Spread the love

ကျွန်မ မေတ္တာကမ္မဌာန်း အလွန်ကြိုက်ပါတယ်။ဘာလို့ဆို ကိုယ့်စိတ်လေးမှာ ကြည်လင်လို့ ပြုံး ပြုံးလေး ခံစားရ တာကိုး။ကျွန်မက ကျွန်မလည်း ပျော်ရွှင် ချမ်းမြေ့ချင်သလို အားလုံးကို ပျော် ရွှင်နေတာမြင်ချင် ကြားချင် သူပါ။ဒါကြောင့် ပြုံးပျော် နေရတာ ကို နှစ်သက် ပါတယ်။ မိုးကုပ် ဆရာတော်ကြီးရဲ့ ပြုံးသေ မဲ့သေ တရား။သေတဲ့အခါ ငါ့ကို ဆွမ်းသွပ်စရာ မလိုဘူးလို့ မှာခဲ့ချင် တာ မျိူး။တရားတပုဒ်နာပြီးရင်ကို စိတ်ထဲနစ်ဝင်လို့ လိုက်နာဖို့အများကြီးကြိုးစားသူပါ။ ကျွန်မ ညီမ ဝမ်းကွဲလေး ကင်ဆာဖြစ် ပါတယ်။သွေးနဲ့ ပတ်သက်လေတော့ ရန်ကုန်ဆေးရုံကြီး သွေးဌာ နမှာ တင်ထား တာပါ။ ကျွန်မက ဖေဖေ၊ မမကြီး စသည် ဆုံးပြီးနောက် ‌ရောဂါ၊ ဆေးရုံ အလွန် ကြောက်သူပါ။ဒါပေမယ့် ဆွေမျိူးတ ယောက်ယောက် ဆေးရုံကိစ္စဆို မနေနိုင်မထိုင်နိုင် ရှေ့ဆုံး ကဝင်ပါ တတ်ပါတယ်။ အဲ့သည်အချိန်က စာရေးနေချိန်ဆိုတော့ထုတ်ဝေသူကို တစ်လခွဲ စာမူ တစ်ပုဒ်အပ်တာမို့ရယ်၊ဝန်ထမ်းအလုပ်ရယ်။

ကျွန်မမှာ နေ့ည အချိန်မ အားပါဘူး။ ဒါပေမယ့် ဆေးရုံကိစ္စဆို ပါနေမိပြန်ပါတယ်။ လူနာမေးချိန် သူ့ကုတင် ရောက်တော့ သူတစ်ယောက် ထဲ ထိုင်နေတာ။ သူငိုနေ ပါလား။ ကျွန်မက ဘာဖြစ်လဲ။ နေ မကောင်း ဘူးလား။သူ့ အမျိူး သားရော မေးတော့ ငိုနေရင်းက ဆေးသွား ယူတယ်။ ကျောရိုး ဖောက်ပြီး ရောဂါ စစ်တာ ပြန်လာ တာတဲ့။သူ့ အင်္ကျီ ကျောဖက်မှာ သွေးတွေ ရွှဲ လို့။ သူငိုနေတာ လေး ကြည့်ပြီး ကျွန်မ ခေါင်းထဲ ချက်ခြင်း ရောက်လာ တာ ပြုံးသေ မဲ့သေ ပါပဲ။ ကျွန်မ ဘဝ မှာ ချစ်သူ ခင်သူတွေ သေတာ ကြားရ မြင်ရ ပေါင်းများ ပါပြီ။ ဗျာဓိ ချိန်ရဲ့ အားငယ် ညှိုးနွမ်း မှုတွေ။ မရဏ ချိန်နီးပြီ ကိုယ့်ကိုယ် ကိုသိလာရင် ထားရမယ့် စိတ်။ ဒါတွေင ယ်ထဲက မြင်ရ ကြားရ စဉ်း စားရနဲ့ ပျာယာခပ်မျှ ထိတ်လန့် ခဲ့သူပါ။ တရား တစ်ပုဒ်မှာ နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုနဲ့ ရရပါလို၏ တွေဆု တောင်းလိုက် ကြတာ။ကဲဗျာ အခုသွား ကြရအောင် သည်တရားပွဲကနေ အိမ်မပြန်နဲ့ ဆို ဘယ်သူလိုက်မလဲတဲ့။ဖြေသူမရှိ ပါလားတဲ့။ ခုချိန်ကျွန်မက နိဗ္ဗာန် အခုခေါ်မယ်။ လိုက်မလားဆို လို့ကတော့ လိုက်သွားမှာပါပဲ။ ကျွန်မရဲ့ နောက်ကြောင်းက အဲ့လောက်ရှင်းနေပါပြီ။ အခုလဲသေ၊ အခုနိဗ္ဗာန် ပို့မယ်ဆို လို့ကတော့ တွယ်တာစရာ ဘာမှမရှ်ိတော့ ဘူးလေ။ဒါပေမယ့် အဲ့သည်လမ်း ကသူ များမခေါ်နိုင်ပါဘူး။ကိုယ့်ဖာသာ လျှောက်ရမှာ မဟုတ်လား။ မဟာဗောဓိမြိုင် ဆရာတော် ကြီးရဲ့ တရားလေး ထဲမှာ သည်နှစ် တရားပွဲမှာ တရားအားထုတ်ဖို့ တွေဟောပြီး ဘယ်တော့အား ထုတ်ကြမလဲမေးရင် အခုကျင့်ပါမယ်ဘုရား။နောက်နှစ်တရားပွဲလဲဟောပြီး ဘယ်တော့ ကျင့်မ လဲအခုကစကျင့်ပါမယ်ဘုရား။တစ်နှစ်လာဒါပဲ။တစ်နှစ်လာဒါပဲ။အခုကစကျင့်ပါမယ်ဘုရားနဲ့ပြီးနေသတဲ့။

ကျွန်မကိုယ် ကျွန်မတော့ တွေးလိုက်တာပါ။ အားထုတ်ဆဲပါဘုရား။ အားထုတ်ဆဲပါ ဘုရားတော့ တစ်နှစ် ပြီးတစ်နှစ် ဖြေနေရဆဲပါ။ ကျွန်မရဲ့ ဖေဖေ၊မေမေ၊မမကြီး၊ညီမလေးလို အရင်းဆုံးမိသား စုတွေ သေဆုံးသွား ကြပြီ။ကြီးကြီးဘဘ စသည်ဆွေမျိူးတွေ။ မောင်နှမ ဝမ်းကွဲတွေ။ အခင် မင် ဆုံး သူငယ်ချင်း တော်တော်များများ သေဆုံးကုန် ကြပါပြီ။ နင့်အလှည့်ကဘယ် တော့လဲလို့အမြဲ တွေးပါ တယ်။အရင်က သေမယ်ဆိုတဲ့ စကားကို ကြားရတာက ကြောက်စရာ အကောင်းဆုံး။ ဘယ်ထွက် ပြေးရမှန်း မသိခံစား ရပါတယ်။အစ်မ မယုကတော့ ငါက နင့်လောက် သေမှာမ ကြောက်ဘူး ပြောပါတယ်။

ကျွန်မဆရာ ဆရာဇော်ကတော့ သေမှာ မကြောက်သူ မရှိဘူး ခိုင်ဇင်သက်။ ပုထုဇဉ် ဆိုတာ သေ မှာ ကြောက်တယ်။အရိယာဆိုတာက သာသေမှာ မကြောက်တာတဲ့။ အခု ကျွန်မကိုမေးပါ။ သေ မှာ ကြောက်သေး လားလို့။ ကျွန်မ မြေဇင်းက ပြန်ခဲ့ ပါပြီ။ နေခြင်းကိုလည်းရင်ဆိုင်ရဲပါပြီ။ သေ ခြင်းကိုလည်း ရင်ဆိုင်ရဲ လာတာကို နောက်တခါ ရေးပြပါမယ်။ကျွန်မက စာရေးပြီဆို စာစလိုက် တာနဲ့ ခေါင်းထဲ အလိုလိုရောက်လာတာကများလေတော့ ဖတ်ရသူဓမ္မ သူငယ်ချင်းတွေကို စာနာ ပါတယ်။ ဓါတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်မတို့လောကဓါတ်ကြီးမှာ သံပုရာသီး စားပြတာကြည့် ကိုယ်ကလိုက် ချဉ်နေရတဲ့ခံစားမှု။ ငိုနေတာကြည့်တော့ငိုချင်။ ပြုံးနေတာလေးက စိတ်ချမ်းသာ။ ပြုံးပြုံးလေး သေနိုင်ဖို့က အများကြီး တရားရှိ ထားရမှာပါ။သေမယ့် အကြောင်းတွေးရင် မသေ ခင်ပြုံးရတာလေး ပြောပြ ချင်မိ ပါရဲ့။ တစ်နေ့က သုံးဝမ်း ကွဲလောက် တော်စပ်တဲ့ အသက် ၇ဝ အစ်မ တစ်ယောက် ကိုဗစ်နဲ့ ဆုံးပါတယ်။ မောင်လေးက ကျွန်မကို စိတ်ပူပြီး ကျန်းမာရေး ဂရု စိုက်လို့ ပြောလာ ပါတယ်။အစ်မက အပျိူကြီးပါ။သူ့ညီမ အရင်းကလည်း အပျိူကြီး။ အပျိူကြီး ညီအမ တိုက်ခန်းလေးထဲ ပင်စင်စားတွေ။ အစ်မ ကသေပြီ။ညီမက Qဝင်နေရတယ်။ ဘယ်လို လုပ်မလဲ။ကျွန်မမောင်လေးကစိတ်ပူရှာပါတယ်။ဘယ်သူက ဆွမ်းသွပ်မလဲတဲ့။

ကျွန်မကတော့ မောင်လေးရေ ပူမနေနဲ့ အစ်မက ချမ်းမြေ့ယောဂီ ပါ။ နှစ်များစွာ အားထုတ် တဲ့ တရားအရှိန်တွေရှိတယ်ဆို။မောင်လေးကဒါတော့ဒါပေါ့မမလေးရယ်။ထုံးတမ်းအစဉ်အလာ ဓ လေ့ရှိ တယ်လေတဲ့။ ကျွန်မပြုံးပါတယ်။မသေခင်အပြုံး လေးပါ။ကျွန်မမှာ သားတစ်ယောက်ရှိ ပါတယ်။ရင်ထဲက သနားတတ်တဲ့သားက သူဈေးသွားရင် ငါးအရှင်တွေဝ ယ်လွှတ်၊ ငှက်တွေမြင် လွှတ် နူးညံ့ပါ သော်လည်း စကားကနည်း၊ ပြောလိုက်ရင် လေသံကမာ‌။ ကြည့်ရင် သူ့ထမင်းစား တဲ့ရုပ်ပေါ့။အမေတူ လေးပြော လဲရပါတယ်။အဲ့သည် အမေတူလေးက ဘာပြောလဲဆို။ မေမေ သားတို့ အိမ်ကအတိုင်း နော်တဲ့။ အဲ့ဒါကတော့ ကျွန်မတို့ အိမ်က မေမေဆုံး တာလေးပဲ နမူ နာ ပြောပါရစေလား။သက်ပျောက်ဆွမ်း။ရက်လည်ဆွမ်း။လလဲဆွမ်း။စသည်ကပ်ပါတယ်။ဒါပေမယ့် အိမ်ကိုအသုဘအပြန် ဘာပန်းမှမယူပါဘူး။အိမ်မှာလည်း ဓါတ်ပုံထောင်ပြီး ဘာမှ မကျွေး ပါဘူး။အိမ်ကိုတံခါးတွေဖွင့် ဖဲဝိုင်း မရှိပါဘူး။တံခါးကို ပိတ်ချိန် အတိုင်းပိတ် ပါတယ်။ကျွန်မက သားရဲ့ အကြောင်းသိ ပြီးသားပါ။သူ့ရင်ထဲက စိတ်မကောင်းလည်း ဘာမှပြောမှာ မဟုတ်ပါဘူး။

ကျွန်မကလည်း ပြောခဲ့ ချင်သူပါ။ မေမေ သေရင် ဆွမ်း မသွပ်လည်း ရတယ် လို့လေ။ ကျွန်မက ကျွန်မအမေသေတာအလွန်အားကျပါရဲ့။အမွှေးနံ့တွေကြားကထွက်ခွာသွားတဲ့သရဏဂုံပိုင်ရှင်ပါ။ကျွန်မကကော။ကျွန်မမှာအင်အားတွေရှိပါပြီ။နောင်တခါမှ အဲ့သည်အင်အား တွေအကြောင်း လေးရေးပါတော့မယ်။စာအများကြီးရှည်‌ေနတော့ဖတ်ရသူတွေ ငြီးငွေ့ မျက်လုံးညောင်းပေါ့။ ချစ် သူငယ်ချင်း တို့ရော ပြုံးသေ၊ မဲ့သေ ဆိုတာလေး တွေကို တွေးပြီး မပြုံးနိုင် လောက်အောင် ဝေဒနာတွေ ကြားက တွေးရင် အင်အားတွေရှိ မမဲ့။မငိုနိုင် အောင်တော့ ကြိုးစားကြရ ဦးမှာမ ဟုတ်ပါလား။

ဒေါ်ခိုင်ဇင်သက်

Leave a Reply

Your email address will not be published.