Spread the love

#အာနာပါန ကျင့် စဉ် သည် အ လွန် ရှေး ကျ သော တရား ကျင့် စဉ် တစ် ခု ဖြစ် သည်။ #သမထ Samatha (calm and concentration) ဟူသည် အာရုံ ခြောက်ပါး ၌ လွင့်ပါး ချောက်ချား ၍ နေသောစိတ်ကို တစ်ခုတည်းသော အာရုံ၌သတိ(Right mindfulness) စွဲမြဲစွာ သက်ဝင် စေ၍ စူးစူး စိုက်စိုက် သမာဓိ(Right Concentration) တည်တည် တံ့တံ့ ရှုခြင်း သဘော ဖြစ် သည်။ #အာနာပါန သမထ သည် ထွက်လေ ၀င်လေ ကို အဖန်ဖန် အ ထပ်ထပ် ရှုရသော သတိပဌာန်ကို ခေါ်ပါ သည်။ ထွက်လေ ၀င်လေကို သတိနဲ့ ၀င်၊ သတိ နဲ့ ထွက်စေ ရမည်။ ထွက်လေ ၀င်လေ ကို သာ မမေ့ တဲ့ သတိ ကောင်းကောင်းနဲ့ ထွက်တိုင်း ၀င်တိုင်း ထွက်လေကို လိုက်သိ နေပါ၊ ၀င်လေ ကို လိုက်သိ နေပါ၊ သတိအလုပ် မမေ့ စေနဲ့၊ မမေ့ရ ပါ၊ အာနာပါန သည် “ထွက်သက် ၀င်သက် “ ဟု အဓိပ္ပာယ်ရ၏၊ ထို့ကြောင့် အာနာပါန ရူမှတ် ပွားများ နည်းဆိုသည်မှာ.. ထွက်သက် ၀င်သက် (ထွက်လေ၊ ၀င်လေ) ကို သတိ ကပ်၍ ရူမှတ် ပွားများ ရသော နည်းဖြစ် သည်။ အာနာပါန ရူမှတ် သူသည် ထွက်လေ ၀င်လေတိုးထိရာ နှာသီးဖျားကို သတိ စိုက်၍ ထွက်လျှင် ထွက်လေ၊ ၀င်လျှင် ၀င်လေဟု အဖန်ဖန် နှလုံးသွင်းရူမှတ်ရမည်။ ဤအခြေခံ ရူမှတ်သည့် အဆင့်တွင် အသက်ကို ရှူ သွင်း ရှူထုတ်တိုင်း ရှူသွင်း ရှူထုတ်မှန်း သိအောင် သတိ ထားရမည်၊ ထို့ပြင် ထွက်လေ ၀င်လေ ကို နှာသီးဖျားတွင် သတိကပ်ရူမှတ်ရမည်။ ထွက်လေ ၀င်လေနောက်သို့ စိတ်က လိုက်ပါပြီး မရှူ မှတ်ရ၊ နှာသီးဖျား၌ သတိကပ်ထားပြီး ၀င်တိုင်း ထွက်တိုင်း သိသိနေရပါမည်၊ ထွက်လေ ၀င်လေ နှာသီးဖျား၌ တိုးနေ ထိနေ သည်ကို သိရမည်၊ သတိ ကောင်းလေ ပို၍ ထင်ရှား လာလေ ဖြစ်လိမ့် မည်။ နှာသီးဖျား၌ စိတ်စိုက်ထားပြီး ထွက်လေ ၀င်လေ ကို ထွက်လျှင် ထွက်မှန်းသိ၊ ၀င်လျှင် ၀င် မှန်းသိနေအောင် ရူမှတ်ရမည်။ အချုပ်အားဖြင့် ဤ အခြေခံရူမှတ်ခြင်းသည် သတိကို ဦးစားပေး ထူထောင်ခြင်းပင်ဖြစ်သည်။

အာနာပါန ရူမှတ် ခြင်း ၏ အကျိုး များ အာနာပါနကို ရူမှတ် ပွားများ သူသည် -(၁) စိတ်ငြိမ်သက် အေးချမ်းခြင်း၊(၂) မှန်ကန်စွာ တွေးခေါ်ကြံစည် နိုင်ခြင်း၊(၃) ကိုယ်စိတ် ချမ်းသာစွာ နေရခြင်း၊(၄) စတုက္ကနည်းအရ ရူပါ၀စရစျာန် ၄-ပါးကို ရနိုင်ခြင်း၊(၅) သတိပဋ္ဌာန်(၄)ပါး၊ ဗောဇ္စျင် (၇)ပါးတို့ နှင့် ပြည့်စုံခြင်း၊(၆) ဘ၀ ၏ နောက်ဆုံး ထွက်သက် ၀င်သက် ကို သိခြင်း၊(၇) မိမိ ၏ အသက်အ ပိုင်း အခြား ကို သိခြင်း၊(၈) မဂ်ဖိုလ် ၏ အခြေခံကို ရရှိ ခြင်း၊အစ ရှိသော အကျိုး တရားများကို မျက် မှောက် ဘ၀၌ပင် ခံစား ရရှိမည် ဖြစ် သည်။ #ဝိပဿနာ အလုပ်သည် မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ တွေ ရရှိစေ ပါသည်။ နိဗ္ဗာန် ချမ်းသာကို ရစေ ပါသည်။ ကိလေသာများ စင်ကြယ်ပြီး နောက် ဆုံး နိဗ္ဗာန်ထိ တက်လှမ်းနိုင် ပါသည်။ ဒါန- သီလ- သမထ ကုသိုလ်များ က အထောက် အပံ့ပေး နိုင်ရုံ သာ ပေးနိုင် ပါသည်။ နိဗ္ဗာန်ကို တိုက်ရိုက် မရောက် နိုင်ပါ။ နိဗ္ဗာန်သွားရာလမ်း ကြောင်းမှာလည်း ဒါန သီလ သမထ ကု သိုလ် များ ရှိ ရ ပါ သည်။ ဒါန- သီလ – သမထ သည် နိဗ္ဗာန် ကို တိုက် ရိုက် မရောက် နိုင်ပါ။ နိဗ္ဗာန် ရောက်အောင် ရအောင် အထောက် အပံ့ လောက်တော့ ပေးနိုင် ပါသည်။ နိဗ္ဗာန်ကို မျက်မှောက် ပြုစေ နိုင်သော ကုသိုလ်သည် ဝိပဿ နာ ကုသိုလ်ပင် ဖြစ်ပါ သည်။ လော ဘ၊ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေစင်ကြယ်စေပါသည်။ ဝိပဿနာ အလုပ်သည် စိတ်ဆင်း ရဲမှုများမှ လွန်မြောက်စေခြင်း။ ကိုယ်ဆင်းရဲ မှုများ မှ လွန်မြောက် စေခြင်း။ မဂ်ဥာဏ် ဖိုလ်ဥာဏ် များကိုရရှိစေခြင်း။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း။ ကိလေသာစင်စေခြင်း။ အကျိုးတရား များ ရနိုင် ပါသည်။ သမထ နှင့် ဝိပဿ နာ သည် Two-In-One အစုံ လိုက် ထူထောင် ရသော တရား နှစ်ပါးဖြစ်သည်။

ဝိပဿနာ Vipassana ဆို သည်မှာ အရှိ ကို အရှိ အတိုင်း မှန်ကန်စွာ သိမြင် ခြင်း၊ အထူး ရှုမှတ် ခြင်း ဟု အဓိပ္ပါယ် ရရှိသည်။ တရားရှုမှတ်ခြင်းသည် အရာအားလုံးကို ထိန်းချုပ်လေ့ကျင့်မှု တစ် ရပ် ဖြစ်ပြီး ရှုမှတ်ခြင်းဖြင့် လေ့ကျင့်သူသည် “သိစိတ်ပျံ့လွင့်စိတ်” ကို ကျော်လွန်ပြီး စိတ် အနား ပေးခြင်း (သို့ မဟုတ် ) အထူး ရှုမှတ် ခြင်း (သို့မဟုတ် ) သိမှတ် နေခြင်း ၏ အနက် ရှိုင်းဆုံးသော အဆင့် သို့ ရောက် ရှိရန် ကြိုး ပမ်း အား ထုတ်ခြင်း ဖြစ် သည်။ ကမ္ဘာ ပေါ် တွင် ဗုဒ္ဓဘာသာ သည် ( ခရစ်တော် မပေါ်မီ ဘီစီ ၅၈၈ ) လွန်ခဲ့ သော နှစ်ပေါင်း ၂၆၀၂ ကျော် မဟာ သက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့် ဗုဒ္ဓဟူး နေ့တွင် စတင် ပွင့်ထွန်း ပေါ် ပေါက်ခဲ့ ပါသည်။ မဟာ သက္ကရာဇ် (၁၀၃) ခု ဝါဆို လပြည့် စနေနေ့ ဘီစီ (၅၈၈) မှာ ဓမ္မရတနာ စတင်ခဲ့သည်။ မဟာ သက္ကရာဇ် (၁၀၃)ခု ဝါဆို လပြည့်ကျော် ၂ ရက် ဘီစီ (၅၈၈) တွင် သံဃာရတနာ စတင် ပေါ်ပေါက် ခဲ့ပါ သည်။ ဂေါတမ ဗုဒ္ဓ မြတ်စွာ ဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿနာ နှင့် ဝိပဿနာကျင့်စဉ်ကို ဘီစီ (၅၈၈) လွန်ခဲ့သော နှစ်ပေါင်း၂၆၀၂ -ကျော်တွင် ပထမဆုံးသော စတင် တွေ့ရှိ ကျင့်ကြံ အားထုတ်ခဲ့သူ ဖြစ်သည်။ ဗုဒ္ဓ မြတ်စွာဘုရားသည် ဘုရားအဖြစ်နှင့် (၄၅) နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် နေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။ ဗုဒ္ဓအဖြစ် (ဘီစီ ၅၈၈ – ဘီစီ ၅၄၃ ) ၄၅ နှစ်အတွင်း တာဝန် ကြီး ၂ ရပ်ကို တစ် နေ့ လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့် မျှ နေ မအား ည မနား လူသား, သတ္တဝါ တို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့သည်။သမထ Samatha နှင့် ဝိပဿ နာ Vipassana တရား ရှုမှတ် ကျင့် ကြံအားထုတ်ခြင်းသည် ထင်ရှားသည်။ သမထ Samatha နှင့် ဝိပဿနာ Vipassana နှစ်မျိုး စလုံးသည် ဉာဏ် အလင်း ရရှိရန် အတွက် လိုအပ်သည်။ သမထ တွင် အမှတ် တစ်ခုတည်း အာရုံ စိုက်ကြည့်ခြင်း စိတ်တည်ငြိမ်မှု စွမ်းရည်ကို တိုးတက် ဖြစ်ထွန်း အောင် လေ့ကျင့် အားထုတ်ခြင်း ဖြစ်ပြီး၊ ဝိပဿ နာ သည် ပကတိ သဘာဝ အမှန်များကို ရှု မြင် ခြင်းအားဖြင့် ထိုးထွင်းသိမြင်ခြင်းနှင့် ပညာတို့ တိုးတက် ဖွံ့ဖြိုး လာစေရန်ဖြစ်သည်။

(Vipassana in the Buddhism means insight into the true nature of reality, namely as the Three marks of existence: impermanence, suffering or unsatisfactoriness, and the realisation of non-self) ဝိပဿနာ အကျိုး ကြီးမား ပုံ မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးတော် မူနေ စဉ် အခါ၌ ကျောင်းဒါယကာကြီး အနာထပိဏ် သူဌေးအား အလှူ ဒါန နှင့် ပတ်သက် ၍ ဝေလာမ သုတ် တရားတော်ကို မိန်တော် မူသည်။၁။ ဝေလာမသုတ်တရားတော် အကျဉ်း ချုပ်ကား … ရှေး အခါက ဝေလာမ အမည်ရှိ ပုဏ္ဏား သူဌေးကြီးသည် မဟာဒါနအလှူတ်ာကို ပေးလှူ၏။ ယင်းအလှူ ၌ ငွေဒင်္ဂါး အပြည့် ပါသော ရွှေ ခွက်ကြီး ရှစ်သောင်း လေးထောင်၊ ရွှေဒင်္ဂါး အပြည့် ပါသော ငွေ ခွက်ကြီးပေါင်း ရှစ်သောင်း လေးထောင် စသည်ဖြင့် ရှစ်သောင်း လေးထောင်ပေါင်း များစွာသော ရတနာ ခုနှစ်ပါး ဆင် မြင်း ကျွဲ နွား၊ အဝတ်အထည် အသုံးအဆောင် ပစ္စည်းအစုံပေါင်း များစွာကို ပေးလှူ သည်။ အလှူတော်ကြီး သည်ကား မြစ်ရေ အလျင်ကြီး တရဟော စီးသ ကဲ့သို. အကြီး အ ကျယ် လှူခြင်း ဖြစ်ပေ သည်။၂။ သာသနာပ အခါ ၌ ဤ မျှ ကြီး ကျယ် သော ဝေလာမ ပုဏ္ဏား ၏ မဟာ အလှူတော် ကြီးသည် သာသနာတော်တွင်း၌ အယူသီလနှင့်ပြည့်စုံသော ဗုဒ္ဓဘာသာဝင် လူ ဝတ်ကြောင် တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူ ရသလောက် အကျိုး မကြီး ချေ။ ဗုဒ္ဓဘာ သာဝင် လူဝတ်ကြောင် တစ် ယောက်အား ထမင်း တစ်ထပ် ပေးလှူ ရသည်က အကျိုး ပို၍ ကြီး မား သည်။၃။ ဗုဒ္ဓဘာ သာ ဝင် လူဝတ်ကြောင် တစ်ရာ ကို ကျွေးမွေး ပေးလှူ ရသည် ထက် သော တာပန် တစ်ယောက်အား ပေးလှူ ရသည်က အကျိုး ပို၍ ကြီး မားသည်။

၄။ သောတာပန်တစ်ရာကို ပေးလှူ ရသည်ထက် သကဒါဂါမ် တစ်ယောက်အား ပေးလှူ ရသည်က အကျိုးပို၍ ကြီးမားသည်။၅။ သကဒါဂါမ်တစ်ရာကို ပေးလှူ ရသည်ထက် အနာဂါမ် တစ်ယောက် ကို ပေးလှူ ရသည် က ပို၍ အကျိုး ကြီးမား သည်။ ၆။ အနာဂါမ် တစ်ရာကို ပေးလှူ ရသည် ထက် ရဟန္တာတစ်ပါးကို ပေးလှူ ရသည်က ပို၍ အကျိုး ကြီးမားသည်။ ၇။ ရဟ န္တာတစ်ရာကို ပေးလှူ ရ သည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ပေးလှူ ရသည်က ပို၍ အကျိုး ကြီးမားသည်။ ၈။ ပစ္စေကဗုဒ္ဓါ တစ်ရာကို ပေးလှူ ရသည်ထက် သဗ္ဗညု ဘုရားတစ် ဆူကို ပေးလှူရသည်က ပို၍ အကျိုးကြီးမား သည်။ ၉။ ဘုရားရှင်အားပေးလှူ ရသည်ထက် သံဃိကကျောင်းတစ်ဆောင် ဆောက်လုပ် လှူဒါန်း ရသည်က ပို၍ အကျိုးကြီး မားသည်။ ၁၀။ ထိုထက် မိမိ ကိုယ်တိုင် သရဏဂုံ ဆောက်တည်ခြင်း က ပို၍ အကျိုးကြီး၏။ ၁၁။ ထိုထက် မိမိကိုယ်တိုင် ငါးပါးသီလ စောင့်ထိန်း ခြင်းက ပို၍ အကျိုး ကြီးမား၏။ ၁၂။ ထိုထက် မေတ္တာ ဘာဝနာကို နံ့သာ တစ်ခါရှူမျှ ပွားခြင်းက ပို၍ အကျိုး ကြီး၏။ ၁၃။ ထိုထက် အနိစ္စဝိပဿနာ ဘာဝနာကို နို့တစ်ညှစ်မျှ ပွားခြင်း က ပို၍ အကျိုး ကြီးမား ၏။ ဟူ ၍ ဟောကြားတော်မူပေသည်။ယင်းတရားအားလုံးကို ခြုံ၍ သုံးသပ်လိုက်သောအခါ..(၁) မှ (၉ ) အထိ သည်… ဒါန ကုသိုလ် တရားမျိုး ဖြစ်သည်၊ (၂) မှ (၁၁) အထိသည်… သီလကုသိုလ် တရား မျိုး ဖြစ်သည်၊(၁၂) မှာ သမထဘာဝနာ ကုသိုလ်မျိုး ဖြစ်၍ (၁၃) မှာ ဝိပဿနာ ဘာဝနာ ကုသိုလ် မျိုးဖြစ် သည်။ သို့ ဖြစ်၍ မြတ်စွာဘုရားသည် ဤဝေလာမသုတ် တော်ဖြင့် …. ဒါနကုသိုလ်ထက် သီလကုသိုလ် မျိုးက မြတ်သည်၊ သီလကုသိုလ် မျိုးထက် သမထ-ဘာဝနာ ကုသိုလ်မျိုးက မြတ် သည်၊ သမထ ဘာဝနာ ကုသိုလ်မျိုး ထက် ဝိပဿနာ ဘာဝနာ ကုသိုလ် မျိုးက မြတ် သည် ဟူ၍ ခွဲခြားသတ်မှတ်တော် မူကြောင်းကို သိရှိရပေသည်။

ဤသည်ကို သိရှိ ခြင်းဖြင့် ဝိပဿ နာ ဘာဝနာသည် မည်မျှ အကျိုးကျေးဇူးကြီးမားသည်ကို နှိုင်း ယှဉ် သိ ရှိ နိုင် မည် ဖြစ် ပါသည်။ (ကျော်နန္ဒအောင် ၏ ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ ၏ ဝိပဿနာ ရှုနည်းများ ပထမတွဲမှ ကောက်နုတ်ဖော်ပြပါသည်။) အာနာပါန Anapanasati သည် သမထ ကျင့်စဉ် ၏ အစ တာထွက်ဟု ပြောနိုင် သော်လည်း အဆင့် အမျိုး မျိုးကို ဖြတ်သန်းသွား ပြီး နောက်ဆုံးတွင် ဝိပဿ နာကျင့်စဉ်သို့ ရောက် ရှိအဆုံး သတ်သွားသည်။ ဂေါတမဗုဒ္ဓ မြတ်စွာ ဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿ နာ ကျင့်စဉ်ကို ဘီစီ ၅၈၈ လွန်ခဲ့သော နှစ်ပေါင်း၂၆၀၂ -ကျော် တွင် ပထမ ဆုံးသော စတင် တွေ့ရှိ ကျင့်ကြံ အားထုတ် ခဲ့သူ ဖြစ်သည်။ မိမိ၏ ခန္ဓာကိုယ် ကို မိမိ ကိုယ်တိုင်ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင်စေသော ကျင့်စဉ် ဖြစ်သည်။ မိမိ၏ ခန္ဓာကိုယ်ကို မိမိကိုယ်တိုင် ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင် စေ သော ကျင့်စဉ် ဖြစ်သည် ။ ပြန့်လွင့်နေသောစိတ်ကို စုစည်းနိုင် ရန်အတွက် ပုံမှန်အတိုင်း အသက် ရှုမှုကို အာရုံစူးစိုက်ပြီး စတင် ရှုမှတ် လေ့ကျင့်မှု ပြုလုပ်ကြ ရသည်။ စိတ်သည် တည်ကြည် စူးရှ မှု ရှိပြီး ခန္ဓာကိုယ်ကို အာရုံ စူးစိုက် ၍ ရှုမှတ်ခြင်း ဖြင့် ရုပ်သည် လည်းကောင်း၊ စိတ်သည်လည်း ကောင်း၊ ခဏမစဲ မရပ်မနား ပြောင်းလဲနေကြသောတရား၊ စကြာဝဋ္ဌဌာတစ်ခုလုံး၏ သဘာဝဓမ္မ အမှန် တရား ကို တွေ့ရှိ လာသော အခါ မမြဲ ခြင်း သဘာဝ ( အနိစ္စ impermanent (anicca)၊ ဆင်းရဲခြင်း( ဒုက္ခ suffering (dukkha) နှင့် အစိုး မရသော( အနတ္တ Egolessness /not-self (anatta) သဘော သဘာဝ အမှန်တို့ကို သိရှိ ကြသည်။ ဤကဲ့သို့ အမှန်တရား ဓမ္မလက္ခဏာ ကို ကိုယ်တိုင် ကိုကြ တိုက်ရိုက် သိလာသော အခါ စိတ် အတွင်း ၌ မတင့်တယ် မစင်ကြယ်မှု များ မှ လွတ်မြောက်၍ စိတ်ကို ဖြူစင်မှု ဖြစ်စေသော တရားကျင့်စဉ်ဖြစ်သည်။

ဝိပဿနာကျင့် စဉ်၏ ရည်မှန်း ချက်သည် စိတ်၏ အထွဋ်အထိပ်သို့ ရောက်ပြီး၊ သံသရာဝဋ်ဆင်း ရဲ ဒုက္ခ အပေါင်း မှ လွတ်မြောက် ခြင်း၊ ပညာ-ဉာဏ်စဉ် အဆုံးတိုင် ပေါက်ရောက် စေရန် ဖြစ်ပေ သည်။ ဉာဏ်စဉ် ၁၆ ပါး ရှိသည်။ ကြိုးစားပြီး ဆက်လက် ကျင့်ကြံ အားထုတ် ပါလျှင် အားထုတ် သူ၏ နေ့စဉ် ဆင်းရဲ ပင်ပန်းမှု များမှ သက်သာ စေပြီး ယခင်အကျင့်ဟောင်းပုံစံများ၏ တည်ငြိမ် မှု မရှိသော တုန့်ပြန်မှုများ တို့ဖြင့် နှစ်သက် သာယာဖွယ်၊ မနှစ်သက် သာယာဖွယ် ကိစ္စများ ကြုံရ သော အခါ စိတ်ထဲ တွင် ထုံးဖွဲ့ ချည်နှောင်မှု၊ ဆင်းရဲမှု အစိုင်အခဲ များစွာ ဖြစ်ပေါ် ခြင်းတို့ မှ ဖြေ လျော့ပြီးလျှင် ချမ်းသာမှုများ ဖြစ်လာ ပါလိမ့်မည်။ ဝိပဿ နာကျင့်စဉ် သည် ဗုဒ္ဓမြတ်စွာက သင် ကြားပေးခဲ့သည် မှန်သော်လည်း၊ ဗုဒ္ဓဘာသာဝင်များ အတွက်သာ မဟုတ်ပဲ လူအားလုံးနှင့် သက် ဆိုင်သော ကျင့်စဉ် ဖြစ် သည်။ စကြာဝဌာ ရှိ အားလုံးသော လူ တို့ အ တွက် ဝဋ်ဆင်း ရဲ မှ လွတ် မြောက် စေ သော နည်း လမ်း သာ ဖြစ် သည်။ ဝေဘူ ဆရာတော် ဘုရားကြီး က “သီလ ဆောက် တည်ပြီး လျှင် ပြည့်စုံ အောင် ဖြည့်ကြ၊ ဖြည့်လို့ ပြည့် စုံပြီ ဆိုလျှင် မိမိ စိတ် အလို တောင့်တ တဲ့ အတိုင်းပြီးမယ်၊ ယခုလည်း ချမ်းသာမယ်၊ နောင်လည်း ချမ်းသာမယ်။ ပစ္စုပ္ပန် ချမ်းသာ၊ သံသရာ ချမ်းသာ ၂-ဖြာ ကို ပေးစွမ်း နိုင်တာ ဟာ ဘုရား ရှင် အဆုံး အမတော် က လွဲ လို့ တခြား မ ရှိ ဘူး။ ဘုရားရှင် အဆုံးအမဆိုတာ ပိဋက ၃-ပုံပဲ၊ ပိဋက ၃-ပုံ ဆိုတာ အလွန် ကျယ်ဝန်းတယ်။ ပိဋက ၃- ပုံကို အဆီ ထုတ်ပါလျှင် “ဗောဓိပက္ခိယ ၃၇-ပါး” ရတယ်၊ ဗောဓိပက္ခယ တရား ၃၇-ပါးကို အ ဆီ ထုတ် လျှင် “မဂ္ဂင်ရှစ်ပါး” ရ တယ်။ မဂ္ဂင် ရှစ်ပါး ကို အဆီ ထုတ်လျှင် “သိက္ခာ သုံးပါး” ရ တယ်။ သိက္ခာ သုံး ပါး ဆို တာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ ပါ ပဲ။ သိက္ခာသုံးပါးကို အဆီ ထုတ် လျှင် “ဧကော ဓမ္မော” တစ်ခု ရတယ်။ ရုပ်ပေါ် နာမ်ပေါ်မှာ နေပြီး ယခုလို ဆောင်ထားတော့ (ရှုမှတ်နေ တော့) ကာယကံ သောင်းကျန်းမှု၊ ဝစီကံ သောင်းကျန်းမှု မရှိဘူး။

ဒါ “အဓိသီလ” လို့ ခေါ်တယ်။ အဓိသီလ အားကောင်းလျှင် စိတ်တွေ သောင်းကျန်း မှု မရှိဘဲ ငြိမ် ဝပ် ပိ ပြား ပြီး တည် နေ တော့ တယ်။ အဲ ဒါ “အဓိစိတ္တ” လို့ ခေါ် တယ်။ အဓိစိတ္တ (သမာဓိ) အား ကောင်း လို့ အချိန်ကြာ လျှင် ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ မှ ဖန်တီး လို့ မဖြစ်ဘူး၊ လျှပ်တစ် ပြတ် အတွင်း ကုဋေ တစ်သိန်း ဖြစ်ပြီး ပျက်နေတယ်။ ရုပ်ကို နာမ်က သိနေလျှင် ဖြစ်ပျက်ကို သိ တော့တာပဲ၊ ဖြစ်ပျက်ကို သိတာ “အဓိပညာ” လို့ ခေါ်တယ်။ အများ နားလည်အောင် ပြောရမယ် ဆို လျှင် ခန္ဓာ ကိုယ် မှာ ထင် ရှား တဲ့ အ စိတ် အပိုင်း တစ် ခု ဖြစ် တဲ့ နှာဖျား နှာဝ တွင် ထွက်လေ ဝင် လေ နှစ် ရပ် ဟာ အ မြဲ တိုက် ဝင်၊ တိုက် ထွက် နေ တယ် ။ နှာ ဖျား နှာ ဝ မှာ ကာယ ပသာ ဒ အကြည်က အထိခံ၊ ထွက်လေ ဝင်လေဖြစ်တဲ့ လေနှစ်ရပ် ဝါယော ဖောဋ္ဌဗ္ဗက ထိတယ်၊ ထိုအထိ ခံနဲ့ ထိတာက ရုပ်၊ သိတာ က နာမ် ဆိုတော့ ဒကာကြီး၊ ဒကာမ ကြီးတို့ သူများ မေးမ နေနဲ့၊ ကိုယ့် နှာဝ ကို ဉာဏ် နဲ့ စောင့်ကြည့်၊ ဝင်တော့ ထိဝင် မယ်၊ ထွက်တော့ လည်း ထိထွက်မယ်။ ထိတာကို သိ လျှင် သိ နေ လျှင် လောဘ၊ ဒေါသ၊ မောဟ ဖြစ် ခွင့် မ ရ လို့ လောဘမီး၊ ဒေါသမီး၊ မောဟမီး ငြိမ်းတယ်၊ ငြိမ်းတော့ အေး တယ်။ မထိခင် ကလည်း သိလို့ မဖြစ်ဘူး၊ ထိပြီး ပြန်တော့လည်း သိ လို့ မဖြစ်ဘူး၊ ထိတုန်းကိုသာ သိဖြစ် တယ်၊ အဲဒါကို “ပစ္စုပ္ပန် တည့်တည့်” လို့ ဆိုတယ်။ အဲသလို တစ်ထိတည်း(ထဲ) ထိနေတာကို တစ်ဆက်တည်း(ထဲ) သိနေအောင် ဆောင်ကြ ဗျ။ တစ်ရက် ၂၄- နာရီ တစ်စပ် လောက် ရလျှင် အလွန် သိသာ ပါ တယ်။ အဲသလို ထိတာကို မသိမှတ် နိုင်ရင် လျှပ် တစ်ပြတ် အတွင်းတွင်ပဲ ကုဋေ တစ်သိန်း ကြွေးတင် သွား ရောဗျ။ ထိတာကို သိနေလျှင် “ရုပ်နှင့် နာမ်သာ ရှိပါကလား” လို့ သိ လိမ့် မယ်။ရုပ်နာမ် မှ တစ်ပါး ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ မရှိ ဘူးဆိုတာ “ဘုရားရှင်၏ တရားတော် အမှန်ပါလား” လို့ ကိုယ့်ဟာကိုယ် သိလိမ့်မယ်။ သူများ ကို မေးနေဖို့ မလိုပါဘူး၊ နှာဝမှာ လေထိတာကို သိနေလျှင် ထိုအချိန်မှာ အတ္တဆိုတဲ့ ကိုယ်မရှိဘူး။ထို သိနေတဲ့ အချိန်မှာ ဉာဏ်အမြင် စင်ကြယ်တယ်၊ သမ္မာဒိဋ္ဌိ ဖြစ်တယ်။ ထိ တာကို သိနေတဲ့ အချိန် မှာ “ရုပ် နာမ် မှတစ် ပါး ဘာမျှ မရှိပါကလား” လို့ သိတာကို နာမ်ရုပ် ပိုင်းခြားပြီး သိလို့ “နာမရူပ ပရိစ္ဆေဒဉာဏ်” လို့ ခေါ်တယ်။

တစ်ထိ တည်း (ထဲ) ထိ၊ တစ်သိ တည်း (ထဲ) သိနေ လျှင် အတ္တ စင်၍ ဉာဏ် အမြင် စင်ကြယ် တဲ့ အကျိုး ရတယ်၊ ဒါဟာ တဒင်္ဂပဟာန် ခဏ အချိန် လေးမှာ ရ တဲ့ အ ကျိုး၊ နည်း တယ် လို့ မ မှတ် ကြနဲ့။ “ကမ္မဋ္ဌာန်း ထိုင်ရတာများ ဘာမှလည်း မတွေ့ပေါင်၊ ဘာမှလည်း မရပေါင်” လို့များ မမှတ် လိုက်ကြ ပါနဲ့။ ဘုရား သာသနာနဲ့ ကြုံကြိုက် တဲ့ အခါမှာ ဒီလို အကျိုးထူးများ ရနိုင် တယ်။ စားဖို့ သောက်ဖို့ အသာထားပြီး အထူး ကြိုးစားကြ…သီလ ကို ပြည့်စုံအောင်စေတိယင်္ဂဏဝတ်၊ ဗောဓိ ယင်္ဂဏဝတ်၊ ဆရာသမား မိဘဝတ်၊ သားမယားဝတ် ဒါ တွေ လုပ်ရတာက စရဏ ကုသိုလ် သီလ ဘက် ကဗျ။ ဒါတွေ လုပ်ရင်း နဲ့ ဆောင်လို့၊ ရှုမှတ်လို့ကော မရ ဘူးလား။ ဒီဝတ်တွေ မဖြည့် ဘဲ နဲ့ သီလ ပြည့်စုံ ပါ့မလား၊ သီလ မပြည့် စုံရင် လိုလား တောင့် တတဲ့ ချမ်း သာကော ရပါ့မလားဗျာ။ ချမ်းသာမှု မရှိရင် သမာဓိ မရဘူး၊ သမာဓိ မရတော့ ပညာလည်း မရနိုင်ဘူးဗျ”…. လို့ ဟောကြား တော်မူသည် ။ဉာဏ္စဉ် ၁၆ ပါး (The Sixteen Stages of Insight) (၁) နာမ ရူပ ပရိစ္ဆေဒဉာဏ် (ခွဲခြား) -ဘုံသုံး ပါး၌ ရုပ်နာမ် နှစ်ပါးကို ပိုင်းခြား ၍ သိသော ဉာဏ်၊ Namarupa Pariccheda Nana (Knowledge to distinguish mental and physical states) (၂) ပစ္စယ ပရိဂ္ဂဟ ဉာဏ် (သိမ်းဆည်း)-ရုပ်နာမ် နှစ်ပါး၏ ဖြစ်ကြောင်း တရားကို သိမ်းဆည်းသောဉာဏ်၊ Paccaya Pariggaha Nana (Knowledge of the cause-and-effect relationship between mental and physical states)(၃) သမ္မသနဉာဏ် (လက္ခဏာ) ဖြစ် ပျက် မြင် သုံး သပ် ၍ ရှု- ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးအား အနိစ္စ၊ဒုက္ခ၊အနတ္တ လက္ခဏာ သုံးပါးဖြင့် သုံးသပ်၍ရှုသော ဉာဏ်။

Sammasana Nana (Knowledge of mental and physical processes as impermanent, unsatisfactory and non self)(၄) ဥဒယဗ္ဗယဉာဏ် (ဖြစ် ပျက်) ရုပ် နာမ် နှစ်ပါး ခန္ဓာငါးပါး တို့၏ ဖြစ် ခြင်း ပျက် ခြင်း ကို အဖန် တလဲလဲ ရှု သော ဉာဏ်။ Udayabbaya Nana (Knowledge of arising and passing away) (၅ ) ဘင်္ဂ ဉာဏ် ( ပျက် ) ခန္ဓာ ငါးပါး ရုပ် နာမ် နှစ် ပါး တို့ ၏ ပျက် ခြင်း ကို သာ အ ဖန် တ လဲ လဲ ရှု သော ဉာဏ် ။ Bhanga Nana (Knowledge of the dissolution of formations)(၆) ဘယ ဉာဏ် (ကြောက်) ခန္ဓာ ငါးပါး ရုပ်နာမ်နှစ်ပါးကို ကြောက် မက်ဖွယ် ဘေးကြီး ဟု အဖန်တလဲလဲ ရှုသော ဉာဏ်။ Bhaya Nana (Knowledge of the fearful nature of mental and physical states ) ( ၇ ) အာဒီ နဝ ဉာဏ် (အပြစ်ရှာ) ဖြစ်ပျက်မုန်း- ခန္ဓာငါးပါးရုပ်နာမ်နှစ်ပါးတို့အား အပြစ်အားဖြင့် ရှုသော ဉာဏ်။ Adinava Nana ( Knowledge of mental and physical states as unsatisfactory ) (၈) နိဗ္ဗိဒါဉာဏ် (ငြီးငွေ့) ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးတို့၌ ငြီးငွေ့သောအစွမ်းအားဖြင့် ရှုသောဉာဏ်။ Nibbida Nana (Knowledge of disenchantment)(၉) မုစ္စိတု က မျ တာ ဉာဏ် ( လွတ် ) ခန္ဓာ ငါး ပါး တို့ မှ လွတ် မြောက် ခြင်း ငှါ ရှု သော ဉာဏ် ။ Muncitukamayata Nana (Kno wledge of the desire to abandon the worldly state)(၁၀) ပဋိသင်္ခါ ဉာဏ် (အ ဖန် တ လဲလဲ) ခန္ဓာငါးပါးတို့အား သိမ်းဆည်းခြင်းအစွမ်းဖြင့် အဖန်တလဲလဲရှုသောဉာဏ်။ Patisankha Nana ( Knowledge which investigates the path to deliverance and instills a decision to practice further)

(၁၁) သင်္ခါရုပေက္ခာဉာဏ် (ဥပေက္ခာ) ခန္ဓာငါးပါးတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းနှင့် လျစ်လျူ ရှု သော ဉာဏ်။ Sankharupekha Nana ( Knowledge which regards mental and physical states with equanimity)(၁၂) အနုလောမ ဉာဏ် (လျော်) – လက္ခဏာ သုံးပါး ကို ရှုသည် ၏အ ဖြစ်ဖြင့် မဂ်အား လျော်စွာ ရသော သတိပဋ္ဌဌာန်စသော ဗောဓိပက္ခိယ တရား (၃၇) ပါးတို့အား လျော် စွာ ဖြစ် သော ဉာဏ်။ Anuloma Nana (Knowledge which conforms to the Four Noble Truths)အရိယာဉာဏ္ ၄ ပါး(၁၃) ဂေါတြဘူဉာဏ် (လွှဲ) -ပုထုဇဉ် အနွယ် ကို ဖြတ် ၍ အ ရိ ယာ အနွယ် ကို ဖြစ် စေ သော ဉာဏ်၊ Gotrabhu Nana (Knowledge of deliverance from the worldly condition)(၁၄) သောတပတ္တိ ‘မဂ်’ ဉာဏ် (ဆိုက်) နိဗ္ဗာန် ကို သိ မြင် သော မဂ် ဉာဏ်၊ Magga Nana ( Knowledge by which defilements are abandoned and are overcome by destruction ) ( ၁၅ ) သော တ ပတ္တိ ‘ ဖိုလ် ’ ဉာဏ် (ခံစား)-နိဗ္ဗာန်ကို ခံစားသိမြင်သော ဖိုလ်ဉာဏ်၊ Phala Nana (Knowledge which realizes the fruit of the path and has nibbana as object)(၁၆) ပစ္စဝေက ဉာဏ် (သုံးသပ်) ရခဲ့ ပြီး တရားတို့ကို ပြန်လည်ဆင်ခြင်သုံးသပ်သောဉာဏ်။ Paccavekkhana Nana (Knowled ge which reviews the defilements still remaining) အသင်္ခ္တဓါတ်၊ နိဗ္ဗာနဓါတ်၊ နိဗ္ဗာန် -‘အရှုခံ’ မှန်ရမည်။ ‘ရှုဉာဏ်’ မှန်ရမည်။by Myoma Myint Kywebuddhawasborn623 bc blogမှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ(ဗဟုသုတတိုးပွားပြီး အသိတရားများ ရယူနိုင်ကြပါစေခင်ဗျာ) ©©©©©©©©©©©©©©©© #ကောင်းကျိူးလိုရာပြည့်ကြပါစေ

Nippon San(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *