ဆရာတော် အရှင်ကေလာသနှင့် ဆရာတော် အရှင်ပညာဒီပတို့ကို ဦးထိပ်ထား လျက် ကျွန်မ ဒီစာ ကိုရေးပါသည်။ ကျွန်မ နာမည် ဒေါ်လှလှထွေး ဖြစ်ပါသည်။ (၉-၁-၂၀၁၂) ခုနှစ်တွင် တရားစခန်း သို့ စရောက်ပါသည်။ အရဟံ ဂုဏ်တော်၊ မေတ္တာ ဘာဝနာ၊ မရဏာနုဿတိ၊ အာနာပါန စသဖြင့် ပွားများရပါသည်။
အာနာပါနပွားပြီး (၂) ရက်လောက်တွင် အိမ်ပြန် ချင်မိပါသည်။ အပြင်မှာ ပျော်ပါးနေသော စိတ် ကို ထိန်းမရ ‘ ဖြစ်နေပါသည်။ ကျန်းမာရေးကိုလည်း အကြောင်းပြ၍မရ၊ အိမ်ကလည်း ခေါ်မှာ မဟုတ်သည့် အတွက် ကျွန်မ စိတ်ညစ် နေမိပါသည်။ တစ်ခါမျှလည်း အိမ်ကကြာကြာ မခွာဘူး သည့်အတွက် အခက်ကြုံရပါသည်။ ဆွမ်းသွားစားသည့် အခါ တိုင်း ဖွင့်ထားသည့်စိတ်ကို တည် ငြိမ်အောင်ထားဘို့ ဟော ပြောသော ဓမ္မာစရိယဦးဌေးလှိုင်၏ ဟောပြောမှုများနှင့် အတူ ဆရာ တော်ဘုရား၏ အဆုံးအမများကို ပြန်လည်သတိ ရမိပြီး၊ ကိုယ့်စိတ်ကို ပြန်ဆုံးမပါသည်။
ဘုရားရှင်ရှေ့မှာထိုင်ပြီး ဒီနေ့ဒီရက်ကစပြီး ဘုရားတပည့်တော်၊ ဆရာတော် ပြန်မလွှတ်မချင်း ဒီစ ခန်းက မပြန်ပါဟု သစ္စာဆို ခဲ့ပါသည်။ ဘုရား-တရား သံဃာ၏ ဂုဏ်ကျေးဇူးကို ယုံကြည်သော သဒ္ဓါတရား ဘုရားရှင်ကို ရိုရိုသေသေ ရှိခိုးပူဇော်မိခဲ့သည်။
တပည့်တော် စောင့်ထိန်းသည့် သီလ၏ ကျေးဇူးကို လည်း ယုံကြည်သော စိတ်ဖြင့် ဘုရားရှင် ကို ပူဇော်မိပါသည်။ နောက်ရက်များမှ စ၍ တရားထိုင်ရသည် မှာ အဆင်ပြေလာ သည်ဟု သိလာပါ သည်။ တခြားသော ယောဂီများလည်း ကျွန်မလို ပြန်ချင်သည့်စိတ်တွေဖြစ်လာတိုင်း ဘယ်သော အခါမှ မပြန်ပါနှင့်၊ ကျွန်မလို ယုံကြည်သော စိတ်တွေနှင့် ကြိုးစားကြည့်ပါလို့ ပြောချင်ပါသည်။
အလင်း နိမိတ်တွေ ရလာခဲ့ ပါသည်။ ဆရာတော်က ဘုရားတွေ ဖူးခိုင်းပါသည်။ ရွှေတိဂုံစေတီ၊ ဗိုလ်တထောင်နှင့် ပဲခူးမှ ဘုရားများလည်း ပါဝင် သည်။ ကျိုက်ထီးရိုး၊ အင်းလေး ဖောင်တော်ဦး၊ ပုဂံမှ ဘုရားများလည်း ဖူးရပါသည်။ မန္တလေး မဟာမြတ် မုနိ၊ စစ်ကိုင်း၊ မုံရွာ၊ အလောင်းတော် ကဿပ ကိုယ်တော်ကြီး ကိုလည်း ဂူထဲရောက်သွားပြီး ဖူးမြော်ရပါသည်။ အိန္ဒိယ၊ နိုင်ငံရှိ ဗောဓိ ပင်နှင့် စေတီတော်ကိုလည်း ဖူးရပါသည်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလည်း တကယ့် သက်ရှိဘုရားပုံစံအတိုင်းတွေ့မြင်ရပါသည်။ အပြင်မှာ တွေ့ နေရသည့်ဘုရားတွေနှင့်မတူပါ။ မျက်နှာတော်မှာ ကြည်ညို ဖွယ်ရာအဆင်းနှင့် အလွန်ပြည့်စုံပါသည်။ ဘုရားရှင်၏ နောက်မှ ထွက်လာသော ရောင်ခြည်တော်များမှာ ရှေ့မှာ
ထိုင်နေသူများထံ အလင်းရောင်ဟပ်နေသည်ကို အံ့သြစွာ ဖူးတွေ့ရသည်။
နေ့စဉ် သီလယူသည့်အခါ နမောတဿဖြင့် (၃) ကြိမ် အမြဲရှိခိုးရ ပါသည်။ မနေ့က ရှိခိုးခိုင်းတဲ့ ဘုရားတွေပဲလို့ စိတ်ထဲ အာရုံပြုလိုက်တော့ ညှပ်ရိုး တော်ပုံစံမျိုး လေထဲမှာ မျက်စိတည့်တည့်ကို ရောက်လာသလို ထူးဆန်းစွာဖြင့် ဖူးမြော်ရပါသည်။ “ဓာတ်တော်သွားဖူးတာ မတွေ့ခဲ့ရလို့ အခုပြ တာ ဖြစ်မယ်” ဟု ဘယ်သူ့ကိုမှလည်း မပြောမိဘဲ စိတ်ထဲမှာ မှတ်ထားမိပါသည်။
တာဝတိံသာက စူဠာမဏိစေတီတော်၊ ဘုရားရှင် ၏ ဆံတော်ကို ဖူးရပါသည်။ ပင်လယ်ကသစ်ပင် နှင့် ပဏ္ဍကမ္ဗလာ မြကျောက်ဖျာ စသည်ဖြင့် ဖူးမြင်ရ ပါသည်။ သုဓမ္မာ ဇရပ်ကြီးကိုလည်း ခန့် ထည်စွာ မြင်တွေ့ရ ပါသည်။ ဝေဇယန္တာ နန်းကြီးကို လှပစွာ တွေ့မြင်ရပြီး စိန်စီသည့် နန်းတော် ကြီးပါ လားဟု အံ့အားသင့်ခဲ့ရပါသည်။ ဗြဟ္မာဘုံကိုလည်း သွားရ ပါသည်။ ဘုရားရှင်၏ ဝတ်လဲ တော်၊ အင်္ကျီ၊ ဖိနပ်တော်၊ သံလျှက်တော်၊ ပုဆိုးတို့ကိုလည်း ဖူးရပါသည်။
နဂါးပြည်သို့ရောက်သောအခါ နဂါးများရေကူး နေကြသည်ကို တွေ့မြင်ရသည်။ “နဂါးကိုမြင်ချင် တယ်” လို့ဆုတောင်းမိသောအခါ နဂါး တစ်ကောင် လှည့်လာပြီး မျက်စိမှ အလင်းတန်းလေး နှင့် ကြည့်တာကို အသဲယားစရာ တွေ့ရပါသည်။ ငရဲပြည်တွင် အဇာတသတ် မင်းကြီးကို တွေ့ရရပါ သည်။ ထူးဆန်းပါသည်။ ကျွန်မတစ်ခါမှ မတွေ့ ဘူးပဲနှင့် သူ့ကို မြင်သည်နှင့် တန်းသိနေသည်။
ခြေထောက် နှင့် လက်တွေသံချိတ်နှင့်ဆွဲထားပြီး သံဇကာလို ခံထားသည့် အောက်မှာ မီးပုံအကြီး ကြီးတွေ့ရပါသည်။ လူပုံပိန်ပိန်ပါးပါး နှင့် သူ့ကိုကြည့်ပြီး မျက်ရည်လည်မိပါသည်။ “ဘုရားရှင်
တောင်ကယ်လို့မရတာ ကိုယ်ဘာမှ မတတ်နိုင်ပါလား”ဟု ဖြေသိမ့်ရသည်။
မြောက်ကျွန်းကိုလည်း ရောက်သွားပါသည်။ ပင်စည်အကြီးကြီး အရွက်တွေဝေဆာနေသည့် အပင် တစ်ပင်ကို တွေ့မြင်ရပါသည်။ အပင်၌ ဘာအသီးမှ မတွေ့ ပါ။
လှီးစား ဖြတ်စား လုပ်တော့ အပေါ်ပိုင်း ဖြတ်ပြီး အလယ်ပိုင်းရောက်၊ အပေါ်ပျောက်၊ အောက်ပါ ဒီအတိုင်း ပျောက်သွားတာ တွေ့ရ သည်။ နောက်တစ်ခါ တစ်ကိုယ်လုံး ပျောက်သွား သည်ကို တွေ့ မြင်ရပြီး အရိုးစုကြီးအဖြစ် မြင်တွေ့ရသည်။ ဦးခေါင်းပိုင်းမှ စတင်ပြီး တစ်ကိုယ်လုံး ပျောက်ပျက် ကြေမွသွားသည်ကို မြင်ရသည်။ ဝိပဿနာပိုင်း ကျပြန်တော့လည်း ကိုယ်တိုင် အရိုးစုအဖြစ်နှင့် ဘယ်သူ ဘယ်လောက်လှလှ တွေ့မြင်သမျှ အရိုးစုအဖြစ် ပြောင်း သွားသည်ကိုပဲ မြင်နေရသည်။
ကိုယ့် ခန္ဓာကိုယ်ကြီး သေဆုံး တာမြင်နေရပြီး ဆိတ်ကလီစာပုံစံ အသဲ၊ အူတွေ ဆွဲထုတ် သည်ကို တွေ့နေ ရသည်။ လူတွေတင် မဟုတ် အိမ်တွေ၊ ကားတွေ၊ မီးလောင် ပျက်စီးနေကြ တာကို မြင် တွေ့ရတော့ ကိုယ်ပိုင်မယ်လို့ တွက်ထားသည့်အရာတွေ အပိုင်တာကို တွေ့နေရသည်။
ဒီရုပ်နှင့် ဒီနာမ်ပိုင်ဆိုင်ကြသူ တိုင်း ဒီအတိုင်း ပျက်စီးကြ ရမည်။ မမြဲဘူးဆိုသည် ကို သေသေ ချာ ချာ သိလာပါသည်။ “ခြေလှမ်းတွေ ဘယ်လောက် လှမ်းလှမ်း ရှေ့ကလှမ်းသည့် အလှမ်းက ပျက် စီးသွား တယ်များ ပေါ်လာ ပါသည်။ နောက်က လိုက်လာတဲ့ ခြေလှမ်းလေးလည်း ပျက်စီးဖို့ အ တွက် လှမ်းနေတာပဲ” ဟု သဘောပေါက် မိသည်။ နောက် တစ်ခါ ပြုပြင်သည်လို့ စိတ်ကို ရင်ဝ၌ ထားပြီး ရှုမှတ်သည့် အခါတွင်လည်း ဘဝ(၅)ခု ပေါ်လာသည်ကို တွေ့ရသည်။
အသက်(၅၀)ခန့်လူတစ်ယောက်အသွင်၊ မြွေ၊ ဆင်၊ ကျားသစ်၊ လူငယ်တစ်ယောက်အသွင်နှင့် တွေ့ ရပါ သည်။ ဆင်ဘဝကို တွေ့ရသည့် အခါ စိတ်မကောင်း ဖြစ်ခဲ့ပါ သည်။ သစ်လုံးတွေ ကို ဆွဲနေရ ပြီး လူတွေကအပေါ်မှ ချွန်းတစ်ခုနှင့် ခိုင်းစေကြပါသည်။ အတိတ်အကြောင်း တရားတွေကြောင့် ဒီခန္ဓာရသည်။ ကိုယ်လိုချင်လို့ တောင်းခဲ့ သည့် ခန္ဓာအတွက် တရားအားထုတ်သည့်အခါရောက်မှ
နောင်တရမိသည်။
တစ်ခုခုလှူလိုက်တိုင်း ဆုတွေ တောင်းမိ သည်။ ကိုယ်တိုင်လည်း ဒုက္ခတောင်းခံမိပြီဆိုတာ သိလာ ရ သည်။ တရားထိုင်သည့်အခါတွင်လည်း “လိုချင်လို့တောင်းခဲ့ တာ ဒီလောက်တော့ ခံလိုက်ဦး” ဟု နာကျင်သည့်အခါ တိုင်း၊ ဝေဒနာခံစားရတိုင်း စိတ်ထဲမှာပြောနေမိသည်။ တရားထိုင်နေရင် လည်း ဖြစ်လိုက် ပျက်လိုက် နေ့တိုင်းတွေ့နေရသည်။ ကိုယ်တိုင်က အလှအပတွေ မက်မောခဲ့လို့ လား အသိ၊ ကိုယ်ကကြည့်လိုက် ရုပ်ပျက် ဆင်းပျက် ဖြစ်သွားလိုက်၊ ကိုင်ကြည့်လိုက်ရင်လည်း ပျက်စီးသွားလိုက်နဲ့ အထင်ကြီး စရာမရှိသည်ကို တွေ့ရသည်။
တရားတော်က သံဝေဂတွေ ပေးနေပြီဆိုသည်ကို သိလိုက် ပါသည်။ ဆရာတော်တွေ ဟောနေတဲ့ နိဗ္ဗာန်ဆို သည်မှာ ဤဒုက္ခများ လွတ်တဲ့ နေရာကို ပြောတာဆိုတာ သဘော ပေါက်ခဲ့ ပါသည်။ ထို့ ကြောင့် ကျွန်မပြောချင်သည် မှာ ဤစခန်းကို အမြန်ဆုံးဝင်၍ တရားအားထုတ်ပါဟု ဆိုသည်ပင် ဖြစ်သည်။ သေခြင်းတရားက ရက်ချိန်းမရှိပါ။ ဤတရားအားမထုတ်ထားရင် အပါယ်လေးပါးစာ မိသွားနိုင် ပါသည်။
လူတွေ အားလုံးက သေရမည့် ဘေးကို ကြိုမတွေး ကြ။ မသေဘဲ တစ်သက်လုံး နေရမယ် ထင်နေ ကြသည်။ အပျော်အပါးများကို မက်မောနေကြသည်။ မသိသေး၍ ပျော်တာ။ ဆရာတော်နှင့်တွေ့ ၍ ကျွန်မလည်း တရား အသိများလာခဲ့ ပါသည်။ ဆရာတော်၏ ကျေးဇူးတွေကို မမေ့ပါ။ တရား ထိုင်လျှင်လည်း ဘုရားနှင့် ဆရာတော်ကို ခန္ဓာအပ်နှင်းပြီးမှတရားထိုင်ပါသည်။ ရရှိလာသည့် တ ရားတော်များကိုလည်း ဆရာသခင်များနှင့် ဘုရား- တရား သံဃာတို့ကို ပူဇော်ပါသည်။ ဆရာ တော် ကျန်းမာ၊ ချမ်းသာ အဆင်ပြေပါစေ ဟုလည်း ဆုတောင်း ပါသည်။
ဝေယျာဝစ္စ အဖွဲ့ သားများ အားလုံးကိုလည်း အထူးကျေးဇူး တင်မိပါသည်။ အစစ အရာရာ ကူ ညီပေးခဲ့သည့် အ တွက် ပုဇွန်ထောင်စျေးမှ ဦးမျိုးညွှန့်နှင့်ဇနီး၊ ဒေါ်စမ်းစမ်းအေး၊ မသင်းဝေလှိုင်၊ သူတို့ အစပြု၍ သိလာခဲ့ ရခြင်း ဖြစ်သည်။ အစ်မဖြစ်သူ ဒေါ်စောမြင့်မှ ရိပ်သာမှာ အလှူရှင်တွေ သဒ္ဓါတက်လာ အောင် ပြောပေးလို့ အထူးကျေးဇူးတင်ပါသည်။ ဦးမြတ်သူရ+ဒေါ်မီးမီး၊ ကျောင်း ဆောင် အလှူရှင်တို့နှင့် ပုဇွန်ထောင်စျေးမှ အလှူရှင်များအားလုံး အထူးပင် ကျေးဇူးတင်ပါသည်။
နောက်လတွေမှာလည်း ခုလို ပျော်ပျော် ပါးပါး ဒီ့ထက်မကလာ လှူနိုင်ပါစေဟု ဆုတောင်းပေးပါ သည်။ တရား စခန်းကို လည်း လာဝင်နိုင် ပါစေလို့ မျှော်လင့်မိ ပါသည်။ အနိစ္စ-မမြဲခြင်း၊ ဒုက္ခ-ဆင်းရဲခြင်း၊ အနတ္တ- မပိုင်ဘူးဆိုတာ မြင်နိုင်ပါစေလို့ ဆုတောင်းလျက်……..
ဒေါ်လှလှထွေး
ဗိုလ်ထွန်းဇံရပ်ကွက်(ပုဇွန်ထောင်စျေး) ဒေါပုံမြို့နယ်၊
၂၅-၂-၂၀၁၂