Spread the love

ဒီရက်ပိုင်း စာအုပ်တွေပဲ ကြိုးစား ရေးနေ မိပါတယ်။ ကျွန်မ ဘဝမှာ ခိုင်ဇင်သက်ရယ်လို့ ဖြစ်လာ ခဲ့တဲ့ ပထမဆုံး ဝတ္ထုလေး တစ်နေ့ နေ့တော့ ချစ်လာ လိမ့်မည် ကို စာအုပ် အဖြ စ်တွေ့ရ စဉ်က မှ မဟုတ် ပါဘူး။ လက်ရေး စာမူလေး တွေကို စာအုပ် အဖြစ်မြင် ရတဲ့ ပီတိ က စာအုပ် တိုင်းမှာ ရှိ တာပါ။ စာအုပ် မထွက် ဖြစ်တာ ၂နှစ် ကျော်ပါပြီ။ ကိုယ့် စာအုပ်ကိုယ့် ဖာသာ ထုတ်ရင်း ဝန်ထမ်း ဘဝ စုထား သမျှ ငွေက လည်း ကုန် ပေါ့။ ဒါပေမယ့် စာအုပ်တွေ မရေး ဖြစ်တာက ကျွန်မ ရဲ့ ညံ့ ဖျင်း မှုပါ။ တရား အားထုတ် တာ။ စာရေးတာ၊ ဘယ်နေရာ မဆို ဝီရိယက နည်းနေတာကိုး။ တစ် နေ့က ညမှာ သားနဲ့ ချွေးမက လမ်းလျှောက် ပြန် အလာ စာကလေး တစ်ကောင်ပါ လာပါ တယ်။ စာက အ မွှေး အတောင်ရှိ ပေ မယ့် အပျံ သင်စ ပေါက်စ လေးပါ။ လမ်း လယ် ကျနေ တော့ ခွေး ကိုက် ကြောင်ကိုက် ကားတိုင် ဖြစ်မှာ စိုးရိမ်လို့ ဆိုခေါ်လာ ပြန်ပါတယ်။ ကျွန်မသားက တိရစ္ဆာန် ချစ်ပါတယ်။မကြာခဏ ခိုတွေနာနေရင်ခေါ်လာဆေးထည့်ငါးတွေလွှတ်နဲ့ ၊အိမ်မှာကြောင်မရှိပါပဲ ကြောင်စာတွေဝယ်ကျွေးတော့ ကြောင်အကောင်များစွာကလာစားနဲ့။ဘာကောင်မှမမွေးနဲ့ အမေ က လူတွေ တောင် မဖြစ် လို့ သံယောဇဉ် ထားတာ လို့ အပြတ် ဖြတ်ထား တာပါ။ မနေ့ ကတော့ ဆန်၊ရေထည့်ပြီး အုပ်ဆောင်း အောက်က စာက လေးက သေသွား ပါတယ်။

ကိုသဲနု မြေးက စာကလေး သေလို့ ငိုရသေး။ ငိုလို့ဝမှ အဖွား ကို ဘာလာ ပြောမှတ် လဲ။ ဖွားဖွား သေရင် နတ်ပြည်သွားမှာဆို စာကလေးနတ်ပြည်သွားပြီလားတဲ့။တိရစ္ဆာန်တွေသေရင် နတ်ပြည် မသွားဘူး။ သူတို့က တိရစ္ဆာန်ပဲ ပြန်ဖြစ်ကြ တယ်၊သူတို့က နမောတဿမ ရွတ်နိုင်ဘူး။လူကသာ နမောတဿရွတ်လို့ သေရင် နတ်ပြည်သွားတာဆိုတော့ သူစဉ်းစား နေပါတယ်။ စာကလေး သေ တော့ စာကလေး ပြန်ဖြစ်သလားတဲ့။ လာပြန်ပါရော။ သည်ကလေးကို နားလည်အောင် ဘယ်လို ရှင်း ရပါ့။‌ စာကလေးသေစာကလေးတော့မဖြစ်ဘူးပေါ့။ စာကလေးသေရင်ခွေး။ကြောင် စသည် တိရစ္ဆာန်လဲဖြစ်တယ် ဆိုနားထောင်နေပါတယ်။သေကာနီး မရဏသန္တဇောကိုသူနားလည်အောင် ကျွန်မ မရှင်းတတ်သေးပါဘူး။ အခုပဲကြည့်လေ။ ငှက်နှုတ်သီးဖျားကငါးကလေး ဟာသေ မှာသိ၊ နာကျင်ခြင်းကြောင့် ဘာများစဉ်း စားမလဲ။ ငါဟာငါးဖြစ်လို့ငှက်က စားတာ၊ငါသာငှက်ဖြစ်ရင်ဆို ငါးကငှက်ဖြစ်ရဦးမယ်။ကျွန်မဘဝဟောင်းမှာ သမင်ဖြစ်တော့ ကျားကစားတယ်။ပြီးတော့ ကျားကြီးဖြစ်နေပြန်ရော။

တိရစ္ဆာန် ဘဝရောက်ပြီး ဉာဏ်မရှိတော့ တွေးသမျှ တိရစ္ဆာန်ပဲအဖြစ်များပြန်ရော။ မြေးကိုတော့ နမောတဿရွတ်၊ မရွတ် ရင်အခု လူကသေရင်ခွေး၊ ကြောင်လည်း ဖြစ်တယ်သိလား၊ မကြောက် ဘူးလား။သားက အိပ်ကာနီးရွတ်ပါတယ်တဲ့။အဖွားမကြားပါဘူးဆို သူ့အမေကိုပြောပေးပါစစ်ကူ တောင်း သေး။သူ့အမေက ဟုတ်ပါတယ်အိပ်ကာနီးရွတ်ပါတယ်ဆိုမှ။ ကလေးမပြောပါနဲ့။ ကိုယ် တောင် နောက်ဆုံး ထွက်သက် အ တွက် မနည်း အကျင့်ပါ အောင်ကြိုး စားရဆဲ။ ခပ်သိမ်း သော သတ္တဝါ တို့သည် တဖွဲဖွဲ သေနေကြ သလို တဲ့။ တဖွဲဖွဲ သေတာထက် ကျွန်မ မျက်လုံး ထဲ၊ စိတ်ထဲ အမြဲ ရှိတာ က ဝှိုက်ဘုတ် တစ်ခု ပါ။ မေမေ့ ကို သဂြိုလ် တဲ့ နေ့။ အ ချိန် က မနက် အစော ဆုံး။ မီး သဂြိုလ် စက် ထဲ တံ ခါး ပိတ် တော့ ကျွန်မ မျက် လုံး တွေ က ထောင် ထား တဲ့ ဝှိုက် ဘုတ်ဆီ ရောက် သွား ပါတယ်။ သည်နေ့ မီးသဂြိုလ် မယ့် စာရင်း ပါ။ နံပါတ်၁ မေမေ့ နာမည် အသက် က ၈၁။ နံပါတ် ၃၁တဲ့သည် နေ့၃၁ ယောက်ကို မီးသဂြိုလ် မှာပါ။ အမှတ် ၃၁ ကတော့ နာမည် လှလှ လေးပါ။အသက်က၃နှစ်။

ကျွန်မ အလယ်က နာမည် တွေ မဖတ် မိပါဘူး။ မေမေ့ အသက်နဲ့ ကလေးမလေး အသက်။ ကျွန် မကို အရွယ် မရွေး သေတာ ပြလိုက် သလို ပါပဲ။ ခုချိန်တော့ မြေဇင်း တရားတွေတွေ့ ပြီးမရဏာ နုဿတိ မှတ် ရတာ မကြောက် တတ် တော့ ပါဘူး။ ကိုယ် ဘယ် လို သေမလဲ သိခဲ့ ပြီပဲ။ သေပြီး သွားမယ့် နေရာကအစ သိခဲ့ပါပြီ။ ဒါပေမယ့်‌ ပေါ့ဆနေလို့ မရဘူးလေ။ ကုသိုလ်ကံ က အမြဲ များ နေမှသာ အကုသိုလ်ကံ က အလစ် မဝင်နိုင်မှာ မဟုတ်လား။ ကိုဗစ်ပြ တဲ့ အနိစ္စ၊ဒုက္ခ၊အနတ္တတွေ ပီပြင်လှပါသော်လည်း ပစ္စုပ္ပာန်ထက် မရသေးသော လွတ်လတ်ခွင့်အနာဂါတ်ကိုသာတမ်းတဆဲ။ အခုတော့ ခိုင်ဇင်သက်က နှစ်ကိုယ် ခွဲနေသ လိုပါပဲ။ တစ်ယောက်က ရိပ်သာ ရိပ်သာ ဗောဓိအေး ငြိမ်းသွားချင်တယ်အော်နေသလောက်။တစ်ယောက်က အသက်ရှူနိုင်သေးသမျှ ကုလားထိုင်မှာ ရိပ်သာလိုနေလို့ရပါတယ်လို့ဆုံးမဆဲအဲ့သည်နှစ်ယောက်တစ်နေ့တစ်နေ့ရန်ဖြစ်ရင်းးးးးးးး။

အန်တီ ခိုင်ဇင်သက်(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published.