အန်တီ ခိုင်ဇင်သက် ၏ Facebook ပေါ်မှ စာစုများ
သည်နေ့က တရားစခန်းဝင်တာ တစ်နှစ်တိတိမို့ ရေးချင်တာလေးတွေ ရေးပါရစေလား။ တရား စခန်းမှာက ပုံစံဖြည့်တဲ့အခါ အသက်ဖြည့် ရပါတယ်။စက်တင်ဘာ ကမှ ၆ဝပြည့်တာပါ။ သည် တော့ လွယ်လွယ်၆ဝပဲ ဖြည့်လိုက်ရော။ရိပ်သာမှာကဓမ္မာရုံကြီးထဲတရားသွားထိုင်ချိန် ယောဂီ တွေက အသက်အလိုက်တန်းစီရပါတယ်။ ကျွန်မရှေ့က ကပ်လျှက် သန်းသန်း။သန်းသန်းရှေ့က မမိုးပါ။ပထမတော့ စိမ်းနေရော။နောက်တော့ ရင်းနှီးလာမှ သန်းသန်းက စက်တင်ဘာလ ကုန် မွေးတာပါ။ကျွန်မက စက်တင်ဘာလဆန်း။သူက…