Spread the love

ချစ်စရာပုံလေးတွေမြင်ရင် တောင်းယူ ထား တတ်ပါ တယ်။ ကြည့် စမ်းပါ ဦး။ သစ်ရွက် ခြောက် ကြွေ လေး။ ဘာမှတန်ဖိုး မရှိ တော့ဘူး လား။ သစ်ရွက်ခြောက်လေးက ကြွေနေတာ ကြွပ်နေပြီ။ တက် နင်းရင် မွမွကြေနိုင်တဲ့အနေအထား။ ခုလိုပုံလေးဆွဲလိုက် တော့ချစ်စရာလေး။ မိုးစက်တွေ ကိုတောင် ကာကွယ် ပေးနေ သေးရဲ့။ ကျွန်မတို့လည်း အို ပါပြီ။ သစ်ရွက် ခြောက်တွေပါ။ မြေစာ မဖြစ်ခင် ရသည် လောက်တော့ ရအောင် တန်ဖိုးရှိအောင် နေရ မှာလို့ ကျွန်မ ခံယူ ထား ပါတယ်။ ဘဝမှာ ကိုယ့်ကိုယ်ကိုတန်ဖိုးရှိအောင်နေနိုင်ပြီလား။ ပါတ်ဝန်းကျင်ကို ဘယ်လောက် အကူ အညီ ဖြစ်နေ ပြီလည်း။ သစ်ရွက်စိမ်းလေးလို နုပျိူသစ်လွင်မှု။ အောက်ဆီဂျင်ထုတ်ပေးနိင်မှု။ မျက်စေ့ ပသာဒရှိ မှုတွေ မရှိတော့တဲ့ သစ်ရွက် ခြောက် အရွယ် ပါ။ ဒါပေမယ့် အခု သစ်ရွက်လေး တောင် ကြွေ ပြီး စိတ် ကူး ကောင်း သူ လက် မှာ တန် ဖိုး ရှိသွား ပါတယ်။ ကျွန်မ တို့က သစ်ရွက် ဝါတွေ၊ ခြောက် သွေ့ ကြွေကျ ကာနီး ပါပဲ။ ဘယ်လောက် တန်ဖိုးရှိ နေပြီလဲ။ ကျွန်မကိုယ့် ကိုယ်ကို လေး စားစရာ လူလား။ ပါတ်ဝန်းကျင် (မိသားစု)ရဲ့ ချစ်ခင် လေးစား အပ်သော သူလား။ ပြန်ရတာ မရ တာက သူတို့ရဲ့စိတ်ပါ။ ကိုယ့်စိတ် လေးကတော့ ကိုယ်ဟာလေး စားစရာလုပ် ရပ်တွေလု ပ်နိုင်ပြီ လား။ ကျွန်မမှာ လောဘ၊ဒေါသ၊ မောဟ ရှိသင့် သလောက် ရှိပါ တယ်။ ဒါပေမယ့် ကုသိုလ် တွေ ရသမျှ စုဆောင်း နိုင်လာ တာလည်း ကိုယ့်ဖာသာ ကျေနပ် စရာပါ။ ကျေနပ် တာနဲ့ အမျှ နေတတ် လာသလို၊နေတတ်လို့လည်းကျေနပ်စရာရှိလာတာပါ။သဟဇာတနဲ့အညမညပါပဲ။ပဌာန်းတွေကအမြဲရှိနေတာပါ။တွေးမိဖို့လေးလိုတာပါ။ သန်းသန်းကပြောပါတယ်။ မဇင်ကိုအားကျ တယ်တဲ့။

တစ်နေ့ကို တရား၄ကြိမ်အားထုတ်နိုင်သူက တစ်နေ့တစ်ခါ၊နှစ်ခါမနည်းအချိန်ယူရသူကို ဘာအား ကျစရာရှိသလည်းလို့လေ။နင်က ထမင်းဟင်းချက်ဖို့စားဖို့ မပူရဘူး။ စားဝတ်နေရေး ဘာမှမပူရ။ အစစ သားသမီးက တာဝန်ယူ တာတဲ့။ ကျွန်မ ကပြော ရပါ တယ်။ စားဝတ် နေရေး မပူ ရလည်း မိသားစုဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အ လှန်မှီခိုပြီး ကျွန်းကိုင်းမီ ကိုင်းကျွန်းမီနေရ တာပါ။သူတို့ကကျွေး ထားတာ။ငါအမေဆို အိမ်ဦးခန်းထိုင်၊ချွေးမပြင်‌ပေး သမျှစား။ အဲ့လိုနေ ပြီး သူတို့နဲ့ သာတူ ညီမျှမနေ တရားပဲအား ထုတ်နေ ဆိုရင်။ အဲ့ဒါမိ သားစုလား။ ကျွန်မကို အရင် ဂျာ နယ်တိုက်မှာ အတူတွဲ ရတဲ့ ကလေးတစ်ယောက်က ပြောပါတယ်။ အန်တီက အရှင်ဆေကိန္ဒမပါ ရင် စကားမ‌ေပြာတတ်ဘူးလားတဲ့။ ၁ဝနှစ်လောက်နာခဲ့တဲ့ တရားတွေကို တိုက် ဆိုင်ရင် ပြောပြ ဆုံးမသူတို့က နားမလည် ဘူးလေ။ ဆရာတော်က တရား တစ်ပုဒ်မှာ နိုင်ငံ ခြားမှာ နေတဲ့ မိသားစု လေး။ အဖေနဲ့သားက စီးပွားရှာ၊အမေကအိမ်မှာ တရားထိုင်။ အိမ်မှု လုပ်။ အမေက တနေ့ တနေ့ သူ တရားထိုင်လို့ ကတော့ ဘယ်သူလာလာ တံခါး မဖွင့် ပါဘူး တဲ့။

အဖေနဲ့သားက အလုပ်က မောပြန်လာတဲ့တနေ့ တရားထိုင်နေသူက တခါးမဖွင့်လို့အပြင်မှာ ထိုင် စောင့် စကား‌ပြော နေရတာ တရား ဖြုတ် အထိ ပဲတဲ့။ ဒါဆို ဘယ်သူက တရား ရှိပြီး ဘယ်သူ က တရား မရှိဘူးလဲ တဲ့။ ကျွန်မ ဘဝ အေးချမ်း ပါတယ်။ အိမ်မှာမကူညီပဲ မနက်ကည တရားပဲမှတ် မယ်။ရပါတယ်။ဒါပေမယ့်မိသားစုလေ။ သူတို့နိုးလာရင်ဆိုတဲ့ အသိ။ ဘာလေးကူလိုက်ရင် သူတို့ သက်သာမှာဆိုတဲ့အသိ။ငါအမေပဲဆို စွတ်တင်နေတဲ့စကားဆို အချေအတင်ဖြစ်ရင် ကိုယ်ကဒေါ သ အကုသိုလ်။သူတို့ကအမေကိုဒေါသဖြစ်ရင် အကုသိုလ် ပိုကြီးတယ်ဆို မပြော ပဲနေတာ တွေ။ တရား လမ်းကို တတိတိ ဆွဲခေါ်ရ တာတွေ။ သစ်ရွက် ခြောက်က မနေ တတ် ရင် ကြွပ် ဆတ် လို့ ကြေမွသွား မှာပေါ့။ ကျွန်မ ကတော့ ခုချိန် အေးဆေး လေးနဲ့ ကိုယ့် တရား လေးပိုရှိ လာအောင်။ တရား လိုချင် သူဆို လက်တွဲခေါ် နိုင်အောင်၊ စာတစ်ပုဒ် ကနေ တရားတွေချစ်တတ်လာအောင်။ မိသားစု။ ပါတ်ဝန်း ကျင်။ သဟဇာတ ဖြစ် အောင် ကြိုး စား ရင်း။ ကျွန်မ က အဲ့ သည် သစ် ရွက် ခြောက်လေးလို ကြွေပြီးတာပင် ထီးကလေး တစ်စင်းဖြစ် ချင်သူပါ။

အန်တီ ခိုင်ဇင်သက်(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published.