Spread the love

တကယ်ဆို ကျွန်မရဲ့ ဝါသနာများစွာထဲ ဓါတ်ပုံရိုက်တာလည်းပါပါတယ်။ ဒီပုံလေးကတော့ ကိုယ် တိုင် ရိုက်ထား တာပါ။ ကျိူက်ထီးရိုး ဘုရားဖူးကြတော့ သူငယ်ချင်းတွေက ဘုရားရှိခိုး နေကြစဉ် ကျွန်မကတော့ မဟာသရဏဂုံ တော်ကြီး တစ်နေ့ တစ်ခေါက်ရွတ် ပြီးရင် ကိုယ့်ကိုယ်ကို ကျေနပ် နေပြီ ဆိုတဲ့ အချိန်။ ခုလို တရား မှတ်ရ ကောင်း မှန်း၊ မေတ္တာ ပို့ရ ကောင်းမှန်း မသိတဲ့ အချိန် ပါ။ ဒါ ကြောင့် မြင်သမျှ ဓါတ်ပုံ လျှောက်ရိုက် ရင်း တ‌စ်နေ့ တာရဲ့ နောက်ဆုံး အလင်း ရောင်ကို ရိုက် မိခဲ့ပါ တယ်။ ကျွန်မရဲ့ အတွေးတွေ က ဘာလေး မြင်မြင် နုနုဖ တ်ဖတ် လေးစဉ်း စားမိတာ။ ဘဝ ရဲ့ နောက် ဆုံးနေ ကွယ်ချိန် အလင်း ရောင်က သည်သို့ မှေးမှိန် တော့မယ် တွေးမိ ပါပြီ။ ကျွန်မ ရဲ့ ငယ်စဉ်ဘဝကပင် သေရမှာကြောက်လို့ အမြဲသတိရနေခြင်းဖြင့် မရဏာနုဿတိ ကိုများပွားမှန်း မသိ ပွားနေ မိလေရော့ သလား။ ခုချိန်သာ ကျိုက်ထီးရိုး ဘုရားရောက် ရင် မေတ္တာပို့ စရာများ မှ များပါ။

ကျွန်မက နှင်းမှုံတွေနဲ့ အအေးချိန်ကို ကြိုက်ပေမယ့် အအေးကမခံနိုင်၊ လှည်းကူး တရားစခန်းကို ဒီဇင်ဘာ သွားပါ တယ်။ အနွေးထည် က၆ထည်၊ စောင် ၃ထည် ယူသွား တာပါ။ ၄၅ရက် အတွင်း အိမ်မပြန် ရဘူး၊ ချမ်းနေရင် ဘယ်လို လုပ်မလဲ ဆို ပြီးလေ။ ကျိူက်ထီးရိုး ကလည်း ကျွန်မ သွား တဲ့နေ့ အမြဲအအေး ပေါ့နေ တတ်တာ ကံကောင်းခဲ့ ပါတယ်။ ကျွန်မက ပြင်ဦးလွင်၊ ကျိူက်ထီးရိုး ရောက်လို့က အနွေးထည်၂ထည်လောက် တော့အမြဲဝယ် ပါတယ်။သူငယ်ချင်းတွေက ရန်ကုန်မှာ အနွေး ထည် မရှိရှာ ဘူးလို့ အမြဲရယ် ခံရ တာပါ။ ဘုရား သွားရင် အမြဲ ပုတီး ဝယ်ပါ တယ်။ အိမ် မှာ ပုတီး တွေ ဘယ်လောက် ရှိရှိ ။ခရီးက ဝယ်လာ တဲ့ ပစ္စည်းလေး တွေကို ဒါက ဘယ်သွား တုံး ကဝယ်တာ။ ဒါက ဘယ်သွား တုံးက ဝယ်တာ စသဖြင့် ပြန်ကြည့် ပြန်သ ဘောကျတတ်တာကိုး။ ခုတော့ လည်း အိမ်ထဲ ဓါတ်ပုံ ရိုက်စရာ ကမရှိ။ မြေးကို ရိုက်မယ် မတွေး လိုက်နဲ့ ပျာကလပ် စိန် လက်လက် ထက တစ်စက်မှ အငြိမ်မနေ၊ ဓါ‌တ်ပုံ ရိုက်ရအောင် ပြောရင် ထွက်ပြေး ရော။

နောက် ဆုံး တော့ ကုလား ထိုင်လေး တစ် လုံး မှာ မျက်လုံးလေး အဝတ် စည်းပြီး မေတ္တာ ပို့ ရင်း ရောက် လို ရာ ခရီး နှင် လို့ရ နေတာပဲ မဟုတ် ပါ လား။ နေတတ် ရင် ကျေနပ် စရာ တဲ့။ မြေဇင်း ယောဂီ တစ်ယောက်ရဲ့ ဘဝက ပိုကျေနပ်စရာ ပါလို့ တွေးမိ ပါတယ်။ ဗုဒ္ဓဂါယာ က ဗောဓိညောင် ပင်နဲ့ ဘုရား ရှင်ကို ဖူး မလား။ နတ်ပြည် က တာဝတိံသာ ဖူးမလား။ ဗြဟ္မာ့ ပြည်က ဒုဿ စေတီ ဖူးမ လား။ သွားချင် ရာသွား လို့ရ တာ ပါပဲ။ ကျွန်မက ခုချိန်တော့ မေတ္တာပို့ ပြီဆို ၃၁ ဘုံကို တစ် ဘုံချင်း ပို့ရတာ ကြိုက် ပါ တယ်။ ဗြဟ္မာ့ ပြည် ဒုဿစေတီ ရင်ပြင် မှာ ထိုင် ပြီး ဗြဟ္မာ့ဘုံ၂၀ကိုပို့၊ တာဝတိံသာ စူဠာမုနိ ဘုရားကို ဝေဇယန္တာဗိမာန် ကနေ နတ်ပြည် ၆ထပ် ကိုပို့။ ရောက်ခဲ့ ဘူးသမျှ နေရာ တို့က အသည်း နှလုံးမှာ စွဲထင်ကျန်ခဲ့ လေတော့ စိတ်ခရီး ကိုနှင်ချင်တိုင်းနှင်လို့ရပါတယ်။ ခရီး မထွက်ရလို့ စိတ်ပျက် စရာမတွေးပါပဲ။တရားအားထုတ်စဉ်ကရောက်ဘူးသမျှနေရာတွေကို စိတ်ထဲပြန်မြင်ပြီး စိတ်ခရီးနှင်လို့ရပါတယ်။မေတ္တာပို့နေတော့ ကုသိုလ်တွေလည်းရပါတယ်။

ကျွန်မ ကတော့ သည်လို နည်းဖြင့် သွားချင်ရာ သွားလို့ရ ပါတယ်။ ကျွန်မရဲ့ခ ရီးစဉ်က လေယာဉ် ခ၊ ကားခ၊ ရထားခ မလို ပါဘူး။ ဒါပေမယ့် သည်ခရီးတွေ သွားတတ်ဖို့ ၄၅ရက်တော့ တရား မှတ် ရမှာ ပေါ့။ ခုချိန် ဆိုရက် ၃ဝဆို ရပါပြီ။ ဟိုး အရင် က ခရီး တစ်ခု သွား ဖို့ အ နည်း ဆုံး တစ်သိန်း နှစ်သိန်း မှ မရှိ မရဘူး လေ။ အဝတ် အစား၊ဆေး၊ပစ္စည်းတွေကထည့်ရသေး။အခုခရီးသွားရတာ ဘာမှ မလို ပါဘူး ဘယ်လောက် ကောင်း လိုက်လေ သလဲ။ နေမ ဝင်ခင် တော့ ခရီးထွက် မယ်ဆို သည် လိုလေး ခရီးထွက် ရအကောင်း ဆုံးမဟုတ် ပါလား။ ကျွန်မလို ၃၁ဘုံ ခရီး ထွက်ရ တာ က မှ ဝေးသေး ရင် တော့ အနီး ဆုံး ရုပ်နာမ် ခန္ဓာ ဆီ သာ ခရီး ထွက် လို က် ပါ။ အဲ့ လို ဆို ရင် တော့ သူငယ်ချင်း တို့ အတွက် အကောင်းဆုံး ခရီး တစ်ခု ပိုင်ပိုင် ရရှိ နိုင်မှာ ပါ။

အန်တီ ခိုင်ဇင်သက်(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published.