Spread the love

၀ိပဿနာ ရှု နည်းများ ကို ယခင် ကဖတ်ရှု ဖူးပါတယ်။ တကြိမ် ဖတ်ရတိုင်း တကြိမ်ဖတ် ရတိုင်း အသိ တစ်မျိုး နဲ့တစ်မျိုး မတူပါဘူး။ အခု planet.com.mm မှာ ဖတ်ရ ပြန်တော့တစ်မျိုးတော့ ကောင်းပြန်ပါတယ်။ ဖတ်ရတိုင်း ဖတ်ရတိုင်း သဒ္ဓါ တွေတက်တက် လာတတ်ပါတယ်။ မိတ်ဆွေ များကိုလဲ ဖတ်ပြီး ကုသိုလ်စိတ်တွေ ဆက်ကာ ဆက်ကာဖြစ် စေချင်ပါတယ်။ ဝေဘူ ဆရာတော် ဘုရားကြီး ၏ ဝိပဿနာ ရှု နည်း။ နှာဖျား နှာ၀ မှာ ထွက်လေ ၀င်လေသည် အမြဲ တိုက်၀င် တိုက် ထွက်နေ သည်။ နှာဖျား နှာ၀ မှာ ကာယ ပသာဒ ခေါ် ရုပ် အကြည်ဓါတ်က အထိ ခံနေ သည်။ ၀င် လေ ထွက်လေက ထိလာခြင်း ဖြစ်သည်။ ထို အထိခံနှင့် ထိတာသည် ရုပ်ချည်းဖြစ်ပြီး ထိတာကို သိတာ က နာမ်ဖြစ် သည်။ ကိုယ့်နှာ၀ ကို ဥာဏ်ဖြင့် စောင့်ကြည့် ရမည်။ ထိ၀င် ထိထွက် တာကို သိနေ စေရ မည် ။ သိအောင် မှတ်နေ ရမည် ။ ထိုသို့ ထိတာ ကို သိလျှင် လောဘ ဒေါသ မောဟ ဖြစ်ခွင့် မရ သဖြင့် ငြိမ်း နေ သည်။ ဝိပဿနာ ဟူသည် ပစ္စုပ္ပန် (ဖြစ်ဆဲ) ကိုသာ ရှု မှတ် ရသည်။

နှာ၀ ကို ၀င်လေ ထွက်လေ မထိခင်မှတ်ရွေ့လည်းမဖြစ်၊ သိရွေ့လည်းမဖြစ်၊ ထိပြီးနောက်မှ မှတ် ရွေ့ သိရွေ့ မဖြစ်။ ၀င်လေ ထွက်လေ သိဆဲ ကိုသာ “ထိတယ်” ဟု သိနေအောင် မှတ်ရသည်။ ထိ တာကို သိနေလျှင် ရုပ်နှင့် နာမ်သာ ရှိကြောင်း၊ ငါ သူတပါး ယောက်ျား မိန်းမ မရှိ ကြောင်း သူတ ပါးကိုမေးနေဖွယ်မလို၊ မိမိဘာသာ သိလာလိမ့်မည်။ ထိတာကိုသိနေလျှင် ဥာဏ်အမြင် စင်ကြယ် ပြီး သမ္ပာ ဒိဌိ (အမြင်မှန်)ဖြစ် နိုင်သည်။ တိုသို့ ထိတာကို သိနေ လျှင် ရုပ် နှင့် နာမ် ကွဲပြားမှု ကိုပါ ဥာဏ် ဖြင့် သိလာ တတ်သည် ။ ထိုသို့ သိသော ဥာဏ် ကို နာမရူပ ပရိစ္ဆေဒ (ရုပ်နှင့် နာမ်ကို ခွဲခြား သိမှု)ဥာဏ် ဟုခေါ် သည်။ နှာဖျား နှာ၀ မှာ ထိလိုက် ပျောက်လိုက် တ ရိပ်ရိပ် ဖြစ်ပျက်နေပုံကို ရှု မှတ် သိမြင် နေရ မည်။ ထိုသို့ သိမြင်နေတာ ကြာလာလျှင် ဝိပဿနာသမာဓိ တစထက်တစ တိုး တက်ပြီး နှာဖျား နှာ၀ မှာသာမက တစ်ကိုယ်လုံးမှာ တရိပ် ရိပ် တရွရွ ဖြစ်ပျက်နေ တာကိုတွေ့ ရ ပေလိမ့်မည်။ ပါးစပ်က မဆိုရပေ။ ဝိပဿနာ အလုပ်ဟူသည် ထိမှု ကို ကြည့် ရှု သိမှတ်နေရုံသာ ဖြစ်သည်။ ထိုသို့ ရှုမှတ်နေလျှင် တစ်နေ့ထက်တစ်နေ့ တိုးတိုးပြီး အလိုလို သိလာမည်ဖြစ်သည်။

ထို သို့ဖြင့် တ ရိပ်ရိပ် ဖြစ်ပေါ် သော ထိမှု သိမှု တို့ ကို ရှုမှတ် နေရင်းပင် မဂ်ဥာဏ် ဖိုလ်ဥာဏ် တို့ ဆိုက် ရောက်လာ မည်ဖြစ် သည် ။ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရပြီး နောက် ဖလ သမာပတ် ကို ၀င်စား လျှင် မိမိ လာခဲ့သည့် ဝိပဿနာ လမ်းကို ပြန်ကြည့် ရသည် ။ ဖလသမာပတ် ဟူသည် ကိုယ်ပိုင် အိမ်နှင့် တူပေသည်။သို့ဖြစ်ရွေ့ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရရှိရန် ထိမှု သိမှုကို လုံ့လဝီရိယ ဖြင့် ကြည့် ရှုမှတ်သားနေကြရမည်။မူလမင်းကွန်းဇေတ၀န်ဆရာတော်ဘုရားကြီး၏ ဝိပဿနာ ရှုနည်း။ “ထိုင်တယ်၊ အိပ်တယ်၊ သွားတယ်၊ စားတယ”် ဟု ရှု မှတ်ရသောနည်းသည် ကာယာနုပဿနာ (ရုပ်အပေါင်းကို အဖန်ဖန် ရှု မှတ်မှု) ဖြစ်သည်။ သွားသည့်အခါ “ကြွတယ် လှမ်းတယ် ချတယ်” ဟု မှတ်ရ သည် ။ သွားစဉ် မှာ အာရုံ တစ်ခုခု ကိုမြင်လျှင် ” မြင်တယ် မြင်တယ်” ၊ ကြားလျှင် “ ကြားတယ် ကြားတယ် “နံလျှင် “နံတယ် နံတယ်” ဟု မှတ်ရသည်။ ထမင်းစား လျှင် “စားတယ် စားတယ် “ဟု မှတ် ရသည်။ မှတ်ကျင့် ရလာ သည့်အခါ ထို့ထက် အမှတ် စိပ်ပြီး မှတ်ရမည်။

စားရန် ဇွန်းကို ကိုင်လျှင်” ကိုင်တယ် ကိုင်တယ် “ ဟင်းကိုခပ်လျှင် “ခပ်တယ် ခပ်တယ် “ ယူလာ လျှင် “ယူတယ် ယူတယ် “ စသည်ဖြင့် အမူ အရာတိုင်း ကို မှတ်ရမည်။ အားထုတ် စမှ ဆယ်ရက် လောက်အထိ ဟိုသည် အာရုံများပြီး ထင်သလောက် မရှုမှတ်နိုင်၊သမာဓိ မရနိုင်ဖြစ်တတ်သည်။ ကောင်း မကောင်း မည်သည့် အာရုံကို မြင်မြင် “ မြင်တယ် မြင်တယ် “ ဟု မှတ် ရမည်။ မှတ်ဖန် များလျှင် မြင်သောအာရုံများသည် “ မြင် သိ ပျက် “ မြင် သိ ပျက် “နှင့် ပြောင်းလဲ ဖြစ်ပျက်သွား တတ် သည် ။ ထိုအခါ မြ င်သည့် အဆင်းက ရုပ် သိတာက နာမ်ဟု ရုပ်နှင့် နာမ် ကိုခွဲ ခြား သိမြင် လာတတ်သည်။ ရှုမှတ်သည့် အခါ တစ်ခု ခုကို သိအောင် မိအောင် ရှုမှတ်ရမည်။ ထိုသို့ မရှုမှတ် လျှင် တိုက်ဆိုင်ထိတွေ့မှု (ဖဿ)ကြောင့် ခံစားမှု(ဝေဒနာ) ဖြစ်ပြီး ခံစားမှု(ဝေဒနာ)ကြောင့် နှစ် သက်မှု(တဏှာ)၊ စွဲလမ်းမှု (ဥပါဒါန်)စသည့် အကုသိုလ် တရားများ ဖြစ်ပွါးလာတတ်သည်။ ထို့ ကြောင့် တစ်ခု နှင့် တစ်ခု၊ တစ်သဘောနှင့် တစ်သဘော ပြောင်းလဲ ရွေ့ ဖြစ်ပျက်နေပုံကို ဥာဏ် ဖြင့် မြင် အောင် ရှု မှတ်ရ မည် ။ တရား သ ဘော အတိုင်း ပြောင်းလဲ ဖြစ် ပျက် ပုံကို တွေ့ လျှင် တ ဏှာ မဖြစ်၊ တဏှာ ချုပ်လျှင် နောက် ဘဝပေါင်း အသင်္ချေ ဆက်ဖြစ် နေဦးမည့် ဥပါဒါန် ကံ များလည်း ချုပ်ကြ တော့သည် သာ။ ထိုအခါ ကောင်းသည့် အာရုံ တွေ့လည်း တဏှာ မဖြစ်၊ မ ကောင်းသည့် အာရုံ တွေ့လည်း ဒေါသ မဖြစ်၊ ကောင်း မကောင်း အာရုံတွေ့ လည်း မောဟ မ ဖြစ်တော့ ချေ။

ထိုမျှ သာမက မြင် တာ ကို “ မြင်တယ် မြင်တယ် “ ဟု ရှု မှတ် ရာ တွင် တစ်မှတ် တစ် မှတ် နှိုက် မဂ္ဂင် (နိဗ္ဗာန် ၀င်ရာ လမ်း) ရှစ်ပါး ဖြစ် နိုင် သည် ။ ရုပ် နာမ် တို့ ၏ ဖြစ် ပျက် ပုံ ကို အမှန် သိ မြင် ခြင်း သည် သမ္မာဒိဌိ (မှန်စွာ မြင်မှု)မဂ္ဂင်၊ ဖြစ် ပျက် အပေါ် စိ တ် ကို တင် ထား လိုက် ခြင်း သည် သမ္မာ သင်္ကပ္ပ(မှန်စွာ ကြံမှု)မဂ္ဂင် ဖြစ် သည်။ ဒီ နှစ်ပါး သည် ပညာမဂ္ဂင်တည်း ။ ရှု မှတ်သော အာ ရုံမှာ စိတ်တည်ကြည်သွားခြင်းသည် သမ္မာ သမာဓိ (မှန်စွာ တည်ကြည်မှု) မဂ္ဂင်၊ စိတ် မလွင့်သွား ရအောင် ဆွဲ ဆောင်ထား ခြင်းသည် သမ္မာဝါယာမ (မှန်စွာ အားထုတ်မှု) မဂ္ဂင်၊ ရှု မှတ် ရွေ့ ရခြင်း သိနေ ခြင်း သည် သမ္မာ သတိ( မှန်စွာ သိမှတ်မှု) မဂ္ဂင် ဖြစ် သည် ။ ဒီ မဂ္ဂင် သုံး ပါး သည် သမာဓိ မဂ္ဂင် ဖြစ်သည် ။ ထိုသို့ မှတ်နေ သည့် အခိုက် မကောင်းသော ၀စီကံ ဒုစရိုက်ကို မကျူး လွန်ခြင်း သည် သမ္မာဝါစာ (မှန်စွာပြောဆိုခြင်း) မဂ္ဂင်ဖြစ်သည်။ မကောင်းသော ကာယ ဒုစရိုက်ကို မကျူး လွန်ခြင်းသည် သမ္မာ ကမ္မန ္တ(မှန်စွာ ပြုမှု)မဂ္ဂင် ဖြစ် သည်။ တရားရှု မှတ် နေစဉ် အသက် မွေးမှု ဆိုင်ရာ ကာယကံ၊ ၀စီကံ ဒုစရိုက်များကို မကျူးလွန်ခြင်းသည် သမ္မာ အာဇီ၀(မှန်ကန်စွာအသက် မွေးမှု) မဂ္ဂင် ဖြစ်သည်။ ဒီသုံး ပါး ကို သီလမဂ္ဂင် ဟု ခေါ်သည် ။ ထို့ကြောင့် ရှု မှတ် သည့် အမှတ် တိုင်း အမှတ်တိုင်းမှာပင် မဂ္ဂင် ရှစ်ပါး ပါ၀င်သည်ဟု ဆိုရခြင်းဖြစ်သည်။ ထိုသို့ ရှုမှတ်နေစဉ် မြင် သည့်အဆင်းက ရုပ်၊ မြင်တာက ရုပ်၊သိတာက နာမ်ဟု အမြင်ကွဲ ပြားသိခြင်း သည် နာမရူပပရိ စ္ဆေဒ (နာမ် နှင့် ရုပ်ကို ခွဲခြား သိမြင်မှု) ဥာဏ် ဖြစ်သ ည်။ မျက်စိ အကြည်၊ အဆင်းရုပ်၊ အလင်း ရောင်၊ နှလုံးသွင်းတို့ကြောင့် မြင်သိစိတ် (စက္ခုဝိညာဉ် စိတ်) ဖြစ်ရသည်ဟု အကြောင်းအကျိုး ကို သိမြင်ခြင်း ပစ္စယပရိဂ္ဂဟ ဥာဏ် ဖြစ်ပေါ်ပြီးနောက်။

ပျက်ပျက် သွားရွေ့ အနိစ္စ၊ မပျက်စီးအောင် အောင့်အည်း မရဘဲ ပျက်ပျက် သွား ရွေ့ ဒုက္ခ၊ ထိုသို့ ပျက် ပျက်နေ ရွေ့ ကိုယ့်အလို မကျ သဖြင့် အနတ္တ ဟူရွေ့ သိမြင် ခြင်းသည် သမ္မသန ဥာဏ်၊ ဤ သို့ စသည်ဖြင့် ဥာဏ်စဉ် များ အဆင့်ဆင့် တက်ပြီး မဂ်ဥာဏ် ဖိုလ်ဥာဏ် ဖြစ် ကာ နိဗ္ဗာန် ကိုမျက် မှောက် ပြုနိုင် ကြပါ သည်။ အထူးအားဖြင့် မည်သည့် ဝိပဿနာ ဆရာတော် ၏ နည်းပင် ဖြစ်စေ သမာဓိရ အောင် ပထမ အား ထုတ် ရသည်။ သတိခိုင် လျှင် သမာဓိ ပိုင်သ ည်။ သမာဓိ ပိုင်လျှင် ဝိပဿနာ နိုင် ပါသည်။ ဝိပဿနာ နိုင်လျှင် ဝိဇ္ဖာ ခေါ် အလင်း ဓာတ်ပေါ် လာမည် ဖြစ် ပါ သည်။ တောင်ပုလု ဆရာတော်ဘုရား ကြီး၏ ဝိပဿနာ ရှုနည်း။ ယောဂီ သည် ထိုင်တာကို “ထိုင်တယ်” ဟုသိလျှင် ဝိဇ္ဇာ (အသိပညာ) ဖြစ်၏။ မသိလျှင် အဝိဇ္ဇာ (မသိမှုမောဟ) ဖြစ်၏။ ရပ်တာ သွားတ အိပ်တာ စသည် တို့ကို သိလျှင် ဝိဇ္ဇာ ဖြစ်၏။ မသိ လျှင် အဝိဇ္ဇာ ဖြစ် ၏။ စားတာကို “စားတယ်” သောက်တာ ကို “သောက်တယ် “ စသည်ရှု မှတ်ပြီး သိလျှင် ဝိဇ္ဇာ ဖြစ်၏။ မသိလျှင် မဝိဇ္ဇာ ဖြစ် ၏။ ထို့အတူ ကျင်ကြီးကျင်ငယ် စွန့်တာကို “ စွန့်တယ် စွန့်တယ် “ ဟု မှတ်ပြီး သိလျှင် ဝိဇ္ဇာ မသိ လျှင် အဝိဇ္ဇာ ဖြစ်သည်။ ထိုနည်းတူ ပြုပြုသမျှ အမူအရာအားလုံး ကိုသိအောင် မှတ် ရမည်။ ဤ ၌ “အဝိဇ္ဇာ၊ မသိတာ၊ မောဟ” စကား လုံး တို့ ၏ အဓိပ္ပါယ် အ တူတူ ဖြစ် သည်။ “ဝိဇ္ဇာ၊ သိတာ၊ အမောဟ” ဟူသောစကားလုံးတို့၏ အဓိပ္ပါယ်လည်း အတူတူပင်ဖြစ်သည်။

အဝိဇ္ဇာဖြစ်လျှင် သင်္ခါရ( အကျိုးဆက်ကို ဆက်လက်ဖြစ်စေတတ်သော ကုသိုလ် အကုသိုလ်ကံ) စသည်တို့ ဆက်ဖြစ်သဖြင့် သံသရာ ရှည်မည်။ ဝိဇ္ဇာဖြစ် လျှင်ကား အဝိဇ္ဇာ ချုပ်၏။ အဝိဇ္ဇာ ချုပ် လျှင် သင်္ခါ ရစ သော တရား တို့ ချုပ် ပြတ် ကာ သံသရာ ရပ် တော့ သည်။ ထို့ ကြောင့် ဝိဇ္ဇာ ဖြစ် အောင် မြင်တာ ကြားတာ နံတာ စားတာ စသော အာရုံများ ကိုတွေ့ကြုံတိုင်း တွေ့ကြုံ တိုင်း မြင် ကာမျှစသည် သိအောင် ရှုမှတ် ရမည်။ အခြား အခြားသော စကားပြောတာ၊ ဆိတ်ဆိတ် နေတာ၊ ရှူတာ၊ ရှိုက်တာ၊ပိန်တာ၊ဖောင်းတာ၊ဒေါသဖြစ်တာ၊နှမြောတာ စသည်ဖြင့် ကိုယ် အမူအရာ၊ နှုတ် အမူအရာ၊ စိတ်အမူအရာ ဖြစ်ဖြစ် သမျှကို သိအောင် အမြဲမပြတ် ရှုမှတ် နေရမည်။ ထိုသို့ ရှုမှတ် နိုင်မှသာ သံသရာ ပြတ်ကြောင်း ဝိဇ္ဇာ ဖြစ် ၍ မရှု မှတ် နိုင် ပါက သံသရာ လည် ကြောင်း အဝိဇ္ဇာ ချည်းဖြစ်နေလိမ့်မည်။ နာမ်ရုပ်ကို အမှန် ထင်မြင်လျှင် ပုထုဇဉ် ဖြစ်သော် လည်း ရဟန္တာ လိုချမ်း သာစွာ နေနိုင် သည်။ သို့သော် ပုထုဇဉ်ဖြစ်၍ တဒင်္ဂ (တခဏမျှ) သာနေနိုင်ခြင်းဖြစ်သည်။ ထိုသို့ နာမ်ရုပ် ကို အမှန်မြင် လျှင် မိစ္ဆာ ဒိဋ္ဌိ (၆၂) ပါးလည်း မဖြစ်နိုင် တော့ချေ။ ထို့ကြောင့် နာမ်ရုပ် ကို အမှန်အတိုင်း ပိုင်းခြားသိသော ပုဂ္ဂိုလ်သည် သက္ကာယ ဒိဋ္ဌိ(ငါအစွဲအမြင်) ကို ပယ်စွန့်နိုင် ၍ဥာဏ် အမြင်စင်ကြယ်ခြင်း ဖြစ်သည်။ ထို့ကြောင့် မြင်ကြား နဲ့စား ထိသိ အာရုံများနှင့်တကွ စျေးရောင်း စျေး၀ယ် လယ်လုပ် ယာလုပ် စသောမည်သည့်ကိစ္စ ပြုပြု ပြုသမျှကို သတိမလစ်စေဘဲ စွဲစွဲမြဲမြဲ ရှုမှတ်သင့်ကြပါသည်။

အနာဂါမ် ဆရာ သက်ကြီး ၏ ဝိပဿနာ ရှု နည်း ရှေးဦး စွာ ဘုရား တရား သံဃာ ဆရာ မိဘ နှင့် ပြစ်မှား မိသူများကို ကန်တော့ရမည်။ ယင်းနောက် သီလ တစ်မျိုးမျိုးကိုဆောက်တည်ပြီး သတ္တ ဝါများကို မေတ္တာ ပို့ ရမည်။ မေတ္တာ ပို့ပြီး လျှင် ဆင်းတုတော် မြတ်စွာ ဘုရားထံမှာ ကမ္မဋ္ဌာန်းကို ပေးသနား ရန် တောင်းပန်ပြီး ကြာကြာ ထိုင်နိုင်သည့် နည်းဖြင့်ထိုင်ရမည်။ ယောဂီသည် သမာဓိ ထူထောင် ရန် သမထ ကို ရှေးဦးစွာ ကျင့်ရ မည်။ ထွက်သက် ၀င်သက်ကို ပကတိ အတိုင်း ရှူ၍ နှာသီးဖျားမှာ ထားရမည်။ နှာသီးဖျားကို ထွက်လေ ၀င်လေ တိုးတိုင်းသိသိ နေအောင် သတိထား ရှုမှတ် ရမည်။ ငါ အပါယ် တံခါး ပိတ် လိမ့်မည် ဟူသော ယုံကြည် ချက်ဖြင့် ထက်ထက် သန်သန် ရှုမှတ် နေရမည်။ ညောင်းအား ကြီးလျှင် နေရာ ပြင်နိုင်သည်။ ရှုမှတ် ဖန်များလျှင် နိမိတ် တစ်ခုခု မြင်လာ တတ်၏။ နှာသီး ဖျားကို တိုးသော ထွက်လေ ၀င်လေ ကို သိအောင် ရှုမှတ် ဖန်များသော အခါ ထွက်လေ ၀င်လေသည် လေမြောင်း ကြီးပမာ ဖြစ်ပေါ်ဟန် ထင်မြင်လာတတ်သည်။ ထွက် လေသည် နှာသီး ၀ အပြင် သို့ တစ် ထွာ တစ် တောင် ရှည်ထွက် သွား ပုံ၊ ၀င်လေ သည် ချက်ထိ အောင်ရောက်သွားပုံတို့ကို ထင်မြင်တတ်သည်။ နှာသီး၀မှာ ထွက်လေ ၀င်လေသည် မီးခိုးဖြူလို တစ်ခါ တစ်ခါ အဖြူခိုးနှင့် ရောလျက် ရွှေ မှုန့် ငွေ မှုန့်လို တစ်ခါ တစ်ခါ ပုလဲလုံးလေးလို အချို့ယောဂီများ ထင်မြင်တတ်ကြသည်။

သမာဓိ ရင့်လာရင် ပုလဲ လုံးလေးများ အရောင်တောက် လာပြီး ထို အရောင်ဖြင့် ၀မ်းထဲရှိ အရာ များကို ပင်မြင်တတ် သည်။ အခြားအာ ရုံနိမိတ်များကိုလည်း မြင်တတ် သည်။ ထိုနိမိတ်တစ်ခုခု ပျောက်သွားလျှင် နှာသီး၀က ထွက်လေ ၀င်လေ ပြန်မှတ်ရမည်။ ထိုထင်လာသော နိမိတ်များကို မူ နှစ်သက် ကျေနပ် မနေ ရပေ။ နိမိတ် ကို နှစ်သက် ကျေနပ်ပြီး မိမိကိုယ်ကို အထင်ကြီးနေလျှင် ကမ္မဋ္ဌာန်း အလုပ်ကို အနှောင့်အယှက်ဖြစ်တတ်သည်။ ထိုသို့တွေ့သော နိမိတ်အမျိုးမျိုးကို ဥဂ္ဂဟ နိမိတ်(ကြွတက်လာသောအာရုံ) ဟုခေါ်သည်။ ထိုနိမိတ်များမှ ထင်ရှားသောဂုံညင်းခန့် ဥသျှစ်သီး ခန့် နိမိတ် တစ်လုံးလုံးကို နှာသီး ဖျားနှင့် တစ်တောင်ခန့် နေရာ မှာ မြင်အောင် မျက်စိ မှိတ်လျက် အာနာပါန ကိုရှု၊ ထိုနိ မိတ်လုံး သည် အစတွင် မိမိထား လိုသော နေရာမှာ ရောက်လာ သလိုလို ပျောက်သွားသလိုလိုထင်တတ်သည်။ ကြာသောအခါ မပျောက်တော့ဘဲ မျက်စိဖွင့်ကြည့် လျှင် ပင် မြင်နေတတ်၏။ သို့ရာတွင် မျက်စိမှတ်၍ စိတ်ဖြင့်မြင် အောင်ကြည့်ရသည်။ ကြည့် ဖန်များ လျှင် သမာဓိ ခိုင် မြဲ ပြီး နိမိတ် လုံးသည် နေလ အရောင် ထက်ပင် လင်းထိန် အေးမြ လာတတ် သည်။ ထို နိမိတ်သည် မိမိ ရှေ့မှာ တည်ငြိမ် နေလိမ့်မည် ။ ထိုနိမိတ်ကို ပဋိဘာဂ နိမိတ်(သမထ ရှု ရာတွင် နောက်ဆုံး ထင်သော အာရုံ) ဟု ခေါ်သည် ။ ထို ပဋိဘာဂ နိမိတ် ကို ကြည့် ရှု နေလျှင် ကြာလေ ထင်ရှားလေ၊ငြိမ်သက်အေးချမ်းလေ ဖြစ်ပြီး ပီတိ(နှစ်သက်မှု) ဖြစ်လာလိမ့်မည်။ ပီတိ ဖြစ်လျှင် သုခ (ချမ်းသာမှု) ဖြစ်၏။ ထိုသို့ သုခ ဖြစ်လျှင် ဧကဂ္ဂတာ (ခိုင်မြဲတည်တံ့မှု) ဖြစ်သည်။ ထိုအခါ ထိုပဋိဘာဂနိမိတ်အာရုံ ကိုမြင်သည်မှတပါး အခြားဘာကိုမျှ မမြင်တော့ပေ။ သို့ဖြစ်၍ စျာန်အင်္ဂါ ငါးပါး(ဝိတက်.ဝိစာရ.ပီတိ.သုခ. ဧကဂ္ဂတာ)ပြည့်စုံပြီး ပထမစျာန်ဇောကျလေသည်။

ထို ပဋိဘာဂ နိမိတ် ကို ကြည့်မြင် နေသော ယောဂီမှာ သဘော တရား ငါးမျိုးပါ ၀င်သော ပထမ စျာန်စိတ် ဖြစ်လာသည်။ ပထမ စျာန် ကိုရလာ သည်ဟု ဆိုလိုသည်။ အာနာပါန သမထ မျှသာ မ ဟုတ် အခြား မည် သည့် သမထ ကို မဆို သမာဓိ ရအောင် ရှေး ဦးစွာ ကျင့်ရ ပါ မည်။ ၀ိပဿနာ တက်၍ ရှုမှတ် နည်း ။ ဆိုခဲ့ သည် ဥဂ္ဂဟ နိမိတ် မျိုးကို ခပ်ကြာကြာ မြင်ရ လျှင် သမာဓိ အတော် အားကောင်း ပြီးဖြစ်သည်။ ဝိပဿနာ ကိုပြောင်းပြီး ရှုမှတ် မည်ဖြစ် သဖြင့် အာနာပါန ရှုခါ နီးက ပြုသလို ကန်တော့ခြင်း၊ သီလ ဆောက်တည်ခြင်း တို့ကိုပြုရမည်။ ဝိပဿနာ တရားကို ငါရမည် ဟု ထက်သန်စွာ.ယုံကြည် စိတ်မွေးရမည်။ ထို့နောက် မိမိထိုင်တတ်သလို ထိုင်ပြီး (၁၀) မိနစ်ခန့် နှာသီးဖျား၌ ထွက်လေ ၀င်လေ ထွက်ခြင်း ဖြစ်ပေါ်ခြင်း ပျောက်သွားခြင်းသဘောတို့ကို အနိစ္စ (အမြဲမရှိ) ဟု ရှုမှတ်ရမည်။ (၁၀)မိနစ် (၁၅)မိနစ် ခန့်ရှိသောအခါ မိမိ၏ငယ်ထိပ်ကို အာရုံ ပြု၍ ငယ်ထိပ်မှာ စိတ်ထား ရမည်။ ငါးမူးစေ့ ကျပ်စေ့ခန့်ရှိ ငယ်ထိပ် နေရာတွင် အေးခနဲ ပူခနဲ နွေးခနဲ တွေ့ရတတ်သည်။ စိတ်ကိုမလွင့်စေရ။ ငယ်ထိပ်နေရာမှ အာရုံသည် လှုပ်လာ ကြီးကျယ်ပွါးများ လာတတ်သည်။ တရွရွ တဖွဖွ တဖွဲဖွဲ တသဲသဲ ဖြစ်လာတတ်သည်။ အာရုံအတွေ့ကို မျက်စိဖြင့် တွေ့မြင်ရခြင်းမဟုတ်၊ ဥာဏ်ဖြင့်တွေ့မြင်နေရခြင်း ဖြစ် သည်။ ဤသို့ ရုပ်နာမ်တို့ ၏ ဖြစ် ပျက် ခြင်းကို ရှုမှတ် ရာမှ နာမ ရူပ ပရိစ္ဆေဒ (ရုပ်နာမ်ကို ခွဲခြားမြင်မှု)ဥာဏ် စသော ဥာဏ် စဉ်များ အ ဆင့်ဆင့် ဖြစ်ပေါ်ပြီး တရားထူးကို ရရှိနိုင်ကြပါသည်။ မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပ ဿနာရှု နည်း။ (ရဟန်းများ ပါတိမောက်သီလ နှင့် ပြည့် စုံပြီး လူပုဂ္ဂိုလ် များသည် အနည်း ဆုံး ငါးပါးသီလ၊ ပြည့်စုံရ မည်။ ယင်းနောက် တင်ပျဉ်ခွေထိုင်၊ အမျိုးသမီး များလည်း တင်ပျဉ်ခွေ ထိုင်နိုင်သည်။ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လိုက ထိုင်နိုင်သည်။

ခါးကို မတ်မတ် ထား ၍ ဘယ် လက်ဝါး ဖြန့် အောက်က ထားပြီး ညာ လက်ဝါး ကို ဖြန့်၍ အပေါ် က ထားရ မည်။ လက်မ ထိပ်နှစ် ခု ကို ထိရုံ မျှ ထိထားရမည်။ ရှေ့တည့်တည့်မှာလည်း လက်နှစ် ဘက်ကို ယှဉ်ချ ထားနိုင် သည်။ ဘယ်ဒူး ပေါ် ဘယ်လက်၊ညာဒူးပေါ် ညာလက် တင်၍လည်း ထိုင် နိုင်သည်။) ၀မ်းဗိုက်မှာ စိတ်ကို ထားရမည်။ အသက်ရှူ သွင်းလိုက်လျှင် ဖောင်းတက် လာတာကို တွေ့၍ အသက်ရှူထုတ်လိုက်သည့်အခါ ပိန်ကျသွားတာကို တွေ့လိမ့်မည်။ ဖောင်းတက် လာတာ ကို “ဖောင်းတယ် “ ၊ပိန်ကျ သွား တာကို ”ပိန်တယ်” ဟုမှတ် ရမည် ။ စိတ်ဖြင့် စိုက် ကြည့် ရုံ နှင့် မထင် ရှားသေး လျှင် ဗိုက်ကို လက်နှင့် ဖိထား ရမည်။ အသက်ရှူတာကိုမပြင်ဘဲ နှေးအောင် မြန် အောင် တမင်အားမထုတ်ဘဲ ပကတိရှူမြဲအတိုင်း မှန်မှန်ရှူရမည်။ ထိုသို့ ရှူနေရင်း ဖောင်းတက် လာတာကို ”ဖောင်းတယ်”၊ ပိန်ကျသွားတာကို ”ပိန်တယ်” ဟု ဖောင်းတိုင်း ပိန်တိုင်း မပြတ် မှတ် နေရ မည်။ ”ဖောင်းတယ် ၊ ပိန်တယ်” ဟု စိတ်ဖြင့် သာဆို ရမည်၊ (ဝါ) စိတ် ဖြင့်သာ မှတ် ရမည်၊ ပါးစပ်ဖြင့်မဆိုရ။ ဝိပဿနာ ဟူသည် အဆိုတွေ အမည်တွေက လိုရင်း မဟုတ်။ သိဖို့သာ လိုရင်း ဖြစ်သည်။ ထို့ကြောင့် စိတ်ဖြင့် ဆိုရုံနှင့် မပြီးသေးဘဲ ”ဖောင်းတယ်” ဟုမှတ်သည့်အခါ ဖောင်းစ က နေပြီး ဖောင်းဆုံး တိုင်အောင် ဖောင်းတက် လာပုံကို မျက်စိဖြင့်မြင်သလို သေသေချာချာ သိ သွားစေ ရမည်။ ”ပိန်တယ်” မှတ်သည့်အခါ ပိန်ကျသွားတာကို ပိန်စမှ ပိန်ဆုံးတိုင်အောင် မျက်စိ ဖြင့်မြင်သလို ထင်ထင်ရှားရှားသိသွားစေရမည်။

”ဖောင်းတယ်” ဟု မှတ်လျှင် ဖောင်းတာ နှင့် အသိ ကပ်သွား စေရ မည်။ ရှု မှတ်စရာ အာရုံ နှင့် ရှု မှတ် လိုက်သည့် စိတ်သည် အံကျ ကိုက်ကိုက် သွားအောင် ဂရု စိုက်ပြီး မှတ် ရ မည်။ ”ပိန်တယ်” ဟုမှတ်သည့်အခါ ပိန်တာနှင့် ရှုမှတ်တာ အံကျ ကိုက်သွားစေရမည်။ အခြား အထူးမှတ် စရာမရှိ လျှင် ”ဖောင်းတယ်၊ပိန်တယ်” ဟုချည်း မှတ်နေရမည်။ ထိုသို့မှတ်နေစဉ် သမာဓိ အားမ ကောင်း သေးခင် စိတ်က အပြင် ထွက် ထွက် သွား လိမ့်မည်။ ထိုစိတ် ကို ”သွားတယ်၊ သွား တယ်”၊ သို့မ ဟုတ် ”လွင့်တယ်၊လွင့်တယ်” ဟုလိုက်မှတ်ရမည်။ဤသို့ တစ်ချက် နှစ်ချက်မှတ်လိုက်လျှင် စိတ် သည်မလွင့်ဘဲ ရပ်သွားလိမ့်မည်။ ထိုအခါ ”ဖောင်းတယ်၊ပိန်တယ်” ဟု ပြန်မှတ်နေရမည်။ စိတ် ထဲမှာ လူတစ်ယောက်ယောက်နှင့်တွေ့လို့ စကားပြောနေမှ သတိရလျှင် ထိုစိတ်ကို ”ပြောတယ်၊ ပြောတယ်” ဟု မှတ်၊ ဤ သို့ဖြင့် စိတ်ကူးလျှင် ”စိတ်ကူးတယ်”၊ စဉ်းစားလျှင် ” စဉ်းစားတယ်”၊ ကြံ လျှင် ” ကြံ တယ် ”၊ သိ လျှင် ”သိ တယ် ”၊ နှလုံး သွင်း လျှင် ”နှလုံး သွင်း တယ်”၊ ပျင်းလျှင် ” ပျင်း တယ် ”၊ ပျော် လျှင် ” ပျော် တယ် ”၊ ၀မ်း သာ လျှင် ” ၀မ်း သာ တယ် ”၊ စိတ် ပျက် လျှင် ”စိတ်ပျက်တယ်”ဤ သို့မှတ်ရမည်။ တစ်ချက်နှစ်ချက် မှတ်လိုက်ပြီးနောက် စိတ်ကို မှတ်စရာမ ရှိလျှင် ”ဖောင်းတယ်၊ ပိန်တယ်” ဟု ပြန်မှတ် ရမည်။ ထိုသို့ မှတ်နေ ရင်း တံတွေး မျိုချင် လျှင် ” မျိုချင်တယ်” ဟုမှတ်၊ တံတွေးစုတာကို ”စုတယ်”၊ မျိုတော့ ”မျိုတယ်” ဟု မှတ်၊ တံတွေးထွေး ချင်လျှင် ”ထွေးချင်တယ်”၊ ခေါင်းငုံ့တော့ ”ငုံ့တယ်”၊ ကြည့်သေးလျှင် ”ကြည့်တယ်”၊ မြင်လျှင် ”မြင်တယ်”၊ ထွေးတော့ ”ထွေးတယ်”ဟု မှတ်ပြီးလျှင် ”ဖောင်းတယ်၊ပိန်တယ်” ပြန်မှတ်ရမည်။

ထိုင် တာကြာ လျှင် ညောင်း တာ ပူတာ များ ဖြစ်လာ လိမ့်မည် ။ ညောင်း လျှင် ညောင်း တာ ကို သေသေချာချာ သိအောင် စိတ်စိုက်ပြီး ”ညောင်းတယ်၊ညောင်းတယ်” ဟုမှတ်၊ ပူလျှင် ” ပူတယ်” နာလျှင် ”နာတယ် ”၊ကျဉ်လျှင် ”ကျဉ်တယ် ” ဟု ဒုက္ခ ဝေဒနာဖြစ်သမျှ အမည်အတိုင်း မှတ်ရ၏။ ထိုသို့ ညောင်းတာ ပူတာ စသည့် ဝေဒနာ များ ဖြစ်ပေါ် လာလျှင် ”ညောင်းတယ်၊ ညောင်းတယ် ” စသည် ဖြင့် သည်းခံ မှတ် နေရ မည်။ သည်းခံ မမှတ်ဘဲ ခဏခဏ နေရာ ပြင်ပြင်နေလျှင် သမာဓိ မဖြစ် နိုင်၊ သမာဓိ မဖြစ်လျှင် ဥာဏ် မဖြစ်နိုင်၊ ဥာဏ် မဖြစ်လျှင် မဂ်ဖိုလ်နိဗ္ဗာန် မရောက် နိုင်။ ထို့ ကြောင့် ညောင်းတာ ပူတာ စသည့် ဝေဒနာများကို အတတ် နိုင်ဆုံး သည်းခံမှတ်နေရမည်။ ထိုသို့ မှတ် နေလျှင် တော်ရုံ တန်ရုံ ဝေဒနာများ ပျောက်သွား ကြလိမ့် မည် ။ သမာဓိဥာဏ်အားကောင်း သည့်အခါ အင်မတန်ကြီးကျယ်သည့်ဝေဒနာများပင် ပျောက်သွားတာကို တွေ့ကြရပါလိမ့်မည်။ အတော်ကြာအောင်မှတ်နေပါလျက် မပျောက် နိုင်ဘဲ မနေသာ တော့၍ နေရာပြင်ချင် စိတ်ခဏ ခဏ ပေါ်နေ လျှင် နေရာ ပြင်နိုင်သည်။ သို့ရာ တွင် အမှတ် နှင့် နေရာ ပြင်ရ မည်။ ပြင် ချင်တော့ ”ပြင်ချင်တယ်”၊လက်ကြွတော့ ”ကြွတယ်”၊ရွေ့တော့ ”ရွေ့တယ်”၊ စသည် ဖြင့် ဖြည်းဖြည်း ပြင် ရင်း ဖြစ်ပေါ်သမျှအမူအရာအားလုံးကိုမှတ်ရမည်။ နေရာပြင်ပြီးလျှင် ”ဖောင်းတယ်၊ပိန်တယ်” ပြန်မှတ်ရမည်။

ထို သို့မှတ် နေရင်း တစ်နေရာရာ က ယားလာလျှင် ယားသည့်နေရာကို စိတ်စိုက်ပြီး ”ယားတယ်၊ ယားတယ်”ဟုမှတ်၊ အကြိမ်ကြိမ် မှတ်ပါလျက် မပျောက်လို့ အယား ဖျောက် ချင်လျှင် ”ဖျောက် ချင် တယ်၊ ဖျောက် ချင် တယ်” ဟု မှတ်၊ အယား ဖျောက်ရန် လက်ကြွ လာလျှင် ”ကြွတယ်၊ ကြွ တယ်”၊ ရွေ့ လျှင် ”ရွေ့ တယ်”၊ယား သည့် နေရာ ကို ထိတော့ ”ထိ တယ်”၊ အယား ဖျောက်တော့ ” ဖျောက် တယ်၊ ဖျောက် တယ်”၊ လက် ပြန် ရွေ့ တော့ ” ရွေ့ တယ်”၊ တစ် နေ ရာရာကို ထိတော့ ”ထိတယ်” မှတ်ရမည်။ ပြီးလျှင် ”ဖောင်းတယ်၊ပိန်တယ်” ပြန်မှတ်နေရမည်။ ဤသို့ ဂရုစိုက်မှတ် နေစဉ် ကိုယ် ထဲ အခံ ခက်သည့် ဝေဒ နာများ အ လိုလို ပေါ်လာ လိမ့် မည်။ တရား မရှုမှတ် သော ပုဂ္ဂိုလ် များကား နည်းနည်းလေး ညောင်းလာပူလာလျှင် အမှတ် အသိမရှိဘဲ ရွေ့လိုက် ပြင် လိုက် ကြ၏။ ထို့ကြောင့် ဆင်းရဲ တာတွေ ထင်ထင် ရှားရှား မဖြစ် လိုက်ကြ ရပေ။ ဤကား ဆင်းရဲဒုက္ခ များကို ဣရိယာပုထ် (နေပုံအမူအရာ) များက ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ပြောင်းလဲ နေထိုင်ပုံ အ မျိုးမျိုးက ဖုံးကွယ် ဖုံးကွယ် သွား၍ လူများ ၏ ကိုယ် တွင်းမှာ ဆင်းရဲ ဒုက္ခများ ရှိနေ မှန်းမသိ ကြ ခြင်းဖြစ် သည် ။ တစ် နေ့လုံး တစ်ညလုံး နေထိုင် ကောင်းနေ သည်ဟု ထင် နေကြ ခြင်း ဖြစ် သည်။ ယောဂီများကား ကိုယ်ထဲက တရားများကို အရှိအတိုင်း မြင်အောင် မှတ်နေသဖြင့် ဒုက္ခ များကို ထင်ရှားစွာ တွေ့မြင်လာခြင်း ဖြစ်သည်။

ထိုင် ရာက ထ မည်ကြံ လျှင် လည်း ”ထချင်တယ်၊ ထချင် တယ်” မှတ်၊ လက်ခြေ တွေ ပြင်တော့ ”ကြွတယ်၊ ရွေ့တယ်၊ ဆန့်တယ်၊ ထိတယ်၊ ထောက်တယ်” စသည် ဖြင့် အစဉ်အတိုင်းမှတ်လျက် ဖြည်းဖြည်းလေး ထပြီး အမူ အရာ တိုင်းကို သိအောင် မှတ်ရမည်။ မြန်မြန် ပြုမူလျှင် လေ့ကျင့်စ သတိဥာဏ်ကလေးဖြင့် မှီအောင် မှတ်နိုင်တော့မည် မဟုတ်ပေ။ ထိုသို့ ထပြီး၍ ရပ်မိသည့် အခါ ” ရပ်တယ်၊ ရပ်တယ် ” ဟု မှတ်၊ ဟိုသည်ကြည့် မိပြန်လျှင် ”ကြည့်တယ်၊မြင်တယ်၊ ကြည့်တယ်၊ မြင် တယ်” ဟု မှတ်။ သွား သည့် အခါ ခြေလှမ်း ကို မှတ်ရ ဦး မည်။ ညာဘက် ခြေက လှမ်းလျှင် ”ညာလှမ်းတယ်”၊ ဘယ်ဘက် ခြေက လှမ်းလျှင် ”ဘယ်လှမ်းတယ်” ဟူ၍ ခြေ ကြွသည်က စပြီး ခြေချသည်အထိ ရွေ့ရွေ့သွားသည့် အမူအရာကို အစဉ်အတိုင်းသိအောင်မှတ်ရမည်။ ”ညာ လှမ်း တယ်၊ ဘယ်လှမ်း တယ်၊ ညာလှမ်း တယ်၊ဘယ်လှမ်း တယ်” ဟူ၍ တစ် လှမ်း တစ် လှမ်း တစ်ခါ တစ်ခါ မှတ်ရမည်။ဤကား မြန်မြန် သွားသည့်အခါခပ်ဝေးဝေး သွားရ သည့်အခါ မှတ်ပုံ တည်း။ ဖြည်းဖြည်း သွားသည့် အခါ၊ စင်္ကြံ လျှောက်သည့် အခါ ခြေတစ် လှမ်းတွင် သုံးပိုင်းရှိသည်။ ခြေ ကြွတာက တစ်ပိုင်း၊ လှမ်းတာက တစ်ပိုင်း၊ ခြေချ လိုက်တာက တစ်ပိုင်း ဖြစ်သည် ။ ထိုတွင် ကြွ တာနှင့် ချတာ နှစ်ပိုင်း ကို စပြီး မှတ် ရမည်။ ခြေကြွတော့ ”ကြွတယ်” ဟု ကြွတက်လာပုံကို သေ သေချာချာ သိအောင်မှတ်ရမည်။ နင်းချလိုက်တော့ ”ချတယ်” ဟု တရွေ့ရွေ့ ခြေကျသွားပုံကို သိ အောင်မှတ်ရမည်။ ”ကြွတယ်၊ချတယ်၊ကြွတယ်၊ချတယ်” ဟူ၍ ခြေတစ်လှမ်း တစ်လှမ်း ကို နှစ် ချက် နှစ်ချက် မှတ်ရမည်။ နှစ်ရက်လောက် မှတ်ပြီးက လွယ်ကူပြီး ကျင့်သားရလာလိမ့်မည်။

ထိုအခါ သုံးချက် မှတ်ရမည်။ ”ကြွတယ်၊ လှမ်းတယ်၊ ချတယ်”၊ ”ကြွတယ်၊ လှမ်းတယ်၊ချတယ်” ဟု သုံးချက် သုံးချက် မှတ်သွား ရမည်။ ကြွတက် လာသည့် အမူအရာ၊ တ ရွေ့ရွေ့လှမ်း နေသည့် အမူအရာ၊ တဖြည်းဖြည်း ပိကျ သွားသည့် အမူအရာများ ကိုသိအောင် ရှုမှတ် ရမည်။ ထိုသို့သွား နေစဉ် ထိုင်ချင်လာလျှင် ”ထိုင်ချင်တယ်၊ထိုင်ချင်တယ်” ဟုမှတ်၊ လှမ်းကြည့်မိလျှင် ”ကြည့်တယ် ၊မြင်တယ်” ဟုမှတ်၊ထိုင်မည့်နေရာသို့ သွားလျှင် ”ကြွတယ်၊ချတယ်” ”ကြွတယ်၊ချတယ်” မှတ်၍ သွားရမည်။ ထိုင်မည့် နေရာရောက်၍ ရပ်လျှင် ”ရပ်တယ်၊ရပ်တယ်” ဟုမှတ်၊ လှည့်လျှင် ”လှည့် တယ်၊လှည့်တယ်” မှတ်၊ ထိုင်ချင်စိတ်ပေါ်လာလျှင် ”ထိုင်ချင်တယ်၊ထိုင်ချင်တယ်” ဟုမှတ်၊ ထိုင် ချ လိုက် တော့ ကိုယ်ကြီး လေးလေးပြီး ကျ သွား တာကို စူးစိုက် လျှက် ”ထိုင် တယ်၊ ထိုင် တယ်၊ ထိုင်တယ်” ဟုမှတ်၊ထိုင်မိ၍ လက်ခြေတွေကိုပြင် လျှင်လည်း ရွေ့ လျှင် ”ရွေ့ တယ်”၊ ကွေး လျှင် ”ကွေးတယ်”၊ ဆန့်လျှင် ”ဆန့်တယ်” ဟူ၍ အမူအ ရာတိုင်းကို တစ်ခု မကျန် မှတ်ရ မည်။ ဘာ မျှ အပြု အပြင် မရှိဘဲ ငြိမ်နေ ပြီဆိုလျှင် ” ဖောင်း တယ်၊ ပိန် တယ်၊ ဖောင်း တယ်၊ ပိန် တယ် ” ဟု မှတ်နေရမည်။CRD -~ ဓမ္မရေအေးⓓⓗⓐⓜⓐⓔⓘⓐⓗⓨⓐⓣⓗⓐⓡ

Nippon San(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published.