Spread the love

ဗောဓိအေးငြိမ်းကို နွေ၊မိုး၊ဆောင်းရာသီ သုံးမျိူးလုံး တရားစခန်း ဝင်ဘူးပါပြီ။ ပေါက်ပွင့် တွေက နှင်းမှုံတွေကြား လှပနေချိန် လေးတော့ အနှစ် သက်ဆုံးပါ။ ဆွမ်းစား ဆောင်ကြီး မြင်ရင်ကို ကျွန် မ သတိတရရှိသူ။ အဲ့ဒါကတော့ ဆွမ်းစားဆောင်စောင့် နတ်မင်း ကြီးပါပဲ။ ဟင် ။ အစ်မက ဆွမ်း စားဆောင်စောင့် နတ်မင်း ကို မြင်ဘူး တယ် ဟုတ်လား။ ကျွန်မ ဖြင့် ဗောဓိအေးငြိမ်း မှာ နေတာ ကြာ လှပေါ့ မတွေ့ရပါဘူး။ယောဂီတွေကို စကားမပြောရဘူး။စကားပေါရင်တရားလျှောမယ်လို့ ဆရာတော်ကြီး ပြောထားလည်း ကျွန်မကတော့ အရွှေနှင့် မကြာခဏ စကားပြော မိတာပါပဲ။

အရွှေက ရက်၆ဝတရားစခန်း အမှတ်စဉ် ၁၃/၁၄ ဆက်တိုက် ဝင်ထားပြီး ကြာမြင့်စွာ ဝေယျာဝစ္စ တွေ လုပ်ပေး နေတဲ့ ယောဂီ ဟောင်းပါ ။ အရွှေ က ဆရာတော်ကြီး စံကျောင်း ရှေ့ ပန်းပင် တွေ ကြား က ပေါင်းမြက် တွေ နှုတ်နေရင်း ကျွန်မ တို့ စကား ပြော မိကြတာ ပါ ။ ကျွန်မ အာနာ ပါန တွေမှတ် တရားနိမိတ်နှင့်ဘုရားဖူးချိန် တစ်ပါးကျောင်းလေးထဲတရားမှတ်ရင်း ဆွမ်း စားဆောင် စောင့်နတ် ကြီးကို တွေ့တာပါ။ ဆွမ်းစား ဆောင်လောက် မြင့်မားပြီး ပိန်ပိန် ပါးပါးနှင့် ရှေးခေတ် မင်းသား တစ်ပါးလို ဝတ်ထား ပါတယ်။ အဝါရောင် အင်္ကျီ။ ချိတ် ပုဆိုးဝါ။ ခေါင်းပေါင်းစ ဝါဝါ လေး ပတ်ထား ပါတယ်။ ခန္ဓာကိုယ်က ပိန်ပါးသော်လည်း အရပ်က ဆွမ်းစားဆောင်ကြီး အမြင့် အတိုင်းပါ။ တရားစခန်းရောက်မှ မြင်အပ်မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါကို ပိုသဘောပေါက် ရတာပါ။ ဗုဒ္ဓာနုဿတိမှတ်အစ်မ။ကျွန်မ အရဟံမှတ်တာကြောင့် စီးပွားတက်လာတာလို့ အရွှေ ကပြောလည်းကျွန်မကတော့ မေတ္တာကမ္မဌာန်းသာပိုမှတ်ချင်နေသူပါ။မနက်အစောကြီး ဓမ္မာရုံ မှာ တရားထိုင်ရပြန်တော့ ကျွန်မအိပ်ပျော်နေတာမှာ ပုခုံးကို ဖွဖွလေး တို့နှိူးသောအခါ။ သူငယ် ချင်းသန်းသန်းကိုပြောပြတော့နင်အိပ်နေလို့ ဓမ္မာရုံစောင့်နတ်ကနှိူးတာတဲ့။

ဘာပဲပြောပြောနှိူးလိုက်လို့ နိုးပြီး တရားပြန် မှတ်တဲ့အခါ တရားတက်သွားလိုက်တာ။ ကျွန်မက ဉာဏ်ကြောင့် တရား ရနိုင် ပါလျှက် အပျင်းထူပြီး အိပ်နေတာ ဓမ္မာရုံစောင့် နတ်လည်း မနေရပါ လား ။ ကျွန်မ နေသည့် တစ်ပါး ကျောင်းလေး က အမှတ်‌ ၁ ဖြစ်ပြီး မျက်စောင်း ထိုးလောက် မှာ အမှတ်၄ဝ၊ ၄ဝဘေးက ၃၉ စသည် ကျောင်းက လေးတွေ စီစီ ရီရီ။ အမှတ် ၃၉ တစ်ပါး ကျောင်း စောင့် နတ် ကိုလည်း ကျောင်းခေါင် မိုးပေါ် မှာ ဖြူလွလွ မီးခိုး လေးတွေ လို ထိုင်နေ တာတွေ့ ရ ပါတယ် ။ ကျွန်မက တစ်ယောက် ထဲ နေရတာ အလွန် ကြောက်ပေ မယ့် နတ်တွေ ကို တွေ့ တာ တော့သ ဘောကျ ပါတယ် ။ ၃၁ဘုံ ရဲ့ ထူးဆန်း မှုတွေ ကိုပိုလို့ သိလာ ရပြီး ဘဝမှာ အပြီး တိုင် လွတ်မြောက်ရာ နိဗ္ဗာန်သာ အကောင်းဆုံးသဘောပေါက်လာတာပါ။ ဒါတောင်မှ သက္ကာယဒိဌိ တွေကြွင်း ကျန်လို့ နတ်ဆယ်တဲ့ သစ်တုံးကြီး ဖြစ်ချင်ပါ သေးတယ်။ သောတာပန် နတ်သားဖြစ် ချင်တယ်လို့ပြောတာကိုညီမလေး ဝိုင်းကရယ်ပါတယ်။နတ်သမီးမဟုတ်ဘူးလားတဲ့။

ဟင့်အင်း နတ်သား ဖြစ်ချင်တာ ဆိုတော့ နတ်သမီးလေး တွေ တဖက် ၅ဝဝ လိုချင် လို့လား တဲ့။ သုခတိဘုံမှာ ဘုံစဉ်စံ(၇) ဘဝနဲ့နေချင်တာ ကသက္ကာယဒိဌိ ကျန်နေသေးတာတဲ့လေ။ ဘာပဲပြော ပြော ကျွန်မက သုဓမ္မာဇရပ် ကြီးမှာ မြတ်စွာ ဘုရားရဲ့ တရား တွေကို နာချင် ပါသေးတယ်။

တဏှာ၊ ဥပါဒန်၊ ကံ တွေတော့ ဖြစ်နေ ပြန်ပြီပဲ။ လူလည်း ရုပ်၊ နာမ်၊ နတ်လည်း ရုပ်နာမ် သိသိ နဲ့။ စိတ်ဆိုတာ အလွန် ဆိုးပါလား။ သိသိနှင့် လိုချင်မှု တဏှာကရှိနေဆဲ။ သောတာပန် ဖြစ်ချင်တယ် အော်နေ လို့ ဖြစ်တာမှ မဟုတ် တာ။ ဘာပဲ ပြောပြော ဝိပဿနာ မျိူး စေ့လေး ရသွား လေ တော့ နောင် ဘဝမှာ အပင်လေး ပေါက်လာမှာ ကတော့အ သေအချာ။သံသရာ က အရမ်း မရှည် တော့ ဘူးလို့တော့ တရားမှတ်တိုင်း ကြည်နူး ရဆဲ။ သည်နှစ်ရဲ့ ဆောင်းကတော့ မရေမရာ မသေ မချာ။ ဘာပဲ ပြောပြော ဘုန်းဘုန်းတို့ သင်ပေး လိုက်သော ဝိပဿနာ တရားလေး တွေမှတ်ရင်း။ နောက် တစ်ခေါက် ဗောဓိ အေးငြိမ်းဆီသွားနိုင်မယ့်ရက်ကို စောင့်မျှော်ဆဲ။ ပေါက်ပွင့် တို့ပွင့် ချိန်လောက် တော့ ရောက်နိုင်မယ်လို့ စိတ်မှာထင်နေမိတာပါလား။အနည်းငယ်တော့စောင့်ရလေဦးမှာပါ။

ဒေါ်ခိုင်ဇင်သက်

Leave a Reply

Your email address will not be published.