Spread the love

ဧဟိပဿိကော။ (၁)

ကျေးဇူးရှင် ဆရာတော် ဦးကေလာသ နှင့် ဆရာတော် ဦးပညာဒီဘုရားတို့အား ဦးထိပ်ထား၍ ဤစာစုကို ရေးပါရစေ။ ကျနော်၏ တရားအတွေ့ကြုံကိုshare ပေးချင်ပါတယ်။ တရားတော်၏ ထင်ရှားပုံကို သက်သေထူပေးချင်တာလည်း ပါပါတယ်။ ယောဂီသစ်များလည်း သဒ္ဓါတက် အား တွေရှိအောင်ပါ။လူသာမာန်မျှသာဖြစ်၍အမှားများပါလျှင်သည်းခံခွင့်လွှတ်ပေးကြဖို့ကိုလည်းကြိုတောင်းပန်ထား ပါရစေ။ ကျနော်သည် ကံကောင်းစွာဖြင့် ကလျာဏ မိတ်ကောင်း များ၏ ကောင်းမှုကြောင့် ဗောဓိအေးငြိမ်းရိပ်သာသို့လွန်ခဲ့သောနှစ်များစွာထဲကရောက်ဖူးခဲ့ပါတယ်။

ဒါပေမယ့် ကျနော့်မှာ ကိလေသာထူပြောလှသူ ဖြစ်၍ တရားစခန်းမဝင် ဖြစ်ခဲ့ပါ။ ကျောင်းသို့ ရောက်တိုင်း ယောဂီများအတွက်ဆေးခန်းထိုင်ပေးခြင်း လှူဒါန်းခြင်းများသာ ပြုခဲ့ ပါသည်။ 2018တွင်မှ ၄၅ရက်စခန်းဝင်ခဲ့ပါသည်။ 2020 July တွင် Online အပါတ်စဉ် ၃ စခန်း ထပ်မံ ဝင်ဖြစ်ခဲ့ပါ သည်။ တရားအပါတ်စဉ်၃၌ ဆရာတော် အရှင်ပညာဒီပမှ တရားပြသပေး ပါသည်။ Day 1 တွင် ဗုဒ္ဓါနုဿတိ Day 2 တွင် မေတ္တာကမ္မဌာန်းများပွါးများကြရပါသည်။ စိတ်၏အေး ချမ်းမှူကိုစတင် ခံစားရပါသည်။

မေတ္တာလက်နက်၏ အစွမ်းထက်ပုံကို နောက်ပိုင်း တရားအားထုတ်ရာတွင် ပိုသိ လာရပါသည်။ နောက်ပိုင်းတွင်ဖေါ်ပြပါမည်။ Day 3 တွင် မရဏာနုဿတိ အသုဘကမ္မဌာန်း များပွါးများရရာ မိမိခန္ဓာကိုယ်ကြီး ဖူးယောင် ပုပ်ပွ ရိရွဲကြပုံကို အာရုံ၌ ထင်ထင်ရှားရှားမြင်ရရာ ခန္ဓာ၏တပ်မက် စရာ မရှိပုံကို သိရပါသည်။

အရင်က မိမိမှာလောဘစရိုက် ထူပြောလှသူဖြစ်ရာ အသုဘဆို ဝေးဝေးရှောင်လေ့ ရှိခဲ့သူပါ။ အခု တော့ ရှောင်မရ လက်တွေ့ကြုံမို့ပြေးမရ ရှူရပါတော့သည်။သေခြင်းတရား၏ မိမိလက် တကမ်း ၌ ရှိနေပုံကို သတိပြုမိသည် ဖြစ်ရာ နောက်ပိုင်း လောကဓံ နှင့် ကြုံတွေ့သော အခါ ခံနိုင်ရည် Endurance & Tolerance ပိုမို၍ ရှိလာသည်ကိုသတိပြုမိပါသည်။

အခုတော့ မရဏာနုဿတိ ရော အသုဘ ကမ္မဌာန်းရော လက်မလွှတ် အမြဲ ပွါးများနေ မိပါပြီ။ Day3 မစ၍ ဝါယူဝါမှတ် စမှတ်ရပါသည်။ ၃-၄ရက်ခန့်တွင် အလင်းနိမိတ် စတင်ရလာ ပါသည်။ ဝင်လေ ထွက်လေ မှတ်ရာတွင် တွေ့ရပုံကို အနည်းငယ် တင်ပြလို ပါသည်။ မှတ်ရာတွင် ဆရာ တော်ဘုရား ခိုင်းသည့်အတိုင်း တသွေမတိမ်းမှတ် ပါသည်။ အများကြီး ဟိုဟိုဒီဒီ မစဉ်းစား ပါ။ ဆရာဝန် တဦးဖြစ်သော မိမိမှာ စာဖတ်သန်သူ ဖြစ်ပါ သည်။ သိုသော် မိမိ တရားထိုင်ရာ တွင် Theory များအားလုံး မေ့ထား ပါသည် မစဉ်းစားပါ။

ဆရာတော် မှတ်ခိုင်းသည် အတိုင်း မှတ်ပါ သည်။ အသံများ အတွေးများ နောက်သို့ လိုက်မိပါ သည်။ သိုသော် ထိုသို့ လိုက်သည်ကို သိသိချင်း နှာသီးဝ ချက်ချင်း ပြန်စွဲ ခေါ်ရပါ သည်။ ရပ်ချင် စိတ်များ ဖြစ်ပါသည်။ ဇွဲတင်း အလျော့မပေးဘဲ ကိုယ့်ကိုကို အားပေးရှေ့ဆက် ရပါသည်။ အစ ပိုင်း အခက် အခဲ ရှိသော်လည်း နောက် နှာသီးဝ၌ စိတ်နေတာ များလာကာ ထိမှူကလေး ပါ သိ လာပါ သည်။ နောက် ရက်များ၌ ထိမှူ ကလေးမှာ တိုသည် ရှည်သည်ကိုပါ သိလာ ထိုနောက် တိုသည် ရှည်သည် ကို အစအဆုံး ဖမ်းနိုင်လာ ပါသည်။ အလင်းနိမိတ်မှာ အစောပိုင်း ရက်က တဲက ရှိနေသောလည်း မိမိမှာ ဆရာတော်များ ခိုင်းသည့် အတိုင်း နိမိတ်ကိုမ ကြည့်ပါ။ ဝါရေ ဝါမှတ် ကိုသာ အားကောင်း အောင်မှတ် ပါသည်။

နှာသီးဖြား နေရာ၌ တော်တော် ကြာကြာ ငြိမ်နေပြီး ကြာကြာ ပေါ်လာသော အခါမျိုးတွင် တော့ တရံတခါ မနေနိုင်၍ ကြည့်မိပါသည်။ မိမိတွေ့ရသော အလင်းမှာ တိမ်တိုက်များကြားမှ ထွက်၍ သာနေသော နေမင်း လမင်းကြီးနှင့် တူပါသည်။ ပထမ ဖြူဖြူ Milky White color မှ စိုက် ကြည့်၍ ခဏကြာသော် အလွန်ထိန်လင်း လာပြီးလျင် Sparkling Diamond ကဲ့သို့ ကြည် တောက်လာ ပါသည်။ အလင်းကြောင့် မျက်ရည်များပင် ကြလာပါသည်။ မိမိမှာ ရိပ်သာ၌လည်း ရာရည် စခန်းဝင်ခဲ့ဘူးရာ တရားစခန်မှာ တုန်းက တရက်ဆရာတော်က နိမိတ်ကို ရှေ့ ပို့ နောက် ကြီးစေ သေးစေ လုပ်ခိုင်းဘူး ပါသည်။ ထိုသို့ ကြည်တောက်သည့် အချိန်မျိုး မဖြစ်သေးခင် ကြီး သေး လုပ်ကြည့်ရာ ကစဉ်မ ပြေပါ။ နိမိတ်ကို ကြီးစေရာတွင် ပြန့်ကားသွားပြီး ထိန်းမရ ပါ။

ကြည်တောက် နေပြီးမှ ဆရာတော်ခိုင်းသည် အတိုင်းကြီးသေး ၃ ကြိမ်ပြု ကြည့်ရာ ရခဲ့ပါသည်။ ထို့နောက် မိမိမှာ ကိုယ့်ဟာကိုယ် ထိုသို့ထပ်မ လုပ်ပါ။ Online စခန်းတို၌ ဆရာတော်တို့ ထိုသို့ မညွှန်ကြားပါက မလုပ်စေချင်ပါ။ တရားအမေးအဖြေ အချိန်တွင် ယောဂီတစ်ဦး မိမိကိုမေးဖူး၍ ယခု ထည့်ပြောပြခြင်းသာဖြစ် ပါသည်။ မိမိအနေနှင့် ဆရာတော်များခိုင်း ခိုင်းသည့်အတိုင်း လုပ် စေလို ပါသည်။ သောဝစဿ ဂုဏ်နှင့် ပြည့်စုံစေလို ပါသည်။ ရက်၂၀ခန့် ဝါယူဝါမှတ်များ ပြုပြီး သော် ဘုရားဖူး သင်ခန်းစာများ စပါတော့သည်။ ခဏနား ပါအုန်းမည်။ ဆက်၍ရေးပါမည်……..

ဧဟိပဿိကော။ (၂)

ဘုရားဖူး သင်ခန်းစာများ အကြောင်းမစခင် အရေးကြီးသည်ဟု မိမိယူဆသော အချက် အချို့ကို ပြောလို ပါသည်။ မိမိတို့ ရိပ်သာဝင်၍ အားထုတ်ခဲ့ စဉ်က တရား ထိုင်ရသည် မှာ တစ်နေ့အနည်း ဆုံး ထိုင်ချိန်မှာ တစ်နေ့ ၈ နာရီဖြစ် ပါသည်။ ဤမျှမက ထမင်းစားချိန် တွင် တရားခွေများ နာကြ ရရာ ကြားအချိန်များ ၌ပင် နှာသီးဝ၌ မှတ်နေ သင့်ကြောင်း သတိ တဖွဖွ ပေးနေသည်ကို သတိရ မိပါ သည်။ ထိုကြောင့် ယခု တစ်နေ့၂ -၃ နာရီဟု ယေဘုယျ သတ်မှတ်ထား သော်လည်း အချိန်ရ သ၍ များများနှင့် မိမိရရ ဖြစ်အောင် ကြိုးစားကြစေ လိုပါသည်။ သူများဖူးရ၍ မိမိအဆင်မပြေ ပါက ပိုကြိုးစားပါဟု တိုက်တွန်းလို ပါသည်။ စိတ်ပျက် အားလျော့ မည့်အစား ” ဝီရိယဗိုလ် “ကို ရှေ့တန်း ထားကြိုးစားကြစေချင် ပါသည်။ ထို့ပြင် ဘုရားဖူး ချိန်၌လည်း စိုးရိမ်စိတ် သံသယစိတ် များ မရှိ အောင် စိတ်လျော့၍ စိတ်အေးအေး ထားစေလို ပါသည်။ ဆရာတော်များ ညွှန်ကြားသ လို မေတ္တာ နာနာလည်းပို့ သစ္စာလည်း နာနာဆို ရပါသည်။ စိတ်ရောက်အောင်လည်း ပို့ရပါသည်။ စိတ်ပို့ပုံမှာ ဆရာတော်များမှ အသေးစိတ် သင်ပေးကြပါသည်။ အဆင်မပြေပါကလည်း တရား ကူပေးကြ သူများထံထပ်မေးပါ။လေ့ကျင့်ပါ။

မိမိ သမာဓိ ကလည်း မှီပြီ စိတ်လည်း အေးအေး နဲ့ ဖူးတယ် စိတ်လည်း ရောက်တယ် ဆို အ များ နည်း တူဖူးကြရ မှာပါ။ စိတ်ကြည် သလောက် နိမိတ်လည်း ကြည် သလို မြင်ကွင်း လည်း ကြည် ပါသည်။ ဖူး၍ အဆင်မပြေပါက ကျနော်အထက်က ပြောခဲ့သော အချက်များတွင် မိမိ ဘယ်အ ချက် အား နည်း နေသည်ကို ရှာ၍ ပြု ပြင်စေ ချင်ပါ သည်။ ဘုရားဖူး မြင်ကွင်းများ တွေ့ရ လျှင် လည်း ဟုတ်မ ဟုတ် သံသယ ဝင်တတ်ကြ ပါသည်။ကျနော်လည်း ဖြစ်ခဲ့ပါ သည်။ ကျနော် အဆို ပါ ဝိစိကိစ္ဆာ ကို ဘယ်လို ရင်ဆိုင်ခဲ့သလဲ မျှဝေပါ ရစေ။ လိုအပ်ချက်များ ရှိပါကလည်း ကျနော် ၏ အားနည်းမှု များကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါရ စေ ခင်ဗျာ။

သိပ္ပံပညာကို သင်ယူ၍ ဆရာဝန်ဖြစ်ခဲ့သော ကျနော့်တွင် Research လုပ်တတ်သော အကျင့်ရှိ ပါသည်။ Research တခု၏ သွားပုံမှာဦးစွာ Hypothesis/ Research Topic စဉ်းစားရ ပါ သည်။ထိုနောက် မိမိ၏အနုမာဏ မှန်းဆချက်Hypothesis ကိုမှန်ကြောင်း verification လုပ် ကြရ ပါသည်။ Thesis / Dissertation လုပ်ဖူးသူတိုင်းသိ ကြပါသည်။ ထိုအတိုင်းပင် ကျနော် တတ်စွမ်းနိုင် သလောက် စမ်းသပ်သက်သေ ထူကြည့်ပါသည်။ ရိပ်သာ၌ တရားစခန်း ၀င်နေစဉ် အတွင်းရိပ်သာ အတွင်းမှ ဘုရားများ စဖူးကြရ ပါသည်။ကျနော့်အခန်းမှာ နဂါးရုံဘုရား ရှေ့တည့် တည့်မှ အခန်းဖြစ်ရာ ကျနော် နဂါးရုံဘုရားကို နိမိတ်နှင့် ဖူးရာတွင် မကြည့်ဘူး သတိ မထားမိ သော အရာများဖြစ်သည့် နဂါးရုပ်ကြီး၏ နောက်ဖက် ဆေးရောင် ကြေးခွံရှိ မရှိ၊ နဂါးကိုယ် လုံး၌ အခွေ ဘယ်နှစ်ခွေ ၊ အမြီး ထိပ်ကလေးက ရှေ့မှာလား နောက်မှာ လားကြည့် ပါသည်။

ထိုင်ချိန် ပြီးသည်နှင့် ပြေးကြည့်ရာ အားလုံး မှန်ကန်သည်ကို တွေခဲ့ရ ပါသည်။ နောက်ကျနော် နည်းနည်း ဆိုးခဲ့သည်ဟု ဆိုပါ ရစေ။ ဆရာတော်များ မခိုင်းပါဘဲ ဆွမ်းစား ချိန်မတိုင်မီ ဆွမ်းစား ကျောင်းသို့ စိတ်ညွတ်၍ ဘာဟင်းနဲ့လဲ ဒီနေ့ ဟုကြည့် ပါသည်။ ဤအကြောင်းကို ဘယ်သူကိုမျှ ယခင် မပြောဘူးပါ။ ဆရာတော်များမှာ ကြောက်ရိုသေရသော ကြောင့် မ​လျှောက်ဝံ့ခဲ့ပါ။ ၃ ရက် တိုင်ကြည့်ခဲ့ရာ မယုံနိုင်အောင် မှန်ကန်နေ ပါသည်။ နောက်ရက်များမှာ တော့ ထိုသို့ မလုပ်တော့ ပါ။ နောက်တစ်ရက်၌ ရှေ့က တရားထိုင်နေသော စစ်သားဟောင်း အဘကြီး တစ်ယောက်၏ ပခုံးဆီ သို့ နိမိတ်ပို့ ကြည့်ရာ ထိုအဘ၏ ပါးပေါ်မှ အရေးကြောင်း လေးများ အပြင် ကျောက် ပေါက်မာ က လေး ၃ ခုပါ ဘယ်ဘက်ပါးမှာ သေချာတွေ့ရ ပါသည်။ တရားဖြုတ် သည်နှင့် ထိုအဘကို ပြေးစ ကားပြောကာ သူ့ပါးကို ကျနော်သေချာ ကြည့်ရာ ကျနော်မြင်ခဲ့ သည့်အတိုင်း ပင်။ အဘကတော့ ခုထိ ထိုအကြောင်း မသိရှာပါ။

တရားတော်ကား ထိုသို့ အစမ်းခံနိုင်သည်ဟု ကျနော် အားပေးပါ ရစေ။ မိမိကသာ မိမိ၏ စိတ် သမာဓိ Telescope မှန်ပြောင်းကြီး အားကောင်းဖို့ စံချိန်မှီ ဖို့တော့ ကြိုးစားကြရ ပါမည်။ အား မလျော့ ကြစေလိုပါ။ တစ်ခုတော့ သတိချပ်ကြ ရမည်မှာ ဘုရားဖူးရာ တွင်တွေ.ကြပုံများ အ တန်ငယ် ကွဲလွဲ မှုများ ရှိတတ်ခြင်း နှင့် တွေ့မြင်ရ သမျှ အကုန်အတိ အကျမှန် သလားဆို သည် ကိုတော့ ယခုလိုနား လည်စေချင် ပါသည်။ ကျနော်တို့ မှာ ဥဂ္ဂဟ ပရိဘာဂ နိမိတ် တို့နှင့် ဖူးကြ ရသည် ဖြစ်ရာ လောကီ အဘိဥာဥ်မျှပင် အသုံး မပြုနိုင်သေး ပါ။ လောကုတ္တရာ သမာဓိ အခြေ ပြုသော ဒိဗ္ဗစက္ခုအဘိဥာဥ် ၊ အနာဂတံသဥာဥ် စသည်တို့နှင့် မြင့်မိုရ်နှင့် ဇီးစေ့ ပမာ ဟုသာ သဘောထားစေ လိုပါသည်။

သို့ရာတွင် ယောဂီများ လျောက်ကြသည်ကို နာကြည့်ပါက အရေးကြီးသည့် အခြေခံယေဘုယျ အချက်များ Basic but Imperative Facts များအံ့ဩဖွယ် တူကြပါသည်။ လူ့ပြည် ကဘုရား တွေဖူးစဉ်က ထူးထူးခြားခြား တစ်ခုကို ဆက်ရေးလို ပါသည်။ အလောင်းတော်ကဿပ ဖူးစဉ်က ပါ။

ဂူအတွင်း၌ လျောင်းလျက်ရှိနေသော အလောင်းတော်ကို ဖူးရာ မျက်နှာတော် အသားရောင်များ သာမက ခေါင်းတော်၌ ဆံအဖြူ လေးများ ပါတွေ့ရ ပါသည်။ ထူးခြားလှ သည်မှာ အလောင်း တော်၏ ခြေတော်ကို မိမိနဖူးဖြင့် ထိဖူးရာ ခြေဖဝါး တော်၏ ပြည့်မောက် နူးညံမှုကို တကယ် ထိ ကြည့်သ လို Sensation ခံစားမှု ပါခံစားခဲ့ရ ခြင်းပင်။ ကိုယ်တိုင်လည်း ထိုနေရာသို့ ရောက်နေ သည်ကိုသိ နေပါသည်။ လူကိုယ်တိုင် ရောက်သွားသည်၊ ရုပ်နုကလေး ရောက်သွားသည် ဆို သည်ကို အရင်က မိမိမယုံ ခဲ့ပါ။ ယခု မိမိတွင် ထပ်ပြောဖွယ်မလို တော့ပါ။ စာလည်း အတော် ရှည်ပြီမို့ နတ်ပြည် ၊ ဒုဿစေတီ၊ နဂါးပြည်၊ ငရဲပြည် နောက် ပါးဖေါက် နားဖေါက် သင်ခန်းစာ များမှ အကျိုး ရှိဖွယ် အချို့ကို အပိုင်း ၃ အဖြစ် ဆက်ရေး ပါရစေ။ မိမိစာကြောင့် စိတ်အနှောက် အယှက်များ ဖြစ်ကြရ ပါလျှင်လည်း သည်းခံ ခွင့်လွှတ်ကြ ပါဟု တောင်းပန်လို ပါသည်။ “သူတော်ကောင်းဓါတ် တရား မြတ်လွှမ်းပတ် ကမ္ဘာတည် ရမည်။”

ဧဟိပဿိကော။ (၃)

အပါတ်စဉ် ၃ စခန်း၏ 23.7.2020 တွင်တာဝတိံသာ သို့ဘုရားဖူး သွားရ၍ 24 ရက် တွင် ဒုဿ စေတီတော်ကြီး အားဖူးရပါသည်။ နတ်ပြည်၏ ကြီးကျယ် ခမ်းနားပုံမှာ လူပြည်၌ နှိုင်းပြစရာ မရှိ ပါ။ နတ်တို့၏ ကိုယ်ရောင် ကိုယ်ဝါ တောက်ပ ပုံမှာလည်း လှပ ခမ်းနားလွန်း လှပါသည်။

ဝေဇယန္တာ နန်းတော်ကြီးအား ကြည့်နေရင်း မိမိမှာ “ဪ…သာဿနာတော် မြတ်ကြီးနှင့် တွေ့ ရ သည်မှာ ကံကောင်း လိုက်တာ။ အရင်စာထဲ ဖတ်ဖူးသော ဒါန သီလ ဘာ၀နာတို့၏ အကျိုးပေး က ဒီလောက်ကြီး ကျယ်လှ ပါလား” ဟု တစ်ကိုယ်လုံး ကြက်သီးများ တဖြန်းဖြန်း ထသည်အထိ ဝမ်း မြောက်ဝမ်းသာ သဒ္ဓါစိတ် များဖြစ်ခဲ့ရ ပါသည်။ သဒ္ဓါတက် လွန်း၍ မိမိမှာ မည်သို့မျှ မထိန်း နိုင်တော့ ဘဲ “ဗုဒ္ဓသာဿနာ ကမ္ဘာတည် သ၍ တည်ရမည်” ဟု ၃ ကြိမ်ကြွေး ကြော်မိ ပါသည်။ ထိုစဉ် ဘေး ဝဲယာသို့ သတိရ၍ ကြည့်ရာ သိကြားမင်းနှင့် နတ်များက လက်အုပ်များ ချီ၍ ထိုအ တိုင်း လိုက်၍ ကြွေးကြော် နေကြသည်ကို တွေ့ရ ပါသည်။ နောက်အမျှ ဝေရာ၌ လည်း သိကြား မင်းနှင့် နတ်သမီး လေးများက မျက်လွှာချ လက်အုပ်​ လေးများချီ၍ ရိုသေစွာ သာဓုခေါ်ကြရာ သူတို့မှာ သာဿနာ တော်၌ မည်မျှ ကြည်ညိုကြ ကြောင်းသိခဲ့ရ ပါသည်။ ကုသိုလ်တရား တို့၏ ကြီးမြတ်သော အကျိုး ပေးပုံကို အားကျ အတုယူ၍ မိမိ၌လည်း ထိုကုသိုလ် တရား အစုတို့ ပြန့်ပွား ထွန်းကားအောင် ကြိုး စားသင့်လှ ပါသည်။ ဒုဿ စေတီတော် ကြီအား ဖူးမျှော်ရာ အလောင်းတော် မြတ်၏ ဝတ်လဲတော် ပုဆိုး ၊ခြေနင်း ၊သန်လျက် ၊ ဆံတော် တို့အား ကြည်ညို ဖူးမြင်ခဲ့ ရပါသည်။ ထူးခြားသည်မှာ ဒုဿ စေတီတော်အား ဖူးမြင်ရာ နတ်ပြည်နှင့်မတူ ရွှေငွေ ကျောက်သံ ပတ္တမြား များ များစွာမပါဘဲ ထူး ခြားလှသည့် ပစ္စည်း materials များ နှင့် တည်ဆောက် ထားခြင်းနှင့် စေတီတော် လှိုဏ်အတွင်း ၏ထူခြား လှသော တည်ဆောက် ပုံ Architectural Structure ပင်ဖြစ် ပါသည်။

နတ်ပြည် တုန်းက စိတ်တက်ကြွ စွဲမက်ဖွယ် ခံစားမှုမျိုး ဖြစ်ပြီး ယခုမူ ပကတိ ဆိတ်ငြိမ် အေး ချမ်း မှုမျိုး ဖြစ်ပါသည်။ အေးချမ်း လွန်း၍ ကျနော့်မှာ အချိန်အ တော်ကြာကြာ မပြန်နိုင် ဘဲ စေတီတော် လှိုဏ်အတွင်း နေနေမိပါ တော့သည်။ ဆရာတော် ခိုင်းသည့် အတိုင်း အတိတ် အနာဂါတ် ပစ္စုပ္ပန် ကြေးမုံ ၃ချပ်၌ အဓိဌာန် ကြည့်ရာ အတိတ်ဘဝများ နှင့် ယခုဘဝ မိမိ သေမည့် အသက်၊ ရောဂါ နှင့် ​သေဆုံးပြီး​နောက် ရောက်ရမည့် ဘုံဘဝတို့ကိုပါ သိခဲ့ မြင်ခဲ့ ရပါသည်။

အတိတ် ဘဝများ အကြောင်းကို သံဝေဂ ယူဖွယ်ဖြစ် သဖြင့် ဝိပဿနာ ပိုင်း၌ အနည်းငယ်ရေးပါ မည်။ ငရဲခန်းကို ကြည့်ရာ ကြောက်မက်ဖွယ် ငရဲခံစား ရပုံများကို မြင်ခဲ့ရ ပါသည်။ ဒေဝဒတ် သင်္ကန်းဝတ် နှင့် မတ်တပ်ကြီး ငရဲခံနေ ရသည်ကို မြင်ခဲ့ရ ပါသည်။ စိတ်မချမ်း သာ၍ ငရဲခန်း ၃ ခန်းမျှသာ ကြည့်ခဲ့ ပါသည်။ နဂါးပြည်မှ ဘုရားရှင်၏ စွယ်တော်မြတ်နှင့် နဂါးမင်းကြီး ထို့နောက် နဂါး မလေးများ ရေဆော့နေ သည်ကို တွေ့ခဲ့ရပါ သည်။ နဂါးပြည်သို့ သွားရာ ထူးခြားသည် မှာ ချမ်း စိမ့်စိမ့် ဖြစ်ပါသည်။ ဂူ တစ်ခု၏အတွင်း စိုစွတ်သော မြေကို နင်း၍ သွားခဲ့ရကြောင်း သတိ ပြုမိခဲ့ ပါသည်။ 25.7.2020 တွင် ဆရာတော်က လှီးစား ဖြတ်စား သင်ခန်းစာ ပေးပြီး မြောက် ကျွန်း ပါ ကြည့်ခိုင်း ပါသည်။ “မြောက်ကျွန်း” ဆိုသည်ကိုကျနော် အရင် နားမလည် ခဲ့ပါ။

North America or Russia or ကမ္ဘာ့မြောက်ခြမ်း The Northern Hemisphere ကိုများ ဆိုလိုသလား ဒါပေမယ့် ပဒေသာပင်တွေ ကလည်း ရှိသည်ဟုဆိုပြန်တော့ ဘယ်လိုယုံ ရမှန်းမသိ ခဲ့ပါ။ တရားကပြ ပါသည်။ မြောက်ကျွန်း၏ တည်နေပုံ သူတို့ ဘယ်လိုနေ ဘယ်လို ဝတ်ကြ ပုံနင့် ပဒေသာပင် တို့ကို မြင်တွေ့ခဲ့ ရပါသည်။ ထူးခြားသည်မှာ ဆရာတော်က သူတို့ဆီမှာ စေတီပုထိုး သာဿနာ ရှိမရှိ ကြည့်ခိုင်းရာ ကျနော်တို့ မြန်မာပြည်မှ နာမည်ကြီးဆရာတော်ကြီး တစ်ပါးဆွမ်း ခံကြွပုံ တရားဟောပုံ ထို ဆရာတော်ကြီး၏ အဆုံးအမကို သူတို့ လိုက်နာနေ ကြပုံတို့ကို မယုံနိုင် ဖွယ် တွေ့မြင်ခဲ့ရ ပါသည်။

ထိုဆရာတော်ကြီးမှာ ကျနော်သိ သော်လည်းတ ခါမျှ သူ့တရားပင် မနာဖူးပါ။ စိတ်စွဲတာ မဖြစ် နိုင်ဟု ကျနော်ထင် ပါသည်။ နိမိတ်ဖြင့် ခန္ဓာကိုယ်ကို လှီး ဖြတ်ရာ ကိုယ် အတွင်းပိုင်းတို့ ကို 3-Dimensional CT Scan ရိုက်သ ကဲ့သို့ အသေးစိတ် မြင်နေရရာ ဆရာဝန် တဦးဖြစ်သော ကျနော့်မှာ အလွန်ကျေနပ် အားရနေခဲ့ ပါသည်။ရောဂါရှိ သည့်နေရာတို့ ကိုနိမိတ်ဖြင့် မွှေရန် ဆရာတော်မှ သင်ပြပေးရာ ကျနော်အဖို့ ဆုလာဘ်တ ခုရသကဲ့သို့ပါ။ ကျနော့်မှာ ကျောင်းသား ဘဝကတည်း ကလည်ပင်းကြီးပေါင်း ရောဂါ Cervical Spondylosis ကိုခံစားနေ ရသူဖြစ်ပါ သည်။ မူးတာမှ အခန့်မသင့်လျင် ချာချာလည် Vertigo အထိပင် ဖြစ်တတ်ပါသည်။

ရှေ့ပိုင်း တရားထိုင်ရက်များ အလွန်ဒုက္ခများခဲ့ရ ပါသည်။ ဇွဲတင်း ထိုင်ခဲ့ရခြင်းပါ။ အခု ဆရာ တော် ပြောသလို လုပ်ကြည့်ရာ ကျနော်၏ ကျောရိုး (Cervical Vertebral bodies) များ၊ အရိုး အ ဆက်များ (Vertebral joints) များမှ အလွန် ဖြူဖွေးသော အလင်းများ ဖြာဖြာ ထွက် လာသည် ကိုတွေ့ခဲ့ရ ပါသည်။ နောက်ပိုင်းရက်များမှစ၍ မူးဝေမှု ၊နာကျင်မှု ၊ကြွက်သားတောင့် တင်းမှု များ မှာ လုံးဝ ပျောက်ကင်း သွားပါသည်။ တကယ့်ကိုယ် တွေ့ပါ။ ဆက်၍ ကျနော်ရှေ့ အပိုင်း (၁) တွင် မေတ္တာ၏ အစွမ်းထက်ပုံကို ရေးမည်ဟုပြောခဲ့ သည့်အတိုင်း အခုအနည်း ငယ် ရေးပါမ ည်။

တရားထိုင် နေစဉ် သမာဓိကောင်း လာလျင် ဟိုဟာ ဒီဟာ စသည်တွေ့တတ် ပါသည်။ ထူးဆန်း သော ပုံစံများ ရှိသည့် သတ္တဝါများ ၃-၄ ကြိမ်ခန့် လာရပ် ကြည့်နေတာ ကြုံခဲ့ဘူး ပါသည်။ ဆရာ တော်များ ပြောသလို စူးစိုက် မေတ္တာပို့ ကြည့်ရာ အလွန် အဆင်ပြေသည်ကို တွေ့ရ ပါသည်။

ခြင်ကလေးများ ပုရွက်ဆိတ် လေးများပေါ် ၌ပင် မေတ္တာအား ကအလုပ်လုပ် ပါသည်။ စူးစူးစိုက် စိုက် တော့ ပို့ရ ပါသည်။ ပို့လည်းပို့ တတ်ရပါ သည်။ အထက်ပါ အကြောင်းအရာ တို့မှာ တရား ထိုင် စဉ် ကျနော် ကြုံတွေ့ရသည် များကို အပိုမပါ ရိုးသားစွာ မျှဝေပေးခြင်း သာဖြစ်ပါ သည်။

မှန်သည် မှားသည် ကျနော်မ ပြောရဲ မပြောနိုင်ပါ။ အမှားပါပါ ကလည်းခွင့် လွှတ်ပေးပါ ဟု ဆိုချင် ပါသည်။ ဝိပဿနာ အတွေ့အကြုံများ ဆက်ရေး ပါမည်။

ဧဟိပဿိကော။ (၄-က)


ဘုရားဖူး သင်ခန်းစာများ ပြီးလျှင် ဝိပဿနာ သင်ခန်းစာ များစကြရ ပါသည်။ အားပေး လို သည်မှာ သမထ ရက်များ၌ သေချာကြိုး စားအားထုတ်ထား ဖို့လိုပါ သည်။ ထို ကြိုးစား မှုက ဝိပဿနာပိုင်း ၌ လွန်စွာ အထောက်ပံ့ပေး ပါသည်။ ဆရာတော်များ ပြောသလို “ဗြန်းဗြန်းကွဲ” မြင်ရ ပါသည်။

ရူပပရိဂ္ဂဟဥာဏ် စတင်၍ရှုပွါးရာ စိတ်ကို ရင်ချိုင့်၌ ထား၍ “ရုပ်ရုပ်”ဟုပွါးခိုင်း ပါသည်။ နာ ကျင် မှုဝေဒနာများ တော့ကျနော့် မှာမ ပေါ် ပါ။ ခိုင်းသည် အတိုင်း ရှုမှတ်ရာ မှတ်နေရင်း မိမိ ခန္ဓာကိုယ်ကြီး ကိုရှေ့မှထိုင် ကြည့်သလို မြင်လာပါသည်။ ကြည့်နေရင်း အရေပြား အသားများ မှာ အရည်များ ပျော် ပဲ့ကျကုန်သည်ကို တွေ့ရ ပါသည်။ ဆက်၍ အသားများ ကုန်ကာ အရိုးစု ကြီးသာ ကျန်ပါ တော့သ ည်။ ကိုယ့်ကိုယ်ကိုယ် အရိုးစုအဖြစ် တခါမျှ မတွေးဘူး မမြင်ဘူးရာ အလွန်သံဝေဂ ဖြစ် မိပါသည်။ သိပ်မကြာပါ အရိုးများမှာ သဲမှုန်လေး များလို အမှုန်လေး များ ဖြစ်ခါ တဖွါးဖွါး ကျွေကြ ကုန်ပါသည်။ Sand storm ကြီးတခုထဲ တွင်ထိုင် နေရသလို နှင့်တူ ပါသည်။

နောက်ထို အမှုန်လေးများမှ ရွှေရောင် အလင်းလှိုင်းလေး များထွက် လာ၍ နောက်ဆုံး ဘာဆို ဘာမျှ မရှိတော့ ပါ။ ရုပ်ရှင်ပြ သလိုမြင်ရ ပါသည်။ ဖြတ်ခနဲ အသိလေး Insight တခု ပေါ်လာ ပါသည်။ ငါဆိုတာ ဘာမှ အနှစ်သာရ မရှိ ငါဆိုတာ မရှိ ငါမဟုတ် ပါလားလို့ သေသေ ချာချာ တဘဝလုံး မှာ ပထမဆုံး အကြိမ်ဖြင့် ထင်ထင် ရှားရှားမြင်သိအဖြစ်သိ လိုက်ရ ပါသည်။

စိတ်ကူးဖြင့် တွေး ပုံဖေါ် ယူရခြင်းမ ဟုတ်ပါ။ ဆရာတော်များ ပြောသလို စောင့်ကြည့်၍ မြင်ရ ၊ မြင်ရလို့ သိလာသော အ သိမျိုး ဖြစ်ပါသည်။ စူးစူး စိုက်စိုက်တော့ ကြည့်ရ ပါသည်။ တရား ဖြုတ်လိုက် သောအခါ တသက် လုံး ငါ ငါ ဟု အမှတ်မှား ခဲ့မိတာ တကယ်က ငါမဟုတ် ငါမှမ ရှိတာကို ရေလိုက်လွဲ ခဲ့ပါလားဟု စဉ်းစားမိ၍ ယူကျုံးမရ ဖြစ်ကာ မျက်ရည်များ ကျအသံ ထွက် သည်အထိ ငိုခဲ့မိ ပါသည်။ နောက် တရက် နာမပရိဂ္ဂဟဥာဏ် ကို ရင်ချိုင့်၌ ပင်စိတ်ကိုထား ၍ “သိသည် သိသည်”ဟုရှုပွါး ရပါသည်။ အစပိုင်း ဘာမျှသိပ်မထင် ရှားသော်လည်း ကြာကြာ မှတ်လာ သောအခါ သိသည် သိသည် ဟုမှတ် နေသော မှတ်စိတ်က လေး Perceptive Mind လေး ရှိနေတာကို သိလာပါ သည်။

သူ့ကို စူးစိုက်၍စောင့် ကြည့်ရာ သူလည်း အခုဖြစ် ချက်ချင်း ပျက်ပျက်သွား တာကို ဥာဏ်၌ သိ လာပါသည်။ သူလည်း အနိစ္စ အနတ္တ ပါ။ ကျနော်တို့ ဆေးပညာနှင့် ဝိရောဓိ Controversy ဖြစ်မည် ဖြစ်သော်လည်း အနည်းငယ် ရေးလို ပါသည်။ တရားမှတ်၍ သမာဓိကောင်း နေစဉ် အ တွင်း သိသည် သိသည် ဆိုမှတ်နေတဲ့ စိတ်ကလေး တွေဘယ်ကလာ လဲညွှတ်ကြည့် မိပါသည်။ နှလုံးအိမ် အတွင်းသို့သာ နိမိတ်ကပြ ပါသည်။ ကြည်တောက် နေသော အလင်းနိမိတ်ကို နှလုံး အိမ်အခန်းတွင်း အရိပ် Reflectionထင်သ ကဲ့သို တွေ့နေ ရပြီး အဲ့ဒီနေရာက စိတ်တွေ ဖြစ် နေတာ လို့သိရပါ သည်။

အလွန်တောက် သောအလင်းများ နှလုံးခန်းတခုလုံး ဖြာထွက်နေ ပါသည်။Is it an enigmatic missing link in our Neuroscience: an intriguing truth yet to be discovered?” — တရားက သိမ်မွေ့လှ ပါသည်။ ကျနော် မှားပါက ခွင့်လွှတ်ပါ။ တတိယနေ့ ၌ ပစ္စယပရိဂ္ဂဟ၊ စတုတ္ထနေ့ တို့၌ အဒ္ဓါနပရိဂ္ဂဟ ဥာဏ်များ ရှုပွါးကြရပါ သည်။ ပေါင်းရေး ပါရစေ။ ဆရာ တော်
က အတိတ် အကြောင်း တရား၅ပါး ဖြစ်သော အဝိဇ္ဇာ၊ တဏှာ၊ဥပါဒါန်၊ ကံ၊အာဟာရ တို့ပြုပြင် သည်ဟု မှတ်ခိုင်းရာ ဘာကိုပွါး များရမည်ကို နားမလည် ပါ။သို့သော် ခိုင်းသည့်အတိုင်း လုပ်ရ ပါသည်။စောဒက မတက်ဝံ့ပါ။ ရင်ချိုင့် ၌စိတ်ကို ထား ဆရာတော် ချပေးသည့် စာသားလေးရွတ် ပွါးကြည့် ပါသည်။ ထူးခြားလှ ပါသည်။ မှတ်နေရင်း အရင်အ မှန်ကို မသိ၍ အတိတ် အကြောင်း ၅ပါး ပြုပြင်တဲ့ မင်းခန္ဓာကြည့် လို့ စိတ်ထဲ ဖြစ်သွားကာ ဆက်၍မြင် ကွင်းများပေါ် လာပါ သည်။

စတွေ့သည် မှာအခန်းကျယ်ကြီး တခုတွင်း ရှိကုတင်ကြီး တခုပေါ်တွင် အင်္ဂလိပ် အဖိုးကြီးတ ယောက် လှဲနေသည်ကို တွေ့ရပါသည်။ ဘာလဲ ဟုဆင်ခြင် ကြည့် ရာ သူ့တွင် ရောဂါဝေဒနာ များ အလွန်ဖိ စီးနှိပ်စက်၍ မောနေသည်ကို သိရပါသည်။ ဆက်၍မြင်လာ သည်မှာ အမျိုးသား ၂ ယောက် ကကုတင်ဘေး မှသူ့ကိုစာရွက် တရွက်ပြ နေကြပါ သည်။ အဆိုပါ စာရွက်ကိုကြည့်ရာ လှူဒါန်း မှု တခုအတွက် ကျေးဇူးတင် ဂုဏ်ပြုစာရွက် ဟုမြင်ရ ပါသည်။

အဘိုးကြီးမှာ သူ၏ လက်စွပ်ကြီး တကွင်းကို ရောင်း၍ လှုခိုင်းထား ခြင်းဖြစ် ပါသည်။ ထိုလှုဒါန်း မှု ကိုသူအလွန် ဝမ်းမြောက်နေပုံ သေခါနီး ချိန်ထိုအလှုကို သတိရ ဝမ်းမြောက် နေနေပုံ တို့ကို သိမြင် ရပါသည်။ ထို့နောက် သူ၏စိတ်တွင် ယခုဘဝ ကျနော့် မိခင်၏ သားအိမ် သားအိမ်ခေါင်း တို့ကို သူမြင်နေ ပါသည်။ သူ့စိတ်မနော၌ မြင်နေရသော ထိုအရာတို့ကို သူညွှတ် ကြည့်နေတာကို သိရ ပါသည်။ နောက်မြင် ကွင်းပြောင်းသွား ကာ မိခင်ဗိုက် ထဲတွင် ချက်ကြိုးတန် လန်းဖြင့် ကျ နော်ကြီး ပြင်းလာပုံကို သေချာမြင်ရ ပါသည်။ ချက်ကြိုးမှ အာဟာရများ ရသည်ကို ခံစားရသိ ခဲ့ရ ပါ သည်။ စိတ်က အလွန်မြန် ပါသည်။ တဆက်တည်း ပင်ကျနော် ဤသို့နားလည် သိလိုက်ရ ပါသည်။

ဒါနဟူသော ကောင်းမှုကံကို ပရမတ္ထ သစ္စာသိမှု မပါပဲ အဝိဇ္ဇာ ဦးစီး၍ထူ ထောင်မိခဲ့ပုံ၊ သေခါနီး မြင်နေရသော မိခင်ဝမ်းရေကို ညွတ်နေသည့် တဏှာ ၊ ဥပါဒါန် ၊မိခင်ဝမ်းတွင် အာဟာရများ ပံ့ပိုး ၍ ယခုဘဝရလာပုံ အကြောင်း အကျိုးများကို မြင်လာပါ သည်။ သမာဓိ၏ အစွမ်းမှာ အံ့မခန်း ပင်။ ကျနော့်မှာ စိတ်ဝင်စား လွန်း၍ ထိုအင်္ဂလိပ် အဖိုးကြီး အကြောင်းကို နောက် တရက် ထပ် လိုက် ကြည့်ရာ သူသည် British Aristocrat တ ဦးဖြစ်ကာ Liverpool မြို့တွင် နေသူတဦး ဖြစ် ကြောင်း။ Edwardian Style Mansion ကြီးတခုတွင် နေကာ မုဆိုးဖိုကြီး တဦးဖြ စ်၍ သမီး တယောက် ရှိကြောင်း အမဲလိုက်အ လွန်ဝါသနာပါသူဖြစ် ကြောင်း ထပ်သိခဲ့ရပါ သည်။

( သူ၏ နံမည်ပါသိရပါ သည်) ဆက်ရေးရလျှင် ထိုအဖိုးကြီးရှေ့ဘဝတွင် တောထဲမှ ကျားဖြစ်ခဲ့၍ မည်သို့ သေသည်ကို ကြည့်ရာ ကျားက တစ်စုံတခု ကိုခုန်အုပ် လိုက်ပုံ နောက်သူ၏ ရင်အုံသို ပစ် လိုက်သော ကျည်မှန်၍ အတော် ဝေးဝေးသို့ လွင့်ထွက် သွားပုံ ထို့နောက် သေခါနီး သူ့ကို အမဲ လိုက် ဝတ်စုံနှင့် လူနှစ်ဦးမိုး ၍ လာကြည့်သည် ကိုမြင်ကာစိတ် ညွတ်၍ သေရာ ထို အင်္ဂလိပ်ကြီး လာဖြစ် ပုံကို သိမြင်ခဲ့ရ ပါသည်။ ကျား ရှေ့ဘဝ၌ ဌက်၊ဌက်ရှေ့ဘဝ၌ မြွေ ၊ထိုရှေ့၌ စစ်တိုက် နေသော မြန်မာ မင်းညီမင်းသား ဘ၀တို့ကို တဆက်တည်း အကျိုးကြောင်း နှင်တကွ တရားက ပြ ပါသည်။

အလေးနက် ပြောလိုသည်မှာ ပုထုဇဉ် သတ္တဝါတို့၌ သေခါနီးစိ တ်ကလေးများ မှာနောက် ဖြစ် ရမည့် ဘဝကို ဖန်တီးနိုင်စွမ်း အလွန်အားကြီးလှ ပါသည်။ထို့ပြင်ယခု ရနေသော ဘဝစသည့် အကျိုး တရားတို့ မှာ ရှေ့ရှေ့ကအကြောင်းတို့နှင့် ဘယ်သော အခါမှကင်း၍ မဖြစ်သည်တို့ ကို ဥဏ်၌ ရှင်းလင်း စွာသိမြင်ရ ပါသည်။

နောက် တိရိစ္ဆာန်လေး များကို ကြင်နာကြ စေချင်ပါသည်။ သူတို့၌လည်း ကျနော်တို့ လူသား များလို ပျော်တတ် ၍ သေခါနီး အခါ၌ လည်းလွန်စွာ ကြောက်ရွံ တတ်ကြ ပါသည်။ တဖန် ယခုပြု ရသည့် တရား အားထုတ်ခြ င်းစသော ကုသိုလ်ကံ များကြောင့် နောင်အနာဂါ တ်ို့၌ မည်သို့သော သုဂတိ ဘဝသို့ ရောက်ရမည် အရင်အတိတ် ဘဝများတုန်းက လည်းဘယ် လိုမှီရာ ကံတို့ပြုခဲ့ သောကြောင့် ယခုလို တရားအား ထုတ်ခွင့်ကြုံ သည်တို့ကို သေချာသိ မြင်ခွင့်ရ ခဲ့ရာ ဝမ်းသာ ခြင်းဖြစ်ရသ လို သံဝေဂလည်း များစွာဖြ စ်ရပါသည်။ တသက်လုံး မိမိ၌ရှိ ခဲ့သော ရှေ့ ဘဝ၊နောက် ဘဝ၊သံသရာ လည်ခြင်းစသော သံသယ ( Wilderness of Opinions & Doubts) တို့မှာ တခါတည်းရှင်း သွားပါတော့ သည်။

ဧဟိပဿိကော။ (၄-ခ)


နောက်ရက်များ ဆက်၍ ရှုမှတ်ရာတွင် ရင်ဝ ၌ ရှိသော သိမှုလေး ကိုဘဲဆက် ကြည့်ပါ သည်။ သိမှုသ ဘောတရား တို့၏ ခုဖြစ် ခုပျက် သွားပုံမှာ ပို၍ ပို၍ ထင်ရှားလာ ပါသည်။ နောက်အ ပျက် တွေချည်း ဥာဏ်၌ မြင်ပါ သည်။ ကြောက်စရာ တွေပါလားဟု သိလာပါ သည်။

အတိုချုပ် ရေးရလျှင် တရားစခန်းပြီး ခါနီး ၃ ရက်လောက် အလိုဟုထင် ပါသည်။ မှတ် နေရင်း ထို သို့ သူဟာသူ တလစပ်ပျက် ပျက်နေသောရုပ်နာမ်တို့မှာ အလွန်ဆင်းရဲ ဖိစီး နှိပ် စက်သော သဘော တို့ပါ လားဟု ဒုက္ခ သဘော အလွန် ထင်ထင် ရှားရှား နက်နက်နဲနဲ သိလိုက်ရ ပါသည်။ အရင် ဤသို့ ရုပ်နာမ်တို့ကို ဒုက္ခဟုသေ ချာမခံစား နိုင်ပါ။ ပျက်နေ တာသိပါ သည်။

သူဟာသူ ဖြစ်ပျက်နေ၍ ကိုယ်ဝင်ပြောင်းလဲ မရတာလည်းသိ ပါသည်။ သို့သော် ထိုသဘော တရား တို့မှာ ဆင်းရဲ ၏ဟု ပီပီ ပြင်ပြင် စိတ်၌ ခံစား၍ မရခဲ့ ပါ။ နာကျင်ခြင်း ကိုက်ခဲခြင်း စသည် တို့ ကြောင့် ဖြစ်သောဒုက္ခမျိုး ပြောတာမဟုတ်ပါ။ အမြဲမလပ် ပျက်စီးနေ ရသောသ ဘော၏ ဆင်းရဲမှု ကိုဆိုလို ပါသည်။ ဘဝမှာ ပထမဆုံး အကြိမ်ထိုသို့ သိလိုက် ရခြင်း ပါ။

Depth of understanding မှာ နက်နဲ လှ၍ Clarity of insight မှာ ထင်ရှား လှပါသည်။ စာဖြင့်ရေး ပြရန်မ ဖြစ်နိုင် ပါ။ ကိုယ်တိုင်သာ သိသော အသိဖြစ် ပါသည်။ ထိုနောက် တရက်၌ မှတ်နေ ရင်း ဖြုန်းဆို အမှတ်များမှ လွတ်၍ ဘာဖြစ်သွားမှန်းမ သိပါ။ အိပ်ငိုက် သွားတာ လား ဟုထင် မိပါသည်။ အမှတ်သ တိကတော့ အလွန်ကောင်း နေပါသည်။ ညတရား နာမှ ဆရာတော် ကရှင်းပြရာ အားတက်၍ ဆက်ကြိုးစားပါ သည်။ နောက်ရက်များ ၌ထိုသို့ ခဏခဏ ဖြစ်ပါ သည်။ အချို့အခါများတွင်ထိုသို့ဖြစ်ပြီး ရင်ထဲ၌ရေခဲတုန်းလေး လာထည့်ထား သလို အေးနေ တာသတိပြု မိပါသည်။

တစ်ကြိမ်တော့ ရေခဲသေတ္တာ ဖွင့်လျှင်အအေး ငွေ့လေးများ လာရိုက်သလို ဂုတ်နားမှ အေးနေပါ သည်။ တရား ဖြုတ်လျှင် အားအင်များ ပြည့်သလို အလွန် ရွှင်လန်း ၍နေ ပါသည်။ အလွန် ချမ်း သာ လှပါ သည်။

တရား၏ ပိုင်ရှင်သော မြတ်စွာဘုရားအား ဘယ်လိုကြည် ညိုမှန်း မသိ ကြည်ညို စိတ်တွေ ဖြစ်ခဲ့ ပါသည်။ မိမိအားထို တရားတော်မြတ် ကိုရင်ထဲရောက် အောင်ထည့် ပေးခဲ့သော ကျေးဇူးရှင် ဆရာတော် ၏ ခြေအစုံတို့ကို ပြေးဖက်၍ ကန်တော့ချင် လောက်သည် အထိ ကြည်ညို စိတ်များ ဖြစ်ခဲ့ပါသည်။


5.8.2020 တွင် တရားစခန်းပြီး ပါသည်။ တရားထိုင်ပြီး နောက် အရင်က တပါတ် နေလို့ တခါ တောင် ဘုရားစင်ရှေ့ မရောက် ခဲ့သော ကျနော့်မှာ နေ့စဉ်ဘု ရားရှိခိုးလာခဲ့ ပါပြီ။ တရားနှင့်လည်း အကြာကြီး ဝေးမနေနိုင် တော့ပါ။ တရားအ သိလေးများ ဖြင့်ကိစ္စ အတော်များများ တို့တွင် သတိ ထားနိုင် လာပါသည်။ မကောင်းမှုများကို တတ်နိုင် သ၍ ရှောင်တတ် လာပါ သည်။ ဘဝ သည် ပူလောင်မှုန ည်းလာ၍ ချမ်းသာ မှုများလာပါ သည်။ ငွေကြေးကို ပြောခြင်း မဟုတ် ပါ။

ဘဝ၌ ဘယ်အရာကို အားကိုးအား ထားပြု၍ နေရမည်။ နောက်ဆုံးအ ချိန်ဘယ်အရာကို လက် ကိုင်ပြု သွားရမည်ကို တရားက ကျနော်ကို Package Plan ပေးထားခဲ့ ပါသည်။ စိတ်ချမ်းသာ မှုရှိ သော အားကိုးကောင်း ရှိသော ဘဝမှာ လုံခြုံချမ်း သာလှပါ သည်။

အချိန်များ ကအကုန်မြန်လှ ပါသည်။ အချိန်ကုန်ပြီးတိုင်း လည်းသေဖို့နီး လာခြင်းသာ။ သေ ဘေးက ဘယ်လို မှပြေးမ လွတ်ပါ။ တရားဦးအောင် ကြိုးစားသင့်လှ ပါသည်။ စစ်မှန် သော တရားတော် မြတ်ကို ပြသပေး နိုင်သော ကျေးဇူးရှင်ကြီး များလည်း အထင် အရှားရှိ နေကြ ပါသည်။ တရား တော်မြတ် ကလည်းကျ နော်တို့ကို လာလော့ ရှုလှည့် စမ်းကြည့် လှည့်လော့ဟု သူ၏ “ဧဟိပဿိ ကော”ဂုဏ်တော် အတိုင်းကမ်း လင့်နေ ပါသည်။

ဤ အကြောင်းရာတို့ကို တရားတော်ကို ပူဇော်လို၍ လည်းကောင်း၊ကျေးဇူးရှင် ဗောဓိအေးငြိမ်း ရိပ်သာ ဆရာတော် အရှင်ကေလာသနှင့် အရှင်ပညာဒီပ အရှင်သူမြတ်တို့၏ ဂုဏ်ကျေးဇူးတို့ကို ပူဇော်လို၍ လည်းကောင်း ရေးသားပါသည်။


“သူတော်ကောင်းဓါတ်၊တရားမြတ်၊လွှမ်းပတ်ကမ္ဘာတည်စေသော်။”

Dr. Myat Thura Wîn
November 2 2020

Leave a Reply

Your email address will not be published. Required fields are marked *