Spread the love

ရှေးဦးစွာ အနန္တောအနန္တငါးပါးနှင့် ကျေးဇူးတော်ရှင်ဆရာတော် အရှင် ကေလာသနှင့် ဆရာတော် ဦးပညာဒီပ တို့ အား ရိုသေစွာရှိခိုးကန်တော့ပါ၏ဘုရား။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၊ အပြည်ပြည်ဆိုင်ရာဗောဓိအေးငြိမ်း ရိပ်သာသို့ (၁-၈-၂၀၁၃)ရက်နေ့တွင် မိဘ၏ အကြံ ပေးမှုကြောင့် (၄၅)ရက် တရားအားထုတ်ခွင့်ရခဲ့ပါသည်။

ငယ်စဉ်အရွယ်ကတည်းမှစ၍ လက်တွေ့ စူးစမ်းလေ့လာမှုကိုစိတ်ဝင်စားသူဖြစ်ပါသည်။ (အထူး သဖြင့်မိမိ၏စိတ်)ဗုဒ္ဓဘုရား၏ တရားတော်များကို လေ့လာလိုက်စားခြင်း၏ အဓိကရည်ရွယ် ချက်သည် ကာဠာမသုတ်တော်နှင့် သတိဟူသောစကားကို အလွန် နှစ်သက်၍ တရားတော် များကိုသိချင်စိတ် ဖြစ်ပေါ်လာ ခဲ့ပါသည်။ ဗုဒ္ဓဘုရား၏ တရားတော်များသည် ego, religion စသည့်တစ်ဖက်စွန်းလမ်းစဉ်ဟူ၍ ဖော်ပြ ထားခြင်း မရှိဘဲ လူကိုလူလို့ သာမြင်နိုင်ပြီး အတွေး အခေါ်မြင့်မားခြင်းစသည်တို့ ကို naturally လေ့လာနိုင်သည့် တရားဖြစ်သောကြောင့် နည်းနည်းခြင်း မိမိတတ် နိုင်သလောက် စိတ်ဝင်စားစွာလေ့လာခဲ့ပါသည်။

ဆရာတော်လမ်းညွှန်ချက်များအရ အရဟံ ဂုဏ်တော်(၁)ရက်၊ မေတ္တာဘာဝနာနှင့် မရဏာ နုဿတိ (၁)ရက်ပွားများခဲ့ရပါသည်။ အာနာပါန ကမ္မဋ္ဌာန်းကို (၅)ရက်ပွားများခဲ့ပါသည်။ (၃)ရက်မြောက် နေ့တွင်ပင် အလင်းနိမိတ်ကိုရရှိခဲ့ပါသည်။ ထူးခြားချက် မှာ ဘာဝနာ သုံးရပ်ပွား များရာ၌ မေတ္တာဘာဝနာ ပွားများချိန်၌ စိတ်သည် အလွန်တည်ငြိမ်အေးချမ်းမှုကို ခံစားရပါသည်။

မိမိတို့ ရရှိထားသော အလင်းနိမိတ်ကို (၁)တောင်၊ (၂)တောင်၊ (၃)တောင် စသည်ဖြင့် နံရံ အမှတ် ဆီသို့ အပို့အယူလေ့ကျင့်ကြရပြီး ရိပ်သာအတွင်းရှိ ဘုရား၊ စေတီများကို စတင်ဖူးမြော်ရ ပါသည်။ ထို့နောက် မြန်မာပြည်အတွင်းရှိ ရွှေတိဂုံစေတီ၊ မန္တလေးမဟာမြတ်မုနိ၊ အလောင်းတော် ကဿပ၊ ကျိုက်ထီးရိုးဘုရားများကို ဖူးမြင်ခွင့် ရခဲ့ပါသည်။ ထူးခြားချက် မဟာမြတ်မုနိ ဘုရား ကျောင်းဆောင်၏ Architecture များနှင့် အလောင်းတော်ကဿပဂူထဲရှိ ထိုင်လျှက်တရား အားထုတ်နေသည့် ကိုယ်ရောင် ကိုယ်ဝါများလင်းလက်နေသည်ကိုထင်ရှားစွာ ဖူးတွေ့ ခဲ့ရပါသည်။

သံဝေဇနိယလေးဌာန India နိုင်ငံ Buddha Garya အရပ်ကို ဘုရားဖူးရာ၌ ဝမ်းသာပီတိ ဖြစ်ခဲ့ ရပါသည်။ စတင်၍ မဟာဗောဓိပင်ရှိရာအရပ်သို့ နိမိတ် လွှတ်ရာ သက်ရှိထင်ရှားဘုရားကို ဖူးမြင် ချင်စိတ်များ ဖြစ်ကာ မိမိပြုခဲ့သည့်ကုသိုလ်များကို သစ္စာပြုတိုင်တည် သည့်အခါ မိနစ်အနည်း ငယ် အကြာတွင် ထိုင်တော်မူ သက်ရှိထင်ရှားမြတ်စွာဘုရားအား အနီးကပ် အသေးစိတ် ဆံတော်၊ မျက်နှာတော်၊ ကိုယ်လုံးတော်များကို ဖူးမြင်ခွင့်ရသောကြောင့် အလွန်အားရကျေနပ် မိပါသည်။ ကိုယ်ရောင် ကိုယ်ဝါများဖြင့် လာရောက် ဘုရား ဖူးသည့် ရဟန်းတစ်ပါးနှင့် နတ်များကိုလည်း မြင်တွေ့ ခဲ့ရပါသည်။ Shrilankas ရှိစွယ်တော်၊ မဟာစေတီ အတွင်း ဓါတ်တော်ဌာပနာ ပစ္စည်း များကို လည်း ထင်ထင်ရှားရှားဖူးတွေ့ရပါသည်။

လူ့ပြည်ပြီး နတ်ပြည်ရှိ တာဝတိံသာ စူဠာမဏိစေတီ၊ စိန်ဖူးတော်၊ စွယ်တော်၊ ဆံတော်နှင့် အတွင်း ဌာပနာနှင့် ဘုရားဖူးခွင့်ပြုသော နတ်သားနတ်သမီး ပေါင်းများစွာကိုလည်း တွေ့မြင်ခဲ့ရပါသည်။

ဝေဇယန္တာဗိမာန်နှင့် ပဏ္ဍုကမ္ဗလာ မြ ကျောက်ဖျာ၊ ဗြဟ္မာပြည်ရှိ ဒုဿစေတီနှင့်အတွင်းရှိ ဌာပနာ စသည်များကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ဝေဇယန္တာဗိမာန်၏ Architecture အကျယ်အဝန်း အဆောက်အဦး၏ သားနားလှသောပုံ အတွင်း၌အထပ်ပေါင်းများစွာ၊ အတွင်းရှိ ဘုရားခန်း၊ တရားဟောပလ္လင်၊ တင့်တယ်လှသောသိကြားမင်း စသည်တို့ ကိုလည်း လက်တွေ့ တွေ့မြင်ခဲ့ရ ပါသည်။ ထူးဆန်းမှုများ ရှိသော်လည်း စာရှည်မည်စိုး၍ အသေးစိပ်မတင် ပြတော့ပါ။

မိမိ၏အတိတ်ဘဝများကိုကြည့်ရာ၌ သစ်ပင် အောက်တွင်ခွေလျှက်ရှိသောမြွေဘဝ၊ ဘုရား ခေတ်တွင် ဖားဘဝ၊ သမင်ဘဝ၊ အဘိုးကြီးဘဝ၊ ကလေးဘဝ (ငယ်ငယ်ရွယ်ရွယ်နှင့် ပင်ကွယ်လွန် ခဲ့ရပြီး)။ ကြက်ဘဝ တွင် သခင်သည်ကောင်းစွာ ကျွေးမွေးစောင့်ရှောက်နေ ရင်း တစ်ရက်သော အခါ၌ သခင်၏လည်လှီး သတ်ဖြတ်ခြင်းကိုခံရပုံကိုလည်းတွေ့မြင်ခဲ့ရပါသည်။ စာတွေ့ သိခြင်း ထက် လက်တွေ့ သိခြင်းသည် သံဝေဂရရှိခြင်း၊ အမှန်ကို သိနိုင်ခြင်း၊ ယုံကြည်ခြင်း စသည့်ဘဝ သံသရာ ထဲမှ အကျိုးအမြတ်တွေကိုပါ လက်တွေ့သိခဲ့ရပါသည်။ ဆရာတော်များ၏ ကျေးဇူး တို့ကြောင့် အဝိဇ္ဇာနှင့် တဏှာ အရင်းခံ၍ ဘဝသံသရာလည်ပုံဘဝတွေမှာ လည်း ကုသိုလ်၊ အကုသိုလ်ကံများ၏အကျိုးပေးပုံကို လည်း မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ရပါသည်။ နောင်ဘဝ နှင့် ယခုဘဝကုန်ဆုံးမည့် အသက်အရွယ်ကိုပါမြင်တွေ့ ခဲ့ရပါသည်။

နဂါးပြည်ရှိ စွယ်တော်၊ စေတီတော်၊ စိန် ဖူးတော်၊ လူယောင်ဆောင်ထားသည့် နဂါးမင်းများ
စသည်တို့ ကို မျက်ဝါးထင်ထင် အသေးစိပ် ဖူးမြင် ခွင့်ရခဲ့ပါသည်။ ဘုရားဖူးခန်းတွင် အားရ ကျေနပ်စွာ ဘုရားဖူးခွင့်ရသည့်အရပ်မှာ BuddhaGeuya(India) ၊ ဝေဇယန္တာဗိမာန်၊ မြောက် ကျွန်းအရပ်နှင့် အခြားဘုရား များစသည်တို့ဖြစ်ပါသည်။ မြောက်ကျွန်းအရပ်ထူးခြား ချက်မှာ ပဒေသာပင်ကို လိုက်ကြည့်ရင်းစေတီတစ်ဆူ တွေ့သောအခါ “စေတီရှိတယ်”ဟု ပုဂ္ဂိုလ်တစ်ဦးမှ သာယာသောအသံဖြင့် ယဉ်ကျေးစွာပြန်ဖြေသည့်အသံ ကို ပကတိနားဖြင့်လက်တွေ့ကြားခဲ့ရပါ သည်။ ထိုဖြစ်ရပ်သည်ပင်လျှင် အံ့ဩလောက်အောင် ဝမ်းသာပီတိ ဖြစ်ခဲ့ရပါသည်။ မြောက် ကျွန်းအရပ်၏ နေထိုင်မှုပုံစံကို မြင်တွေ့ရသောအခါ လူဖြစ်လျှင်မြောက်ကျွန်းအရပ်မှာ သွား ဖြစ်ရင် ကောင်းမှာပဲဟုလည်းတွေးမိပါသည်။ ငရဲပြည်ကတော့ မကြည့်ရဲ၍ မကြည့်ခဲ့ပါ။

မိမိကိုယ် မိမိ တရားရခြင်း၊ မရခြင်းထက် လောဘ၊ ဒေါသ၊ မောဟ စသည့်ကိလေသာတွေကို တတ်နိုင်သမျှနည်းပါးအောင် moral courage (စိတ္တသတ္တိ)၊ moral energy (စိတ်ဓာတ်စွမ်းအား) ပညာရပ်တွေကို လက်တွေ့ကျင့်ကြံ နေထိုင်တတ်ရန်၊ ရည်ရွယ်ပြီး ဗောဓိအေးငြိမ်းရိပ်သာ ဆရာတော်ဆီသို့ လာရောက်အားထုတ်သူ ယောဂီအပေါင်းတို့ အား ဆရာတော်က မသိသေး မတတ်သေးသည့်ပညာရပ်များကို လေ့ကျင့်ပေးပြီးလက်တွေ့ ပါဖေါ်ပြနိုင်သောကြောင့် ဆရာတော် အရှင်ကေလာသနှင့် ဆရာတော် ဦးပညာဒီပတို့၏ ကျေးဇူးသည် အလွန်ကြီးမား ပါသည်။

ကျွန်မသည် တရားစခန်းဝင်ပြီး (၁၀)ရက် မြောက်သောနေ့မှစ၍ အလွန်ပြင်းထန်သည့် ခေါင်း ကိုက်၊ နားကိုက်သည့် ဝေဒနာကိုခံစားခဲ့ရပါသည်။ တစ်ချို့ရက်များတွင် အိပ်၍မပျော်သော ကြောင့် မျက်ရည်ပင် ကျခဲ့ရပါသည်။ အကြိမ်ပေါင်းများစွာ အိမ်ပြန်မည်ဟုဆုံးဖြတ်ခဲ့ပါသည်။ သို့ သော်လည်း ပါးထွက်၊ နားထွက် သင်ခန်းစာနှင့် လှီးစားဖြတ်စား သည် မိမိဝေဒနာနှင့် သင့်လျော်သော သင်ခန်းစာဖြစ် သောကြောင့် ဦးခေါင်းပိုင်းဦးစားပေးပြုရာတွင် ဦးခေါင်း (ဦးနှောက်) တစစီကွဲထွက်သွားသည်ကို မြင်တွေ့ရပြီး တစ်ကိုယ်လုံး ဝင်းဝါ၍ ပေါ့ပါးမှုကို ခံစားခဲ့ရပါသည်။ အလင်းနိမိတ်သည် ညအိပ်ရာဝင်တိုင်း မျက်စိကလေး မှိတ်လိုက်တိုင်း ဝင်းဝါလင်းလက်နေသည်ကို မြင်တွေ့ခဲ့ ရပါသည်။

စတုတ္ထနည်းသည် သဘာဝစစ်စစ်ငြိမ်းချမ်းမှုကို ခံစားရသည့်သင်ခန်းစာဖြစ်ပါသည်။ စိတ် ကလေး တည်ငြိမ်ပေါ့ပါးပြီး၊ ဝိပဿနာကူးပြောင်းရာ၌ ကူညီ ထောက်ပံ့ပေးသည့်နည်း တစ်ရပ်ဟုလည်း ဆိုနိုင်ပါသည်။ နိမိတ်ဖြင့် ဘုရားဖူးခန်း၌ လျောင်း၊ ထိုင်၊ ရပ် ဤသုံးပါး စလုံးဖြင့် ဘုရားဖူးခွင့်ရခဲ့ပါသည်။ မတ်တပ်ရပ်တရားမှတ်နေစဉ် မိမိ၏မတ်တပ်ရပ်နေပုံကို မှန်မှာ ကြည့်သကဲ့သို့ မျက်နှာချင်းဆိုင် တွေ့မြင်ခဲ့ရပါသည်။

၂၅-၈-၂၀၁၃ တွင် တပည့်တော်စောင့်မျှော်နေသည့် ဝိပဿနာစခန်းသို့ တက်လှမ်းခဲ့ပါသည်။ သမထအားကောင်းမှုသည် ဝိပဿနာလမ်းစဉ်အတွက် အထောက်အပံ့ကောင်းတစ်ရပ်ဆိုတာ ကိုလည်း သိခဲ့ရပါသည်။ စတင်ဝိပဿနာရှုပွားရာ ခန္ဓာကိုယ်စက်ယန္တရားလည်ပတ်ပုံ၊ အတွင်း အစိတ်အပိုင်း၊ အစာအိမ်၊ အူ (အရွယ်အစား၊ အလျား)၊ မျက်လုံး၊ မျက်ကြည်လွှာ၊ မျက်ဆံ၊ သွေးမျှင်ကြော၊ နှာနှင့် နား အတွင်းစီ၊ သွားဖုံး၊ လည်ပြွန်၊ဆဲလ်၊ သွေးစီးဆင်းပုံ၊ အရည်ပြား အတွင်းနှင့် အပြင် အမွှေးအမျှင်များ ဆက်စပ်ပုံ၊ ခန္ဓာကိုယ်ကြီးပွန်း ပဲ့နေပုံ၊ အဖုအပိန့်များ နှင့် ပြည်နှက်နေပုံ၊ ရွံစရာ ကောင်းလှသည့်ပုံစံအမျိုးမျိုး၊ ခန္ဓာကိုယ်အတွင်း ပိုးမျိုး ပေါင်းများစွာ လှုပ်ရှားသွားလာနေပုံ၊ အရိုးစုဖြစ်သွားပုံ၊ ခန္ဓာအစိတ်အပိုင်း တစ်ချို့ မီးလောင်နေပုံ၊ ဟဒယ ဝတ္ထုရှိရာအရပ် ရင်ချိုင့်အရိုးတွေကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပါသည်။

ဝေဒနာအရ – ပူမှု၊ အေးမှု၊ တင်းမာမှု၊ တွန်းကန်မှု၊ ယိမ်းယိုင်မှူးဝေမှု၊ အသက်ရှုကြပ်မှု၊ ယိုစီးမှု၊
ကြောက်ရွံ့ခြင်းမှု၊ ငြီးငွေ့ခြင်းမှု၊ စိတ်ပျက်မှု၊ စိတ် စေတသိက်တို့ သဘောသဘာဝတွေကို (Watch man) တစ်ယောက်ကဲ့သို့ စောင့်ကြည့်နေခဲ့ပါသည်။ ထို့နောက် ရုပ်နှင့် နာမ် အစုံလိုက် (၁)စုံပြီး (၁) စုံ ဖြစ်မှု ပျက်မှုတွေကို အနုစိတ် ခန္ဓာအပြည့် ဝေဒနာ အပြည့်ထင်ထင်ရှားရှား ဉာဏ် စဉ် အလိုက် တွေ့မြင်ခဲ့ရပါသည်။ မြတ်ဗုဒ္ဓ၏တရားတော်များသည် သဘာဝ စင်စစ်ထူးခြားသည့် အနှစ်သာရ ပေါင်းများစွာဖြင့် ပေါင်းစုထားသော တရားတော်ဆိုသည်မှာ ဧကန် အမှန်ဖြစ်ပါ သည်။ ‘Practice make perfect’ လို့ ဆိုသလို လေ့ကျင့်ရက်များ ကြာလာသည်နှင့်အမျှ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသည့် လက္ခဏာ(၃)ပါး ထင်ရှား ပေါ်လွင်ကာ “မြင်လျှင် မြင်ကာမျှမှတ်” ဟူသည့် စကား အတိုင်း အာရုံလေးတွေကို သူ့အလိုလိုသိနေသော ရှုမှတ်စိတ်ကလေးသည် တန်ဖိုး မဖြတ်နိုင် လောက်သည့် အေးချမ်းမှုလေးဆိုတာကို လက်တွေ့ခံစားခဲ့ရပါသည်။

ဤကဲ့သို့ သမထပိုင်းနှင့် ဝိပဿနာပိုင်းတို့ကို မိမိဉာဏ်ရည်မှီသလောက်လေး လိုက်နာကျင့်ကြံ အားထုတ်ခဲ့ရသည့် ဤ(၄၅)ရက်တရားစခန်းသည် ဤဘဝအတွက် အလွန်အဖိုး ထိုက်တန်လှ ပါသည်။ မိမိတွေ့မြင်ခဲ့ရသည့်တရားအရသာများကို ဆရာတော် ဦးပညာဒီပ၏ “လူကိုလူလိုမြင် တတ်ရမည်”ဟု ဆိုသော စကားအတိုင်း ဤတရားတွေသည် ကမ္ဘာအနှံ့ လူမျိုးမရွေး၊ ဘာသာ မရွေး၊ လေ့လာနိုင်ရန် ပညာရပ်တစ်ရပ် အနေဖြင့် ပျံ့နှံ့ထွန်းကားပြီး လူတိုင်းကျင့်ကြံ အားထုတ်
ပြီးမှ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်တော်အပေါ် ယုံကြည် မသဒ္ဓါတရားများတိုးပွားကာ ကမ္ဘာ လောကကြီး တစ်ခုလုံး အေးချမ်းမှုအပြည့်ရလျှင် ကောင်းမှာပဲဆို သည့် အတွေးများဝင်လာ ခဲ့မိပါသည်။

ဤသို့ တပည့်တော်အား ပန်းခင်းသောလမ်းပေါ်သို့ လျှောက်လှမ်းတတ်ရန် သင်ကြားလေ့ကျင့် ပေးသော ကျေးဇူးရှင်ဆရာတော် ဦးကေလာသ၊ Mr.Goenkasဆရာတော် ဦးပညာဒီပ ၊ မိဘနှစ်ပါး၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါင်းတို့ ကို ခြေတော်ဦးခိုက်ရှိခိုးကန်တော့ပါ၏ ဘုရား။ ဝေယျာဝစ္စ ကုသိုလ်ရှင်များ၊ ကျေးဇူးတင်ထိုက်သော ပုဂ္ဂိုလ် အပေါင်းတို့ အားလုံးတို့ကို လည်း အထူးကျေးဇူးတင် လျှက် မေတ္တာပို့သအပ်ပါသည်။ တပည့်တော်ပွားများ အားထုတ်ခဲ့ သော ကုသိုလ်ကောင်းမှုအစုစုတို့ ကိုလည်း အမျှပေးဝေပါ၏။ တပည့်တော် ရေးသားချက်တွင် အမှားပါရှိပါက ခွင့်လွှတ်ပေးပါရန်။

ရိုသေလေးစားစွာဖြင့်
မမူမူခိုင်၊
အသက်(၂၄)နှစ်၊
ဖုန်း-၀၉xxxxxxxxxxxxxx
၇-၉-၂၀၁၃

By waiyan

Leave a Reply

Your email address will not be published. Required fields are marked *