Spread the love

စာတစ်ပုဒ် ရေးရင် ကျွန်မ အတွက် တရားမှတ်ချိန် တစ်ချိန်လောက် ပေးလိုက် ရတာပါ။ တစ်ခုခု ကိုလို ချင်တစ် ခုခုကို စွန့်လွှတ် ရတာ မဟုတ်လား။ ကြီးမိုက် ကြီးလို့ အသက်ကြီး ပြီးမိုက် နေဆဲ ဆိုခေါ် တတ်တာ သိနေလေတော့ ကြီးမိုက် ကြီးမဖြစ် ချင်ပါဘူး။ မနက်ဆို ကော်ဖီ တစ်ခွက်၊ မုန့် တစ်ခုခုတော့ စားရ တာ ပါ ပဲ။ ဒါကြ မရ အရ စားပြီး တရား မှတ် ချိန် ဟို ရွှေ့ သည် ရွှေ့ နဲ့ လား။ လုပ်သင့် လားလို့ ကိုယ့် ကိုယ် ကို ပြန် ဆုံး မရ ဆဲ။ ကျွန်မက နည်း ပညာနဲ့ ပါတ် သက် ရင် ညံ့ပါ တယ်။ ဒါကေမယ့် ကျွန်မ သူငယ်ချင်း တွေ ထဲ မှာ fb မသုံး တတ်၊ ဖွင့် ထား လျှက် ဘာမှ မလုပ် တတ် သူ တွေ ထဲ ကိုယ် က လူတတ် ကြီး ပေါ့။ အဲ့သည် လူ တတ် ကြီးက YouTube ကို တရား နာယုံက လွဲ ဘာမှ မ လုပ် တတ် ပြန်။ အမှတ် စဉ်တွေ က ယောဂီ တွေ သူ တို့ ဗုဒ္ဓဂါယာ၊ သီဟိုဠ် မရောက် ဘူးလည်း ဘုရား ဖူးကြပြီး သူတို့ ဓမ္မ စက္ခုနဲ့ ဖူးရတာ မှန်မမှန် ပြန်ကြည့် သတဲ့။ ဪ ကျွန်မ က တော့ ဖြင့် ကျွ န်မ မြင် တာ အ ကုန် အ မှန် လို့ ယုံ ကြည် လွ န်း စွာ သံ သ ယ ဆို တာ တစ်စမရှိ၊ ပြန်မကြည့် တတ်ပါလား။ ဒါပေမယ့် အခု ဒက္ခိဏသာခါ ညောင်ပင်ကြီးကိုမြင်တော့မှ ကျွန်မ မြင်ခဲ့ရတဲ့ အတိုင်း ပါလား ကြည်နူး မိ တာပါ။ တကယ် ဆို ကျွန်မ ဆီမှာ မြေဇင်း တရား/ မြတ်စွာ ဘုရား တရားအပေါ် အမြဲ သံသယဝိစိကိစ္ဆာ မြူ မှုန် မှမ ရှိပါဘူး။ သက္ကာယဒိဌိ ကိုအပြီး ပယ်သတ်နိုင်ဖို့သာလိုတာပါလား။

တရား သဘောက အင်မတန် နူးညံ့သိမ်မွေ့ပါသတဲ့။လိုချင်နေသမျှ မရနိုင်။ မလိုချင်မှသာ။ ဆရာ တော်ကြီး တစ်ပါး ဟော သလို ငွေနဲ့ တရားက မလိုချင်မှရ တာတဲ့။ ကျွန်မက တော့ဖြင့် နှစ်ခုလုံး လိုချင် ဆဲပါ လား။ ကျွန်မ တို့ ရေကျော် အိမ်မှာ နေစဉ် ကပ န်း ကန် ဆေးတဲ့ ဘေစင်က ရေပိုက် ခေါင်း ချောင်နေပါတယ်။တစ်အိမ်လုံးရဲ့ အိမ်ထောင်ဦးစီး ကျွန်မမှမစီစဉ်ရင် အသက်၉နှစ် သားနဲ့ အသက် ၆ဝ အမေက ဘာမှ မလုပ် တတ်။ ကျွန်မက တ ခြား အချိန် တွေဆို သမီး လေး ရေ ဘာ ကပျက် နေ ပြန်ပြီ အမေ ပြော ချက် ခြင်းစီစဉ် တတ် ပေမယ့် ဝတ္ထု ဇာတ်သိမ်း ရေးတဲ့ ရက် ပိုင်း ကတော့ ဘာမှမလုပ်ပါဘူး။တခြားသောစာရေးဆရာတွေဘယ်လိုခံစားသည်မသိနိုင်သော်လည်း ကျွန်မအတွက် ဝတ္ထုဇာတ်သိမ်းချိန် ဆိုပင်ပန်း ပါတယ်။ ပေါ့ရွှတ်ရွှတ် ဇာတ်သိမ်းကြီး တွေ မဖြစ် ချင်ဘူး လေ။ ဒါ ကြောင့် ရေ ပိုက် ခေါင်း မပြင် ပေးနိုင် ပါ။ မေမေက ရေခွက် ကြီးကြီး လေးနဲ့ ခံ ထား ရ ပါ တယ်။ တစ် နေ့ မှာ ကျွန်မ ပန်းက န် ဆေးပြီး တော့ မေမေက သမီးလေး ရေခွက် ပြန် ခံ ထား တဲ့။ ရေက တစ် စက် ချင်း ဖြည်း ညှဉ်း စွာ ကျ နေ တာ ပဲ။ ခဏနေ မီး ဖို ထဲ ပြန် ဝင် ချိန် အမှတ် မထင် ရေခွက် လေးဆီ ကြည့်မိတော့ ပြည့်ယုံ မက လျှံထွက် နေပါ ရော။

ကျွန်မ ခပ်ကြာ ကြာ ရပ် ကြည့် မိ ပါ ပြီ။ ရေက တစ် ပေါက် ချင်းကို ဖြည်း ညှဉ်း စွာကျ တာ ပါ။ ပြည့် တာ မြန် ပါ လား။ ပိုက် ဆံ တွေ ကို ခု လို စု ရ ရင် အဲ့ လို တွေး မိ ပါ တယ်။ ဒါ ပေ မယ့် အ ဝင် နဲ့ အ ထွက် က မ မျှ လေ တော့ သိ သိ ကြီး နဲ့ မ စု နိုင် ခဲ့ ပါ ဘူး။ ခု ချိန် ထိ ရေ တစ် စက် က နေ ပြည့် လျှံ နေ သော ရေ ခွက် လေး ရဲ့ မြင် ကွင်း အ မှတ် ရ ဆဲ။ ခု ချိန် တော့ ကျွန် မ တ ရား ရေ စက် လေး တွေ ကို ပဲ အဲ့ လို စု ဆောင်း သင့် တာ တွေး မိ နေ ပါ ပြီ။ တစ် စက် တစ် စက် က နေ။ တစ် သက် တာ အ တွက်။ တစ် ခွက် ပြီး တစ် ခွက် ပြည့် လျှံ ခဲ့ မယ် ဆို တစ် နေ့နေ့မှာတော့ ။

အန်တီ ခိုင်ဇင်သက်(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published.