ဝရံတာလေးမှာရပ်ရင်း တိပ်ဆိပ်ငြိမ်သက်သောညမှာ ကြယ်တွေကို ကြည့်ရတာ ကျွန်မသဘောကျပါတယ်။အာသာဝတီ။ဘရဏီ။ကြတ္တိကာ။ရောဟဏီ။အဒြ ရယ်လို့ နက္ခတ်၂၇ လုံးကိုနှစ်သက်စွာ ကြယ်တွေကြည့် ရင်းရွတ်ခဲ့ဘူးပါရဲ့။အဲ့သည် ကြယ်တွေထဲမှာ ဓူဝံကြယ်ကိုပဲ ကျွန်မသိပါတယ်။လိပ်ကြယ်။မောင်ရင်ဆိုင်းထမ်း။တံငါကြယ်ဆိုတာအခေါ်အဝေါ်တွေကြားဘူးပြီး မောင်ရင်ဆိုင်းထမ်းကိုသာ ဖေဖေပြလို့မှတ်မိနေတာပါ။ဒါပေမယ့် ကောင်းကင်ပေါ်မှာ ကြည့် ပြီး ကျွန်မအနှစ်သက်ဆုံးကတော့ ဓူဝံကြယ်ပါပဲ။
ဓူဝံကြယ်ကို ဘာလို့ကြိုက် မိတာ လည်းဆို တစ်ချိန်က သဲကန္တာရတွေ ထဲခရီးသွား ကြရင် လမ်းမပျောက်အောင် ဓူဝံကြယ်ကို ကြည့်ပြီး သွားကြတာ တဲ့လား။ ဓူဝံ ကြယ်က တခြား ကြယ်တွေထက်လည်း ပိုလင်းတာ မဟုတ်လား။တခါ တခါဆို မည်းမှောင် နေတဲ့ကောင်း ကင်မှာ လင်းလက် နေတဲ့ ဓူဝံကြယ် တစ်လုံး ကိုသာ မြင်ရ တဲ့အခါ တွေလည်း ရှိတာ ပေါ့။ ကျွန်မ စိတ်မှာ လမ်းပြ ပေးတတ်တဲ့ ဓူဝံ ကြယ်ကို အင်မတန် သဘော ကျခဲ့ တာ ပါ။ ခု အသက် အရွယ် ရောက်တော့ ထား ရစ်ခဲ့ ရမယ့် အရာ တွေထက် ယူသွားမယ့်အ ရာတွေက ပိုအရေးကြီး ကြောင်းသိ လာခဲ့ပါတယ်။သည်တော့ အိုဘယ့် ခရီး သည်။နေဝင်တော့ မယ်ဆိုတဲ့ အသံနဲ့ အတူ ကုသိုလ်၊ အကု သိုလ်ထုတ် လေးပြန် စစ်နေ ရဆဲ။ မိဘ အပေါ် ဝတ္တရား ကျေ ခဲ့ပြီ လား။အများကြီးကျေခဲ့ပါတယ်။ဒါတောင် သည်ထက်ပိုကျေနိုင်ခဲ့ပါ လျှက်ဆိုတဲ့အတွေး စအချိူ့ ရှိဆဲ။ သားသမီးအပေါ် ဝတ္တရားကျေခဲ့ပြီလား။ အများကြီး ကျေခဲ့ပါသော်လည်း။ မောင်နှမတွေ အပေါ်။အများကြီးကျေခဲ့ပါသော်လည်း။ဆွေမျိူးတွေအပေါ်။အများကြီးကျေခဲ့ပါသော်လည်း။
ကိုယိ့ အတွက်ပို စဉ်းစား ခဲ့တာတွေ ကိုပြန်မြင် ယောင်လာ မိပါ တယ်။ သူတို့ ကို ငါသည် ထက်ပိုလုပ်ပေးနိုင် ခဲ့ပါတယ်။ဒါပေမယ့် လို့နောင် တမရှိသော်လည်း အားမလို အားမရ တွေရှိပါ တယ်။ခုချိန် အတ္တဆိုတာ ကွာကျလို့ အနတ္တ ကိုမျက်ဝါး ထင်ထင်မြင်သော အခါမှာ ၉၀ ရာနှုန်းမျှသာဝတ္တရားကျေခဲ့တာပါလား။၁ဝဝရာနှုန်းထိပေးနိုင်ပါလျှက် ကိုယ့်အတွက် ချန်ခဲ့သော ၁ဝရာနှူံးအတွက် စိတ်မကောင်းဖြစ်ရ သလိုပါ။ တစ်နေ့ကတော့ ချစ်တဲ့တူမလေး တစ်ယောက်က အန်တီနေကောင်းအောင်နေပါ။သမီးတို့အတွက် လမ်းပြပေးနေတာမို့ပါတဲ့။
သူ့စကားလုံးလေး ကိုဖတ်ရတော့ ပြုံးရ ပါတယ်။ ကျွန်မကို မသေနဲ့ဦး လို့မရေးရက် လို့သာ။ ပြီး တော့ လမ်းပြပေးနေလို့ဆိုတော့ ကျွန်မအလွန်နှစ်သက်သော လမ်းပြကြယ်ကိုသတိရမိပါတယ်။ ကျွန်မက သဲကန္တာရမှာ လမ်းပြပေး သော ဓူဝံကြယ်လို လမ်းပြကြယ် တစ်ပွင့်ဖြစ် နိုင်ခဲ့ပြီလား။အများကြီးလိုအပ်ဦးမှာပါ။ဒါပေမယ့် ချစ်တဲ့ တူ တူမလေးတွေကို ကျွန်မဖြတ် သန်း ခဲ့ရတဲ့ နှစ်၃၀ အတွေ့ အကြုံတွေလည်း ရေးပေး ချငိ ပါသေး တယ်။ ကျင့်စဉ် ပေါင်းများစွာ ကို လည်းဝေမျှချင်ပါသေးတယ်။ခုချိန်တော့ ကျွန်မကဝိပဿနာတရားတွေနဲ့ ကိုယ်စောင့် ကမ္မဌာန်း တွေမှာပဲနေချင်နေလေတော့ ကိုယ်ပေးနိုင်သမျှလေးတွေပဲကြိုးစားပေးနေရတာပါ။ အန်တီနေကောင်းအောင်နေပါတယ်။ဒါပေမယ့် တစ်စတစ်စတော့ ဇရာရဲ့ရိုက်နှက်မှုတွေကြား မာန်တင်းထားမိဆဲပါ။ဗျာ ဓိမနှိပ်စက်သမျှကြိုးစား စာရေးနေ ဦးမှာပါ။အန်တီ မသေပါဘူး လို့ တော့ အာမ မခံနိုင် ဘူးပေါ့ ကွယ်။ လူတစ် ယောက်ဆို တာ ကောင်းကင် ပေါ်ကို မြှောက်ပစ်လိုက်တဲ့ ခဲတစ်လုံးလိုပဲတဲ့။ကံအရှိန်ကုန်တဲ့တစ်နေ့မှာ ပြန်ကျလာတာပါပဲ။
အမှန်တော့ ဘုရင် တွေသေမှ ကံကုန် တယ်။လူ တွေကြ သေဆုံး တယ်သုံး ကြပေမယ့်။ လူတွေ လည်း ကံကုန်ရင်သေတာပဲ မဟုတ်လား။ဟိုးအရင်ကလိုတော့ သေတယ် ဆိုတာ ကိုမကြောက် တော့ပါ ဘူး။ ကံတွေ ကို ကုသိုလ် တွေနဲ့ ပြင် ဆင်တည် ဆောက်နေ သော် လည်း ဘယ် နေ့ မှာ သေဆုံး သွားမယ်မ သိ နိုင်။ ကျွန်မနေ ခဲ့ရ ချိန်မှာ ဓူဝံကြယ်လို လင်းလက် သော လမ်းပြကြယ်တစ်ပွင့်ဖြစ်ခဲ့သလား။အလင်းရောင်အနည်းငယ်ရှိသောကြယ်တစ်ပွင့်ဖြစ်ကောင်းဖြစ် မည်။ ဓူဝံကြယ် လောက်တော့ မလင်း လက် ခဲ့ပါ ဘူး။ တစ်နေ့ မှာတော့ ကြွေကျ နေသော ကြယ်တို့နှယ် ကျွန်မလည်းသေဆုံးရမှာပါ။ကြယ်ကလေးတစ်လုံးကြွေကျသွားရင် တစ်ချိူ့က ဆုတောင်းကြတာမြင်ဘူးပါတယ်။
ကျွန်မသာ ကြယ်ကလေး တစ်လုံးဖြစ်မယ် ဆို။ရှိ နေခိုက် တတ်စွမ်းသရွေ့လင်းပေးခဲ့ပါပြီ။ ကြွေ ကျ သွားခဲ့ရင် ကျွန်မအတွက်ဝမ်းမနည်းစေချင်ပါဘူး။ကောင်းကင်တိမ်တိုက်တို့အလယ်မှာ ရှိနေ ဆဲပါလို့ကြည်နူးပေးလို့ရပါတယ်။ကျွန်မအတွက်ဘယ်သူ့ကိုမှ စိတ်မကောင်းဖြစ် တာမလို လား ပါ ဘူး။ မေမေက ကျွန်မကို မေးပါ တယ်။ မေမေသေရင် သမီးငိုမလားတဲ့။ နည်း နည်းတော့ငိုမယ်လို့ပြောမိပါတယ်။လူတစ်ယောက်သေပြီဆို ဘယ်လောက်ချစ်ချစ် လိုက်မသေ နိုင်ပါဘူး။အသုဘချတဲ့နေ့ငိုရမယ်။ရက်လည်ရင်ငိုမယ်။လလဲဆွမ်းသွပ်ရင်ငိုမယ်။တစ်နှစ်လောက်အတွင်းဘယ်နှစ်ခါလွမ်းမလဲ။ငိုမလဲ။ကျွန်မညီမလေးကင်ဆာဖြစ်တော့ ကျွန်မအား ပေးလိုက် ပါ တယ်။ ဘယ်သူ့ မှမ ပူနဲ့။ ကိုယ့်ကိုယ် ကိုပူ။ ယူနိုင်မှာတွေ အကုန်လုပ်။ နင်သေရင် ရက်လည် လောက်ပဲပြောတော့ မေမေက သမီးရယ် ရောဂါကြောင့်ဝမ်းနည်းနေသူကို ဘယ်လိုတွေ ပြော နေတာလဲတဲ့။
ကျွန်မ ပြောတာ မဟုတ် လို့လား။ အခု သူသေသွားတာ ၁၄နှစ်။ သူ့ ယောက်ကျား။ သူ့သား။သူ့သမီး။သူတို့ဖာသာနေနေတာပဲ။တခါတရံတော့သတိရမယ်၊လွမ်းလှပါချည်ရဲ့မငိုတော့ပါဘူး။ ကျွန်မ ကတော့ သူ့ကို တရက် ဝိပဿနာ စခန်းတွေ လိုက်ပို့ပေး ခဲ့တယ်။ ယူနိုင် သမျှ ပါ အောင်လုပ် ပေးခဲ့ပြီ။ ကျွန်မ သေသွား ခဲ့ရင်ဘယ်သူ ငိုမလဲ။ ငိုသူမ ရှိလေ ကောင်းလေမို့ ကျွန်မက ပျော်ပါ တယ်။ ကျွန်မမှာ သားတ ယောက်ရှိပြီး ယောက်ကျား လေးမို့ အနည်းငယ် စိတ်မကောင်း ယုံပါ။ကျွန်မအတွက် တရားတွေ ယူသွားပြီ ပဲလို့ သူတို့ အေးချမ်းစွာ ကျန်ရစ်ခဲ့ကြမှာပါပဲ။ဖေဖေဆုံးတော့ငိုသူတွေအများကြီးဆူညံပွက်လောရိုက်နေတာပါပဲ။
တာဝန်ကျေခဲ့ပြီမို့ ကျွန်မမျက်ရည်မကျလို့သင်္ချိူင်းမှာကိုအပြောခံခဲရပါတယ်။ မေမေဆုံးတော့ ဂတိကောင်းသေချာလို့ အရမ်းမငိုမိတော့ပါဘူး။အဲ့လိုပါပဲ ကျွန်မသေရင် ဘယ်သူ့မှ မငိုစေချင် သလိုငိုမယ့်သူလည်း တစ်ယောက်မရှိတာသိသိ နဲ့ဒါကိုပင်ကျေနပ်နေ မိပါတယ်။ ရှိနေစဉ်မှာ သေးငယ်သော အလင်းမှိန်မှိန်ပေးနိုင်ခဲ့သည်ဖြစ်စေ ကြွေကျပြီးလျှင် လည်းအလင်း ပေးခွင့်ပြုခဲ့သော ကမ္ဘာကြီးကို ကျေးဇူးတင်နေမိဦးမှာပါ။
ဒေါ်ခိုင်ဇင်သက်