Spread the love

Before and After

မောင်းထောင်မြေဇင်း တရား စခန်း တစ်လတာ ပြီးသွား တဲ့အခါ ဘာတွေ ပြောင်းလဲ သွားလဲ ဆိုတဲ့ Section လေးမှာ မျှဝေဖို့ ရေးထားတဲ့ စာလေး ပါရှင်။ နှုတ်နဲ့ တော့ မပြော ခဲ့ပေမဲ့ စာ သားလေး နဲ့ မျှဝေ ခွင့်ပြု ပါရှင့်။တရား စခန်း စမဝင် မီ အပတ်စဥ် ၄ ရဲ့ နောက်ဆုံး တစ် ချိန်ကို ဝင် ရောက်နာ ယူဖြစ်ခဲ့ ပါတယ်။ တရား အားထုတ် တယ်ဆိုတာ လောဘ နည်းသွား ဖို့၊ ဒေါသ နည်း သွားဖို့၊ မောဟ နည်းသွားဖို့ အဓိ ကရည်ရွယ် တယ်။ တရား အားထုတ်ပြီး လောဘ ဘယ် လောက် နည်းသွား လဲ၊ ဒေါသ ဘယ်လောက် ပါးသွား လဲ၊ မောဟ ဘယ်လောက် လျော့သွား လဲ ဆိုတဲ့ ပေတံ နဲ့တိုင်း တာရမှာ ပါ လို့ ဆရာတော် မိန့်ခဲ့တာ လေး နာယူ လိုက်ရ တာနဲ့ တင် တရား စခန်း စာရင်း ပေးလိုက်မိ တာ မှန်လိုက် တာဆိုပြီး ကျေနပ် ပီတိ ခံစားရ ကာ အပတ်စဥ် ၅ (၈.၉.၂၀၂၀-၇.၁၀.၂၀၂၀)မှာ တရား စခန်း ဝင်ခဲ့ ပါတယ်။

🌸ကိုယ်စောင့် ကမ္မဌာန်းတွေ မပွားခင် ကဗုဒ္ဓါနုဿတိ ပွားတဲ့ အခါ ဂုဏ်တော် တစ်ပါး စီရဲ့ အ နက် အဓိပ္ပာယ် ကို ဆင်ခြင် ပြီး ပွားများ ခဲ့တာ နှစ် အတော်ကြာ ပါပြီ။ မြတ်စွာ ဘုရားရဲ့ ကျေးဇူး ဂုဏ်ကို ကြည်ညို လွန်းလို့ သက်တော် ထင်ရှား မြတ်စွာ ဘုရားလို့ မှတ်ယူ ကာ ဒါန ကုသိုလ်များ ပြုခဲ့ တာလည်း ကြာပါ ပြီ။ဘုရားဖူး မယ်ဆိုပြီး အာရုံတော့ တစ်ခါမှ မပြု ခဲ့ဖူး ပါ။ စိတ်မ လွှတ် ခဲ့ဖူး ပါ။ 🌼အခု မောင်းထောင်မြေဇင်းနည်း ဖြင့် ဗုဒ္ဓါနုဿတိပွား တဲ့အခါ မြတ်စွာ ဘုရား ရဲ့ ပုံ တော်ကို အာရုံ ယူပြီး ပွားချိန် အရမ်းဖူး ချင်တဲ့ ရွှေတိဂုံ ဘုရား မှ ပတ္တမြား မျက်ရှင် ဘုရားကို အာရုံပြုကာ ဖူးလို့ရမှန်းသိရလို့ အလွန်ပီတိဖြစ်ရပါတယ်။

မောင်းထောင်မြေဇင်း တောရကျောင်းကို တစ်ခါမှ မရောက် ဖူးပါ။ ငမိုးရိပ် စေတီတော် ကို စိတ် မှန်းနဲ့ ဖူးခဲ့ရ ပြီး မနေ့က စေတီတော် ပုံတော်ဖူး တွေ့ခဲ့ ရတာ ၇၀% တူလို့ အံ့သြ ပီတိ ဖြစ်ရ ပါ တယ်။ သဒ္ဓါတရား၊သတိတရား၊ မေတ္တာတရားတို့ နဲ့ခြံရံ ထားတဲ့ အပြည်ပြည်ဆိုင်ရာ ဗောဓိငြိမ်း အေးရိပ်သာ မြေဇင်း တောရကျောင်း ဆီသို့ စိတ်ညွတ် ဦးခိုက် စဥ်မှာပင် အေးချမ်း လှပါတယ်။🌸အရင်က စိတ်ညစ် စရာရှိရင် ဖြစ်ကြော ရှည်တယ်။ တွေးနေ တတ်တယ်။🌼အခုတော့ အဲ့ ဒီ အတွေးတွေ နေရာမှာ ကိုယ်စောင့် ကမ္မဌာန်းတွေ ဖြစ်တဲ့ ဗုဒ္ဓါနုဿတိ၊ မေတ္တာကမ္မဌာန်း၊ အသု ဘကမ္မဌာန်း၊ မရဏာနုဿတိတွေ ပွားများ တယ်။🌸အရင်က အိမ်မှာ အချိန်ကြာ ကြာတရား မ ထိုင် ဖြစ်ခဲ့ ပါဘူး။ 🌼အခုတော့ အချိန် မရရ အောင် အချိန် ပေးပြီး ထိုင်ဖြစ် လာတယ်။ အလုပ် လုပ်ရင်း လည်း ၅ မိနစ်လေးပဲ ရရ ဝါယူဝါ မှတ် မှတ်လိုက် တယ်။ အချိန် ရရင် ဘုရား တွေဖူး တယ်။ အသက်နှင့် ခန္ဓာ အထင် အရှားရှိသော ၃၁ ဘုံဝေနေယျတွေကို စက်ဝိုင်း လေးထဲ ထည့် ပြီး မိမိသည် ဘေးရန် ကင်းရပါ လို၏ ချမ်းသာရ ပါလို၏ မိမိ စိတ်ချမ်းသာ ဘေးရန် ကင်း သလို သတ္တဝါများ ချမ်းသာ ကြပါစေ လို့ မေတ္တာ ပို့ အမျှဝေ လိုက်တယ်။

🌸အရင်က အသုဘကမ္မဌာန်းနဲ့ မရဏာနုဿတိ ပွားဖို့ ကြောက်ခဲ့ မိတယ်။ သေနေတဲ့ ကိုယ့်ပုံကို အပြင်လူ တစ်ယောက် အနေနဲ့ ကြည့်နေမိတာ ပထမဆုံး ပါ။🌼အခုတော့ နေ့စဥ်နဲ့ နေစဥ်မှာရော ပွားနေ မိလို့ ကြောက်စိတ် လျော့နည်း သွားရသလို သေခြင်း တရားကို ရင်ဆိုင်ဖို့ အားတစ် ခု ရ သလို ခံစားရ ပါတယ်။🌸အရင်က တရားထိုင်ရ မှာ ပျင်းသလို ခံစားရ တယ်။ 🌼 အခု တော့ တရား မှတ်ရတာ ကို ပျော်နေ တာ။ အဆင့်ဆင့် စနစ်တကျလေး မှတ်နေမိတာကို ကိုယ့်ကိုယ်ကို သဘောကျ နေမိတာ။ ပရိကံ ယူတယ်။ ဝါယူဝါမှတ် မှတ်တယ်။

ကိုယ့်စောင့် ကမ္မဌာန်းတွေ ပွားများပြီး အာနာပါန၊ ဝိပဿနာဥာဏ်စဥ် အဆင့်ဆင့် မှတ် စသည် ဖြင့် ဆရာတော် မိန့်မှာ တဲ့အတိုင်း မှတ်နေ တာနဲ့တင် ငြိမ်းအေး နေပါပြီ။ တရားမှတ် ပြီးတိုင်း၊ ဘုရားဖူး ပြီးတိုင်း ကိုယ်ပြု ခဲ့တဲ့ ကုသိုလ် ကောင်းမှုတွေ ကို အမျှဝေ၊ မေတ္တာ ပို့နေမိ တာလည်း အလေ့ အကျင့် ဖြစ်နေ ပါပြီရှင်။အတိတ် အကြောင်း တရားတွေ​ ကြောင့် ဖြစ်ပျက် နေတဲ့ သင်္ခါ ရ တရားတွေ ကို အနိစ္စလို့ ရင်ဝမှာ မှတ်ပြီး ပစ္စုပ္ပန် အကြောင်း တရားတွေ ကောင်းအောင် ရှု မှတ်ဖို့ အကောင်းဆုံး အချိန်ဟာ လက်ရှိ အချိန်ပဲလို့ တွေဝေ ခြင်းကင်းစွာ သိရှိ လိုက်ရ ပါတယ် ရှင့်။ 🌼အခု တရား စခန်းမှာ ရလိုက်တဲ့ အဖိုးမ ဖြတ်နိုင်တဲ့ နည်း စနစ်တွေ ကို သေချာ လေးစား လိုက်နာ ကျင့်ကြံ ခြင်းဖြင့် ​လောကဓံကို ကြံ့ကြံ့ ခံနိုင်ဖို့၊လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေ သာ အညစ် အကြေးတွေ လျော့နည်း သွားစေဖို့ အဓိ ကပန်းတိုင် အဖြစ် မှတ်ယူကာ ကျန်တဲ့ ဘဝ ခရီး လမ်းကို အဓိပ္ပာယ် ရှိရှိ လျှောက်လှမ်း နိုင်ပါ ရစေလို့ ဆန္ဒပြုရင်း 🙏 မောင်းထောင် မြေဇင်း တောရ ဆရာတော် ဘုရားကြီး၊🙏ဆရာတော် ဦးကေလာသ၊🙏ဆရာတော် ဦးပညာဒီပ၊🙏Admin များ၊🙏Volunteer များ၊🙏အမေး အဖြေကဏ္ဍမှ ဆရာ၊ ဆရာမများ အားလုံး ကို ကျေးဇူး တင်စွာဖြင့် ဦးတင် ရှိခိုး လိုက်ပါ တယ်ရှင်။

ဓမ္မမိတ် ဆွေများ ရဲ့ ဓမ္မစ ကားသံ မျှဝေ သံများကို လည်း သာဓုခေါ် ကာ မေတ္တာ တရား များကို လည်း ခံယူ ပါတယ် ရှင့်။ တပည့်တော် မ ပြုပြု ခဲ့သမျှ ကုသိုလ် ကောင်းမှုများ၏ အဖိို့ ဘာဂကို ထပ်တူ ထပ်မျှ ရရှိ ပါစေခြင်း ငှာ ဓမ္မမိတ် ဆွေများ ဆီသို့ မေတ္တာပို့ အမျှ ဝေပါ တယ်ရှင့်။ ထပ် တူ ထပ်မျှ ကုသိုလ် အကျိုးကို ရရှိခံ စားနိုင် ပါစေ ရှင်။ ဒီလို မေတ္တာ အဝန်း အဝိုင်း ထဲမှာ ဆုံတွေ့ ခွင့် ရရှိခဲ့ သည့် ဓမ္မမိတ် ဆွေများ အားလုံး စိတ်ချမ်း သာ၊ ကိုယ်ကျန်း မာကြ၍ သမထ၊ ဝိပဿ နာ တရားထူး တရားမြတ်များ လျင်မြန်စွာ ရရှိကြပြီး နိဗ္ဗာန်ချမ်းသာ ကို လွယ်ကူစွာ မျက်မှောက် ပြုနိုင် ကြပါစေ ရှင့်။ ဓာတ်ပုံလေး ကတော့ သားကြီး ID No.464 မောင်ကောင်းမြတ်ကျော် ၁၄ နှစ်နှင့် သားငယ်လေး ၁၀ နှစ် တို့ တရားမှတ်နေတဲ့ ပုံလေးပါရှင့်။ ကျေးဇူးတင်ပါ တယ်ရှင်။

ID No. 451 မအေးသီရိမြတ် ပါရှင်။

Leave a Reply

Your email address will not be published. Required fields are marked *