အရွှေ နဲ့ ကျွန်မ ဗောဓိအေးငြိမ်း ရိပ်သာရောက် မှခင်မင်ခဲ့ တာပါ။သူ့ကို ကျွန်မသဘော ကျတာမို့ နာ မည် မေး တော့ ဒေါ်ကျင် ရွှေ တဲ့ အ သက် က ၆၀ တဲ့။ ဘု ရား ရေ=====အရွှေ က ကျွန် မ နဲ့ အသက် တူတူ ပါလား။ အသက်က သာတူတာ အ သွက် က တော့ ဆီ နဲ့ ရေ။ မ နက် ၃နာ ရီခွဲ ဆို ယောဂီ တို့ ယော ဂီ တို့. တ ရား မှတ် ရတော့ မယ် လိုက် အော် တဲ့ အရွှေ။ ယောဂီ တွေ အသက် လိုက် တန်း စီတဲ့ အ ခါ ယော ဂီ ဦး ရေ ပြည့် မ ပြည့် စစ် တတ် တဲ့ အ ရွှေ။ တ ရား မှတ် နေ တုံး ယော ဂီလိုတယ်ဆို လိုက်ရှာ ပေးတဲ့ အရွှေ။ ဘုန်းဘုန်း စံကျောင်းနား မြက်ရိုင်းတွေ ထိုင်နှုတ် နေ တတ်တဲ့ အရွှေ။ ခင်မင် သွားတော့ ပုဇွန်တောင် စျေးမှာရှိတဲ့ အရွှေတို့ဆိုင်ကို စျေးသွား ရင် အမြဲ ဝင်တတ်ခဲ့ ပါတယ်။ မေမေ မရှိဘူး ဆိုရင် ဝယ်စရာလေးတွေ ဝယ်အားပေး မိသလို အရွှေ ရှိ ရင် စကား တွေ ထိုင် ပြောမိကြပါတယ်။ ပြောမိတာက. တရား စကား တွေပါ။ ဒီနေ့လည်း သင်တန်း အပြန် ပုဇွန် တောင် စျေးဝင်ပြီး ရိပ်သာ ယူမယ့် ဆေးတွေ ပစ္စည်း တွေ ဝယ်ပြီး အရွှေ့ ဆိုင် ဝင်ခဲ့ ပါတယ်။ အရွှေက ကျွန်မထက် တစ်လလောက် ငယ်ပြီး သွက်လက်ဖျတ်လတ်လွန်းတာကတော့ ဆယ်နှစ်ငယ်တဲ့အတိုင်းပါ။ကျွန်မတို့ပြောမိကြတာက မြေဇင်းတရားတွေပါပဲ။အရွှေက. ၁၃ကြိမ် ၄၅ရက် ၁၄ကြိမ် ၄၅ရက် ဆက်တိုက်ဝင်ခဲ့တာပါတဲ့။
အစ်မ ရယ် အစ်မ တို့ အခု အချိန် ဝင်ကြ တာအစစ အဆင်ပြေ နေပါ ပြီ။ ကျွန်မ တို့ တုံးက ခုလို ဆွမ်းစား ဆောင်တွေ ဓမ္မာရုံ ကြီး တပါး ကျောင်းဆောင် ကောင်းကောင်း တွေ မရှိ သေး ပါ ဘူး။ ပြီး တော့ ၂လလုံး ဝင်ရတာ ရက်၆၀ စခန်းပေါ့။ ရွှံ့တွေ ရေတွေ နဲ့ မြေပေါ် မှာ တာလပတ်ခင်း အ ပေါ်က ဖျာခင်း တရား မှတ်ပြီး ရင် လုံချည်မှာ ရေ တွေ စိုနေ ရော။ ကျွန်မ ဆို နိမိတ် ကြောင့် မြင် တာ တွေ လဲမ သိ။ ထူးထူး ဆန်းဆန်း တွေ မြင် ရင် ကြောက် ရော။ ပြန် ချင် တယ် ဆို ဘုန်းဘုန်း ကပြန် မလွှှတ်။ ငို လိုက် ရတာ။ ငိုတဲ့ ကြားက တရားတွေ တအားတက်လာလိုက်တာ။၃၁ဘုံမှာ ကြောက် စရာတွေ ပဲမြင်နေတာ။ အခုအချိန်က အစစအဆင် ပြေနေ ပြီတဲ့။ ဟုတ် ပါတယ်။ တစ် ပါးကျောင်းလေးက ရေမီးအလျှံပယ်။ဘိုထိုင်အိမ်သာ အိပ်စရာကကုတင်။ဆွမ်းကလည်း လိုက်ပွဲ အဆက် မပြတ် ဖြည့်ပြီး အရ သာက ရှိကော်ဖီ မုန့် သစ်သီး အစစလို တာမရှိ။ ဒီလောက် အဆင် ပြေ နေတာ ၄၅ ရက် နဲ့ သည် တစ်သက် နဲ့။ သွားရမယ် မဟုတ် လား။ မေတ္တာပို့ နေတဲ့ အစ်မ က အသက်ရှည်မှာပါတဲ့ ကျွန်မက မသေခင်တရားရချင်တာပြောမိတော့အဲ့လိုပြောပါတယ်။
ကျွန်မ က. ရှေ့ရေးကို ယတိပြတ် အကွက် ချနေပြီး ပါပြီ။ ၄၅ရက် တရား ဝင် လို့ သေမယ့် နေ့နီး နေပြီ တွေ့ရင် တရား အလုပ်ပဲ လုပ် တော့ မယ်။ ဆယ်နှစ် လောက် ကျန် ရင်တော့ လှူ စရာ ပိုက် ဆံရှာ ဦးမယ် လို့ပေါ့။ အဲ့လို လေး ပြတ်ပြတ် သားသား ဆုံးဖြတ် ထားပါပြီ။ ခုရက် တော့ ရိပ်သာ ရိပ်သာ နဲ့. ပစ္စည်း တွေ ဝယ်လိုက် သိမ်း လိုက်။ ဝတ္ထု ရေး ဖို့. ဗေဒင် တွေရေး ဖို့ က ခုချိန် အကုန် ပစ်ထား လိုက်ပါ ပြီ။ ဘဝ မှာ ခိုင်ဇင်သက် ဆိုတဲ့ ကလောင် နာ မည်နဲ့ ရေး သမျှ စာအုပ် တွေ မှာ မသေခင် ကျွန်မရဲ့ မြေဇင်း တရားများကို ဦးညွှတ် ကန်တော့သော စာတအုပ်ကို ၄၅ရက် ပြန်လာ ရင်ရေး ပါမယ်။ ရေးခဲ့ပြီး သောစာအုပ် တွေထက် ကျွန်မကို ပီတိများစွာ ပေးမယ့် စာအုပ် ဆိုတာ တော့ အပီ အပြင် ယုံကြည် နေမိပါ တော့တယ်။ အရွှေတို့လို ဓမ္မ ညီအစ်မတွေနဲ့ ခင်မင် ခွင့် ရပြီး ကျွန်မ အတွက် တော့ တရား ထူး တွေတွေ့ ခဲ့ရ သော ဗောဓိ အေးငြိမ်းဆီ ၄၅ ရက် ပြီး ၄၅ ရက် သာသွားဖို့ အားခဲရတော့မှာပါပဲ။
အန်တီ ခိုင်ဇင်သက် (Facebook မှ ကူးယူ ဖော်ပြ ပါသည်။)