Spread the love

မိမိတကိုယ်တည်း၏ သဘောအရဆိုပါမူ အကြမ်းဖျင်းအားဖြင့် အောက်ပါ အချက် (၆) ချက်ကြောင့် ဖြစ်ပါသည်။

၁။ တစ်ပါးဆောင်မှာ သီးသန့် စီစဉ်ပေးခြင်း။

၂။ ထိုင်ချိန် ကို မိမိကိုယ်တိုင် မိမိသတ်မှတ်ရခြင်း။

၃။ ဂဏနာနည်းဖြင့်မှတ်ရခြင်း

၄။ ဘုရားဖူးရခြင်း, နတ်ပြည် ဗြဟ္မာပြည် နဂါးပြည် ငရဲပြည်ကို ရက်တိုတိုတွင်း ကြည့်နိုင်ခြင်း။

၅။ ဝိပဿနာကို အချိန်အကန့်အသတ် ဉာဏ်အကန့်အသတ်ဖြင့် ရှုနိုင်ခြင်း။

(၁)။ ။ တပါးဆောင်မှာ သီးသန့်စီမံပေးခြင်း

ရိပ်သာအတော်များများမှာ စုပေါင်းထိုင်ရလေ့ရှိပါသည်၊
ထိုသို့ထိုင်ကြရာ၌ အချင်းချင်း ငှဲ့ညှာနေရသဖြင့် စိတ်ကြောင့်ကျမှု တစ်ခုသည် ကသိကအောက်ဖြစ်ရလေ့ရှိပါသည်။

ထိုင်ဖေါ်ထိုင်ဖက်တစ်ဦးတစ်ယောက်၏ အပြုအမူ နေပုံထိုင်ပုံ အဆင်မပြေပါက သူ့ကိုမှီ၍လည်း စိတ်ကသိကအောက် ဖြစ်ရလေ့ရှိတတ်ပါသည်။

အခွင့်သာချိန်များ၌ စကားပြောကြသဖြင့် ဘဿာရာမ ဆိုသော တရားအနှောင့်အယှက်နှင့် အပေါင်းအသင်းမက်လာသော
သင်္ကဏိကာရာမ အနှောင့်အယှက်များ တိုးလာတတ်ပါသည်။

တစ်ကိုယ်တည်း အားထုတ်ရသည့်အတွက် ထိုအချက်များကို အလိုလိုရှောင်ပြီးသားဖြစ်သွားပါသည်။

(၂)။ ။ ထိုင်ချိန်ကို မိမိကိုယ်တိုင် မိမိသတ်မှတ်ရခြင်း။

ထိုင်စရက်များ၌ တစ်နာရီပြည့်အောင်ထိုင်ဖို့အတွက် ဝေဒနာများဖြင့် လုံးပန်းရတတ်ပါသည်။

ထို့အတွက် မိမိစိတ်တိုင်းကျ နာရီဝက် ၄၅ မိနစ် စသည့်ဖြင့် သပ်မှတ်ပြီး ရက်ကြာလာ၍ သမာဓိတိုးတက်လာပါက တစ်နာရီ တစ်နာရီခွဲ ၂ နာရီ စသည့်ဖြင့် စီမံခန့်ခွဲရသော အခွင့်အရေးသည် ကိုယ်စရိုက် နှင့် ကိုယ့်အကြိုက်ဖြစ်သောကြောင့် သမာဓိ တိုးတက်မှုကို လွယ်ကူမြန်ဆန်စေပါသည်။

(၃)။ ။ ဂဏနာနည်းဖြင့်မှတ်ရခြင်း

တရားစထိုင်သူများ ၏ အဓိက အခက်အခဲမှာ တွေးပေါင်းစုံသာဖြစ်သည်။
ဂဏနာနည်းဖြင့် မှတ်ရသည့်အတွက် (၁) မှ (၈) ထိ ကြားထဲ၌ စိတ်မလွင့်အောင် ဂဏန်စဉ်မမှားအောင် ထိသွားသော လေကိုလည်းမလွတ်အောင် သတိထားနေရသည့်အတွက်
စဉ်စားချိန် တွေးချိန် မရရှိတော့ပဲ သမာဓိ အရမြန်ပါသည်။

စဉ်စားတွေးတောမိပါကလည်းဂဏန်းစဉ်များမှားကုန်ခြင်း
ဝါရရေများမေ့ခြင်း မိမိပုံထားသည့် အပုံသည် ညာဘက်လား ဘယ်ဘက်လား စသည်ဖြင့် ရောထွေသွားသည့်အတွက် မရောထွေးအောင် အထူးကြောင့်ကြစိုက်ရခြင်းသည်လည်းသမာဓိကို ပို၍ အားကောင်းစေပါသည်။

(၄)။ ။ဘုရားဖူးရခြင်း, နတ်ပြည် ဗြဟ္မာပြည် နဂါးပြည် ငရဲပြည်ကို ရက်တိုတိုတွင်းကြည့်နိုင်းခြင်း။

စျန်အဘိညဏ်ရသူများမှသာမြင်နိုင်သည်ဟု ထင်ထားသော
ဘုရားများ , နတ်ပြည်, ဗြဟ္မာပြည်, နဂါးပြည်, ငရဲပြည်များကို ရက်ပိုင်းထူထောင်ထားသော သမာဓိဖြင့်မြင်ရသည့်အတွက်
ယုံကြည်မှု ပိုမိုတိုးလာရပါသည်။

(၅)။ ။ဝိပဿနာကို အချိန်အကန့်အသတ် ဉာဏ်အကန့်အသတ်ဖြင့် ရှုနိုင်ခြင်း။

၄၅ ရက်ခန်ထူထောင်ထားသော သမာဓိ၏ အစွမ်းဖြင့် ဝိပဿနာ ရှုရာ၌ မိနစ်ပိုင်း နာရီပိုင်းမျှဖြင့် ဉာဏ်စဉ်များဖြစ်သည်ကို သိရှိရခြင်းသည် “သမာဟိတော ယထာဘူတံ ပဇာနာတိ” ဘုရားဟောပါဠိတော်ကို လက်တွေနားလည်မှုကို ပေးစွမ်းခြင်းဖြစ်ပါသည်။

ထူထောင်ထားသော သမာဓိ၏ အစွမ်းကြောင် “ဤမိနစ်အတွင်း ဤနာရီအတွင်း ဝိပဿနာသာ ရှုမည်ဟု” ပိုင်းခြားသပ်မှတ် အဓိဋ္ဌာန်၍ ရှုမှတ်ရခြင်းအကျိုးကျေးဇူးလည်းရှိပါသည်။

ထို့အပြင် “ ဤ အချိန်အတွင်း၌ ဤဉာဏ်ကိုသာ ရှုမည်ဟု”
ဉာဏ်စဉ်ကို ပိုင်းခြား၍ ရှုနိုင်သည့်အတွက် ကိုယ်မှာ ဘာဉာဏ်များဖြစ်နေသည်ကို ကိုယ်တိုင် စစ်ဆေးနိုင်ခြင်း အကျိုးလည်းရရှိပါသည်။

တစ်ချို့ယောဂီများအတွက် ဒါထက်များသော အကြောင်းတရားများလည်း ရှိနိုင်ပါသည်။

ဤခေတ်ဤအခါ၌ မြေဇင်းဆရာတော်ကြီးပြသသော “ကန္နီနည်း” နည်းကိုအားထုတ်ခွင့်ရသူများသည် အထူးကံကောင်းသူများ ထဲတွင် ပါဝင်ပါကြောင်း ဤစာဖြင့် ဝမ်းမြောက်ဝမ်းသာ ပြောပြပါရစေ။

ဒေါက်တာ တိလောကဉာဏ
ဓမ္မပီတိသာသနာ့ရိပ်သာ
ကလေးမြို့

( ဆရာတော်သည် လှည်းကူး ဗောဓိအေးငြိမ်းရိပ်သာတွင် ဝါတွင်းသုံးလ အားထုတ်ခဲ့ပါသည်။)

By waiyan

Leave a Reply

Your email address will not be published. Required fields are marked *