တရား အားလုံး တူတူ ပါပဲ။ နည်း စနစ်လေး ပဲ နဲနဲ ကွာပါတယ်။သူငယ်ချင်း ကြိုက်တဲ့ရိပ်သာဝင်။ ဝင်ပြီဆို ကမ္မဌာန်း ဆရာစကားကို အတိ အ ကျလိုက်နာ။ ငါကဖြင့် အရင်ကဘာယောဂီဆိုတာ မေ့လိုက်ပါ။ အသစ်တစ်ယောက်လို ရှူရှိူက် ဆိုရှူရှိူက်၊ပိန်ဖောင်းဆိုပိန်ဖောင်း အတိအကျသာလိုက်နာပါ။ တရားကအတူတူပါပဲတဲ့။ ကျွန်မ အတွက် သူငယ်ချင်းလည်းဟုတ်၊ အကြံပေးလည်းဟုတ်၊ တကယ့် ဓမ္မမိတ်ဆွေ အစစ်အမှန်ပါ။ သူတို့ ခုဆို အိမ်မှာ အဖေ။သူတို့နှစ်ယောက် တစ်နေ့၄ကြိမ် တရားမှတ်တာ မပျက်ပါဘူး။ ဘယ် လောက် နေမကောင်း ပါစေ။မပျက်ဘူးတဲ့ နင်ကလေ ငါ့အမျိူးသားလိုပဲ သမထထက်ပါတယ်။ ဘာကိုပဲဖြစ်ဖြစ်ကုသိုလ်ဆိုအကုန်လုပ်ပါဆို အမြဲအားပေးပါတယ်။သူ့အမျိူးသားကတစ်နေ့ထဲ ငရဲပြည်ဆို ၅ခေါက်ဆင်းမလားဆင်းနိုင်သူပါ။ပြီးတော့ပူရင် နတ်ပြည်မှာ ဘုရားသွားဖူးချင်ဖူး နေရော။ အမှန်က သူတို့နဲ့ယှဉ်ရင်ကျွန်မကဘာမှမဟုတ်ပါဘူး။ ဒါပေမယ့်ကျွန်မက မုဒိတာပွား နိုင်ပြီး သူ့လိုတော်ချင်သူ့လိုကျင့်ယုံပေါ့။ ဣဿာမရှိတဲ့ကျွန်မရဲ့ ဝိတက်များတဲ့ စိတ်လေးက အနည်းငယ်လည်း အံ့ဩစရာပါ။ ပြီးတော့ကျွန်မမှာ ဆိုးတဲ့စိတ်တစ်ခုရှိပါတယ်။

အဲ့ဒါက ခင်လာရင် စချင် နောက်ချင်တဲ့ စိတ်ပါ။ ဒါကြောင့် သန်းသန်းကို ဖွင့်မေး ပါတယ်။ သန်း သန်း သောတာပန် တွေက သူတို့ဟာ သောတာပန်ပါ မပြော ကြဘူး။ ကိုယ့်ဉာဏ် အဆင့် ကိုယ် တိုင် ဆုံးဖြတ် ရတယ်။ မဇင်ကလေ ခင်ရင် စချင်တယ်။ ချစ်တဲ့စိတ်နဲ့ သူငယ်ချင်းတွေ ကိုပြော ချင် ရာပြော တတ်တယ်။မှန်မှန် ပြောနော်။ သန်းသန်းတို့ နှစ်ယောက်က သောတာပန် လားလို့ မေးရော။ကြံဖန်မဇင်ရယ် မဟုတ်ပါဘူး။ အဝေးကြီး လိုသေးတယ်တဲ့။ သောတာပန်ကို ပစ်မှား မိမှာကြောက်လို့ပါ သန်းသန်းကအဝေးကြီးဆို မဇင်က မြင်ဖို့သာဆိုးပေါ့ဆို သူကရယ် တယ်။ ကျွန်မသာ fbမှာစာရေး တတ်လို့သာ တရားစာတွေ ရေးနေတာပါ။ သန်းသန်း တို့လို အင်မတန် ပြည့်ဝသော တရားသမားတွေ ရှိပါသေးတယ်။သူတို့က ဖုန်းဆိုတာ အနည်းငယ် သောဆွေမျိူး၊ သူငယ်ချင်းက သာရေး နာရေး ဆက်တာလွဲ ဘာမှမကိုငိ ပါဘူး။ကျွန်မကိုဆို တွေ့ချင် ဖုန်းခေါ်ပါ။

တရား မှတ်ချိန်မကိုင်ပေမယ့် ပြီးရင်တွေ့တာ နဲ့ပြန်ဆက်မယ်တဲ့။သူ့ဆီဆက်တဲ့ သူငယ်ချင်းက ကျွန်မ တစ်ယောက် ထဲတဲ့။ဖြစ်ရ တယ်။ ကျွန်မ ကတော့ သူငယ်ချင်း မိတ်ဆွေ တွေနဲ့ ဖုန်းက တနေကုန်၊စာရေး၊တခါတခါရုပ်ရှင်ကကြည့်သေး။ပြောရင် သောတာပန်ကမလျော့။တခါတခါ ဒုဿစေတီမှာမှ တရားထိုင် လိုက်သေး။ကိုယ့်ဖာသာပြန်သုံးသပ်ရင် ဣန္ဒြေမရှိ။မြတ်စွာဘုရားရဲ့ ဉာဏ်ကနေကြည့်လို့က တရားရဖို့ဝေးတာမြင်မယ်အသေအချာ။ဒါတောင် ကျွန်မကလေးတွေက တီခိုင့်အားကျသတဲ့။တီခိုင့်အားမကျပါနဲ့ကွယ်။ကိုယ်ကစိတ်ထားကောင်းဖို့ပထမလေးကိုမနည်းကြိုးစားနေရသူပါ။ကျန်တာကတော့ သိန္နေ သိန္နေဖြစ်နေတာပါ။ဒါကြောင့် တရားတွေက အတူ တူပါ။ကိုယ်အားထုတ်မယ့်တရားကိုသာ ဆရာတော်တွေ စကားလိုက်နာပြီးအားထုတ်ပါ။

ကျွန်မ တော်တော် များများ ကြားဘူး ပါတယ်။ဘယ်ရိပ်သာမှာ ဘယ်လောက် ကျင့်ခဲ့ ပါပြီ၊ ခုမှ မြေဇင်း တရားကို နိမိတ်နဲ့ ဘုရားဖူးချင် လို့ဝင် တာပါ တဲ့။ဟုတ် ပါပြီ။ဒါ ဆိုရင် ဘယ်တရား ကို ဘယ်လောက် ကြာကြာကျင့် ပါစေ။အားလုံး မေ့ထားလိုက် ပါ။ပြီးတော့မှ တစ်ရက် တစ်ရက် ပေးသမျှ နည်းစနစ်ကိုသာ ရိုးသားစွာလိုက် နာအားထုတ်ရမှာပါ။မြတ်စွာဘုရား ရဲ့တရားတွေမှာ ကွာခြားသော နည်းစနစ်လေးကိုသာ ရိုးသား စွာအား ထုတ်ရင်တရား ကမရစရာ မရှိပါဘူး။ ခု ခေတ်လူငယ်တွေက အများကြီးကံ ကောင်းပါတယ်။ကြိုက်တဲ့နည်းစနစ်နဲ့ အားထုတ်နိုင်အောင် ရိပ်သာများ စွာရှိ ပါတယ်။ကျွန်မတို့ ငယ်တုံးက ဘာဆို ဘာမှမသိ ပါဘူး။ဒါကြောင့် ခုလိုအခွင့် သာခိုက်မှာ ရိုးသား ဖြူစင်စွာ အားထုတ်မယ်ဆို ကောင်းမှုမြတ်နိုး ကောင်းအောင် ကြိုးစား အားထုတ်ခဲ့ရင် ကောင်းကျိူးတွေအနန္တက ရမှာမလွဲပါဘူး။

ဒေါ်ခိုင်ဇင်သက်

Leave a Reply

Your email address will not be published. Required fields are marked *