Spread the love

စိတ်ထဲပေါ်လာတဲ့ ခံစားချက်စာလေးတွေသာရေးနေမိပြီး မြေဇင်းတရား အကြောင်းမရေး ဖြစ်ခဲ့ ပါဘူး။ဒီနေ့တော့ဘုရားဖူးတာကိုမေးနေတဲ့စာတစ်ပုဒ်ကိုဖတ်မိပါတယ်။ဒါကြောင့်သည်စာလေးကိုရေး ချင်စိတ် အင်မတန် ဖြစ်လို့ ရေးတာပါ။တရား တစ်ခု။ ဥပမာ။ သမထ၊ဝိပဿနာ စိတ်ဝင် စားလာချိန်မှာတော့ စတင်စူးစမ်းပါတယ်။ သမထကဘယ်လို၊ ဝိပဿနာက ဘယ်လိုပေါ့။ ဒါပေ မယ့် လူတော်တော် များများက ကျွန်မ အပါအဝင် ထူးဆန်း တဲ့ ကိစ္စတွေကို စိတ်ဝင် စားကြ ပါ တယ်။ငယ်ငယ်ကဆို လူကြီးတွေပြောနေတဲ့ သရဲအကြောင်းဆို ဘယ်လောက်ကြောက်ကြောက် ကျောကိုနံရံကပ်နားထောင်ကြတာမဟုတ်လား။ထူးဆန်းတာကိုစိတ်ဝင်စားသလိုစူးစမ်းချင်ကြပါတယ်။မြေဇင်းတရားလို့ကြားပြီဆို တော်တော်များများသောလူတစ်ချိူ့က သမထတွေ များတာ ပါ။ငါတိုက ဝိပဿနာလိုင်း သမထဆီပြန်ရတာ နိမ့်တယ်တဲ့။ ကျွန်မ အခုရေးပြတဲ့ စကားရပ် လေးတွေက တစ်ကယ်ကြားဘူးတဲ့စကားတွေပါ။ပြီးတော့ပြောတတ်တာက ဘုရားတွေ ဖူးကြ တယ်။

နတ်ပြည် ဗြဟ္မာ့ပြည်ကတဲ့။ဟုတ်ပါ့မလား။တစ်ကယ်လား။နိမိတ်အလင်းတွေကို စိတ်ညွှတ် စေ စား သတဲ့။ဟုတ်နိုင် လို့လား။ငါစမ်းကြည့် လိုက်မယ်။ငါလည်းရ နိုင်မလား။မယုံ့တစ်ယုံ ယုံ့တစ် ယုံလေးနဲ့ ရောက်ခဲ့သူလည်းရှိ။ ကိစ္စမရှိပါဘူး။ ရတာမရတာ အပထား။ စမ်းကြည့် တာပေါ့။ ရ တော့လည်း နည်းလား။ခုချိန် ရောဂါကြောင့် ရိပ်သာ တွေမဖွင့်၊ အလုပ်က နားတုံး အကျိူး ရှိပါ တယ်။တရားထိုင်တာကောင်းတဲ့အလုပ်ပဲလို့တရားဝင်ကြသူတွေလည်းရှိပါတယ်။ဘယ်လိုစိတ်ထားမျိူးနဲ့ မြေဇင်းonlineစခန်းကို ဝင်မှာလည်း။ပထမဦးဆုံး ကိုယ့်ကိုယ်ကို မေးသင့်ပါတယ်။ များသော အားဖြင့် က သူငယ်ချင်း၊ မိတ်ဆွေ တွေ ညွှန်လို့၊ မြေဇင်း တရား အကြောင်း ရေးတဲ့ စာလေး တွေ ဖတ်မိလို့၊ နိမိတ် တွေနဲ့ ဘုရား ဖူးချင်လို့ ။ ဘာတွေ ပြောင်းလဲသွား သလဲမှာ ပြီး သွားတဲ့ အမှတ်စဉ်က ယောဂီရဲ့ ထူးဆန်းတဲ့ အတွေ့အကြုံ တွေကိုကြား မိပြီး စိတ်ဝင်စားလို့။ အကြောင်းတွေက အမျိူးမျိူးပါ။ ဘယ်လို အကြောင်း ဖြစ်ပါစေ။ လူတစ်ယောက်က မြေဇင်း ယောဂီ အဖြစ် တရားဝင်တော့ မယ်ဆိုရင် ထားရှိ ရမယ့် စိတ်ထား။ သည်စိတ် ထားနိုင် ဖို့က မြေဇင်းတရားဆိုတာဘာလဲ။

ဘယ်လိုတွေ လေ့ကျင့်ရှူ မှတ်ရသလဲ ဆိုတာကို အရင်ထဲထဲ ဝင်ဝင်လေ့ လာပါ။ မြေဇင်းတရား တွေဆိုတာ သမထယာနိကာ နည်းပါ။သမထကို အရင် သမာဓိမြင့်တက်အောင် ရက်အ တန်ကြာ သမာဓိ ထူထောင် လို့ သမာဓိ မြင့်မား ရင့်ကျက် လာချိန် မှာမှ ဝိပဿနာဆီ ကူးပြောင်း တာပါ။ မြေဇင်းတရားရဲ့ ပန်းတိုင်က ဝိပဿနာ ပါပဲ။မြေဇင်းတရားက လှေကား ထစ်လေးတွေလို စနစ် ကျလွန်း ပါတယ်။ကိုယ်စောင့်တရား၄ပါးကို စတင်ရှူ မှတ်ရပါမယ်။မြေဇင်းတရားမှာ မရဏာ နုဿတိနဲ့ အသုဘဘာဝနာကို ပေါင်းထား ပါတယ်။ သည်ကိုယ်စောင့် တရားနှင့်ပင် ကျွန်မ တို့ အများကြီး စိတ်အေးချမ်း ကြည်လင်လာ ပါပြီ။ သမထခြမ်းမှာ အာနာပါန လေးဆင့် မှတ်ရ ပါ တယ်။ သတိမြဲရာပထမာဆိုတဲ့အတိုင်း သတိမြဲဖို့ သမာဓိတည်လာဖို့ကို ဝါယူဝါမှတ်တွေ မှတ် ပြီးသမာဓိထူထောင်ပါတယ်။ဒုမှာ တိုရှည်သိဆိုသလို သမာဓိမြင့်လာတော့ နိမိတ်အလင်းရ။

နမိတ် အလင်း ရတော့ ဘုရားဖူး ကြပါတယ်။ တတိယ ဆင့်ရောက် တော့ သုံးချက် သိရ ပါပြီ။ အလင်းနိမိတ် တွေနဲ့ ခန္ဓာကိုယ် ကြီးကို ထက်အောက် စုန်ဆန်ကြည့် လို့ လှီးစား ဖြတ်စား။ ပါး ဖောက်နားဖောက်တွေနဲ့ ရောဂါတွေပျောက်ကင်းကြပါတယ်။စတုတ္ထအဆင့်မှာ ငြိမ်းစေမယ် နဲ့ သမထ စခန်းသိမ်းပါတယ်။ကျွန်မတို့က သမထဆိုတာ ပုတီး စိပ်တယ်။ အာနာပါန မှတ်တယ်။ သည်လောက်ပဲ သိနေရာက သမထဆိုတာ ခုလို စနစ်တကျ ကိုယ်စောင့်ကမ္မဌာန်းတွေဘယ်လို မှတ်တယ်။အာနာပါဆိုတာအဆင့် ၄ဆင့်ကို ဘယ်လိုမှတ်ရတယ် အဆင့်ဆင့် သိကြရပါတယ်။ ဝိပဿနာ ခြမ်းရောက်ပါပြီ။ သမထ ရက်များစွာဖြင့် ထူထောင်ခဲ့သော သမာဓိ ကနေ ရုပ်နာမ် ဖြစ်ပျက်တို့ကို ပုဗ္ဗကိစ္စ၄ပါး။ ဉာဏ်စင်၁ဝပါးထိ နိဗ္ဗာန်တံခါးဝထိ ရောက်အောင်ပို့ ပေးခဲ့တာပါ။

ပုဗ္ဗကိစ္စ၄ပါးမှာ ရှူမှတ်နေ စဉ်ပင် ရုပ်နာမ်တွေ၊အကြောင်း၊ကာလတွေကို သိမ်းဆည်း တတ်လာ ပါပြီ။ သမ္မသနဉာဏ်ကစ အနုလောမဉာဏ်ထိ အဆင့်ဆင့်ကို ဘယ်ဉာဏ်တက်ရင် ဘယ်လိုတွေ တွေ့ရမယ်ဆိုတာပဲပြောပြလို့ကိုယ့်ဉာဏ်အဆင့် ကိုယ်တိုင်ချင့်ပြီးဆုံးဖြတ် ရတာပါ။ သည်နေရာ မှာ သမထယာနိ ကနည်းနဲ့ သုဒ္ဓဝိပဿနာ ဆိုတဲ့ ဝိပဿနာ သက်သက် ရှူမှတ်ရ ပုံအပေါ် ကျွန်မ ခံစားချက်/ကျွန်မခံစားရ သလိုပြောရမယ်ဆို လူတယောက် ကို ကားမောင်း သင်ပေးသ လိုပါပဲ။ လူရှင်းတဲ့ကွင်းမှာ ခဏလေးမောင်းခိုင်းပြီး ကားတွေဥဒဟိုများတဲ့ လမ်းပေါ်ချက်ခြင်း မောင်းခိုင်း လိုက်သလိုပါ။ဝိပဿနာချည်းသက်သက်ကသမာဓိထူထောင်ချိန်နည်းတော့ အများကြီးဂရုစိုက် ရပါတယ်။သတိနဲ့ ဝီရိယကို အပြင်းအထန် ကိုဂရုစိုက်နေ ရတော့ပင်ပန်းပါတယ်။ သမထယာနိ ကာနည်းကတော့ လူရှင်းတဲ့ နေရာမှာ နည်းစနစ် ကျွမ်းကျင်အောင် ကြာကြာ လေ့ကျင့် ပေးပြီး မှကား တွေရှူပ်တဲ့ မြို့လယ်ကောင် မောင်းခိုင်းသလို နည်းစနစ် ကျွမ်းကျင်နေ ပြီဆိုတော့ သတိ ဝီရိယကိုမျှတစွာသုံးတတ်တော့ စိတ်အေးချမ်း၊ အန္တရာယ်မရှိမောင်းသွား နိုင်သလိုပါပဲ။ ကောင်းပါပြီ။

မြေဇင်းနည်း အဆင့်ဆင့်ကို ယောဂီအဖြစ် ဝင်တော့ မယ်ဆို ထားရမယ့်စိတ်ထားလေး။ မြေဇင်း နည်းကို စမ်းသပ်မယ်ဆိုတဲ့စိတ်၊ ငါလုပ်ရင် ဘာလို့မရရမှာလဲဆိုတဲ့ မာန၊ရမှရ ပါ့မလား၊ ဟုတ်မှ ဟုတ်ရဲ့ လားဆိုတဲ့သံသယ၊ဒါတွေအားလုံး ခဝါချခဲ့ပါ။ တစ်ချိန်တုံးကဆို ရဟန်းသံဃာ တွေသာ ကျင့်ခွင့်ရတဲ့ မြေဇင်းနည်း။ခုချိန်မှ ငါတို့သိခွင့်အားထုတ်ခွင့်ရတာပါလား။ တန်ဖိုး ရှိလှတဲ့ တရား ကို ဆရာတော် နှစ်ပါးပေးတဲ့ နည်းစနစ် အတိုင်းအား ထုတ်မယ် လို့သာ သဒ္ဓါကို ထားရှိပါ။ သည် စိတ်လေးပထမ အရင်းခံလိုက်ပါ။ရိုးသားဖြူစင်သော သဒ္ဓါတရားဖြင့်အစပြုပါ။ တရားစခန်းချိန် မှာလည်း စိတ်ကိုငြိမ် သက်စွာထားပါ။တရားမဝင်ခင်က ဖတ်ရှူလေ့လာထား သမျှ‌ခဏမေ့ထား ပါ။ ဗုဒ္ဓါနုဿတိ နေ့မှာကစ ဆရာတော့် စကား တသွေမတိမ်း နားထောင်ပါ။ မရှင်း လင်းပါလျှင် အမေးအဖြေ ဖြေသူကို မေးပါ။ နိမိတ် အလင်းရမရ မေးပြီဆိုတာနှင့် တခြားသော ယောဂီတွေ ရတာ မရတာ ကိုယ့်အလုပ်မ ဟုတ်တော့ပါဘူး။ကိုယ်ရ တာမရတာသာ ကိုယ့်အ လုပ်ပါ။ ကိုယ့် ကိုယ်ကိုသာပြန်ဆင်ခြင်ပါ။မြေဇင်းတရားအပေါ်မှာ ငါဘယ်လို စိတ်နဲ့ဝင်ခဲ့တာလဲ။ ရိုးသားသော သဒ္ဓါနဲ့လား။ထိုင်ချိန်မပေးနိုင်လို့ သမာဓိမတည်တာလား။

သမာဓိတည်ကြည်မှ နိမိတ်အလင်းရတာပါ။ အချိန်တခုလိုအပ်လျှင် လည်းနိမိတ်က မရတတ်ပါ ဘူး။ စိတ်မငြိမ် ပြန်တော့ သမာဓိက မတည်ပြန် ယောဂီရဲ့ ခံစားမှုက အလင်းနိမိတ် မေးချိန်ကစ အတော်များများ မငြိမ်တော့ပါဘူး။ ဘုရားဖူးကြပြီ။ပိုဆိုးလာပြန်ရော။ တစ်ခြားသော ယောဂီက ရွှန်းရွှန်းဝေလျှောက်ပါပြီ။နိမိတ်မရှိသူကစိတ်ညစ်။နိမိတ်ရှိလည်း မဖူးရသူက စိတ်ညစ်။ ဖူးရပြန် တော့ ဘုရား စေတီလေးက သေးလို့ ကြီးလွန်းလို့ ဟုတ်မှ ဟုတ်ရဲ့လား သံသယဝင်။ ဖြစ်ချင် ရာ ဖြစ်ကွာလို့ စိတ်တွေ ညစ်ထေးလာ လိုလာ။သည်နေရာမှာတော့ ကျွန်မခံစားရတာလေးရေးပြပါ ရစေ။ကျွန်မတို့ရဲ့ အခြေအနေကဘာလဲ။ သစ်စေ့တစ်စေ့ကိုင်ထားသူလား။ သစ်စေ့လေး မြေထဲ ပျိူးစ လူလား။ ရေလောင်း ပေါင်းသင် နေတဲ့ လူလား။ အပင် ပေါက်ကလေး အပေါ်ပီတိ ဖြစ်စ လူလား။ကြီးထွားစအပင်လေးနဲ့လူလား။အကိုင်းအခက်လေးတွေဝေနေတဲ့သစ်ပင်ပိုင်ရှင်လား။

ပင်စည်ကြီးနဲ့အကိုင်းအခက်အရွက်တွေကအရိပ်မိုးနိုင်သောအပင်အောက်ကလူလား။အပွင့်တွေဝေ၊အသီးတွေခြွေနိုင်တဲ့လူလား။မသိနိုင်ပါဘူးလေ။ယောဂီဖြစ်ပြီဆို သစ်စေ့လေးတစ်စေ့ရပါပြီ။ အသီးခူး နေတဲ့သူကြည့်ပြီး စိတ်နွမ်း ရမှာလား။သူစိုက်ပျိူး ရေလောင်း ပေါင်းသင်ချိန်ကိုယ် ကမှ မလုပ် ခဲ့မိတာ။ရပါတယ်။ငါ့မှာလည်း သစ်စေ့လေး ရပြီ။သေချာစိုက်ပျိူး ရေလောင်းပေါင်း သင် ဂရုစိုက်ရင် တစ်နေ့ အသီးတွေ ဆွတ်ခူးနိုင်မှာ ပါလို့ ပီတိတွေထားလိုက်ရမှာပါ။ မြေဇင်းယောဂီ တိုင်းကို ဆရာတော်ကြီးတွေ ကသစ်စေ့လေးတွေ ဝေငှလိုက်ပါပြီ။ ရေလောင်းပေါင်းသင် အတူ စိုက်ပျိူး ပြသလိုက် ပါသော်လည်း။သစ်စေ့လေး ကနေ အပင် ပေါက်လေး။ တစ်စ တစ်စ ကြီး ပြင်းသန် စွမ်းလာဖို့။ မိုးဒါဏ် လေဒါဏ် တွေကကာကွယ် စောင့်ရှောက် ဖို့။ အပင် ကလေး ကို နှောက်ယှက်မယ့် ပိုးမွှား သတ္တဝါတွေ ကကာ ကွယ်ဖို့။ အသီး အပွင့်ဝေ ဆာသော သစ်ပင် ကြီးဖြစ်လာဖို့ကတော့ကိုယ့်တာဝန်တွေပါပဲ။

ကျွန်မရဲ့ သစ်ပင်လေးဆို ရေလောင်းဖို့မေ့၊ပေါင်းသင် ဖို့မေ့နဲ့။ကိလေသာ လောင်းရိပ်မိနေတာကို အတော်ကြီးရုန်းထွက်နေရဆဲပါ။မြေဇင်းကအပြန်သေခြင်းကိုရင်ဆိုင်ရဲမယ်တဲ့။ခိုင်မာပြတ်သားလိုက်ပါဘိ။သေခြင်းသာမဟုတ်။နေခြင်းကိုလည်းရင်ဆိုင်ရဲပါပြီ။သမထခြမ်းမှာနိမိတ်မရ။ဘုရားမဖူးရလည်း ဝိပဿနာခြမ်းမှာတော့ ထူထောင်ထားသော သမာဓိတွေကရုပ်နာမ်ဖြစ်ပျက်တွေကို ပီပြင်စွာမြင်ကြရမှာပါ။မြေဇင်းယောဂီတစ်ယောက်အတွက်အလိုအပ်ဆုံးက ရိုးသားဖြူစင်သော သဒ္ဓါကပထမပါပဲ။စခန်းဝင်မယ်ဆိုကတည်းက စမ်းသပ်မယ်။ မာန။သံသယ။ ဒါတွေကိုထားပစ် ခဲ့ပါ။ဆရာသမားရဲ့ စကားတစ်ခွန်းပေါ်မှာသာ စိတ်ကလေးတည်ငြိမ်အေးချမ်းကြည်လင်စွာ အား ထုတ်ပါ။တခြားသူရဲ့သစ်ပင်ကြီးအပေါ် မခံစားပါပဲ ကိုယ့်သစ်စေ့၊ အပင်ပေါက်၊ သစ်ပင်လေးကို သာ ဂရုစိုက်ပျိူး ထောင်ပါ။တစ်နေ့ရ လာမယ့်အသီး အပွင့်တွေအတွက်သာ သဒ္ဓါ၊ သတိ၊ ဝီရိယ တင်ထားပါ။ကိုယ်တိုင်သာ ကြိုးစားပါ။ဆရာတော်တို့ ကပေးတဲ့သစ်စေ့လေးကို ကြည့်ရင်းအား လျော့လိုက် ရင်တော့ အသီးအပွင့်တွေ ထိရဖို့ဘယ်လွယ် ပါတော့မလဲ။တစ်နေ့ မှာတော့ ကျွန်မ တို့လိုချင်တဲ့ အသီးအပွင့် တွေဆိုတာ သည်လို သစ်စေ့လေးက အစပျိူးတာပါလို့ ယုံကြည် ပြီး မြေဇင်းလှေကားထစ်တွေကတစ်ဆင့် ပန်းတိုင်နိဗ္ဗာန်တိုင် အတူတူလျှောက်လှမ်းကြရအောင်လို့ လက်ကမ်းကြိုဆိုလိုက်ပါရစေ။

ဒေါ်ခိုင်ဇင်သက်

Leave a Reply

Your email address will not be published.