Spread the love

လုံးဝ မထင်ထားခဲ့ပါဘူး… ယခုလို လူသားတွေ တရားဓမ္မကို ဆာလောင်မွတ်သိပ်စွာနဲ့ ..

ဥပမာပေးရလျှင်ဖြင့်

အင်မတန် နာမည်ကြီးတဲ့ ရုပ်ရှင်ဇာတ်ကားတကားကို

ကြိုတင်လက်မှတ် မှာယူပြီး အပြေးအလွှားနဲ့ သွားကြည့်ရသလိုမျိုး တိုးခွေ့တန်းစီ မှောင်ခိုလက်မှတ်မကျန် ရုံပြည့်သွားလေသတည်း ဆိုသော ပုံစံမျိုးလိုပါပဲ နော်….

ယခုဆိုလျှင် ဖြင့်… online တရားစခန်းကို ခုလို ပုံစံမျိုးနည်းတူ အပြေးအလွှားနဲ့ တရားဝင်တရားအားထုတ်လာကြသူပေါင်းဟာ…..

ယခု အပတ်စဥ် ၃ မှာ ဆိုလျှင်ဖြင့် ယောဂီ ပေါင်း ၁၇၀ နီးပါးလောက်ရှိနေတာကို ဘေးကနေ မြင်ရသော စာရေးသူ အဖြစ်ဟာဆိုရင်ဖြင့်…

ရင်ဘက်ကို လက်နဲ့ဖိ… ဟုတ်ပြီ…ဟုတ်ပြီ… ရောက်တော့မယ်.. ရောက်တော့မယ်… ပြေးထားပြေးထား… ပန်းတိုင်နီးနေပြီ… ဆိုပြီး… အားကစားတခုကို ဘေးကနေ အားပေးနေရတဲ့သူတယောက်လိုပါပဲ…

အင်မတန်မှကို ဝမ်းသာပီတိ တွေဖြစ်ရပါတယ်… 🤗🤗🤗🤗

စာရေးသူအနေ နဲ့ကတော့ ဘေးကနေ အားပေးစကား ပြောကြားပေးရုံကလွဲလို့ ဘာဆို ဘာမှ လုပ်မပေးနိုင်တဲ့ သူပါ…

ဒါမို့ စာရေးသူ တက်နိုင်တာလေးဖြစ်သော အားပေးစကားလေးတွေ အချိန်ပေးရေးပေးပြီးသာ အားပေးနေရပါတော့သည်။

#အလုပ်တခုကိုစဖြစ်ဖို့ ခက်သည်…

သူ့ထက်ခက်သည်က..

#စွဲမြဲဖို့ခက်သည်…. တဲ့..

ဒီစကားဟာဖြင့် စာရေးသူ အတွက် အင်မတန်မှန်လှပါသည်။

#ရေတက်ဦးငါးဇင်ရိုင်း
#ကောက်ရိုးမီး
စသောစကားပုံလေးများသည်က စာရေးသူ အတွက်များ ပေါ်ပေါက်လာသလားတောင် ထင်မိပါ၏…

💥💪💥💪💥💪💥💪💥💪💥💪

ထို့ကြောင့် ယခုဆိုလျှင် ဖြင့် ပထမအဆင့်ကို အောင်မြင်စွာ နဲ့ ဖြတ်ကျော်နိုင်ခဲ့လေပြီကော….

#တရားဝင်ယောဂီများထဲတွင် အသက်အငယ်ဆုံး ၁၀နှစ်မှ အသက်အကြီးဆုံး ၈၀ ထိ ပါရှိနေပါသည်….တဲ့…

#တချို့ကဗုဒ္ဓါနုသတိပွားများသော နေ့၌ပင်လျှင် သမာဓိအားတွေအရမ်းကောင်းလွန်းလို့ နိမိတ်တွေတောင် ရကြတယ်…တဲ့…

#အပတ်စဥ် ၂က ယောဂီ တွေက အားထုတ်ပြီးသွားတော့ သူတို့၏ မိသားစုကြီးကို အပြုံလိုက် ဆွဲခေါ်ပြီး အပတ်စဥ် ၃ မှာ အားထုတ်စေတယ်… တဲ့…

#ဖုန်းတလုံးကို တအိမ်သားလုံး သုံးပြီး တရားနာကြတယ်… တဲ့…

Internet တို့ Zoom တို့ အသုံးမပြုတက်သောသူများက အသုံးပြုတက်အောင် သင်ယူပြီး join ကြတယ်… တဲ့…

တဦးနဲ့တဦး မသိတာ သိတာတွေကို မိစ္ဆရိယ ကင်းကင်း မေတ္တာတရားများနဲ့ ဝေမျှ ဖြေကြားပေးကြတယ်… တဲ့…

Zoom ထဲကနေ မိမိတရားအစစ်ခံမယ့် အလှည့်မကျသေးဘူးဆိုရင်တောင်… 💧 တရားထိုင်ချင်လို့ပါ💧ကျနော် ၊ကျမ အလှည့် မရောက်သေးရင် ခဏ ထွက်မယ်နော်… တဲ့…

Internet အဆင်မပြေမှုလေးများပေါ်ပေါက်လာခဲ့လျှင် လည်း သီးခံကြတယ်…တဲ့..

အပတ်စဥ် ၂ မှ ယောဂီ တချို့ကလည်း ယောဂီ အသစ်များအတွက် volunteer လုပ်ပေးကြတယ်… တဲ့…

၄၅ ရက် တရားစခန်းကြီးတွင် တရားအားထုတ်ပြီး တရားထက်ခဲ့သော ယောဂီများကိုလည်း ဆရာတော်ဘုရား၏အကူအညီတောင်းမှုနဲ့ လာရောက် အားဖြည့် ကူညီ volunteer လုပ်ပေးကြတယ်… တဲ့…

စကားချက်⭐ ယခုည အမေးအဖြေ volunteer လုပ်ပေးမယ့် ယောဂီ ဆိုလျှင်ဖြင့်…

စာရေးသူ တရားဝင်ခဲ့တုန်းက ဘေးချင်းကပ်အဆောင်မှယောဂီပါ..

ထိုယောဂီ၏ တရားထက်ပုံများကို စာရေးသူ က လူကိုယ်တိုင်တွေ့၍ အားရပါးရ အင်တာဗျူးခဲ့ဖူးသည်မို့

သူမကို အရမ်းအားကျရပါသည်။ယခုလက်ရှိတွင် ဆရာလေးဝတ်နေပါသည်။

ထိုယောဂီ၏ အတွေ့အကြုံ များကို စာရေးသူက စာထဲတွင်သာဖတ်ဖူးခဲ့သောအရာများကို လူချင်းတွေ့ပြီး အရှင်လတ်လတ် မေးခွင့်ရလိုက်သည်မို့

ထိုစဥ်အချိန်က အင်မတန် အားကျခဲ့ရအားရခဲ့ရပါသည်။

ဤသည်ကားစာရေးသူ၏ feeling တည်း 😊….

ထို့ကြောင့် ဤသို့ တရားဓမ္မများကို ဆာလောင်မွတ်သိပ်စွာနဲ့ အားထုတ်လာကြသော ယောဂီ များကို မြင်ပြီး..

စာရေးသူ စိတ်ထဲ၌ ဤသို့သော အတွေးလေးဖြစ်ပေါ်လာခဲ့ပါ၏..

အင်းးးးး….. 🤔 ဘဘဦးဌေးလှိုင် ဖြစ်ချင်ခဲ့သလိုမျိုး..

အမေရိကန်နိုင်ငံက ဖြစ်ရပ်တခုလိုမျိုး

လူတွေစုဝေးပြီး တ ကမ္ဘာ လုံးမှာရှိကြသော ခေါင်းဆောင်ကြီးများကို ဆုတောင်းပွဲကျင်းပပေးသလိုမျိုး…

မိမိတို့မြန်မာနိုင်ငံမှာလည်းပဲ အဲ့သလိုမျိုး လူတွေအများကြီးကနေစုပြီး တနေရာထဲကနေ သူတို့လိုမျိုး တ ကမ္ဘာ လုံးက ခေါင်းဆောင်ကြီးများကို မေတ္တာပို့ ပေးကြရင် ဘယ်လောက်ကောင်းကြမလဲ….နော်…

ဆိုသော ဘဘစကားအားပြန်ကြားယောင်မိနေပါတော့သည်။

ထိုအရာနှင့်ဆက်စပ်၍…အင်းးးး…. ခုလည်း တရားဝင်နေကြသောဤ ယောဂီ အင်အားကြီးမားလာလျှင်ဖြင့် ဤသို့ ပုံစံမျိုး လုပ်လို့ရသွားရင်… ကောင်းမှာပဲ… လို့.. တွေးနေမိပါတော့သည်…

ဤသည်ကား… စာရေးသူ ၏ အတွေးမျှသာ…

မိတ်ဆွေနှင့်စကားပြောမိစဥ်က သူ၏ရည်ရွယ်ချက်က ကမ္ဘာ ကို ဒီသာသနာအရမ်းပြန့်ပွားချင်တာပဲ…. တဲ့… သူက..ဆို၏..

စာရေးသူ က ကျတော့… ကျနော်ကတော့ဗျာ…

ကမ္ဘာ ကို ခဏထားလို့.. ယခု ကျနော့လိုမျိုး…

မြန်မာပြည်သား မြန်မာနိုင်ငံသားတယောက် တောင်

ယခုလို လွယ်လွယ် ကူကူမြန်မြန် ဆန်ဆန်နဲ့ အားထုတ်လို့ရတဲ့ နည်းစနစ်မျိုး ရှိနေတယ် ဆိုတာကိုတောင်

ယခုအသက်အရွယ်အထိ မသိခဲ့တာဗျာ…

ဒလိုကျနော့လိုလူမျိုး မြန်မာနိုင်ငံသားတွေ ဘယ်လောက်အများကြီးများ ရှိနေမလဲဗျာ…

ဥပမာဗျာ ကျနော့အိမ်သားတွေပဲကြည့်ဗျာ

ဒီနည်းစနစ် ရှိတယ်ဆိုတာတောင် ကျနော့ မိဘ ဘိုးဘွားဆွေမျိုး ကစပြီးညီကိုမောင်နှမအဆုံး ဘယ်သူမှမသိကြဘူးလေဗျာ…

ခုကြည့် ဒီဆွေစဥ်မျိုးဆက်တခုလုံးမှာ ကျနော်တယောက်ပဲသိတာလေဗျာ…

ကျနော့လို လူမျိုးတွေဘယ်လောက်များ… များနေလိုက်ကြမလဲဗျာ..

ကျနောကတော့ဒလိုတွေးမိတယ် ဒါကြောင့်မို့ ကျနော်သာဆိုရင်…

… ကမ္ဘာ ကို ခဏ ထားလို့ မြန်မာကို ဒီ တရားပြန့်ပွားအောင် အရင်လုပ်ချင်တာဗျ…

ဆိုပြီး.. စာရေးသူ နှင့် စာရေးသူ ၏ ကလျာဏမိတ္တ မိတ်ဆွေနှင့် စကားပြောမိတိုင်း ထိုသို့ပြန်ပြောလေ့ရှိခဲ့သည်ပေါ့….

စာရေးသူ စိတ်နှင့် နှိုင်းမိခြင်းမျှသာ…

ထိုကြောင့် ယခုဆိုလျှင် ဖြင့် ထင်မှတ်မထားသော Online တရားစခန်းလေးဟာဖြင့် ပေါ်ပေါက်လို့ လာခဲ့ရလေပြီ ဆိုတာလေးကို..

အားရကျေနပ်ဝမ်းသာမိ၍ ရေးမိပါ၏ 😘

အကြောင်းအထောက်အပံ့ကျေးဇူးတင်ထိုက်သူများကတော့ဖြင့်..

#တရားဟောတရားပြတရားစစ်ပေးနေသောဆရာတော်ဘုရားဦးပညာဒီပ

စာရေးသူတရားစာစုလေးများကို ဖတ်ပြီး မိမိဖာသာအိမ်တွင်လေ့ကျင့်အားထုတ်နေရာမှ

ယခုလို မိမိလို online ကနေ အားထုတ်ခွင့်ရအောင်ဆိုပြီး မိမိနှင့်ကိုယ်ချင်းစာ၍ volunteer လုပ်၍ ဦးဆောင် ကူညီပေးနေသော #Admin @Shain Wai Yan lin(#ကိုရှိန်း)

#Adminနှင့်အတူပူးတွဲadminညီအကို၃ယောက်

#တရားဝင်ယောဂီ volunteer များ

တရားအမေးအဖြေ(#မိမိတို့#သဒ္ဓါတရားဖြင့်) #ကူညီပေးကြသောယောဂီဟောင်းများ

#တရားကိုတကယ်လိုချင်စွာဖြင့်အားထုတ်နေကြသောယောဂီများ

#စာစုများကိုသေသေချာချာစိတ်ရှည်လက်ရှည်ဖတ်ပေးကြသောဓမ္မမိတ်ဆွေများ

စသောစသော ကျေးဇူးတင်ထိုက်သူများ၏ ကျေးဇူးတရားကြောင့်သာယခုလို အစီအစဥ်လေးတခုဟာဆိုလျှင်ဖြင့် ပေါ်ပေါက်လို့လာခဲ့ရသည်ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်…

#ဘာပဲဖြစ်ဖြစ်သေးသေးလေးကနေသာစကြရတာမို့

ယခုဆိုလျှင် စဖြစ်ခဲ့လေပြီ…

စွဲမြဲဖို့အတွက်တော့ မိမိတို့သည် ဤ တရားစခန်း ပြီးဆုံးသွားသည့်တိုင်

မိမိတို့အိမ်မှာယခုတရားဝင်သလိုမျိုးပဲ နေ့စဥ်အမြဲမပြတ်တစိုက်မက်မက်အားထုတ်သွားခြင်းဖြင့် ဒုတိယ အဆင့်ကို တက်လမ်းနိုင်ကြမှာပါ…

#ရလာဒ်ကြီးများကတော့ဖြင့်

#နည်းစနစ်တကျတရားအားထုတ်ပုံအဆင့်အဆင့်သိရှိသွားရတယ်

#တရားအားထုတ်ဖြစ်သွားတယ်

#ကိလေသာတွေကိုဖြေးဖြေးချင်းပါးပါးလာအောင်ချေးချွတ်နည်းသိသွားတယ်

အဆုံးမှာ .. အော်… #တရားဆိုတာသဘာဝတရားပါလားသဘာဝတရားဆိုတာသဘောတရားပါလား

#သဘောတရားဆိုတာကိုတွေ့သွားတော့သဘောကျသွားတာပါလား

ဆိုသော အရာများကို ရရှိသွားကြရင်းးးးးး…..

#စာရေးသူလည်းသဘောကျ#ရေးမိပါတော့သည်။ 😊😊😊😊

စာရေးသူ၏ #အထူးကျေးဇူးရှင်တယောက်ကိုလည်းဤစာနှင့်အတူကျေးဇူးစကားပြောလိုက်ရပါ၏။

သူကားဆိုရင်ဖြင့် စာရေးသူ depression ရနေသောအချိန်အခါတွင်

ယခုလို သူ၏ တရားအားထုတ်ခဲ့ပုံအတွေ့အကြုံများကို Public post ဖြင့်တင်၍ရေးပေးခဲ့သောဤနည်းစနစ်ဖြင့်အားထုတ်ဖူးသူ…..

အကိုတယောက်၏ကျေးဇူးကြောင့်သာလျှင်စာရေးသူ၏ဘဝပြောင်းခဲ့ရပေသည်။

ထိုယောဂီ မိတ်ဆွေလည်းစာရေးသူ၏ friend ထဲတွင်ရှိနေပါသည်။သို့ပါ၍ ကျေးဇူးရှင်ကြီးကိုလည်းအထူးပင်ကျေးဇူးဥပကာယတင်ရှိပါကြောင်းပြောပါရစေရှင်🙏

တရားတွေ့ချမ်းမြေ့ကြပါစေ။

Lady Nippon San(လေဒီနီပွန်စံ)
♥🖤💕❤💙💜💚💝

Leave a Reply

Your email address will not be published. Required fields are marked *