(၄၅) ရက် #ဓမ္မခရီး သိခဲ့လေပြီ ချမ်းသာနည်း
အပိုင်း (၁)
————-+————–
အိမ်ပြန်ရောက်ရင်ဖြင့်စာရေးမယ် လို့စိတ်ကူးပုံဖော်ခဲ့မိသော်လည်းအခြေအနေမပေးလို့ ခုမှပဲရေးမိပါတော့တယ်။ 🏃🏃🏃🏃🏃🏃
ပထမဦးစွာ စာရေးသူ တရားအားထုတ်ဖြစ်တာဘာကြောင့်လဲဆိုတဲ့ Bio အကျဉ်းလေး မျှဝေ ချင်ပါတယ်။ 🙍🙍🙍🙍 စာရေးသူဟာ လွန်ခဲ့တဲ့ ၂နှစ်နီးပါးက အဆိုးလောကဓံ တခုနဲ့ ရင်ဆိုင် ရပြီး မိမိကိုယ်ကို သတ်သေဖို့အကြိမ်ကြိမ်ကြံစည်မိခဲ့တယ် ရက်ပေါင်း ၃၆၅ ရက် လုံး နေ့ရော ညပါ မျက်ရည်ကျငိုခဲ့ရသူပါ။
😭😭😭😭😭😭. အဆိုးဆုံးလောကဓံကို ခံလိုက်ရတော့ ဒီထက်ဆိုးတဲ့အရာ လောက၌ ဘယ်ရှိလေတော့မလဲဆိုပြီး မိမိရဲ့ဘဝကို zero ထိ ချခဲ့ပြီး လောကီချမ်းသာမှန်သမျှ ဘာမှကို မလိုချင် မရချင်တော့ပဲစိတ်ပဲချမ်းသာချင်ခဲ့မိပါတယ်။ ဘုရားရှိခိုးတိုင်း ဆုတောင်းမိသည် က စိတ်ချမ်းသာရပါလို ၏ 🙏🙏🙏🙏🙏 ဒီဆုတောင်းမှ တပါး ဘာမှမတောင်းမိခဲ့ပါ။
အပူဆုံးကို ကိုင်မိခဲ့ပြီမို့ ကျန်တဲ့အရာတွေဟာ အသေးအဖွဲဖြစ်သွားခဲ့ပါပြီ။ 💥💥💥💥💥💥
ဒီလိုနဲ့ တရားကိုအဖော်ပြုမှသာငါ့အတွက်အဆင်ပြေတော့မယ်ဆိုပြီး တရားကိုအိမ်၌ အားထုတ် ဖြစ်ခဲ့သည် လိုသလောက် ခရီးမပေါက်ခဲ့ပါဘူး 👒👒👒👒 နည်းလမ်းမသိတာလဲ ပါမယ် ထင်ပါရဲ့ဒီလိုနဲ့ မြေဇင်းနည်းစနစ်ဖြင့် တရားအားထုတ်လျှင် တောင်ပေါ်တော့တက်ရတယ် ဒါပေမယ့် ရှုခင်းလေးတွေကြည့်ပြီးတက်ရသလိုပဲဆိုတဲ့ ဆရာကြီး ဓမ္မာစရိယ ဦးဌေးလှိုင်ရဲ့ အသံ file လေးကို online ကနေ နာကြားဖြစ်ခဲ့လေသည်။💛💙💜ဤတွင်မောင်းထောင် မြေဇင်းနည်းဖြင့်တရားအားထုတ်ခြင်းကိုအလွန်မတန်စိတ်ဝင်စားခဲ့ရပါတော့သည်။
ဒီလိုနဲ့ websiteထဲ၌ ရှာဖွေမွှေနှောက်၍ ဤနည်းစနစ်များ ဖြစ်ပေါ်လာပုံမှ စ၍ ကိုယ်တွေ့ များမျှဝေထားသောမှတ်တမ်းများပါမကျန်အကုန်လေ့လာလိုက်ပါတော့သည်။🌂🌂🌂🌂 ကျမ်းစာများကိုလဲဖတ်မှတ်ခဲ့ပါတော့သည်။ သို့နှင့် မိမိ အိမ်၌ပင် စတင်လေ့ကျင့်ခဲ့ပါသည်။
💎💎💎💎💎💎 အိမ်တွင်လေ့ကျင့်စဉ် တနေ့ကို ဝါယူဝါမှတ် ၇၀၀ လောက်ထိရခဲ့ပါသည်။ သို့သော် ၂လလောက်ကြာသည်ထိ မိမိမျှော်မှန်းထားသော အလင်းနိမိတ်သည်ကား မရသေးပေ။🎀🎀🎀🎀🎀 သို့နှင့် ဆရာနှင့်စနစ်တကျသင်ယူမှရမည်ထင်၏ဟုဆုံးဖြတ်ကာရိပ်သာဝင်ရန် လွန်စွာဆန္ဒပြင်းပြခဲ့ရပါတော့သည်။
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၁) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၂)
———+———–
ရိပ်သာသို့ ဖုန်းဖြင့် စုံစမ်းမှု စတင်ခဲ့ပါသည်။ ချိုသာပျော့ပြောင်း နူးညံ့ လှစွာသော အသံပိုင်ရှင် မှ မေးမြန်းစူးစမ်းသမျှတို့ကိုစိတ်ရှည်စွာဖြင့်ပြန်လည်ဖြေကြားပေးနေပါသည်။စိတ်ထဲ၌ကောက်ချက်ချမိသည်က ဟယ်….ဒါမှ..တရားသမားအစစ်ပဲ…အသံကိုက နူးညံ့နေတာပဲ အေးချမ်း နေတာပဲဆိုပြီးဘဝင်ကျနေမိခဲ့သည်။ထိုအချိန်တုန်းကတော့အသံပိုင်ရှင်သည်ဆရာတော်ဘုရားကြီးမှန်းမသိခဲ့ပါချေ။ ရိပ်သာရောက်တော့မှ…. ဘုရား … ဘုရား... ငါဖုန်းနဲ့မေးမြန်းသမျှကို စိတ်ရှည်သီးခံပြီးဖြေပေးခဲ့တာ ဒီရိပ်သာရဲ့ ဆရာတော်ဘုရားပါလား ဆိုပြီးအားနာမိခဲ့ရပါတော့သည်။
စာရေးသူမေးမိသည်များကား………….
* တပါးကျောင်းတဆောင်နဲ့တဆောင်နီးပါသလား?
* ရိပ်သာမှာ သရဲရှိပါသလား?
* တယောက်ဆောင်လေးတွေဆိုတော့ တယောက်အိပ်ခြင်ထောင်ပေါ့နော်ယူခဲ့ရမှာ
* ဖျာရှိပါသလား?
* အလင်းနိမိတ်က လူတိုင်းရပါသလား? ဘယ်လောက်ဆိုရပါသလဲ?
* ဘယ်ချိန်စပြီးစခန်းဝင်ရမှာလဲ? (2.9.19) နေ့ကို အချိန်အတိအကျသိချင်လို့ပါ
*ယောဂီဝတ်စုံ မရှိပါဘူးရှိတာဝတ်လို့ရပါသလား? အညိုရောင်ဆိုရင်ရောရပါသလား?
* နတ်ပြည်၊ဗြဟ္မာပြည်ကဘုရားတွေဆိုတာတကယ်ဖူးလို့ရတာလား?
* တပည့်တော်သည်နိမိတ်ကို အရမ်းလိုချင်သူပါ. အိမ်မှာလေ့ကျင့်တာ ဘာမှလဲ မမြင်ရဘူး . စသောစသော မေးခွန်းများကို ဖုန်း၂ကြိမ် ၃ကြိမ်လောက် ဆက်ပြီး မေးမြန်းစူးစမ်းခဲ့မိပါတယ်ဤအရာများမေးမိသည်မှာ စာရေးသူသည် အရမ်း ကြောက်တက်ပါသည်။
ယောဂီကိုယ်တွေ့ဓမ္မစာစုများကိုဖတ်ရစဉ်က၎င်းတို့တွေ၏ကိုယ်တွေ့ထဲ၌ဟိုဟာမြင်ဒီဟာမြင်လို့ကြောက်တဲ့အကြောင်းများရေးသားထားတာကိုဖတ်ထားရခြင်းကြောင့်အလွန်မတန်ကြောက်နေမိသူပါ .ထိုအရာများကို မေးမိခဲ့ခြင်းကြောင့်ဆရာတော်ဘုရားကို အားနာ၍ နေခဲ့ ရပါ သည်။ သို့နှင့်….. ရိပ်သာသို့မနက်၈နာရီ ရောက်ရှိလာသည်။ အဆောင်များကိုစူးစမ်း ၍ လူနေများသည့်အဆောင်ပေးရန်လက်ခံသူဦးဇင်းထံ request လုပ်မိသည် ဦးဇင်းက ဆရာ တော် စံကျောင်းနှင့်ကပ်လျှက်အဆောင်ပေးမည်အဆင်ပြေလားမေးရာ တင်ပါ့ဘရား ပြေပါ တယ်။
တပည့်တော်ကအရမ်းကြောက်တက်လို့ပါနော်တပည့်တော်ကိုလူတွေနဲ့ဝေးတာမပေးပါနဲ့နော်ဆိုပြီးထပ်မံပြောကြားရပါသည်။အဆောင်သော့ရ၍အဆောင်ရှာပြီးကြည့်သောအခါအမလေး…ဒုက္ခ… နီးတဲ့အဆောင်ပါဆို ငါ့ဘေးမှာရိပ်သာဝင်းနံရံပဲရှိပါတော့လား အိုးဟိုး….မဖြစ်ချေ ဘူး…သွားပြီးပြောဦးမှဆိုပြီး နောက်တကြိမ် request လုပ်ရပြန်သည် ထိုအခါတွင်တော့ ဆရာ တော် စံကျောင်းနှင့်ကပ်လျှက်အဆောင်ကို ရပါတော့သည်ပျော်ရွှင်မှုလေးက နာရီပိုင်းလောက် ပဲကြာလိုက်သည် အဆောင်က သော့ခတ်၍မရ တံခါးlockချမရခြင်းကြောင့် စိုးရိမ်သောကဖြစ် ရပြန်သည်။
How to do Nippon San ရေ ဒီတခါသွားပြောရင်တော့ နင်အတော် ချေးများတယ် ထင်တော့မှာပဲ အင်း…မတက်နိုင်ဘူးလေဒီစိတ်ကြီးနဲ့တရားမှ မှတ်လို့မရတာ အရဲစွန့်၍ သွားပြောရပြန်လေသည် ဒီတခါတော့ ဦးဇင်းပြောလိုက်သည်က ကဲ…ဒကာမကြီး အဆင်ပြေမယ့်နေရာသာ ကိုယ့်ဖာသာကြိုက်သလို စီမံနေပါတော့တဲ့…. အော်…… ဒါလဲဟုတ်တာပဲလေ ခဏခဏသွားပြောနေရတော့ ဦးဇင်းတို့လဲအလုပ်ရှုပ်ပြီပေါ့… စာရေးသူ အနေနဲ့ကလဲ အလွန်ကြောက်တက်သူမို့ပါ။ နောက်ဆုံးတော့ အဆောင်၃ဆောင် ပြောင်းလိုက်ရ ပြီး နောက်ဆုံးအဆောင်မှာပဲ အဆင်ပြေခဲ့ရလေ သည်ပေါ့။ ဒါနဲ့ ပစ္စည်းတွေ နေရာချပြီး လို့ ဆွမ်းမစားခင် စပ်စုရေးစတင်ပါတော့သည် အမျိုးသား ယောဂီဆောင် အမျိုးသမီး ယောဂီ ဆောင် နှင့် ရိပ်သာတွင်းရှိ အဆောက်အဦးအကုန်လုံး video လိုက်လံရိုက်ပါတော့သည်။
စပ်စုစိမ် (စ၃လုံး) ရိုက်ကူးရေးများပြီးသည့် နောက်တော့ တရားစခန်း စတင်ဝင်ရပါတော့သည်။
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၂) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၃)
—————-+————–
ရိပ်သာ၏ တရားအားထုတ်ပုံ အချိန်ဇယားလေးကို အသေးစိတ် ရေးပေးလိုက်ပါသည်။ မနက် ၃ နာရီ ၄၅မိနစ် .= စုပေါင်းတရားထိုင်ချိန် မနက် ၅နာရီ ၂၀မိနစ် တရားဖြုတ်၍ အာရုံဆွမ်းစား ရ သည်။ စားပြီးသည်နှင့် မိမိအဆောင် ခဏပြန်၍ ခန္ဓာကိစ္စ ဆောင်ရွက်ပြီးပါက ချက်ချင်းပြန်ပြီး တန်းစီရမည့် နေရာတွင် တန်းစီရသည်။ မနက်၆ နာရီ ဖြစ်သည်၊ ထိုအချိန်မှ စ၍ သီလယူတရား နာ တရားစစ်အချိန် ဖြစ်ပါသည်။ တခါတလေ ၈နာရီ ထိကြာ တက်သည်။ ၎င်းနောက် မိမိ အ ဆောင်ပြန် ရေမိုးချိုး ပြုဖွယ်ကိစ္စပြုလုပ်ရန်အချိန်ဖြစ်သည်။ မနက် ၉နာရီ ၄၅တွင် ဒုတိယ အ ကြိမ် ဓမ္မာရုံ၌ စုပေါင်း တရားထိုင်ချိန်ဖြစ်သည်။ မနက် ၁၁နာရီ ၂၀မိနစ်တွင် တရားဖြုတ်သည် ။ ပြီးနောက် နေ့ဆွမ်းစားရသည်။ ဆွမ်းစားပြီးလျှင်တော့ မိမိအဆောင် ပြန်၍ မိမိတို့ ကြိုက်နှစ် သက်သည့် နာရီ ဖြင့်တရားများကို ပွားများရှုမှတ်နေရပါသည်။
၎င်းနောက် ည ၇နာရီ ၄၅မိနစ်တွင် တတိယအကြိမ် စုပေါင်းထိုင်ချိန်ကို ည၉နာရီ တွင် ဖြုတ် သည်။ ထို့နောက် အဆောင်ပြန်၍ အိပ်ရသည်။ ဤသည်ကား တနေ့တာ တရားချိန်များ ဖြစ် ပါသည်။ ထူးခြားသည်ကား ဤ ဗောဓိအေးငြိမ်းရိပ်သာတွင် စုပေါင်းတရားထိုင်ချိန်သည် ၃ကြိမ် သာ ရှိပါသည်။ ကျန်ချိန်များသည် မိမိတို့ တပါးကျောင်းတွင်သာ ထိုင်ရန် ဖြစ်ပါ သည်။ ဤတွင် ဆရာတော်ဘုရားကြီးမိန့်ဆိုဖူးသော စကားကို ဆိုလတံ့….. (ဤရိပ်သာတွင်တဲ့ …. အုပ်ချုပ်ပုံ နည်းစနစ်(၂) မျိုးရှိပါသည်တဲ့….. တနည်းက ရက်ရှည် စခန်းတွင် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးပါ သည်တဲ့…. ရက်တို … သင်္ကြန်လိုကာလမျိုး ၁၀ ရက်စခန်းများတွင်တော့ ….အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ပါသည်တဲ့ ) ဆိုလိုသည်မှာ ရက်ရှည် ဖြစ်သည့်အတွက် မိမိတို့ ဖာသာအသိစိတ်ဓာတ်ဖြင့် မိမိတို့၏ သမာဓိအားများကို မိမိတို့စိတ်ကြိုက် ထူထောင်နိုင်ရန် လွှတ်လပ်စွာဖွင့်ပေးထားခြင်းကြောင့် စုပေါင်းထိုင်ချိန်သည် ၃ကြိမ်ဖြစ်နေရပါသည်။ ပြီးလျှင် ဤနည်းစနစ်သည်ကား စုပေါင်းရှုမှတ်ရသောနည်းစနစ်မဟုတ်သည်လဲပါ၏။
ရက်တိုသမားများအတွက်မူကား အချိန်ကို ကုပ်ကပ်အားထုတ်ရခြင်းကြောင့် တက်သုတ်ရိုက်၍ အာဏာရှင်စနစ်ဖြင့် ဓမ္မာရုံ၌သာထိုင်ရပါသည်တဲ့။ထို့ကြောင့် စာရေးသူကတော့ ရက်ရှည်ဝင်ခဲ့ သည့် အတွက်ကြောင့် ဒီမိုကရေစီ စနစ်နဲ့တွေ့ခဲ့သူမို့ အင်မတန်ကို ကြည်နူးပျော်ရွှင် မပြန်ချင် အောင် ဖြစ်ခဲ့ရပါတော့သည်။ မှတ်ချက် ။ ။ ဆွမ်းကို ၁၀မိနစ်ဖြင့် အပြီး စားရပါသည်။ စာရေးသူလိုမဖြစ်စေရန် ကြိုတင်၍လေ့ကျင့်ထားနိုင်ရန် မျှဝေအပ်ပါသည်။ [စာရေးသူသည် ထမင်းတလုပ်ကို အချက်ပေါင်း(၈၀)ဝါး၍စားလေ့ စားထရှိသော အကျင့်များသည် ရိပ်သာရောက်သည့်နေ့ကပင် အတော်ကသိကအောင့်ဖြစ်ကာ ၁၀မိနစ်ဖြင့် အမြန်စားရသော အလေ့အကျင့်ကြောင့် ယခုဆိုလျှင် အိမ်ပြန်ရောက်သော်ငြား လည်း ဝါးဖို့မေ့၍ မျိုချနေမိခဲ့ပါသည်။ ထို့ကြောင့် အိမ်တွင်လည်း ၁၀မိနစ် အမြန်စားတက် ခဲ့လေပြီ။]
မနက်စောစော ထတက်ခဲ့လေပြီ။ (မနက်ဆို ၁၀နာရီအစောဆုံး ထလေ့ရှိသည်များ ယခု တော့ဖြင့် အဓိဋ္ဌာန်တရားထိုင်ရမှာ ဖြစ်ခြင်းကြောင့် စောစောထတက်ခဲ့လေပြီ။)
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၃) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၄)
——————+———-
ပထမရက်တွင် ဗုဒ္ဓါနုသတိ ပွားခိုင်း ပါသည်။ စာရေးသူ အနေဖြင့် ဗုဒ္ဓါနုသတိ ဆိုသည် ကို ကမ္မဋ္ဌာန်း ပွားရသောအရာဟု မသိခဲ့ပါဘူး။ ဒါကြောင့်လဲ စာတွေဖတ်ခဲ့စဉ်က သိပ်နားမလည် ခဲ့ပါဘူး၊ ရိပ်သာရောက်တော့ ပွားများ ပုံကို အသေးစိတ် သင်ကြားပေး ပါသည်။ အရင်က (အရဟံ) လို့ရွတ်လျှင် ပုတီးနဲ့လုပ်ရသည်ဟု ထင်မိသည်။ယခုမူကား တရားထိုင်သလိုမျိုး ထိုင်ရပြီး မြတ်စွာဘုရား ပုံတော်တခုကိုမျက်စိမှာမြင်ယောင်ပြီး အရဟံ ဟု ရင်ချိုင့်ထဲက လှိုက်လှိုက်လှဲလှဲ ရွတ်ဆိုပြီး အရဟံ ၏ ဂုဏ်တော်အနက် အဓိပ္ပါယ်များကို စိတ်ကညွတ် ကိုင်းပေးရသောအရာကို ဗုဒ္ဓါနုသတိကမ္မဋ္ဌာန်းပွားတယ်ဟုခေါ်သည်ကို စာရေးသူ သိလိုက် ရပါသည်။
အရင်က ကမ္မဋ္ဌာန်း (၂)မျိုး ၂စားရှိတာလဲမသိခဲ့ပါ။ဘုန်းဘုန်းလေးက ဟောလိုက်သောနေ့တွင် အော်…. ငါ့နှယ်…. အရင်က ငါ…ဒါတွေ ဘာလို့မသိခဲ့တာတုန်း ဆိုပြီး ကွကို အားမလိုအားမရ ဖြစ်ခဲ့ရပါတယ်။ လေ့လာမှုအားနည်းခြင်းကြောင့် သုဒ္ဒဝိပသနာ တမျိုးတည်းကိုသာသိခဲ့သည်။ ယခုလို သမထဝိပသနာကျင့်စဉ်ရှိမှန်းတောင်လုံးဝမသိခဲ့ပါချေ။နောက်တဖန်ပို၍ အံသြရသည် က မြတ်စွာဘုရား ကိုယ်တော်တိုင် ဤနည်းလမ်းဖြင့် ဘုရားဖြစ်ခဲ့သည်ဆိုသည်ကား ကျမ်းကိုး ကားများဖြင့်သိလိုက်ရသောအခါမှာတော့ …. အလွန်ပင်မှင်သတ်မိခဲ့ပါသည်။ အော်….. မရှိ တာထက် … မသိတာပိုခက် တယ်ဆိုတာ ဒါနေမှာဆိုပြီး မိမိကိုယ်ကို အသိနောက်ကျ လိုက် တာလို့လဲ ထင်မိခဲ့ပါသည်။
ထို့ထက်အံ့အားသင့်ရသည်က …… 3.10.19 ရက်နေ့တွင် ဘုန်းဘုန်းလေး ဟောလိုက်သော မြန်မာနိုင်ငံတွင် ရိပ်သာအားလုံးတို့သည် နည်းစနစ်၂နည်းဖြင့်သာ ပြသလျှက်ရှိ ကြသည်။ (၁ သမထဝိပသနာနည်း) (၂သုဒ္ဒ ဝိပသနာနည်း) များဖြစ်သည် တဲ့ ။ နောက်ထပ် သိရသည် က ဗိုလ် (၅) ဗိုလ်ထဲကဘယ်ဗိုလ် ဦးစီးပြီးပြသလဲ ဆိုတာသိရမယ်တဲ့။
၁)မဟာစည်(သတိဗိုလ်)၂)ဖားအောက်(သမာဓိဗိုလ်)၃)သဲအင်း(ဝီရိယဗိုလ်)၄)မိုးကုတ်(ပညာဗိုလ်)၅)မြေဇင်း(သဒ္ဒါဗိုလ်)အိုး…ဟိုး…ဟိုး.. ကြည့်စမ်းပါဦး ငါဘာလို့ ဒါတွေအရင်ကမသိခဲ့တာပါလိမ့်၊ ဒလိုသာကြိုသိခဲ့ရင်ဖြင့် မိမိဟာ ဘယ်ဗိုလ်အဓိပတိဖြစ်တဲ့ Attitude လဲ ဆိုတာသိရုံနဲ့တန်းပြီး အဲ့ရိပ်သာတွေကိုပြေးပြီး နည်းစနစ်သွားယူလို့ရတာ ပါ့လားဆိုပြီး မိမိကိုယ်ကို အသိနောက်ကျမှုများ ရင်ဝယ်ပိုက်၍သာ တရားများကို နေ့စဉ်နာ ကြားရပါတော့သည်။ မိမိရဲ့ စရိုက် သဘာဝကို သေသေချာချာသိရုံနဲ့ အချိန်မကုန်လူမပန်း ဆရာများသားသေဆိုတာတွေဘယ်ဖြစ်တော့မလဲကွယ်ဆိုပြီးလဲ မိမိလို မသိသေးသူများကို မျှဝေပေးချင်မိတဲ့စိတ်ဆန္ဒတွေဟာဖြင့် ရိပ်သာမှာထဲက ပေါ်ပေါက်လို့နေခဲ့ပါပြီ။
ဤစာစုနှင့်အတူ မိမိလို မသိသေးသော ဓမ္မမိတ်ဆွေများကို တိုက်တွန်းလိုက်ပါ၏။ မိမိသည် အချိန်မရအားထုတ်ချင်သည်သို့သော်ဘယ်နည်းစနစ်နှင့်မိမိကကိုက်မည်လဲဆိုသည်ကို ယခုလို မိမိက ဘယ်ဗိုလ်ဦးစီးတဲ့ attitude ရှိသူလဲဆိုတာကို သေသေချာချာသိပြီး မိမိဗိုလ်နှင့် ကိုက် မည့် နည်းစနစ်ကို တခါတည်းရွေးချယ်ပြီး တစိုက်မက်မက် အားထုတ်သင့်ပါကြောင်း တိုက် တွန်း စကားဆိုလိုက်ရပါသည်။ အဘယ်ကြောင့်ဆိုသော်အချိန်သည် အလွန်တန်ဖိုးရှိလွန်းလှ လို့ပါ။အဓိက ဒီဘဝ ဒီခန္ဓာမစွန့်ခင် တရားရဘို့ကပို၍အရေးကြီးပေသည်။ ပုထုဇဉ် အနွယ်ကို မြန်မြန်ဖြတ်နိုင်ပါမှစိတ်ချရပေမည်မဟုတ်ပါလော။
ဒါကြောင့် ဘယ်ရိပ်သာ ဘယ်စနစ်က ပိုကောင်းသည်မဟုတ်ပါပဲ.. မိမိသည်သာအဓိက ကျပါသည် ဘယ်ဗိုလ် ဦးစီးတဲ့ attitude လဲဆိုတာသေချာ အဖြေရှာလို့သာ မြန်မြန်နည်း ယူဖို့ ပြေးပါတော့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၄) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၅)
အတင်းကြပ်ဆုံးစည်းကမ်း ၂ခုသည်ကား
(၁) စကားလုံးဝမပြောရဘူး။
(၂) မျက်နှာစည်းပုဝါကို တရားထိုင်ချိန်တိုင်း စည်းရမည်။
(ဓမ္မာရုံမှာမက မိမိအခန်းတွင်းမှာပါစည်းရမည်။) ဤစည်းကမ်း ၂ချက်သည် အလွန်မတန်မှကို ထိရောက်ပါသည် အဘယ်ကြောင့် ဆိုသော် သမာဓိကို မြန်မြန် တက်စေသော အထောက်အပံ့ များ ဖြစ်သောကြောင့်တည်း။စာရေးသူ ဤစည်းကမ်းများကို ကြားခါစက အင်း….ဒုက္ခ.. . စကား မပြောရတော့ ငါတခုခုဖြစ်ရင် ဘယ်လိုလုပ်ရပါ့လို့ ….အတွေးဝင်မိ ခဲ့သည်။ ဤအတွေးမကြာ လိုက်ပါ … ၂ရက်မြောက်သည့်နေ့တွင် စာရေးသူကို ရိပ်သာကခွေးကိုက်ပါသည်…. အော်လိုက်မိသည်က …..အမလေး…ဟိတ်…ဟိတ်… ဆိုပြီး … ခွေးကိုလဲမောင်း…. လူကလဲ ရင်ဘက်ကိုဖိလို့ ခွေးနဲ့ဝေးရာပြေးရသည်ပေါ့…..ဟင်….. ခြေထောက် ကို ကမန်းကတန်းလှန်ကြည့်ပြီး … ပေါက်သွားလားကြည့်လိုက်ပါသည်။ ပေါက်လုနီးပါးဖြစ် သွားခဲ့ပါသည်၊ တဆက်တည်းမှာ အတွေးများကတော့ဖြင့်အဝေးကြီးကိုရောက်သွားခဲ့လေပြီ… ငိုချချင်မိသည့်စိတ်ကို မနဲထိမ်းထားရပါသည်။
ငါ့နှယ် ခွေးကိုက်တာတောင်ဘယ်သူမှ လာဝိုင်းမောင်းပေးမယ့်သူ မရှိပါလားဆိုပြီး ဝမ်းနည်း မှုက အရှိန်ပြင်းခဲ့ရပါသည် … စည်းကမ်း က စကားမပြောရ ဆိုတော့ … ကဲ… ဘယ်လိုလုပ်ရမလဲ …ကယ်သူကို ဘယ်လိုရှာရမလဲ? ထို့နေ့ထဲက အိမ်ပြန်ချင်စိတ် ၅၀% ရှိနေခဲ့ပါပြီ၊ … ငါရယ် ရောက်လာထဲက ကြည့်ပါဦး အဆင်မပြေတာတွေနဲ့ပဲ ကြုံနေရတော့ တာပါလား….. အဆောင် ၃ခါပြောင်းရတယ်၊ ထမင်း မာလို့ မျိုချရတာခက်လို့ စိတ်ကသိက အောင့်ဖြစ်ရတယ် ကဲ..ကြည့်… ခုလဲ…ခွေးကကိုက်ပြန်ပြီ… မိုးရာသီဖြစ်သည့်အတွက် မိုးက အဆက်မပျက်ရွာလေသည်။ အဆောင်က မိုးကြီးလျှင် မိုးကယို…. အို…. ငါရယ် … အကုသိုလ် တွေသိပ်များလှချေလားကွယ်… ငါ့တယောက်ထဲ ကွက်ပြီးအဆင်မပြေတာတွေ ဖြစ်ပါရော့လား ဆိုပြီး….. အဆိုးတွေးများဖြင့် သမာဓိစခန်းများကိုကောင်းကောင်းအာရုံမရောက်နိုင်ခဲ့ပါ။ ဒီလိုနဲ့ ဒုတိယနေ့တွင် မေတ္တာကမ္မဋ္ဌာန်းကို တက်ရပါသည်။
ဤနေ့တွင်တော့ မိမိကို ကိုက်လိုက်သော ခွေးမကြီးနှင့်သူ၏ကလေးများကို တွင်တွင်မေတ္တာ ပို့ရပါတော့သည်။ မိမိအကိုက်ခံရသည်ကိုဘေး၂ခန်းကျော်မှ ယောဂီဆီသို့ အရဲစွန့်ကာဖြင့် မိမိရဲ့ ဒါဏ်ရာလေးကို လှန်ပြရင်း( ယောဂီရေ သတိထားနော် တပည့်တော်ကိုတော့ ဟိုခွေးမကိုက် လိုက်ပြီ) ဆိုပြီး တိုးတိုးနဲ့ သွားပြောမိပါတော့သည်။ ညိုသွားတဲ့အဆင့်မို့ပါ အသားပေါက်ခဲ့လျှင် တော့ စာရေးသူလဲအလွန်တန်ဖိုးရှိလှတဲ့ တရားများနှင့်ဝေးခဲ့လေပြီပေါ့ကွယ်။ မေတ္တာကမ္မဋ္ဌာန်း စည်းဖြန်းပုံကိုအသေးစိတ်သင်ပေးသောအခါမှာ အလွန်ကျေနပ်ပီတိဖြစ်ရပါသည်။ ပထမဦးစွာ မိမိကိုယ်ကို အရင် မေတ္တာပို့ရသည် ပြီးမှ ၃၁ဘုံသားတွေကိုပို့ ရသည်။ မိမိ ကိုယ်ကိုကိုယ် သက်သေထားပြီးမှ ပို့ရသည်။
ပို့သပုံမှာ…….. ငါသည်ဘေးရန်ကင်းရပါလို၏ချမ်းသာရပါလို၏၊ ငါဘေးရန်ကင်း ၍ ချမ်းသာ သကဲ့သို့ အသက်နှင့်ခန္ဓာကိုယ်ထင်ရှာရှိသမျှ……. သတ္တဝါ တွေ…. ဘေးရန်ကင်းကြ ပါစေ….. ချမ်းသာ ကြပါစေ။ ကိုယ့်ရှေ့တည့်တည့် ၌ စကောဝိုင်းကဲ့သို့ စိတ်ထဲက ပြုလုပ်ပြီး ၃၁ ဘုံသားတွေကို အဲ့ဒီထဲ ထည့်ရတယ် ….. အဲ့ဒီလို ထည့်တာက စာရေးသူအတွက် မခက်ခဲပေမယ့် … ခက်ခဲသည်က … ထားရမယ့် စိတ်ထား……. အလွန်မှ ခက်လှပါသည်… မိမိပုံ ကိုတဲ့ .အရင်ဆုံး ပြုံးပျော်ရွှင်မြူးနေတဲ့ပုံ လင်းလင်းထင်းထင်းလေးဖော်ပြီး မိမိက တကယ်ချမ်း သာနေတဲ့ ပုံကျန်းမာနေတဲ့ပုံဖြစ်အောင်ပုံဖော်ရမယ်တဲ့ …… ပြသနာ.. .က စာရေးသူက အဲ့အချိန် စောစောပိုင်းကပြောခဲ့သလို စိတ်တွေ ရှုပ်ထွေးပြီး အိမ်ပြန်ပြေးချင်စိတ် ၅၀% ပေါ်ပေါက် နေ သည့်အချိန်လေ…. မိမိကိုယ်ကို ဘယ်လို ပျော်ရွှင်နေတဲ့ပုံဖော်လို့ရပါ့မလဲ… … ဒါနဲ့ အဆောင်ပြန်ရောက်တော့ အကြံတခုရသွားတယ် … ဟဲ…ဟဲ… သိပြီ … ကိုယ့်ပုံကိုယ် video ရိုက်ပြီး ပြုံးပျော်နေတဲ့ပုံလုပ်မယ် ပြီးရင် ပြန်ကြည့်မယ် ဆိုပြီး အစီအစဉ် အတိုင်းလုပ်ပါလေတော့သည်။ အဲ့ဒီအချိန် ဖုန်းများကို မသိမ်းသေးပါ။
မှတ်ချက်။ ။ {ရိပ်သာဝင်သည့်နေ့မှစ၍ ၄ရက်အကြာတွင် ဖုန်းများကို ဆရာတော်ဘုရားထံ အပ်နှံရပါသည်။ ဤ စနစ်သည်လည်းလွန်စွာကောင်းလှပါဘိ။ အဘယ်ကြောင့်ဆိုသော် ခရီး တဝက်ဖြင့် အိမ်ပြန်ချင်သူများ ပြန်၍မရတော့ပါ။ }မဆိုးဘူး အောင်မြင် ပါသည်။ နောက်တခု ခက်ခဲသည်က ၃၁ဘုံသားများကို မိမိချမ်းသာသလို ထပ်တူထပ်မျှချမ်း သာစေချင်တဲ့ စိတ်တဲ့… အော်….. မနက်ကမှ မိမိကို ကိုက်လိုက်တဲ့ခွေးမ … သူ့ကို တကယ်ကို ချမ်းသာစေချင်တဲ့ စိတ်မွေးမြူပြီးပို့ရမယ်…. ဒီအရာတွေသည် အပြောလွယ် သလောက် အင် မတန် ကျင့်ဖို့ခက်ခဲလှပါသည်။စာရေးသူသည် မိမိ၏စိတ်ကို မိမိ အမြဲအကဲခတ်နေသူဖြစ်သည့် အတွက်ကြောင့် တချို့အရာများသည် မိမိကိုယ်ကို မလှည့်စားချင်သည်မှာ အမှန်အကန်ပါ။ သို့နှင့် မရ ရအောင် လေ့ကျင့်မွေးမြူရမှာပဲလေဆိုပြီး မေတ္တာကမ္မဌာန်း သင်ခန်းစာ နေ့ကို ကြိုးကြိုးစားစားဖြင့်ကျော်ဖြတ်နိုင်ခဲ့ပါလေတော့သည်။
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၅) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း(၆)
တတိယမြောက်နေ့တွင် မရဏာနုသတိ နှင့် အသုဘကမ္မဋ္ဌာန်း ကို တူတူတွဲပွားရပါတယ် ၊ ပွား များ ပုံသည်…..( ခပ်သိမ်းသော သတ္တဝါ တို့သည် တဖွဲဖွဲ သေနေကြသလို ငါလည်းပဲ သေရ အုံးမှာပါတကား…. သေရချည်သေး…. သေရချည်သေး…..) လို့ပွားရပါသည်… ၎င်းစာသား ကိုရွတ်ဆိုနေရမှာ မဟုတ်ပဲ စိတ်ထဲ၌ မိမိ မဟုတ်သော ခြားသော သူတယောက် သေနေသော ခန္ဓာကိုယ်ကို မျက်စိကမြင်ယောင်နေရမည်၊ … ငါလည်းပဲ သေရဦးမှာပါတကား ဆိုသည့်နေရာ ရောက်လျှင် မိမိသေနေသည့်ပုံကို အာရုံယူရသည်။ ပြသနာက အဲ့မှာ စလေသည်… ဆိုခဲ့ဖူးသည် အတိုင်း… စာရေးသူသည် အင်မတန် ကြောက်တက်သူ ဖြစ်၍ မိမိသေနေသောပုံကို အာရုံ ယူရ သည်ကိုမကြောက်သော်လည်း ခြားသူကိုအာရုံယူရသောအခါ ကြောက်စိတ်က ပေါ်လာပါတော့ တယ်…. အင်း…. ငါတော့ … ဒီသင်ခန်းစာ မကျေညက်ရင် ငါလိုချင်တဲ့ အလင်းနိမိတ်ရပါ့မလား မသိဘူး…. ဆိုတဲ့အတွေးကလဲ တဆက်တည်းပါလာခဲ့ပါသည်။ မပွားလို့ကလဲမဖြစ် … ဘယ်လို လုပ်ရပါ့မလဲ ဆိုပြီး……. ကြံရာမရဖြစ်ကာ …… စကားမပြောရ စည်းကမ်းကို မသိချင်ယောင် ဆောင်၍ အမျိုးသမီးယောဂီဆောင်များဘက် တနေရာပြီးတနေရာ လျှောက်ကြည့်ရင်း မေးလို့ ရမယ့်သူကို မျက်စိကစားရှာမိလေတော့သည်… ဟော… တွေ့ပါပြီ … ယောဂီ… အန်တီကြီး တ ယောက် အဝတ်ထွက်လှန်းနေပြီအဆောင်ပြင်ဘက်မှာ…. ပြုံးပြလိုက်သည်….။
သူမ ပြန်မပြုံးပြ….. ဟင်… ဘာလို့လဲဟင်? တွေးနေတာမဆုံးသေး ….. အန်တီကြီးက လက် ယက်ခေါ်သည် … အပြေးသော့သော့သွားလိုက်သည်…. ရင်ထဲတွင် ပီတိဝေဖျာလို့…. ဟုတ်ပြီ ငါတော့ မေးလို့ရပြီကွ….. ဟိ…ဟိ… အန်တီ… သမီးကယောဂီအသစ်လား?Nippon.. . ဟုတ်ကဲ့ပါရှင့်အန်တီ…. သမီးရေ ဒီရိပ်သာမှာ စကားမပြောရဘူးကွဲ့ ဆရာတော် ဘုရား ကလိုက်ကြည့်တယ်တွေ့ရင်ဆူခံရလိမ့်မယ် …Nippon.. .. ဟုတ်ကဲ့အန်တီသမီးလဲကြောက် ပါတယ် ဒါပေမယ့်သမီးမေးချင်တာလေးရှိလို့ပါအန်တီရယ်… အန်တီ…. ဘာမေးချင်လို့တုန်း သမီးရဲ့နောက်နေ့တွေဆိုမပြောနဲ့နော် သမာဓိမတက်ပဲနေမယ်သိလား..မေးမေး ဘာမေးမလဲ အန်တီပြောပေးမယ်Nippon.. …. ပျော်ဘီလေ…ဒီလိုပါအန်တီ သမီးက အလင်း နိမိတ်အရမ်းရချင်တယ်ပြီးတော့ နတ်ပြည်၊ဗြဟ္မာပြည်ကဘုရားတွေဖူးလို့ရတယ် ဆိုတာဟုတ် လားဟင်.?အန်တီ….. အော်…အေး… ရတာပေါ့သမီးရဲ့ Nippon……. အိုး… ဟုတ်လား တကယ်လားအန်တီ ? အန်တီရောနိမိတ်ရလား?ဖူးရလား?ဖူးရရင် သမီးကို ပြောပြပါ လားဟင် ဘယ်လိုမျိုးလဲဆိုတာ..စာရေးသူထုံးစံအတိုင်း …. အသေးစိတ်တွေ မေးပါလေတော့ သည်….. အန်တီကလဲ သူမြင်ရသည်များကိုအကုန်ဖောက်သည်ချပါတော့သည်။
အားလုံး ပြီးတော့ အန်တီကမှာသည် သမီးရေ ဘယ်သူမှလိုက်မပြောပြနဲ့နော်တဲ့ တချို့ကသမာဓိ မရှိတော့ မမြင်ရဘူးလေတဲ့ မမြင်ရတော့ မယုံဖူးလေတဲ့… မယုံရင် သူတို့ပြစ်မှားရင် အကုသိုလ် တွေ ဖြစ်ကြမယ်လေတဲ့…. ဒီလိုနဲ့ စာရေးသူ မရဏာနုသတိ မပွားရဲ၍ မေးမြန်း စူးစမ်းခန်းထွက် ပြီး အဆောင်ပြန်ရောက်တော့…… ရိပ်သာနဲ့ ကပ်လျှက် ဘုန်းကြီးကျောင်းမှ ပဋ္ဌာန်းရွတ် ဆိုသော အသံကို အသံချဲ့စက် ကြီးကို volume အကုန်တင်ပြီး လော်ကြီးကို မိမိတို့ နေသည့် ယောဂီဆောင်တဲ့တဲ့ အမြင့်တနေရာတွင်တပ်ဆင်ထားကာ ရွတ်လေတော့သည်… ။
ပဋ္ဌာန်းကြီးရွတ်သည်ဆိုလျှင်ဖြင့် ဖြေနိုင်သေး၏ ယခုမူကား မရွတ်ခင် တွံတေးသိန်းတန် ၊ မာမာအေး …. စာရေးသူတို့ ပိစိကွေးတုန်းက သီချင်းတွေကို အကြာကြီးဖွင့်ထားပြီးမှ ရွတ် ပါသည်။ ဤတွင် စာရေးသူ၏ အတွေးများ ခုန်ပေါက်ပြေးထွက်ကုန်ရပြီ၊ ဟင်…… ငါ ….. တရားရချင်လို့ လာပါတယ် … အဆင်မပြေတာတွေက များလိုက်တာကွယ်.. သမာဓိက ခု ထိမရသေး… မနက်တန်းစီသည့် နေရာတွင် ယောဂီတချို့ တီးတိုးပြောသံကြားသည် မှာ ဘယ်သူကဖြင့် ဘာမြင်နေပြီဘာညာနဲ့သဲ့သဲ့ကြားရသည်… အင်း…. ငါရယ်… အဆင်မပြေတာ တွေနဲ့လုံးထွေးလို့နေပါလား…. ငါ ပြန်သင့်တယ်ထင်တယ် … ဟုတ်တယ်… ပြန်တာပဲကောင်း ပါတယ် …. အလှူရှင်တွေလှူတဲ့ဆွမ်း…ငရဲကြီးခံပြီးမစားသင့်ဘူး…. ဆုံးဖြတ်ပြီး၍ …. အဆောင် ရှေ့ယောဂီ ၂ ပါးအားဖွင့်ပြောတိုင်ပင်၍ ပြန်မည့်အကြောင်းပြောတော့ (ကျေးဇူးရှင်) ယောဂီ ၂ပါးမှ မပြန်ဘို့ရယ် တရားရမယ့်သူမို့ယခုလိုတွေဖြစ်တာပါ၊ ဒီနေရာ ရောက်ဖို့ဆိုတာ တော်ရုံကုသိုလ်နဲ့မဖြစ်ဘူး… အင်မတန်ကံကောင်းကြသူများသာ ဒီလိုအားထုတ်နိုင်ကြတာ… စသောစသော အားပေး စကားများကြောင့် အရှိန်လျော့ကျခဲ့ရပါတော့တယ်။
(ရယ်စရာ) စာရေးသူသည်အိမ်တွင် တူ၊တူမများဖြင့် ရာထူးအားဖြင့် အဒေါ်ရာထူးရထား သူမို့ မိမိကိုယ်ကို အတော်အသက်ကြီးလှပြီအထင်ရှိနေခဲ့မိသည်။ ရိပ်သာလဲရောက်ရော မိမိဝင်သည့် အပတ်စဉ်တွင် အသက်အလိုက်တန်းစီရာဝယ် နောက်ဆုံးဖြစ်နေခဲ့ရပါသည်… ဟေ… တယ်ဟုတ်ပါလား… ငါဒီနေရာမှာ အငယ်ဆုံးပဲ… အားရှိထှာ…. အားတွေ တက်ခဲ့ရပါ တယ် . ၅၀ကျော် ၆၀ကျော် ၇၀ကျော်များသာ များပါသည်။ သူတို့ခေါ်သည်ကား… သမီးလေး တဲ့… … လွန်စွာပီတိဖြစ်ရပါပြီကော… လောကဓံဆိုးများနှင့် မပျော်နိုင်ခဲ့သည်မှာ ကြခဲ့ပြီ မို့ ယခုတော့ဖြင့် စတင်အပျော်လေးများရောက်လို့လာခဲ့ပါသည်။
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၆) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၇)
Day 1…. ဗုဒ္ဓါနုသတိ ကမ္မဋ္ဌာန်း Day 2…. မေတ္တာ ကမ္မဋ္ဌာန်း Day 3…. မရဏာနုသတိ ကမ္မဋ္ဌာန်း နှင့် အသုဘ ကမ္မဋ္ဌာန်း ဤသို့လျှင် ကမ္မဋ္ဌာန်း တမျိုးကို တရက်နှုန်းဖြင့် ပွားများပြီးသည့် နောက် တွင် … မိမိစောင့်ဆိုင်းမျှော်လင့်နေသော … အာနာပါန ကမ္မဋ္ဌာန်း ကိုDay 4…. နေ့တွင်စတင် ၍ ပွားရပါတော့သည်။
ဤတွင် စာရေးသူ၏ မသိခဲ့မှုလေးကို တင်ပြပါရစေ၊ မြတ်စွာဘုရား ဟောထားတဲ့ ကမ္မဋ္ဌာန်း (၄၀)ထဲမှာ ဒီ ကမ္မဋ္ဌာန်း (၄) ခုလဲ ပါဝင်တယ်ဆိုတာ လုံးဝမသိခဲ့ပါဘူး.ဘယ်လောက်တောင် အကျိုးများတယ်ဆိုတာလဲမသိခဲ့ပါဘူး .ပြီးတော့ ကမ္မဋ္ဌာန်း ဆိုတာ ဒီလိုအားထုတ် ရတယ် ဆိုတာလဲ မသိခဲ့ပါဘူး.ပို၍ဆိုးသည်က ကမ္မဋ္ဌာန်း တခုချင်းစီ ရဲ့အားသာချက် အကျိုးပေးပုံ များကိုလဲ မသိခဲ့တာအမှန်ပါ၊ ဤတရား ၄ပါးကို ကိုယ်စောင့် ကမ္မဋ္ဌာန်းလို့ ခေါ်တယ်ဆိုတာ လဲမသိခဲ့ပါဘူး… ဘုန်းဘုန်းလေး က ( ကိုယ်ရံတော် တပ်မှူး(၄)) တဲ့ ….. ဘာလို့ ကိုယ်စောင့် ကမ္မဋ္ဌာန်းလို့ခေါ်တာလဲဆိုရင် ဗုဒ္ဓါနုသတိပွားခြင်းအားဖြင့် လုံခြုံတယ် ဘုဏ်းလဲကြီး တယ်၊ သဒ္ဒါတရားတိုးပွားစေတယ်၊ ကံတွေကောင်းလာတယ် အကြောက်တရားများမှ ကင်း ဝေးစေနိုင်တယ် . မိမိက ကံနိမ့်နေလား ဗုဒ္ဓါနုသတိသာ ပွားလိုက် ကံတွေကတော့ ကောင်း လာမှာပဲ.ဒါကြောင့် မိမိကိုစောင့်ရှောက်နိုင်လို့၊ မေတ္တာ ပွားခြင်းအားဖြင့် ဒေါသမဖြစ် စေဘူးလူချစ်နတ်ချစ်.နတ်တွေကချစ်တော့မိမိကိုအန္တရယ်မဖြစ်အောင်စောင့်ရှောက်ပေးနိုင်တယ် လူတွေကလဲချစ်တော့လုပ်ကိုင်မှုတွေကအဆင်ပြေတယ်အာမို့လဲမိမိကို စောင့်ရှောက်ပေးလို့ ကိုယ်စောင့်ကမ္မဋ္ဌာန်းတခု၊ အသုဘကမ္မဋ္ဌာန်းကိုပွားလျှင်လဲ တက်မက်မှုကိုပယ်နိုင်တယ် ရာဂ၊ဒေါသမဖြစ်အောင်ထိမ်းပေးနိုင်လို့ သူလဲ မိမိကိုယ်စောင့်ရှောက်ပေးလို့၊ မရဏ နုသတိပွားခြင်းအားဖြင့် မသေတော့မယ့်လူလို မေ့မေ့မောမောမရှိအောင် စောင့်ရှောက်ထား နိုင်လို့ ဤ ကမ္မဋ္ဌာန်း လေးမျိုးကို တဲ့အကူ ကမ္မဋ္ဌာန်း တနည်းအားဖြင့် ကိုယ်စောင့်တရား ၄ပါး လို့လဲခေါ်ပါတယ်တဲ့ ။
ဤ ကမ္မဋ္ဌာန်း များဖြင့် အခက်အခဲ များ သေဘေးများမှ လွတ်မြောက် ခဲ့ ပုံများကို ဟောကြားထားသော တရားတော်များ စာအုပ်များကို ဖတ်ရှုလေ့လာပါလေ၊ စာရေးသူ ကတော့ ဘဘဦးဋ္ဌေးလှိုင် ရေးသားသော မေတ္တာဝါဒ စာအုပ်ကိုဖတ်ခြင်းဖြင့် အန်မတန် အကျိုး များလာခဲ့ ပါတယ်။ အလွန်ကောင်းလှသော စာအုပ်ဖြစ်ပါသည် စာမြည်းကို မာတိကာဖြင့် အောက်ကပုံတွင် လေ့လာနိုင် ပါသည်။ (တိုက်တွန်းလွှာ) ကဲ…. ကြည့်ပါဦး ဒလောက် ကောင်းလှတဲ့ တန်ဖိုးရှိလှတဲ့ ဒီလိုကမ္မဋ္ဌာန်းမျိုးတွေကို မိမိစိတ်ကြိုက်အာရုံပြုပွားများလို့ရနေပြီး ၎င်းတို့ကိုပွားများခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေဟာဖြင့် နဲတာမှမဟုတ်ပဲ ဆိုပြီး မိမိကိုယ်ကို အသိနောက်ကျလေခြင်းကွယ်လို့ အားမလို အားမရ နဲ့အကျိုးမရှိ ကုန်ဆုံးမိခဲ့တဲ့ မိမိရဲ့ အချိန်တွေကို အင်မတန်နှမြောနေမိပါတော့တယ်……. တဆက်တည်းမှာ ဘဲ… အော်… ဒီ မောင်းထောင်မြေဇင်း နည်းစနစ် ဖြင့် တရားပွားများအားထုတ်လိုက်တာ ဘုရား ကိုလဲ ထိခြင်း ၅ပါးနဲ့ ရှိခိုးတက်အောင်သင်ပေးတယ်၊ ဗုဒ္ဓ ဂါယာ(ဘုရားအဆူဆူရဲ့ ဖွား၊ပွင့်၊ဟော ၊စံ) အရပ် အနောက်မြောက်ထောင့်၊ သီရိလင်္ကာ (မြတ်စွာဘုရားရှင်၏ ဓာတ်တော် မွေတော် အစစ်များ တည်ရှိရာ)အရပ် အနောက်တောင်ထောင့် နှင့် ရွှေတိဂုံ စေတီတော် တောင်အရပ် တို့ကို ရှိခိုးဦးတင်ရတဲ့ အလေ့အထရှိအောင်သင်ပေးတယ် … ။
တန်ဖိုးကြီးလေစွ …. တန်ဖိုးကြီးလေစွ … စာရေးသူသည်လည်း ဤသို့ လေ့ကျင့်ပေးလိုက် သော ကြောင့် ယခုထိတိုင် ဤ အရပ်မျက်နှာများသို့လှည့်ကာ ဘုရားရှင်များကို ရှိခိုးဦးတင် တက်ခဲ့ပါ လေပြီ။ စာရှုသူများအပေါင်းတို့သည်လည်း… ဤအရပ်မျက်နှာများသို့ လှည့်၍ အာရုံပြုတက် ကြပါစေလို့ ဆုတောင်းပေးရင်း….. ခဏနားပါဦးမည်။
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၇) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၈)
မျှော်လင့်နေသည့် အာနာပါန Day 1 နေ့တွင် တော့ ဆရာတော်ဘုရားမှ ရှုမှတ်အားထုတ် ပုံ အဆင့်ဆင့်ကို ဟောပြပါတော့သည်။ ရှုမှတ်ပုံ ….တင်ပုလင်ခွေထိုင် လက်နှစ်ဖက်ကို ကွေးထား သော ထူးပေါ်မှာ လက်ဖဝါးလေးတွေကို ဖြန့်ထား… ပြီးရင် စိတ်ကလေးကို နှာသီးဝကို ပို့ထား ဝင်လေကိုပဲ မှတ် …………………………….
ဝင်သည်(၁)
ဝင်သည်(၂)
ဝင်သည်(၃)
ဝင်သည်(၄)
ဝင်သည်(၅)
ဝင်သည်(၆)
ဝင်သည်(၇)
ဝင်သည်(၈)
(၈)ရောက်လျှင် လက်မလေးချိုး … နောက်တခါ ၁ကပြန်စ (၈) ရောက်ရင် လက်ညိုးလေးချိုး … ဒီလိုနဲ့ လက် ၁၀ချောင်း ကုန်သည်အထိ မှတ်… အဲ့လို ကုန်သွား ပြီဆိုလျှင် (၁၀) ဝါရပြီလို့ ခေါ် တယ်.ဒီ(၁၀)ဝါကို ဘယ်နားမှာ ထားမလဲဆိုရင် မိမိရဲ့ လက်ကောက် ဝတ် မှာ ပုံထား…. နောက် တခါ ထပ်မှတ်လို့ ရတဲ့ (၁၀) ဝါရပြီဆိုလျှင် နောက်ထပ် တတောင်ဆစ် လေးမှာထား ..ဒီလိုနဲ့ အဆစ်လေးတွေ မှာ ပုံပုံသွားမယ်… ပခုံးမှာထား၊ နားရွက်မှာထား၊ ချိုဇောင်းမှာထား ၊ ညာဘက် တခြမ်း ပြည့်သွားရင် (၅၀) ဝါ ရပြီ ။
ဒီလိုနဲ့ ဘယ်ဘက်အခြမ်းလဲ ထိုနည်းတူစွာထား၊ ခန္ဓာကိုယ် တပတ်ပြည့်သွားလျှင် ဝါရေ (၁၀၀) ရပါပြီတဲ့…. အကယ်၍ စိတ်ကလေး သိပ်မထွက်ရင် ၁နာရီကို ဝါယူ ၁၅၀ /၁၆၀လောက် ရပါ တယ်တဲ့….ဒီလိုမှတ်နေစဉ် စိတ်ကလေးများကို ဘယ်မှာထားရမလဲဆိုရင် …
(၁)နှာသီးဝလေထိတဲ့နေရာ
(၂)လက်ချောင်းလေးများ ကို ချိုးနေသည့်နေရာ
(၃) အဆစ်လေးများတွင် ပုံနေသည့် နေရာ
ဤနေရာများ တွင် မိမိရဲ့ စိတ်ကလေးကို ထားပါတဲ့….(ထိုနေရာ၌ … စာရေးသူ၏ အမြင် သက် သက်တခုကို ဖြည့်စွပ်ပါရစေ….. ရေတွက်နေသော ဂဏန်း လေးများကိုအာရုံစိုက်နေသောစိတ် ကလေးကိုပါ ထည့်သွင်းချင်ပါသည် ။ )ဤ သို့ နွားရိုင်းလေးကို ကြိုး ၄ကြိုးဖြင့် ချည်နှောင်ထား မှတော့ …. ဒင်း… ဘယ်လိုရုန်းနိုင်တော့မည်နည်းကွယ်….
(စကားချပ်) စာရေးသူ ဤ နည်းစနစ် များကို ရိပ်သာမသွားမှီ online မှ ကျမ်းစာ များကို ဖတ်ရှု လေ့လာနေသည့်အချိန်ဝယ် ဤသို့သော အာနာပါဏ ကို ကြိုး၃ကြောင်းဖြင့် (မိမိ အကြိုက်ကြိုး ၄ချောင်း) ချည်နှောင်ခြင်းခံရမှတော့ ဒလောက်တောင် ပေါက်လွတ် ပဲစား အပြင်ထွက်များတဲ့စိတ်ကလေး.. ဒင်း ဘယ်ခံနိုင်ပါတော့မလဲနော်…. အော်… သိပြီ… အဘယ် ကြောင့် ရက်တိုတိုဖြင့် နိမိတ်များ ရရှိကြပါသနည်း ဆိုလျှင်.. .. တွေ့ပြီ ဤ စနစ် ကြောင့်ပင် တည်း…. ဟု …စာများကိုဖတ်လိုက် ….. ခေါင်းညိမ့်လိုက် ဖင်က တကြွကြွဖြစ်လိုက် ….. ဟန်ကျပြီ … ငါနဲ့ အန်ကိုက် ပါလားကွယ်… ငါ့ရဲ့စိတ်ဟာလေ ၁၀ စက္ကန့်လောက် တောင် တနေရာတည်းမှာ ငြိမ်နေအောင် မနေနိုင်တဲ့ စိတ်… ဟွန်း… ဒင်း…. တော့လား… လာထား…. ဒီစနစ်နဲ့ အပြီးတိုင် ချည်နှောင် တော့မယ်ဆိုပြီး အိမ်တွင် စတင်လေ့ ကျင့်မိပါသည်။ ဤစနစ်ဖြင့် မကျင့်ခင်က တရားထိုင်လျှင် ၁နာရီ ထိုင်လျှင် မိနစ် ၅၅ မိနစ် လောက် စိတ်က အပြင်ထွက်သည်။
လေထိတာကို သိတဲ့စိတ်ကလေးဟာ ထင်ပါသည် ၅မိနစ်လောက်ပဲ ရှိမယ် ထင်၏။ ထို့ကြောင့် နည်းလမ်း ရှာမရဖြစ်နေသော မိမိစိတ်ကို ဘယ်မှ မပြေးအောင် ထားဘို့ စနစ်ကို စိုက်စိုက်မြိုက် မြိုက်တွေ့ခဲ့ရပါသည်။ စိတ်ထဲ၌ ငါ ဤ နည်းစနစ် ဖြင့် လေ့ကျင့်ကြည့်မယ် နိမိတ်ရသည် ဖြစ် စေ မရသည် ဖြစ်စေ ငါ့စိတ်ကလေး ဘယ်မှ မထွက်ဘူးဆိုရင်တောင် ငါ့အတွက် အတော်ဟုတ် လှဘီ၊ ငါ့ကို နှိပ်စက် နေတာ ဒီ ပေါက်လွတ်ပဲစား စိတ်တွေကြောင့်ပဲ. ဒီလို တနေရာ တည်းမှာ စိတ်ကလေးကို ငြိမ်အောင် ထားနိုင်ပြီ ဆိုမှဖြင့် ငါထားနိုင် သလောက် အေးငြိမ်းနေ မယ် … ကဲ.. ဒီတော့ … နီပွန်.. .သားကြီးရေ….. မင်းကြိုးစားကြည့်ပေတော့လို့.. မိမိ ကိုယ်ကို အားပေးရင်း လေ့ကျင့်ခန်း ကိုစတင်ခဲ့ပါသည်။ထိုအချိန်က မိမိသည် လက်အဆစ်များတွင် ဝါများကို မပုံပဲ လက်ကို မှောက်လှန်ဖြင့်မှတ်ခဲ့သည်။ ရိပ်သာသို့ ရောက် သည့်အခါ .. မိမိစိတ်ထဲ၌ ဆုံးဖြတ်ချက်ချထားသည်က …. ငါ… ဆရာသမားများ ခိုင်းတဲ့အတိုင်း တသွေမတိမ်း လိုက်နာမယ်. တခုခုလွဲချော်လို့မဖြစ်ဘူး .. အချိန်က အရမ်းတန်ဖိုးရှိတယ်ဆိုပြီး… ဒီလို ဆုံးဖြတ်ချက်ကြောင့် ရိပ်သာရောက်တော့ ဆရာသမားများ ပြသသည့်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ပါတယ်။
ဤ ဆုံးဖြတ်ချက် သိပ်ကိုမှန်ခဲ့ပါသည် အဘယ်ကြောင့် ဆိုသော် … ဤ နည်းစနစ် ကိုအကျိုးဖြစ် ထွန်းလို့ ကျင့်သုံးလာသည်မှာ စာရေးသူ အသက်ထက်ပင် ကြီးနေသေးပါသည်။ ထိုအရာကို မိမိစိတ်ကြိုက် ပြုပြင်လိုက်ပါလျှင် အရနှေးသည်မှာ စာရေးသူကိုယ်တွေ့ဖြစ် ပါတော့သည်။ထို့ကြောင့် ဆရာသမားများ၏ good idea များကိုလဲ ရှိခိုးဦးတင်မိပါတော့သည်။ ပြီးနောက် ထိုစနစ်များသည် မြတ်စွာဘုရားဟောကြားထားသော ဒေသနာများဖြင့်လဲ အကိုက် ပင်ဆိုတာကို ကျမ်းစာ များတွင် လေ့လာဖတ်ရှုရပါသည်။ ဤသည်ကို ဝါယူ ၊ ဝါမှတ် လုပ်သည်ဟု ခေါ်ပါသည်။ ထိုနေရာ၌ ရယ်စရာ လေး ပြောပါဦးအံ့… ယောဂီထိမ်း ဦးဇင်းကြီး ဦးဝိမလ က ရှင်းပြသည် .. တချို့က ဒီ အခေါ်အဝေါ်ကို ဝါရေ၊ ဝါမှတ်လို့ခေါ်ကြတယ် ၊ တချို့ဆို ဘယ်ကနေ ဘယ်လို ဝါထီး၊ဝါမ တွေ ဖြစ်ကုန်ကြလဲ မသိပါ ဘူးဒဲ့ ဒါမို့ အခေါ်အဝေါ် အမှန်ဟာဖြင့် ဝါယူ၊ ဝါမှတ်ဖြစ်ပါသည်တဲ့လေ…..။
ဒီ ဝါယူတွေကို နေ့စဉ် ဆရာတော် ဘုရားအား အပ်ရပါ သည်။ အပ်ပုံမှာ မိမိ တနေ့ကို ဘယ် လောက်ရလဲ ရတဲ့အထဲကမှ မိမိကြိုက်သလောက် အပ်လို့ရပါတယ် ဒါပေမယ့် ၂၀၀ ထက်တော့ မနဲရပါဘူး. အကယ်၍ ၂၀၀ စအပ်လျှင် နောက်နေ့များတွင် သူ့ထက်သာ တိုးအပ်သွားရမည် နဲ သွား၍မရပါ။ ဤတွင် စာရေးသူ၏ အတွေ့အကြုံလေးကို မျှဝေအုံးးအံ့.. ဒီလို ဆရာတော်ဘုရား ထံမှ ကြားနာမှတ်သားပြီး မိမိအဆောင်သို့ အပြန်တွင် စကားမပြောရဆိုသော စည်းကမ်း ကို ခဏ မျက်ကွယ်ပြု၍ သိချင်ဇောဖြင့် ယောဂီ အန်တီ တပါးကို မေးမိပြန်သည် .. အန်တီက သေချာ ရှင်းပြသည်က … သမီးရေ စအပ်တဲ့နေ့မှာ မိမိကတကယ်မှတ်လို့ရတာ ၅၀၀ ဆိုပါစို့ ဒါပေမယ့်အကုန်မအပ်နဲ့ဒဲ့…. ဘာလို့လဲ ဆိုတော့ သမီးက ရက်ရှည် ဝင်မည့်သူဆိုတော့ ရက်ပေါင်း ၃၀ လောက် နေ့တိုင်းတိုးတိုးအပ်သွားရမှာ နောက်နေ့တွေ ဘုရားဖူးခန်းရောက်ရင် ဘုရားကလဲ ဖူးရမယ် ဝါယူကလဲပြည့်အောင် အပ်ရမယ် မနိုင်မနင်းဖြစ်မယ်တဲ့…ဒါမို့ ၂၀၀ကနေ ၁၀စီ တိုးတိုးအပ်ပေါ့ဒဲ့.. ဤ ယောဂီ များသည် အကြိမ်ကြိမ် ဝင်ဖူးပြီးသားယောဂီဟောင်းများ ဖြစ်လေသည်။ ထိုစကားတွင် လမ်းမဆုံးသေး စာရေးသူ ကြိုတင်သိချင်သော အရာများကို ထပ်မေးမိပြန်သည်… အန်တီရေ တခုလောက် မေးလို့ရလားဟင်? အင်းမေးလေ…. အန်တီရော တာဝတိ ံသာက ဘုရားတို့ ဘာတို့ ဖူးလို့ရလားဟင်? မေးပြန်ပြီ နောက်ထပ် ယောဂီ အန်တီကို … စာရေးသူအတွက် အဲ့အချိန်တုန်းက အလွန် serious အဖြစ်ဆုံးအရာသည်ကား ဤအရာဖြစ်နေခဲ့လို့ပါ။
ဒါနဲ့ ယောဂီက ပြန်ပြောပါသည် အားရပါးရ.. . အိုး… ဖူးရပါပြီ ကောကွယ် စူဋ္ဌာမဏိ စေတီ တော်ကြီးကိုလေ လင်းထိန်နေတာပဲ…. အဲ့အချိန် အဲ့ ယောဂီရဲ့ အမက လက်တချက် ပုပ်လိုက်ပြီး သူ့ညီမကို ဆက်မပြောဖို့ ဟန့်လိုက်ပါတယ် …… အော်… ဟုတ်ကဲ့…. အာ့ဆို လူတိုင်းရတာပေါ့ နော်. ယောဂီက ဆက်မပြောတော့ပဲ. သမီးရေ ဘာမှ ကြောင့်ကြမစိုက်နဲ့နော်သိလား ဖူးရတယ် သိလား ဆရာသမားတွေခိုင်းတဲ့အတိုင်းသာလုပ်နော် … ဟုတ်ကဲ့ပါ အန်တီ လို့ ပြန်ပြော ရင်း .. နောက်တခု စူးစမ်းချင်မိပြန်သည်….. အန်တီတို့က ဘာလို့ ခဏ ခဏရိပ်သာလာ ဝင်နေ တာလဲဟင်? ပြီးတော့ ဘုန်းဘုန်းလေးပြောသလို ဝိပသနာ ပိုင်းရောက်ရင် ဖြန်းဖြန်းကွဲ မြင်ရ မယ်ဆိုတာ အန်တီ တို့က မြင်ပြီးပြီလားဟင်? အိုး… မြင်ပြီးပြီပေါ့ သမီးရယ် …ညည်းလဲ မြင်လာမှာပါ။ ဘာလို့ ထပ်လာပြီးအားထုတ်ရလဲဆိုရင်အန်တီတို့က ရက်ရှည်အားထုတ်ချင် လို့လေ ခြားရိပ်သာတွေက ရက်ရှည် မရှိဘူးလေ .. အန်တီ တို့ကျတော့ ဝိပသနာ ပိုင်းပဲအား ထုတ်တော့တာပေါ့ကလေးရယ်.. သမထပိုင်းတွေက ဟိုးနှစ်တွေထဲက အားလုံးမြင်ပြီးကုန်ပြီ လေ .. အဲ့နည်းစနစ်တွေနဲ့ သမာဓိကို ထူထောင်ခဲ့ရတော့ ဝိပသနာ မှာ သမီးရေ တကယ်ကို ဖြန်းဖြန်းကွဲ ရုပ်တရား နာမ်တရားတွေ ကို ကွဲကွဲပြားပြားသိကုန်တာပါလားအေ… ညည်းလဲ ကြိုးစားသိလား ဒီတရားတွေအရမ်းတန်ဖိုးကြီးတယ် … နောက်နေ့ စကားမပြောနဲ့ နော်… ကလေး… အော်.. ဟုတ်ကဲ့ပါ အန်တီ…. . ..အော်….. သိလေပြီ … ငါသိလေပြီ…… လူတဦးနဲ့တဦးမှာ မတူညီကြတဲ့ တွေ့ရှိချက်တွေ ရည်မှန်း ချက်တွေ ရည်ရွယ် ချက်တွေမတူ ကြပါလားဆိုတာ သိလေပြီ.. ဒီလိုနဲ့ စာရေးသူ record များ ရေး၍ မှတ်တမ်းတင်ခဲ့ပါသည်။ စာရေးသူ ဤ ၄၅ ရက်မှာလေ .. ဘယ်လောက်တောင် မှတ်ရေးလဲ သိလား? စာအုပ်လဲ ကုန်ပါတယ် ၊ ဘောလ်ပင် လဲကုန်ပါသည်။. ဘောလ်ပင် သွားတောင်းရပါသည် … စာအုပ် ကိုတော့ စာရေးသူ၏ ကျေးဇူးရှင် ယောဂီ မမဆီကနေ ချေးရပါသည်။ မိမိကို အပိုင်ပေးလိုက်ပါသည်။ ထို့အတွက် ဤစာနှင့်အတူ ကျေးဇူးတင်စကားဆိုလိုက်ပါသည် မမ ။
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၈) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း ( ၉)
အာနာပါန ဒုတိယနေ့ကိုရောင်တော့ ဆရာတော်ဘုရားက တရားစစ်လေပြီ … စာရေးသူ ရိပ်သာ ၄၅ရက် တာအတွင်း အပျော်ဆုံးအချိန်ကိုပြောပါဆိုလျှင်ဖြင့် တရားစစ်မယ့်အချိန်ပါဘဲ အဘယ်ကြောင့်နည်း?ယောဂီ အားလုံး ဆီမှ အတွေ့အကြုံများကို ကြားရတော့မည်ဖြစ်လို့ပါပဲ . စာရေးသူ စိတ်အလှုပ်ရှားဆုံး အချိန်ပါပဲ….. စာရေးသူက အငယ်ဆုံးမို့ တရား စစ်ချိန် နောက်ဆုံးကျ ပါတယ် အဲ့တော့ တခြားယောဂီများ လျှောက်တာကို သေသေချာချာ နာမည်နဲ့ တကွ နားစိုက်ထောင် ပါတယ်။ ထိုနေ့အစတွင် ဆရာတော်ဘုရားမေးသည်က … ဝါယူ ဘယ်လောက်ရလဲ?ဘယ်နှစ်ကြိမ်ရလဲ? တခါထိုင် ဘယ် ၂နာရီ ထိုင်လဲ?နိမိတ် ရလား? စာရေးသူအလှည့် ရောက်ပါပြီ။ စဖြေပါပြီ ပထမရက် နိမိတ်မရပါ ဘုရား. NO
ဟုတ်ပါသည် မရလို့ မရဘူး အမှန်အတိုင်း အကျယ်ကြီး ဖြေကြားလိုက် ပါသည်.. တချို့ယောဂီများကတော့ ရပါတယ် ဖြေတဲ့သူတွေရှိတာပေါ့… အဲ့ဒီအခါ ဆရာတော်ဘုရားက ဘယ်နှစ်ကြိမ်ရလဲ? ထပ်မေးပါသည်။ မိမိတို့ ရသလောက်အကြိမ်ရေများ ဖြေကြပါ သည်။ နောက်တခါ ဘယ်လို ပုံစံမျိုးလဲမေးပါသည်၊ ၎င်းတို့မြင်ရသလို လျှောက်တင် ကြပါ သည်။ စာရေးသူမှာတော့ Day 1 နေ့လဲ NODay2 နေ့လဲ NODay3 နေ့လဲ NODay4 နေ့လဲ NODay5 နေ့လဲ NODay6 နေ့လဲ NODay7 နေ့လဲ NODay8 နေ့လဲ NO ဒီလိုနဲ့ ဖြေလာလိုက် တာ ၁၁ ရက်မြောက်နေ့အထိပါဘဲ. ၆ရက်လောက်မှာ ဘာဖြစ်လာလဲဆိုတော့ မိမိ ကိုယ်ကို အားမရတော့ပါဘူး ငါ မဖြစ်နိုင်ဘူးနဲ့တူတယ် ငါ့လုံ့လ၊ ဝီရိယ နဲ့ မရနိုင်ဘူး ထင်တယ် ပြီးတော့တချို့တွေပြောသံကြားတာ အတိတ်က ပါရမီ မပါရင်လဲမရဘူးတဲ့ပြောတယ်… အော်… ဒါဖြင့် ငါတော့ မရနိုင်တဲ့ပုဂ္ဂိုလ်နဲ့တူပါတယ် ငါ ပြန်တာပဲ ကောင်းပါတယ်လေ မဟုတ်ရင် အလှူ ရှင်တွေ ဆွမ်းစားပြီး ငါငရဲရနေ ပါ့မယ်လေ . ပြီးတော့ စာရေးသူ အရှေ့ပိုင်းတွေမှာ ရေးခဲ့သလို အမျိုးမျိုးသော အဆင်မပြေမှုလေးတွေကလဲ တခုပြီးတခုတိုးတိုးလာတယ် . စာရေးသူမှာအရေ ပြားပါးတဲ့ရောဂါရှိတော့ ဖိနပ် မစီးတာ ၂နှစ်ရှိပြီမို့ ဖိနပ်က ခြေညှပ်ဖြစ်နေလို့ ပေါက်လုနီးပါးနာ ၏။ လော် သံကြီးကြောင့် တရားထိုင်ချိန်လျော့၏။ သမာဓိက မရသေးတော့ ဓမ္မာရုံမှာ တရားထိုင်စဉ် ခြင်ကိုက်တာကိုလဲ မခံနိုင် . စသောစသော အသေးအဖွဲကိစ္စလေးများကို အကြီး ကြီးထင်၍ စိတ်များသည် ထွေပြားလို့လာသည်မှာ ပြန်မည်ဟု ဆုံးဖြတ်ချက် ကို ၁၀၀% ချလိုက်ပါတော့သည်။
နှုတ်ဆက်လေပြီ အခန်းရှေ့ ယောဂီကို .ယောဂီရေ.. တပည့် တော်တော့ ဆုံးဖြတ်ချက် ချလိုက်ပြီကွယ် ပြန်တော့မယ် …ဟယ်…. ဘာဖြစ်လို့လဲ ဒီနား အ ဆောင်တွေမှာ လူကနည်းနေပါတယ်ဆို မပြန်ပါနဲ့ ဟယ်… မရတော့ဘူး … တပည့်တော် သမာဓိလဲမဖြစ် အိမ်မှာတုန်းကမှ မှတ်လို့ရသေးတယ် … ခုအဆင်မပြေတော့ဘူး…မနက်ဖြန် ဆရာတော်ဘုရားကို လျှောက်တော့်မယ်. ဒီလိုနဲ့ စာရေးသူ အဲ့ညဘက် 7.45pm တရားထိုင် ချိန်မှာ ဦးဇင်းကြီး ကိုလျှောက်ပါလေသည်။ ဦးဇင်းကြီး က ဟာ… ဘာဖြစ်လို့တုန်း … ဒီလိုဒီလိုပဲပြောပြတော့ … ခြင်ကိုက်ရင် ငါ့လို ခြင်ဆေးဝယ်လူးတဲ့ အဆောင်က ညည်းကြိုက် တဲ့အဆောင်ပြောင်းအေ .ပြန်တော့မပြန်နဲ့ ဆရာတော်ကလည်းပြန်ခွင့်ပြုမှာဟုတ်ဖူး .. အဲ့အချိန် ဦဇင်းကြီးက ဘေးမှာ ရှိသော ဆရာလေး Dr တပါးကို မေးထိုးပြပြီး.. … ကဲ ဆရာလေးရေ ကူပြောပေးပါဦးဟ ဆိုပြီး အကူအညီတောင်းရှာတယ် … ဒါနဲ့ ဆရာလေးက အဖြစ်အပျက်တွေ ဥပမာ တွေနဲ့ ပြောပြဖျောင်းဖျလေသည်ပေါ့ အစုံပါပဲ …ဒါနဲ့ စိတ်ကိုလျော့လိုက်မိတယ် အင်း.. သူတို့ပြောတာတွေက ဟုတ်သားပဲ … ဆိုပြီး အဲ့ည ညိမ်သွားပါတယ်…မနက်ရောက်ပါပြီ … မိမိရဲ့ အကြံအစည် များကို ကြိုတင်သိနေသလားလို့တောင် ထင်မိပါ၏ . ဆရာတော် ဘုရားလေး .ဘုန်းဘုန်းလေး မှ တရားဟောသည်က …. ချမ်းသာကြီးကို လိုချင်တဲ့သူ ဟာလေ … ချမ်းသာသေးသေးလေးတွေကိုစွန့်ရတယ်တဲ့….
မိမိ စိတ်ကလေးကိုပဲ ပြောင်းစရာလိုတယ် အရာဝတ္တုတွေကို ပြောင်းစရာ မလိုဘူးဆိုတာကို ….. ဒတ်ကနဲ… လင်းကနဲ… သဘောပေါက်လိုက် ပါပြီ။ ဤ အချိန်မှစလို့ မိမိ၏ အတွေးများ ကို positive ဘက်ကို ရွေ့လိုက်ပါတော့တယ် ခြင်ဆေးဝယ်လူးတယ်၊ ခွေးလေးတွေကို မေတ္တာပို့ တယ် ၊လော် အသံကြီး ဖွင့်တဲ့ အချိန် နှာသီးဖျား စိတ်စိုက်တာကို ပိုပြီး တင်းတင်း ကြပ်ကြပ် ထားလိုက်တယ်၊ နေပူတဲ့အချိန် နေအေးတဲ့နေရာရှာပြီးတရားထိုင်လိုက်တယ်…၊ အိုး…….ဟိုး…. ကြည့်စမ်းပါဦး …. တယ်နေလို့ကောင်းလှချေလား… ပို၍ ပျော်လာသည်…. ကြည့်စမ်း ငါ ပြောင်းလို့မရတဲ့အရာတွေကို ပြောင်းမရလို့ဆိုတဲ့ reason နဲ့ငါ့ရဲ့ တန်ဖိုးရှိလှတဲ့အချိန်တွေကို ဖြုန်းပြစ်နေပါလား.. နောက်နေ့မှာ ယောဂီထိမ်း volunteer အန်တီ ကျင်ရွှေ ခမျာ အဆောင် ရှေ့ရောက်လာပြီး .. သမီလေး အဆင်မပြေဘူးဆို … လာ လာ.. အန်တီ တခြားအခန်းလေးတွေ လိုက်ပြမယ် … ဆိုပြီး .. အခန်းများကို လိုက်ပြရင်း… သူမပြောပြသည်က…သမီးရေ …. သမီးက တရားရမယ့်သူမို့ အတားအဆီးတွေ အဖျက်တွေများနေရတာ. သမီးပြောပုံအရ ဆိုရင်ဒီလာဖို့ သမီးမှာ အငိုတွေအယိုတွေနဲ့ အပေးအယူတွေနဲ့ လာခဲ့ရတာဆိုတော့ သမီး ပြန်သွားရင်ရှုံးပြီလေ. နောက်ပြီး သမီးနေတဲ့အဆောင်ကိုစောင့်ရှောက်နေတဲ့အဆောင်စောင့်နတ်တွေကို စောင့်ရှောက် ပေးဖို့ တိုင်တည်ပါတဲ့… ပြီးတော့ ဒီတရားတွေဟာ သိပ်ကို တန်ဖိုးကြီးတာ သမီးရဲ့ … အန်တီဆို အိမ်မပြန်ပဲ လာကူပေးတာလေတဲ့ ကိုယ့်လို တရားရစေချင်လို့လေတဲ့… အန်တီ ရဲ့ အတွေ့အကြုံ တွေလဲ စူးစမ်းလိုက်ရပါတယ် … ကျေးဇူးရှင်ကြီးများကြောင့် စာရေးသူဟာဆိုရင်ဖြင့် ၄၅ ရက် ဓမ္မခရီး ရှည်ကြီးကို ပျော်မြူးရွှင်ပြစွာ နဲ့ဖြတ်သန်းနိုင်ခဲ့ခြင်းမှာ ၎င်းတို့၏ ကျေးဇူး တရားများ သည်ကား စကားလုံး ဖြင့် မဖော်ပြနိုင်တော့ပါ…..နောက်နေ့တွင် တိုင်တည် သစ္စာပြုခန်းများကို မယုံတယုံ လုပ်မိရာကနေ … အင်မတန် အံသြရသော အဖြစ်များကို ဆက်လက် ရေးပေးသွား ပါမည်။
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၉) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း( ၁၀)
ဂရုဏာ မျက်လုံး လေးများဖြင့် စာရေးသူ ကို ဝိုင်းကြည့်ကြသည် ။ အော် ဒီကလေးမလေးသနား ပါတယ် … သူမ အားငယ်နေပြီလား ? အလင်းနိမိတ်မရလို့…ဤသို့နှင့် ယခင်နေ့က ပြောပြပေးခဲ့ သော အန်တီ ယောဂီ မှပင် တရားစစ်ချိန်ပြီး၍ အဆောင်ပြန်သည့်လမ်းတွင် … သူ့ခမျာ စကား မပြောရ ဆိုသော စည်းကမ်း ကြောင့် စာရေးသူရဲ့ အနားလေး ကပ်လာလျှက် ပခုံးလေးကိုင်ကာ ….. သမီးလေး ညည်းက စိတ်ကြီးကို တင်းထားတာကိုးအေ့…. လျော့ချထား အာ့မှ ရတာ…… သူပြောမှပင် စာရေးသူ ကွကို ပြန်၍ မိမိစိတ်ကို စမ်းစစ်ကြည့်မိသည် .. အင်း…. ငါ ရချင်တာ ကတော့ ရူးခါနေတာပါလား….. ဒါမယ့် ငါ့စိတ်ဒလိုဖြစ်နေတာ ဒီ အန်တီ ဘိုသိလဲ.? ဒါနဲ့ အန်တီ က ဆက်၍ ပြောသည်မှာ ….. ဒီမယ် သမီး ….. ညည်းရဲ့ ကိုယ်စောင့်နတ်တွေရယ် ညည်းကို စောင့်ရှောက် နေကြတဲ့အစောင့်အရှောက်နတ်တွေရယ်ကို တိုင်တည် သိလား… ဟွန်…… စာရေးသူ မျက်စံ အပြင်ထွက်ကျတော့မယ် … အို… အန်တီ.. . အဲ့အရာတွေက သမီးလဲ မမြင်ဖူးဘူး … အာ့တကယ် ရှိတယ်လား? အေး….. ရှိတာပေါ့အေ….. ဟလား…. အာ့ဆို ဘို တိုင်တည် ရမှာလဲ သမီးကိုပြောပြပါလား?တပည့်တော်မ အလင်းနိမိတ်ကြီးကို ဖူးတွေ့ရပါ လို၏ ဘဝသံသရာ အဆက်ဆက်မှ ပြုလုပ်ဖူးသော ကုသိုလ်တို့ကြောင့် ယခုအချိန်အခါမှစ၍ ဖူးခွင့်ရ ရပါလို၏ ဒဲ့… ဒီတခါတော့ စာရေးသူ မျက်လုံးတင်မက ပါးစပ် ပါ ဟ သွားရလေပြီ ….. ဘုရား ဘုရား… အန်တီတို့က အလင်းနိမိတ်ကို တင်စားသုံးသည်က ဖူးရပါ လို၏ ဒဲ့….ငါရယ် … ကဗျက်ကချော်နဲ့ပါလား… ဒီလိုသာမန်ပါပဲလား…. အလင်းနိမိတ်ဆိုတာ ဖူးရ တယ်ဆိုတဲ့ အသုံးအနှုန်း ငါမသိခဲ့ပါလား.ဒီလိုနဲ့ အန်တီ့ခမျာ ဒယောသောပါးနှင့် တိုးတိုးကပ် ပြောပြီး သမီးလေး သေသေချာချာယုံယုံကြည်ကြည် တိုင်တည် သစ္စာ ဆိုနော်… ညည်းရလာ လိမ့်မယ် သိလား… ..စာရေးသူ အဆောင်ပြန်လမ်းတွင်တော့ ခေါင်းငိုက်စိုက်ချလျှက် အမှတ်သတိဆီ စိတ်မရောက် အန်တီ့ စကား များကိုသာ စိတ်ရောက်လို့ နေခဲ့ပါပြီ။
အင်းလေ…. ငါလဲ တကယ်လဲ နိမိတ်မှ မရတာ … ဆရာတော် ဘုရားကြီး မေးတိုင်း …(မတွေ့ပါ ဘုရား) လျှောက်လာရတာလဲ အတော် အားနာနေပြီ … (ဤတွင် စာရေးသူလို ယောဂီ အသစ် များရှိနေခဲ့ပါလျှင် သတိစကားတခုလောက် ပြောကြားပါရစေ တရားစစ်ချိန်တွင် ခြားသော ယောဂီများက ၎င်းတို့ နိမိတ်ရတဲ့အကြောင်း ဘယ်လိုရတယ် . စသဖြင့် လျှောက်နေကြချိန်တွင် မိမိက မရသေးသူဖြစ်နေလျှင် .. မိမိစိတ်ကို အကဲမခတ်မိပါက စိတ်ပျက်အားငယ် သည့် မိမိ ကိုယ်ကို အားမလို အားမရဖြစ်သည့် ဒေါမနသများ ဝင်လာတက်ပါသည်။ ထိုအရာများသည် တရား၏ ဆန့်ကျင်ဘက်များဖြစ်၍ ပို၍ ပို၍ မိမိလိုချင်တာဖြင့် ဝေးသွားတက် သည်များကို အထူးသတိပြုစေချင်ပါသည်)ဒီလိုနဲ့ စာရေးသူ အဆောင်ရောက်တော့ အချက်၂ချက် စဉ်းစား သည်၁) ကိုယ်တွေ့ ကြုံရသူများက ပြောကြားစကားဖြစ်၍ လက်ခံ သင့်သည်။၂) ထိုသို့ တိုင်တည် သစ္စာ ပြုလိုက်ခြင်းဖြင့်ဟုတ်မဟုတ် သိရမည်။Ok great ဟုတ်ပြီ ငါလုပ် မယ်….အဲ့နေ့ တရားမထိုင်ခင်မှာပဲ အန်တီ သင်ပေးလိုက်သည်များပင် မကလို့ မိမိဖာသာ အပို များပင် ထည့်၍ တိုင်တည်မိပါတော့သည်။ ၎င်း စသည့်နေ့သည် အလင်းနိမိတ် မရသော ၇နှစ် ရက်မြောက်နေ့ဖြစ်ပါသည်။ နောက်နေ့တွင် ဆရာတော်ဘုရားကြီးကလဲ မေးသည်မှာ … မှုန်မှုန် မွှားမွှားလေးတောင် မမြင်ဘူးလားကွယ်ဒဲ့…..စာရေးသူက မမြင်ပါဘုရား….ဒါနဲ့ တရားစစ်ပြီး ချိန်အားလုံးအပြီး ဆရာတော်ဘုရားကို မေးလျှောက်စရာရှိ၍ သွားမေးမိပါသည်။
ဆရာတော်ဘုရား TV မှာ မြင်ရတဲ့ sport light လေးတွေတော့ မြင်တယ် ဘုရား ဒါမယ့် အကြည့်မခံဘူးဘုရားပျောက်ပျောက်သွားတယ် အာ့လိုတော့ တခါတခါ ဖြစ်တယ် ဘုရား.ဟာ….. အေး… ညည်းနှယ် …. အဲ့ဒါ … ဟုတ်တယ်ဟ… သွား…သွား… မနက်ဖြန် အဲ့ဒါ ထဲ့လျှောက်ချည်…စာရေးသူက ထပ်၍ အဒွန့်တက်၍မေးမိသည်က မဟုတ်ဘူးဘုရား အလင်း မမြင်ရဘူး…ဟာ…အေး… သွား.. .သွား..ဟုတ်တယ် …အဲ့ဒါလျှောက် …အဲ့ဒါ နိမိတ်ရတယ်ခေါ် တယ်လေ။ထိုအချိန်က စာရေးသူသည် နိမိတ် အမျိုးအစားများကို သေချာမသိသေးပါ နောင်များတွင်တော့ နိမိတ်ဟာ ဘယ်နှစ်မျိုးရှိတယ်ဆိုတာ ဘုန်းဘုန်း ပြော ပြ၍ သိခဲ့ရပါသည်။နောက်နေ့ တွင် ဆရာတော် ဘုရားမှ ပြောသည် က …ကဲ… နိမိတ်ရသည် ဖြစ်စေ မရသည် ဖြစ်စေ မိမိရဲ့ စိတ်ကလေးကို ဖြေလျော့ထား… အတည် ညိမ် အအေးချမ်းဆုံးထား… ရရမရရ ငါ မြတ်စွာဘုရား ကို ဝါယူသန့်သန့်လေးတွေ ပူဖော်မယ်လို့ စိတ်ကိုထားတဲ့… အများကိုဦးစားပေးရမှာဖြစ်ခြင်းကြောင့် မရသေးတဲ့သူများကို စောင့်လို့ မရ ဘူး နောက်နေ့တွေဆို ဘုရား ဖူးခန်းတွေ သွားရတော့ မှာတဲ့ အာ့မို့ မိမိ စိတ်ကလေး ကိုသာ အေးချမ်းနေအောင်ထားပါတဲ့ ။ ရခြင်းမရခြင်းက အရေးမကြီးဘူး စိတ်ကလေး အေးညိမ်းပြီး ဝါယူသန့်သန့်လေးတွေနဲ့ပူဇော်ရတယ်လို့သဘောထားဖို့က ပိုအရေးကြီးပါတယ်ဒဲ့…ဒီလို မိန့် ကြားလိုက်တဲ့နေ့မှာပဲ စာရေးသူ စိတ်ကို အကုန် စွန့်လွှတ်လိုက်ပါတော့တယ် .. ကဲ… သွားဟာ … ဒီ နိမိတ်လဲ မလိုချင်တော့ပါဘူး.. ငါ့ဖာသာ ဝါယူသန့်သန့်လေးတွေနဲ့ပဲ မြတ်စွာဘုရား ကိုပူဇော် တော့မယ်…. နိမိတ်တင် မလိုချင်တာမဟုတ်ဘူး…. ဘုရားတွေလဲ မဖူးရတော့လဲ ဘာဖြစ်လဲ ငါ မဟာသတိကြီးနဲ့ တရားပေါ်အမှတ်စိတ်ထားနေတာပဲ ဒါလဲ ကုသိုလ် ရပါတယ်။
ဘုရားလဲ မဖူးတော့ဘူး… နောက်ဆုံး ပြန်သည့်နေ့ထိ ငါ သတိမြဲမြဲထားပြီး ဆရာတော် ခိုင်းတာ တွေပဲ လိုက်လုပ်ရင်း နေသွားတော့မယ်… တော်ပြီ ပင်ပန်းတယ် လိုချင်နေရတာ… ဘာမှမလိုချင် တော့ဘူးဟာ… ဆိုပြီး. ခိုင်းနှိုင်းပြောရ လျှင် ပစ္စည်း တခုကို မလိုချင်တော့လို့ အဝေးကို အားပြင်း ပြင်းနဲ့ ပြစ်ပေါက်လိုက်သလို ဒီလိုချင်နေတဲ့ (လောဘ) ကို လွှတ်ချလိုက်ပါတော့တယ်… ( ဤနေ ရာတွင် စာရေးသူ ကိုယ်တွေ့ခံစားချက်ပြောပေဦးအံ့. လောကကြီးတွင် အလွယ်ဆုံးအလုပ်သည် “အပြော” အခက်ဆုံး အလုပ်သည် “အကျင့်” ထိုအရာကို မိမိက သိထားသူမို့.. ဤသို့ လူတော် တော်များများ ပြောနေကြသော “လွှတ်ချလိုက်” ဆုပ်ကိုင် မထားနဲ့ ဒီစကားသည် အပြော လွယ် သလောက် အကျင့်ကအလွန်မတန်ခက်လှပါ၏။ လွှတ်ချလိုက်ဆိုသည့် စကား ၃ လုံးထဲပေမယ့် မလွှတ်ချတက်လို့ သာ ဆင်းရဲနေကြရခြင်းဖြစ်သည်ဆိုတာကို ကိုယ်တွေ့မို့ … အပြောလွယ် အလုပ်ခက်ပါသည်လို့ဆိုပါစေ။)
ထိုသို့ စိတ်ကို အကောင်းဆုံးသန့်စင်ပြီးတဲ့အခါမှာတော့ စာရေးသူ စိတ်တွေ ရွှင်လန်းတက်ကြွလို့ လာပါတော့တယ် .. တခါတခါ လမ်းလျှောက်လျှင်တောင် မြေကြီးနဲ့ ခြေဖျား လွှတ်ချင်ချင် တောင် ထင်မိပါရဲ့ … အမလေး….. မလိုချင်တော့မှပဲ ပေါ့ပါး သွားတော့တယ်… အို… တယ် ပြီး.. နေလို့ထိုင်လို့ ကောင်းလှပါလားကွယ်… ဟုတ်သား… အရင်နေ့တွေထဲက ငါ.. ဒီစိတ် ကလေးမွေးသင့်တာ ကြည့်ပါဦး ငါ့မှာ လိုချင်ဇောနဲ့လုပ်တော့ ဝါယူတွေကလဲ မသန့် စိတ်ကလဲ ဟိုထွက်ဒီထွက် . ဟွန်း… ဟွန်း.. ခုတော့ဖြင့် မျက်နှာမှာပါ အပြုံးပန်းလေးတွေက ဝေလို့….. ဟန် ကျထှာ… [ဝါယူမသန့်ဆိုသည့်စကားကို ယောဂီအသစ်များနားလည်စေရန် ရှင်းပြပါ ဦး မည်] ဒီလိုပါ ၁ ကနေ ၈ထိ မှတ်နေရာကနေ ၈မရောက်ခင် သတိလွတ်၍ စိတ်အပြင်ထွက်လျှင် သော်၎င်း ၈ကိုကျော်သွား၍ ၉ရောက်သွားလျှင်သော်၎င်း ထိုဝါယူများကို ပယ်ပြစ်ရပါသည်။ မပယ်ခဲ့လျှင် မသန့်ဟု အဓိပ္ပါယ် ရပါသည်။ ထိုနေရာလေးတွင် စာရေးသူ အဖြစ်တခုပြောပြပါ မည် ဒီလို ဝါရေသန့်သန့်လေးဟာ ဘယ်လောက်အကျိုးရှိလဲဆိုတာ အရင်ကမသိခဲ့ပါ၊ တနေ့ ဘုန်းဘုန်းလေး ပြောသည်က … လူတွေရယ် .. ဝါကို ဖျတ်ရမှာ ဘာလို့ နှမျောကြလဲ မသိ .. အဓိက သတိမြဲဖို့ အမှတ် မှတ်နေခြင်းကို ဝါယူများဖို့ပြိုင်နေတာမှမဟုတ်… သန့်လေ ပိုပြီး သမာဓိဖြစ်လေကို .. ဘာလို့များ မပယ်ချင်ကြပါလိမ့်ဒဲ့… အိုး…ဟိုး.. အဲ့နေ့ကျမှ ဟာ… အေး… ဘုန်းလေး ပြောတာ မှန်သားပဲ … ငါလဲ ဝါဖျက်ရမှာ နှမျောတဲ့အထဲ ပါသူပဲ… ဟုတ်ပါသည် စာရေးသူ ရပြီးသားဝါများကို ဖျက်ရမှာ အလွန်နှမျောခဲ့ပါသည် . အဓိကနဲ့ သာမည ကို မသိခြင်း၏ မဟာ အမှားကြီးပါပဲ.. ထိုနေ့ကစလို့ ဖျက်ရမှာမနှမျော တော့ပါ … သန့်လိုက်တာမှ တချက်ထိ တချက်သိ ဝါများကိုသာ ယူပါလေတော့သည်။ ]
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၁၀) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၁၁)
ကန်နီဆရာတော် ဘုရားကြီး၏ လကျာခြိုးလေးက
သတိမြဲရာပထမာ ဒုမှာရှည်တိုသိ လုံးစုံလင်းရာ တတိယာ စမှ ငြိမ်းစေဘိ ။
လယ်တီဆရာတော် ဘုရားကြီး၏ လကျာခြိုးလေးက
ဤ လကာ်ချိုးများအတိုင်း အစဥ်တိုင်းပွားရာတွင် ပထမဆုံး သတိမြဲဖို့က အဓိက ဖြစ် ခြင်း ကြောင့် ဝါယူ ဝါမှတ်ကို နှာသီးဖျားစိတ်စိုက်နေရခြင်းမှာ စာရေးသူ အတွက် အတော်ပင် ပင်ပန်းလို့နေခဲ့ရပါသည်။
သို့နှင့် တိုင်တည်မှုများကို မိမိ၏ စိတ်ထဲမှာ လူတယောက် ကို ပြောသလို ရင်းရင်း နှီးနှီး ဖြင့် သေသေ ချာချာ စိတ်ပါ လက်ပါဖြင့် မိမိ၏ ကိုယ် စောင့်နတ်များ နှင့် အစောင့် အရှောက် ပုဂိုလ်များကို တိုင်တည်မှုများပြုလုပ်ပါတော့သည်။ထူးဆန်းလွန်းလှပါသည် ၁၂ ရက်မြောက် သည့်နေ့တွင် နေ့လည်ပိုင်း တရားထိုင်နေစဥ် ဝါယူဝါမှတ် ၃၀ လောက်ပဲ ရောက်ဦးမည်ထင်ပါ သည် ခန္ဓာကိုယ် တခုလုံးကို မီးဆလိုက်နှင့်အထိုးခံလိုက်ရသလို နေပူထဲမှာ ထိုင်နေရသလိုမျိုး တကိုယ်လုံး လင်းထိန်သွားပြီး ကြက်သီး များ နေရာလွတ် မရှိ အောင် ထလာပါသည်။ ဝါယူဆက်၍မှတ်ပါသည် မှတ်၍မရပါ အလင်းများ ကသာ ပို၍ ပို၍ လင်းထိန်တောက်လို့လာပါတော့သည်၊ ဆက်၍ ကြိုးစားပြီး အဓိဋ္ဌာန် နာရီ ပြည့်အောင်မှတ်ကြည့်သည် လုံးဝ မှတ်၍မရတော့ပါ.ဒါနဲ့ မဖြစ်တော့ဘူး တရားဖြုတ်တော့ မယ်ဆိုပြီး မျက်နှာစည်းပုဝါကို ဖြုတ်လဲ ဖြုတ်လိုက် ရော မိမိမငိုပါဘဲနှင့် သူ့အလိုလို မျက်ရည် များကျလာပါတော့သည်။
ထိုအခါ မျက်နှာစည်းပုဝါကို အသေအချာပြန်ကြည့်လိုက် မိမိထိုင်နေတဲ့နေရာကို သေချာ ပြန် စမ်းစစ်လိုက်နှင့် …ဒါ…. ငါ…ဘာဖြစ်တာလဲ?ဆိုပြီး လေ့လာဖွေရှာမိပါတော့တယ်။ ကြည့်စမ်း… ငါ့ရဲ့ပုဝါကလဲ အပြင်က အလင်းမပေါက်ဘူး ပြီးတော့ ငါထိုင်နေတဲ့နေရာကိုလဲ နေက မထိုး ပါဘူး ဒါဆို ငါ ဘာဖြစ်လို့ ခုလိုဖြစ်တာလဲ ပြီးတော့ မျက်ရည်….ငါလဲ မငိုပါဘူး… ဟာ…. ဒုက္ခပဲ…. ဒါဘာဖြစ်တာလဲ? .(ဤနေရာတွင် မျက်နှာစည်းပုဝါလေး၏ အင်မတန် ထိ ရောင်မှု တခုကို တင်ပြပါဦးမည်)အပြင်အလင်းများနှင့် မရောထွေးစေရန် ပုဝါစည်းကို မဖြစ် မနေစည်းရမည်ဟု အတင်းကြပ်ဆုံးစည်းကမ်းထဲတွင် ပါသည်မို့ စာရေးသူ သည် ပုဝါ ကို လမ်းလျှောက် ချိန်မှလွဲ၍ ကျန်ချိန်များကို စည်းထားလေ့ရှိပါသည်။
အဘယ်ကြောင့် ထိုသို့ စည်းရသနည်း ဆိုသော် အလင်းရလာလျှင် သိသာရန်ဖြစ်၏။ တဖန် အလင်းမပေါက်အောင် ပုဝါလေးထဲကို တစ်ရှူး တွေဖြင့် ထပ်မံကာဆီးထားပြန်သည်။ ပုဝါ ထဲမှအပြင်ကိုမျက်စိဖွင့်ကြည့်လျှင် အလင်းဆို၍ စိုးစင်းမျှပင် မတွေ့ရဘဲ မှောင်မဲ တူး နေပါ သည်။ စာရေးသူ နောက်ပိုင်း သိလာရသည်ကတော့ ဤ ပုဝါစည်းသော စနစ်ကြောင့်ပင် အလင်း များကိုပြီပြီပြင်ပြင်ထင်ထင်ရှားရှားမြင်ရသည်ဟုယူဆမိပါသည်။ထို့ကြောင့် စည်းကမ်း ချက်ထဲ ဘာလို့ ထိပ်ဆုံးက ပါနေပါလဲဆိုလျှင် အကျိုးများစေလို့ပါပဲဆိုတာနောက်ပိုင်းတွင် ပိုပို သိလာ ရပါသည်။ ထို့ကြောင့် မိမိလို ယောဂီ အသစ်များဖြစ်ခဲ့လျှင်သော်၎င်း မြေဇင်းနည်းစနစ်ဖြင့် မရင်း နှီးသေးသောသူဖြစ်နေခဲ့လျှင်သော်၎င်း ဤသို့ တရားမှတ် ရာတွင် ပုဝါစည်းရခြင်းကို လုံးဝ အယူအမှတ်မ မှားဘို့ရန်နှင့် အင်မတန်ကို အကျိုးထိရောက်ပါတယ်ဆိုတာကို မျှဝေလိုက်ရပါတယ်။
ဒီလို နဲ့ စာရေးသူ ကြံရာမရဖြစ်ကာ ဘယ်သူ့မေးလို့မေးရမှန်းလဲမသိ… တရားကလဲ ဆက်ထိုင် လို့မရ…ဘာလုပ်ရမလဲ?ဒါနဲ့.. … မထူးဘူး… ယောဂီ တယောက်ယောက်ကို သွားမေးမယ်….. ဆိုပြီး အခန်းပြင် ထွက်၍ အမျိုးသမီး ယောဂီ ဆောင် တဆောင်ပြီးတဆောင် လိုက်၍ ကြည့်ရာ…. အားလုံး ယောဂီ များတရားထိုင် နေကြသည်။ ဟင်…. ငါဘယ်လို လုပ် ရမလဲ…. ဘယ်သူ့မေးရမလဲ… ဘူမှလဲ မရှိ…. ဒီလို နဲ့ စာရေးသူ ၏ ချစ်မမ ယောဂီ တရားဖြုတ် ပြီးချိန်နှင့် တိုက်ဆိုင်၍ သူမအားမေးမြန်ရန် သူမ အဆောင်တော်သို့ ဘုန်းဘုန်းဘုရားမသိအောင် ကူးသွားလိုက်ပါတော့သည် စာရေးသူ လဲ စဥ်းစားမိတယ်သိလား… ငါရယ် စည်း ကမ်း က စကားမပြောရ တင်းကြပ်ထားပေလို့ မဟုတ်ရင် ငါ ဘယ်လောက်တောင် ဆိုးလိုက် မလဲလို့ မိမိကိုယ်ကိုယ်ကို ထင်ခဲ့မိပါတယ်။
ဟုတ်ပါသည်… စာရေးသူ ကလဲ အလွန်မှ ကို သိချင်သည့် အကြောင်း အရာ များ က များလွန်း လှသည် မဟုတ် ပါလားကွယ်…. ယောဂီ အသစ်ပေကိုး…. သို့နှင့် မမယောဂီကို မိမိ ဖြစ်ပုံကို ပြောပြလိုက်တော့… မမက….. ဟယ်… ယောဂီ… အဲ့ဒါ အလင်းနိမိတ်ရတာ….ဟင်….ဟုတ် လို့လားဟာ… ဟုတ်တယ်…ဟင်…. သူများ တွေရောအာ့လိုဖြစ်တာလား? ယောဂီ က ရော အဲ့လိုဖြစ်တာလား… စသဖြင့် မေးခွန်း တွေ မေးပါလေတော့သည်… ဒါနဲ့ မမ ယောဂီ က… ယောဂီ ရေ တပည့်တော် အထင်တော့ ဟို စာချိုးလိုလေ…. လုံးစုံလင်းရာ…တ၌သာ… ဆိုတာ လိုများ ရောဂီက အဲ့လိုများဖြစ်သွားတာလားမသိဘူး… ဟာ… ဟုတ်ပါ့မလား ယောဂီ ရေ…. ဒီဟာကရော နိမိတ်ဟုတ်ရဲ့လားမသိ….ဟာ… ဒါဆို… ဘုန်းဘုန်းလေးသာ သွားလျှောက်ချေ တော့…. တပည့်တော်လဲမပြောတက်တော့ဘူး….။
ဒီလို နဲ့ ညနေမှာ ဘုန်းဘုန်းလေးဆီမေးမြန်းခန်းထွက်ဖို့ သွားခဲ့ပါလေတော့သည်။မကြာမှီ အပိုင်း(၁၂) တွင်ခြေဖဝါးနှင့် မြေကြားမှာ ဘာများ ခုနေပါလိမ့် ဆိုသည့် ကိုယ်တွေ့များကို အားရပါးရ မျှဝေပေးသွားပါဦးမယ်လို့…..။
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၁၁) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၁၂)
ရောက်ပါပြီ ဘုန်းဘုန်းလေးစံကျောင်း…
အရှင်ဘုရား တပည့်တော် ဒီလိုဒီပုံဖြစ်ပါတယ်ဘုရားအဲ့ဒါ ဘာဖြစ်တာပါလဲ ဘုရားဘုန်းလေး က ဟုတ်ပါတယ် ဒကာမကြီး ဒါနိမိတ်ရတယ်လို့ ခေါ်ပါတယ်။ ဒါဆို မနက်ဖြန် ဆရာတော်ဘုရားကြီး ကမေးလျှင် မည်သို့ လျှောက်ရပါမည်နည်း ဘုရား ဒီအတိုင်း ဖြစ်တဲ့အတိုင်း ခံစားရတဲ့အတိုင်းသာ လျှောက်ပါ.တပည့်တော် ဖြစ်ပုံက လျှောက် ရမှာရှည်တယ် ဘုရားရပါတယ် ဒီအတိုင်း သာလျှောက်ပါ…. ..ပြီးတော့ ၁ ရက် ၂ရက် လောက်တော့ ဒီလိုပဲဖြစ်နေလိမ့်မယ် ဘာမှမဖြစ်ဘူး ဗုဒ္ဓါနုသတိလေးနဲ့ မေတ္တာကမ္မဋ္ဌာန်းလေး သာပွားနေပါ…. ဒဲ့…စာရေးသူ စိတ်ထဲ မှာကတော့….. အင်း….. နိမိတ်လို့တော့ ပြောတယ်… ငါ့ ဖြစ်ပုံကလဲ နေရောင် အောက်မှာထိုင်နေရသလို ကြက်သီးများ ထလာပုံ မျက်ရည် ကျပုံ. ဒါတွေ အကုန်လျှောက်ရင် အချိန်ရှည်နေရင် ဆရာတော်ဘုရားကြီး အတွက် စိတ်အနှောင့်အယှက်ဖြစ် ရမယ်….. ငါ….. ဘိုလုပ်ရမလဲ….. စသောစသော အတွေးများစွာနဲ့ အဖော်လိုက်ပေးသော မမ ယောဂီ ကို အကြံဉာဏ်လေး တောင်းမိ၏ ။ သူမကလဲ ရပါတယ် ယောဂီ ရယ် ဒီတိုင်းပဲလျှောက် လိုက်ပါဒဲ့…. အင်း….. စာရေးသူ မိမိရဲ့ စိတ်ကို ပြန်အကဲခတ်နေမိသည်…. ဒါဟာ နိမိတ်ရတယ် လို့ဆိုရင်.. ငါ ဘာလို့ မပျော်ရတာလဲ? မရခင်တုန်းကတော့ ရချင်လိုက်တာ… ခုရပြီဆိုတော့….. အော်….. ငါတကယ် နိမိတ် ရတာ မဟုတ်လောက်ဘူးထင်ပါရဲ့…. ဆိုတဲ့ အဲ့ဒီခံစားချက်ကြီး စာရေးသူ ရင်ထဲ ဘယ်လိုရောက်နေခဲ့လဲမသိတော့ပါ….ဒါလိုနဲ့ နောက်အချိန် တရား ထိုင်ချိန် များမှာတော့ ဘုန်းလေး မိန့်လိုက်သလိုပါပဲ… စာရေးသူ လုံးဝ ဝါယူဝါမှတ် မှတ်၍မရတော့ပါ. ဝင်သည် ၁လို့ မှတ်မယ်လုပ်လိုက် အလင်းလှိုင်းတွေက မျက်စိတဝိုက်မှာ လျှံထွက်လို့လာပါ တယ်။ ပြီးလျှင်ကြက်သီးများက တကိုယ်လုံး ထလာပါတော့တယ်။ ဒါနဲ့ စာရေးသူ ဗုဒ္ဓါနုသတိ လေးပွားလိုက် မေတ္တာ ပွားလိုက်နဲ့ ၁ရက်ကျော်လောက်ဖြတ်သန်းလိုက်ရပါတယ်။
ဤနေ့မှစလို့ စာရေးသူ မိမိကိုယ်ကိုယ်ကို research ပြန်လုပ်နေပါတော့သည်။
တိုင်တည်သစ္စာပြုမှုတွေကို တခုပြီး တခုလိုက်စမ်းကြည့်ပါသည်။ ပထမဆုံး တခုပြောပြပါရ စေ အရှေ့ပိုင်းတွေမှာ စာရေးသူ ပြောခဲ့ဖူးသလို လော် အသံကြီးနေ့တိုင်း အော်နေတာကို တ ညနေ စမ်းသပ်ချင်တာနဲ့ မိမိရဲ့ အစောင့်အရှောက် တွေ မိမိကို တကယ် စောင့်ရှောက်တယ် ဆိုခဲ့ ပါလျှင် ဤ အသံကြီး တိတ်သွားအောင် ဆောင်ရွက်ပြပေးပါ….အိုး… ဟိုး… တိုက်တိုက် ဆိုင်ဆိုင် … အဲ့ဒီညနေမှာ.. လော်ကြီး အော်နေတဲ့အချိန် မီးကရုတ်တရပ်ပျက်သွားခဲ့ရာ အသံလဲတိတ်သွား ပါတယ်.. ထူးဆန်းသည်က နောက်နေ့မှာပါ မီးမပျက်ပါပဲနှင့် လော်ကြီး အော်သံ ရပ်သွားခဲ့တဲ့ ၂ ရက်ကို ထူးဆန်းစွာ သိလိုက်ရတော့… ဟာ… ကြည့်စမ်း… တကယ် ရှိတာပဲ… .. ဟာ.. ဒါတိုက် ဆိုင်မှုဖြစ်မယ် ထင်တယ်… နေဦး… နောက်တခု ထပ်ပြီး လုပ်ကြည့်ဦးမယ်ဆိုပြီး… စာရေးသူဟာ ဆိုရင်ဖြင့်…. မျောက် လက်ထဲ အုန်းသီး ရသွားသလို… တိုင်တည် သစ္စာ ပြုမှုများကို တခုပြီးတ ခုလိုက်စမ်းကြည့်ပါတော့သည်။
အတိုချုပ် ပြောရလျှင်တော့ စမ်းသမျှအားလုံး ဖြစ်ခဲ့ ပါသည်။ ဤတွင် စာရေးသူ၏ စိတ်ထဲ ကျေနပ်ပီတိများကဖြင့် ဘာနှင့်မျှ မလဲနိုင်အောင် ဖြစ်ခဲ့ရ ပါသည်။အလင်းနိမိတ်ရခြင်းထက် အစောင့်အရှောက်တွေဟာတကယ်ရှိတာဘဲဆိုတဲ့ ယုံကြည်မှု သဒ္ဒါ တရားကပို၍ စာရေးသူကို ပီတိဖြစ်စေခဲ့တာဘယ်သူကများသိနိုင်ပါ တော့မည်နည်း ။ သို့နှင့် စာရေးသူ ကျိတ်ပျော်နေခဲ့တာ ဘယ်သူမှမသိလိုက်တော့ပါ.. လမ်းလျှောက် လျှင် မြေကြီးနှင့် ခြေဖဝါးက ထိနေတယ်လို့တောင်မထင်ရတော့ပါဘူး မြောက်ကြွ မြောက်ကြွ နဲ့ အဲ့ဒီနေ့တွေ ထဲကစလို့ စာရေးသူ ဟာ ဤမြေဇင်းနည်းစနစ်သည် သဒ္ဒါ တရားကို ဗိုလ်ထားသော နည်းစနစ် ဖြစ်ခြင်းကြောင့် စာရေးသူ၏ စိတ်ထဲ သဒ္ဒါ တရားများသည်ကား….လျှံကျ၍လာပါတော့သည်။ဤသည်ကား စာရေးသူ ၏ သံသယများကို ဖြိုခွင်း လိုက်သော လက်နက်ပေတည်း….နောက် ၂ ရက်အကြာတွင် ဆရာတော်ဘုရားကြီးမှ ဘုရား ဖူးခန်း သင်ခန်းစာများကို စတင်ပါတော့သည်။
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၁၂) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၁၃)
ဘုရားဖူးခန်း စလေပြီ….ဆရာတော်ဘုရားကြီးက ပထမဆုံး နေ့တွင်…ရိပ်သာ တွင်းရှိ ငမိုးရိပ် စေတီ၊ နဂါးရုံဘုရား၊ သိမ်ဓမ္မာရုံ အောက်ထပ် ဘုရားနှင့် ဆရာတော်စံကျောင်း အောက်ထပ်မှ ဘုရား တို့ကို စတင်ဖူးခိုင်းပါတော့သည်။
စာရေးသူကတော့ မဖူးခိုင်းခင် အကြိုတနေ့က ပင် မိမိဖူးလို့ရပါ့မလားဆိုသည့် စိတ်ကလေး တချက် ဖြစ်လိုက်သည်။ သို့ပေမယ့် စာရေးသူ ဆုံးဖြတ်ချက်ချထားသည့်အတိုင်း… အို… ရရ မရရ ငါ့စိတ်ကလေးကိုတော့ပေါ့ပေါ့ပါးပါးပဲထားမယ်.. ဖူးလို့ရတော့လဲရပေါ့… မရတော့လဲ… နှာသီးဖျားစိတ်စိုက်ထားတာပဲ ငါ ကုသိုလ် ရပါတယ်လေ…. ဆိုသည့် ဆုံးဖြတ်ချက် ကြောင့်…. ဘုရား များအားလုံးကို ဖူးလို့ရခဲ့ ပါသည်။ ထူးဆန်း သည်က မမြင်ဖူးသော ဘုရားများကို ဖူးလို့ရနေသည်မှာ စာရေးသူ အတွက် အင်မတန်မှကို ထူးဆန်း လွန်းလှပါသည် ။
စာရေးသူ ဤဘုရားဖူးခန်းများ ကို အတိုချုံ့၍ ရေးသားမျှဝေပေးသွား ပါမည်။ အဘယ်ကြောင့် ဆိုသော် ဖူးခိုင်းသော ဘုရား များကို တဆူချင်းသာ အသေးစိတ် ပြောပြ ရလျှင်ဖြင့် နာရီပေါင်း များစွာ ကြာမြင့်သွားပါ လိမ့်မည်။ သို့ပါသောကြောင့် စာရေးသူ စိတ်ထဲ၌ ထင်ကျန် ရစ်ခဲ့သော ဘုရား၃ဆူလောက်ကိုသာ အပိုင်း (၁၄) တွင် ရေးပေးသွား ပါမည်။ဖူးခိုင်းသော ဘုရားများမှာ….
၁) ရိပ်သာတွင်းရှိဘုရားများ။
၂) ရိပ်သာပြင်ပ ဘုရားများ။
၃) မြန်မာ ပြည်တွင်းတန်ခိုးကြီးဘုရားများအစုံ။
၄) ပြည်ပနိုင်ငံများမှတန်ခိုးကြီးဘုရားများ။
၅) တာဝတိံသာနတ်ပြည်ရှိစူဠာမဏိစေတီ၊ ဝေဇယန္တာပြသပ်၊ ဗန္တုဂဗလာမြကျောက်ဖျာ။ပင်လယ်ကသစ်ပင်။
၆) နဂါးပြည်ရှိဘုရားစေတီနှင့်ဗုဒ္ဓဆွယ်တော်။
၇) ဗြဟ္မာပြည်ရှိ ဒုသစေတီစသည်များဖြစ်ပါသည်။ဤတွင် စာရေးသူ ၏ ခံစားချက်လေး အနည်းငယ် တင်ပြပါဦးအံ့….စာရေးသူ ရိပ်သာမသွားခင်မှာ ယခုလို ဓမ္မ စာစုလေးများနှင့် ကျမ်း စာများကို ဖတ်ပြီး စိတ်ထဲ ဘယ်လို ထင်ခဲ့မိပါသလဲ ဆိုရင်ဖြင့်..အင်း… လူ့ပြည်က ဘုရား များကိုဖူးရသည်ဆိုသည်မှာ မဆန်းပေမယ့် နတ်ပြည် ၊ ဗြဟ္မာပြည်ကဘုရားများကို ဖူးလို့ ရတယ်ဆိုတာကိုတော့ သိပ်မယုံနိုင်ခဲ့တာ တော့အမှန်ပါဘဲ အရမ်းကိုလဲထူးဆန်းနေခဲ့ပါတယ်….
ထို့ကြောင့် မိမိကိုယ်တိုင်အားထုတ်ကြည့်မှသာသိနိုင်ပေမည်ဟုလဲအဲ့ချိန်ကထင်မိခဲ့ပါတယ်။ စာရေးသူ ဆရာတော် ဘုရားကြီး ဖူးခိုင်းသော ဘုရားများကို တဆူမကျန် အားလုံး ရှင်းရှင်း လင်းလင်း ကြည်ကြည် လင်လင်ပြတ်ပြတ်သားသားဖူးခဲ့ရပါတယ်။ တချို့သော အကြောင်း အရာများသည် စာရေးသူ ရေးပြရလျှင်ဖြင့် မမြင်ဖူးသော မကြုံဖူးသောသူများအတွက် မေး ခွန်းများမေးလာနိုင်သည့်အတွက်ကြောင့် ချန်လှပ်ထားခဲ့ပါရစေ။ ယုံကြည်မှု ရှိပြီး သား လူများအတွက်ကတော့ စာရေးသူ နှင့်နီးစပ်နေပါလျှင် Details ပြောပြနိုင်ပါသည်။
တဆက်တည်းမှာပဲ စာရေးသူ စိတ်ထဲ ဘဘဦးဌေးလှိုင် ပြောသော စကားများကို ပြန်လည် ကြားယောင်မိခဲ့ပါသည်။ ဘဘပြောသည်ကား….မြေဇင်းဆရာတော်ဘုရားကြီးက ဤတရား တော်များကို… ဒဲ့ အားထုတ်ပြီးသွားသော ယောဂီ များကို မိမိတို့တွေ့မြင်ရပုံများကို လူတွေ ကိုပြန်မပြောရဘူး ဆိုပြီး နှစ်ပေါင်း ၃၀ကြာအောင် နှုတ်ပိတ်ထားခဲ့ပါသည်။ အဘယ်ကြောင့် ဆိုသော်.. မယုံကြည် သူများကကြားသိရလျှင် ပြစ်မှားမိက ၎င်းတို့ အကုသိုလ် ဖြစ်၍ ငရဲရ မည်ဆိုးသောကြောင့်တည်း…ဒဲ့….ဘဘကိုယ်တိုင် အားထုတ်လာပြီးသည့် နောက်မှ သာ… ဤတရားတော်များကို ပြောလိုက ပြောလို့ရပါပြီဆိုပြီး ခွင့်ပြုခဲ့တာပါ…ဒဲ့… ဤသို့သော စကား များကို ဘာကြောင့် မပြောခိုင်းခဲ့ရသည်ကိုတော့ စာရေးသူဟာ… ဘုရားဖူးခန်း များ ကို စတင်ဖူး ခွင့်ရတဲ့နေ့ထဲကနေ သိရှိလိုက်ရပါတော့သည်…… ဆိုတာကို မျှဝေရင်းနဲ့…
အထူးမှတ်ချက် ။ ။ ပါဠိစာလုံးပေါင်းများ မမှန်ကန်ပါ စာရှုသူတို့ဘက်မှ ကျေးဇူးပြုပြီး ပြင်ဆင်ဖတ်ရှုပေးကြပါရန် အနူးအညွတ် တောင်းပန်အပ်ပါသည်
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၁၃) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၁၄)
နိမိတ်များကို နံရံ သို့ ၁တောင် အကွာမှ အပို့အယူလုပ်ခိုင်းပါသည်။
ထိုနေ့မှပဲ စာရေးသူ စိတ်ထဲ ဘာကြီးလဲဆိုသော ကိစ္စတခု ရှင်းသွားခဲ့ ပြန်သည်… စာရေးသူ ရိပ်သာ သို့ စစရောက်ချင်း အဆောင်သို့ဝင်လိုက်သည်နှင့် အဆောင်နံရံတွင် စက်ဝိုင်း ပုံသဏ္ဍန် အဝိုင်းများကို ရောင်စုံ မှင်များဖြင့်ဆွဲထားသည်ကိုတွေ့သောအခါ စိတ်ထဲ၌… ဟယ်… ဒီအခန်း မှာနေသွားတဲ့ယောဂီက… ဘာလား….? ပေါ့….. နံရံ တွေညစ်ပတ်ကုန်တာပေါ့ ဧကဏ္ဍသူစိတ် စုစည်းမရလို့ လျှောက်လုပ်ထားတာနဲ့ထင်ပါရဲ့ ဆိုပြီး…. သူများကို မတော်မတရား ထင်ခဲ့မိပါ သေးတယ်လေ.. ခုတော့ ဖြင့် ဘယ်ဟုတ်လေမတုန်းကွယ်.. နိမိတ်များကို အပို့အယူ လုပ်တဲ့ သင်ခန်းစာ နေ့ကျမှဘဲ အော်….. ဒါကြောင့်ကိုး… ဆိုပြီး စိတ်ထဲ ပြုံးစိစိနဲ့ခေါင်းညိမ့် မိပါတော့တယ်…..။
ထိုနေ့ သင်ခန်းစာ များသည် ဘုရားဖူးခန်းကို စတင်နိုင်ရန်အတွက် မိမိမှာရရှိထားသည့် နိမိတ်ကို နံရံ မှာရှိသော စက်ဝိုင်း၏ အလည်ဗဟိုသို့ ပို့လွှတ်၍ နံရံ ကို ရောက်ပြီဆိုတာနဲ့ နိမိတ်ကလေးကို နှာသီးဝသို့ပြန်ဆွဲယူရန် လေ့ကျင့်ရသော သင်ခန်းစာ ဖြစ်ပါ၏။ ထိုသို့ အပို့အယူလုပ်တဲ့ အကြိမ် ရေကိုအနည်းဆုံး ၁၀ ကြိမ်ရအောင် ပြုလုပ်ရပါသည်။ ပို့ရာ၌ မိမိထိုင်နေသောနေရာမှ စက်ဝိုင်း ဆီသို့ အကွာအဝေးသည် ၁တောင် ဖြစ်ရပါမည်။
ဤသို့ lectures များကို ရပြီးသည့်နောက် မိမိအဆောင်သို့ပြန်ရောက်မှ စ၍ လေ့ကျင့်ရပါမည်။ Detail လိုက်လုပ်တက်သော စာရေးသူ အတွက် အဲ့မှာ စပါလေပြီ အဆောင်မှ ကုတင် နှင့် နံရံ သည် ၂ တောင်လောက်ကွာနေပါသည်…… စာရေးသူ အခက်တွေ့ပြီလေ…. အကြံထုတ် လိုက်သည်……. ဘေးအဆောင်မှ ယောဂီ ကို အကူအညီတောင်း၍ ကုတင်ကို နံရံ နှင့်ကပ်မည် ပေါ့… ကူညီမည့်ယောဂီ…. ပြောလိုက်သည်က… အို… ယောဂီ ရယ်… အတိအကျမလိုပါဘူး… ဒီတိုင်းပဲစိတ်နဲ့မှန်းပို့လို့ရဒါပဲလေ ဒဲ့… အော်… အေး… ဟုတ်တော့ဟုတ်သား… ဒါပေမယ့် စာရေး သူ ရွေ့လိုက်ပါတယ်။
စိတ်ထဲတွင် ဆရာတော်ဘုရားကြီး၏ စကားကို ကြားနေမိ သည်က……. စိတ်ရောက်ရင် နိမိတ် ရောက်တယ်… စိတ်ကြည်ရင်… မြင်ကွင်းကြည်တယ်.. ဒဲ့…ဟုတ်ပါသည်… လက်တွေ့ စာရေးသူ ကိုယ်တိုင်ခံစားရလေပြီ… စစချင်း မိမိအလင်းနိမိတ်လေးကို နံရံ ဆီသို့ ပို့ကြည့်ပါသည်.. ရောက် ပါသည်… ပြန်ယူပါသည်.. နှာသီးဝသို့ ပြန်ယူ၍ ရပါသည် ထိုသို့ အပို့အယူ လုပ်နေချိန်တွင် စိတ် ထဲ၌ ရွတ်ဆိုရမည်လေးက…. ရှည်ရှည် ရှူမည် ဆိုတာနဲ့ လေကို နံရံ ဆီပို့ရ ပါသည်။ ရှည်ရှည် ရှိုက်မည်လို့ ဆိုလိုက်တာနဲ့ နံရံ ကနေ နိမိတ်လေးကို နှာသီးဝပြန်ယူရပါသည်။
ဤသင်ခန်းစာ တွင်… စာရေးသူကတော့ အခက်အခဲ မရှိ အပို့အယူလုပ်နိုင်ခဲ့ပါသည်။ ဤ နေရာ တွင် စာရေးသူ လို ယောဂီ အသစ်များအတွက်… ဖြည့်စွပ် အကြံပြူစာလေး ရေးပေး ပါရစေ… ဤ သင်ခန်းစာသည် မိမိ၏ စိတ်ကို နံရံ ဆီကို ပို့ထားလို့ရလား ပြန်ယူလို့ရလား ဆိုသည့် မိမိ၏ စိတ်ကလေးကို အပို့အယူလေ့ကျင့်ပေးခြင်းသာဖြစ်ခြင်းကြောင့် မိမိမှာ နိမိတ်ရှိနေခြင်း မရှိနေ ခြင်းက အရေးမကြီးပဲ မိမိစိတ်ကလေးကသာ နံရံ လို့အာရုံယူထားသည့် နံရံ ဆီကို စိတ်ရောက် အောင်ပို့တက်ဖို့က ပို၍ အရေးကြီးပါသည်။ နိမိတ်သည်လည်းစိတ်ဖြစ်ခြင်းကြောင့် စိတ်ရောက် အောင်ပို့နိုင်သည့် feeling ခံစားရပါလျှင် နိမိတ်သည်လည်းရောက်ပါသည်။ ထို့ကြောင့် ယောဂီ အသစ်များအတွက် ဤ သင်ခန်းစာ အတွက် ကြောင့်ကြမှု မရှိစေရန် မျှဝေလိုက်ရပါသည်။
ဒီလို နဲ့ နိမိတ်အပို့အယူပြီးသွားပြီးနောက် နောက်နေ့တွင် ဘုရားများ စတင်ဖူးခိုင်းပါတော့သည်… စာရေးသူ စိတ်ထဲ၌ စွဲကျန်နေခဲ့သော ဘုရားများထဲမှ တဆူအကြောင်း အရင် ပြောပြ ပါမည်… ရွှေတိဂုံဘုရားဖူးရမည်… ကဲ… လိုက်ရေး…စာအုပ်မှာ ဆိုပြီး… ဆရာတော်ဘုရားကြီးက မိန့်လိုက် သည်နှင့်…စာရေးသူ ၏ အာရုံ၌ ရွှေတိဂုံစေတီက လာရောက်လို့ ထင်နေခဲ့ပါသည်… ဒလိုနဲ့ ထိုင် ချိန်များတွင် စတင်ဖူးရသောအခါမှာတော့… သေသေချာချာ Details အသေးစိတ်များကို ဖူးပါ တော့သည်…ဤသို့ မဖူးခင် မိမိဖူးမည့် ဘုရားများရှိအစောင့်အရှောက် နတ်များကို ခွင့်တောင်းရ ပါသည်။ခွင့်တောင်းပုံမှာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို စောင့်ရှောင့်လျှက် ရှိကြကုန်သော အစောင့်အရှောက်နတ်များအပေါင်းတို့… အကျွန်ုပ်သည် ယနေ့တနေ့တာအတွင်း တရား နိမိတ်များဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လာရောက်ဖူးမျှော်မည်ဖြစ်ပါသည်။
ဘုရားဖူးရုံ သက်သက်ပါ ဘာမှ မနှောက် ယှက်ပါဘူး…. ဖူးခွင့်ပြုတော်မူကြပါ အကျွန်ုပ် မှ လည်း ပြုလုပ်အားထုတ်ထားသော ကုသိုလ် ကောင်းမှုများကို အသင်တို့အား အမျှများပေးဝေ ပါမည်။ အသင်တို့မှ အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ …ဤသို့ ခွင့်ပန် ပြီးမှသာ ဖူးရပါသည်။…ဤနေရာတွင် စာရေးသူကိုယ်တွေ့လေးမျှဝေပါဦးအံ့… စာရေးသူ သည် အစောင့်အရှောက် နတ်တွေ တကယ်ရှိကြတာပဲ ဆိုတာကို စာရေးသူ အလင်းနိမိတ် စရတဲ့နေ့ တွေကနေစတင်ယုံကြည်မှု ရှိသွားခဲ့ပြီမို့… ယခုလို ခွင့်ပန်၍ ဖူးရသော အခါတွင် စာရေးသူ ၎င်း အစောင့်အရှောက်နတ်များကို ဘယ်လို တိုင်တည် ပြောဆိုလဲဆိုရင်ဖြင့်… လူလူချင်း အပြင်မှာ တွေ့ပြီး စကားပြောသလိုမျိုးလို… ပြောဆိုခဲ့ ပါတယ်… ဥပမာ လေး ပြောပြမယ်နော်….. အို… အစောင့်အရှောက် နတ်အပေါင်းတို့ရေ…ကျွန်ုပ် ကလေ..ဤ ဘုရားစေတီကြီးကိုလေ လာဖူး ရုံလေး သက်သက်ပါနော်… ဘာဆို ဘာမှ မနှောင့် ယှက်ပါဘူးကွယ်…. အာ့မို့… ဖူးခွင့်ပြုပေး ပါနော်…… ဖူးပြီးသွားရင်လေ…. အကျွန်ုပ်ကလေ…..သင်တို့ကိုလေ… အကျွန်ုပ်ပြုလုပ် အား ထုတ်ထားတဲ့…. မဟာကုသိုလ်ကြီးတွေကိုလေ ….. အကျွန်ုပ်နဲ့ထပ်တူ ရပါစေလိုခြင်းအတွက် အမျှများကိုပေးဝေပါ့မယ်နော်…. သင်တို့မှလည်း ထပ်တူအမျှရကြပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်း မာချမ်းသာ ကြပြီး သင်တို့၏ ကိုယ်ရောင်ကိုယ်ဝါများလည်း ဒီ့ထက်မက တောက်ပကြပါစေ နော်… အာ့မို့ ဖူးခွင့်လေးတော့ပြုတော်မူကြပါနော်… .. တကယ် ဘာဆိုဘာမှ မနှောက် ယှက်ပါဘူး ကတိပေးပါတယ်…။
အဲ့လို စိတ်ထဲကနေ အစောင့်အရှောက်နတ်တွေကို ခွင့်ပန်ပါတယ်….. စာရေးသူ အဲ့လို ပြောဆို နေတဲ့အချိန်ဆိုရင်လေ တကိုယ်လုံးကြက်သီးမွှေးညင်းတွေထလာတော့တာပါ…. ဖူးပြီးလို့ အမျှ ပေးဝေရင်လည်း… အဲ့လိုပဲ လူတွေလိုပြောဆိုပြီး အမျှပေးဝေပါတယ်… အဲ့အချိန် သူတို့တွေက လက်အုပ်လေးတွေချီပြီး ပြုံးပျော်ပြီး သာဓု ခေါ်နေကြတဲ့ပုံစံလေးတွေကို စာရေးသူရဲ့ အာရုံထဲ မှာလာထင်နေပါတယ်….ဒီလိုနဲ့… ဘုရား အားလုံး ကို ဖူးနိုင်ခဲ့တာပါ…ဒီနေရာလေးမှာ စာရေးသူ ကို မေးထားသော အမေးလေးတခုကို ဖြေပေးလိုက်ပါတယ်…။
မေးထားသည်က…ဘယ်လိုဖူးတာလည်း
အာနာပါန ရှုပြီးသမာဓိရတော့စိတ်ညွှတ်ပြီးဖူးတာလား
အနည်းငယ်လောက်တော့ ပြောပြပါဒီဘုရားဖူးခန်းကိုစောင့်မျှော်နေတာရွှေတိဂုံ ဌပနာတိုက် တောင်မြေဇင်းယောဂီ ဖူး ဘူးတယ်လို့ ဖတ်ဖူးလို့ပါ…
ဟုတ်ကဲ့.. .ဖူးတာကတော့ နိမိတ်ကို အရင်ရအောင် အာနာပါန ဖြင့် သမာဓိကို အရင်ထူထောင်ရ ပါသည်။ (အရှေ့ပိုင်းများတွင် အသေးစိတ်ကို ရေးပေးထါးပါသည် ပြန်ရှာပြီး ဖတ်ရှုပေးပါနော်..) ထိုသို့ အလင်းနိမိတ် များရလာပြီးမှ အလင်းများကို အပို့အယူ လုပ်ရသည့် လေ့ကျင့်ခန်း ပြီးသွား မှ ဘုရား များကို ဖူးရပါ သည်။ ရွှေတိဂုံ ဌာပနာ များကို သွားရောက် ဖူးမျှော် ခွင့်ကို ဆရာတော် ဘုရား ကြီးမှ ယခုအခါတွင် တားမြစ်ထားပါသည်။ အဘယ်ကြောင့် ဆိုသည်ကိုတော့…စာရေးသူ တဆင့်စကားကြားဖူးထား၍ မျှဝေပေးပါ့မယ်… မြေဇင်းဆရာတော်ဘုရားကြီးရှိစဥ်အခါက ဒဲ့ … မြေဇင်းယောဂီတွေ ခဏခဏ ဌာပနာတိုက်ကို လာလာဖူးကြလို့ လာရောက်မဖူးကြဘို့ ဆရာတော်ဘုရားကြီးကို အစောင့်နတ်တွေက သွားပြောကြတယ်တဲ့… အဲ့ဒါနဲ့ ဆရာတော်ဘုရား ကြီးက မဖူးဘို့ ပိတ်လိုက်တယ်လို့ ကြားဖူးလိုက် ပါတယ်…. ထို့ကြောင့် စာရေးသူ ကတော့ အထပ်ထပ် ခွင့်ပန်ပြီး မရမက ဖူးခဲ့ရ ပါတယ်..ဆံတော်ကို ဖူးခဲ့ရပါတယ်.ခုဆိုရင် အာရုံ ပြုတိုင်း ပြန်ပြန်ပေါ်နေလို့ အာရုံယူလို့သိပ်ကောင်းပါတယ်ပီတိဖြစ်ရပါတယ်… ဒါ့ကြောင့် မို့ ဤမေးခွန်း အတွက်…ဖြေပေးလိုက်ရပါတယ်…။
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၁၄) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၁၅)
လူကြီးတွေ ပြောလေ့ပြောထ ရှိကြတဲ့ အပျော်ဆုံးနေ့ ၃ နေ့ဆိုတာတော့ စာရေးသူ မကြုံဖူး၍ မသိပါဘူး… သို့ပေမယ့် ရိပ်စားမိလောက်ပါရဲ့… အကြောင်းမူကား မိမိကိုယ်တိုင် အဲ့နေ့ ၃မျိုး လုံး ခံစားဖူးသူသည် အတော်ပျော်မှာဘဲဆိုတာ ကို….. နိမိတ်များကို ကြီးစေ၊ သေးစေ ပြုလုပ် ရသော သင်ခန်းစာနေ့က သက်သေထူလိုက်သလိုပါပဲ…. အဘယ်ကြောင့် ဆိုသော် စာရေးသူ တို့ အလင်းနိမိတ် များကို နံရံ သို့ ၁တောင်အပို့အယူလုပ်ပြီးသည်နှင့် ပြည် တွင်းဘုရားဖူးများထွက်ခိုင်းအပြီးမှာတော့ ပြည်ပ နိုင်ငံများရှိဘုရား များနှင့် နတ်ပြည် ၊ဗြဟ္မာ ပြည် ၊ နဂါး ပြည်မှဘုရားများဖူးလို့ရစေရန် အတွက်… မိမိ၏ နိမိတ်ကို ကြီးစေ၊ သေးစေ ပြု လုပ်ရသည့် သင်ခန်းစာ စတင်လေသည်။ ဤနေ့သင်ခန်းစာသည် စာ ရေးသူ အား အမှောင်ကိုခွင်း အလင်းရစေသော မှန်ဘီလူးတပ်ဆင်ပေးလိုက်သလိုဖြစ်ခဲ့လို့ပါ ပဲ….ဆရာတော်ဘုရားပြောလိုက်သည်က… မိမိ၏ နိမိတ်ကို တိုက်ပုဂံပြားအနေအထားလောက် ကြီးစေ ကြီးစေ ဆိုပြီး စိတ်ထဲ မှရွတ်နေရမည်၊ ပြီးလျှင် နိမိတ်လေးမိမိလိုချင်သည့် အရွယ်ရပြီ ဆိုလျှင် ပြန်၍ မိမိ၏စိတ်ကလေးကို သေးစေ၊သေးစေ လဘက်ရည်ပုဂံလုံးလောက်သေးစေ ဆိုပြီး ပြုလုပ်လေ့ကျင့်ရသည့် သင်ခန်းစာ ပါ။
ဤသို့ ပြုလုပ်ရာ၌ ဆရာတော်ဘုရားကြီးက ထပ်၍မှာသည်မှာ…တချို့ နိမိတ်လေးဒေက ခေါင်း မာဒယ်နော်ဒဲ့..ခိုင်းလို့မရတက်ဖူးနော်တဲ့..တချို့နိမိတ်ကလေးတွေကတော့ လိမ်မာတယ် ဒဲ့ လွယ် လွယ် လေးခိုင်းလို့ ရဒယ်နော်တဲ့… အဲ့တော့ မိမိစိတ်ကလေး က ခေါင်းမာတဲ့ အမျိုးအစားလား မဟုတ်ဖူးလား လုပ်ကြည့်ရင် သိလာပါမယ်တဲ့… အဆောင်ပြန်ရောက် ပါပြီ… ခိုင်းလိုက်သည့်အတိုင်း စတင်လေ့ကျင့်ပါသည်…. စစချင်းမှာပင်… မိမိ၏ နိမိတ်ကလေး ကို တိုက်ပုဂံအနေအထားထိ ကြီးလို့ရပါသည်။ ပြန်၍ လဘက်ရည်ပုဂံလုံး အနေအထားထိသေး ၍ ရပါသည်။ ဆရာတော်က ဘာကြောင့် အရွယ်အစားကို သတ်မှတ်၍ ကြီးခိုင်း သေးခိုင်းရပါ သနည်းဟု ပြောလိုက်ပါသေးသည်… အရွယ်မသတ်မှတ်ထားလျှင် အတိုင်းအစမရှိကြီးသွား တက်သလိုသေးခဲ့လျှင်လည်း ပျောက် သွားတဲ့အထိ သေးသွားတက်လို့ပါဒဲ့… စာရေးသူသည် အလင်းနိမိတ်များကို ဆရာတော်ဘုရားကြီးခိုင်းလိုက်သော ကြီးစေ၊ သေးစေ တင်မကဘဲ… ဝိုင်းစေ၊ ချွန်စေ၊ ထောင်စေ၊ စိုက်စေ….. အို… စသောစသော… မိမိကြိုက်သလို အလင်းနိမိတ် လေးကို ပြုလုပ်၍ ရနေခဲ့ပါသည်။
(ဤတွင် ဘုန်းဘုန်းလေးပြောလိုက်သော စကားသည်ကား နိမိတ်ကဒဲ့ ဖျာလို လိပ်လို့ မရဒါကလွဲရင် ကျန်ဒါ အကုန်လုပ်လို့ရပါတယ်ဒဲ့) ဟုတ်သည်ပေါ့ကွယ်…. စာရေးသူ က အကုန်လုံးကို လုပ်လို့ရခဲ့ပါသည်။ထိုနေ့ညနေတွင်… မိမိဤသို့လုပ်၍ရနေသည်ကို ဘာကြောင့် လုပ်၍ရနေပါသနည်းဆိုသည်ကို အင်မတန်သိချင်နေမိခဲ့ပါသည်… ပြီးတော့ လည်း… စာရေးသူ စိတ်ထဲ၌… ဟာ… ဒါ တွေက ငါ့စိတ်က ခိုင်းရင် ခိုင်းတဲ့ အတိုင်းလိုက်လုပ်လို့ ရနေတာ ဒါဟာ… “စိတ်”ကြီးပေါ့… .. ဒါမယ့်… ငါဘာကြောင့် ဒလိုလုပ်လို့ရနေတာလဲဆိုတာတော့ ရှင်းရှင်း သိရအောင် ဘုန်းဘုန်းလေး ကို သွားလျှောက်မှဖြစ်မယ်ဆိုပြီး သွားမေးခဲ့ပါတော့သည်။ ဘုန်းဘုန်းဘုရား တပည့်တော်က နိမိတ်များကို ကြီးစေ၊ သေးစေ လုပ်လို့ရရုံသာမကပါဘူးဘုရား.. တပည့်တော် ကြိုက်သလို ကို လုပ်လို့ရနေတာပါဘုရား… အဲ့ဒါ တပည့်တော် စိတ်က လုပ်ချင်တာ အကုန်လုပ်လို့ရနေတာဘုရား……. အဲ့ဒါ စိတ်ကြီးလို့ တပည့် တော်ထင်ပါတယ်ဘုရား ဘုန်းဘုန်းလေး ဖြေလိုက်သည်ကား………. ဟုတ်တယ်လေ… ဒကာမကြီး ရဲ့ အဲ့ဒါ အားလုံး “စိတ်” လေတဲ့… အိုးမိုး…. အိုးမိုး .. ဒါဆို အရှင်ဘုရား….. ဒါဒေဟါ အကုန် စိတ်က လိုက်လုပ်နေတာပဲဘုရား…… စိတ်ကြီးပဲ ဘုရား……. ဟုတ်ပြီ ရေ့… အိုး… ဟိုး… ငါသဘောပေါက်ပြီ… အားလုံး ကို သေသေချာချာ သဘော ပေါက်လေပြီ… အိုး…. လောကကြီး… ငါ့လောက် ပျော်ဒဲ့သူ ဒီကမ္ဘာပေါ်မှာ ရှိပါတော့မှာလား ဝေး….. ပျော်ဘီလေ…. ပျော်ရပါလေဘီပေါ့ကွယ်….. Ohhh….. My…… God…. အခုမှ ငါ ဒါ တွေ ဘာကြောင့် သိရတာတုန်း… ဟာ… ငါသိဘီ ..ငါ သေသေချာချာ ကို သိလိုက်ပါပြီကောလား….. … ရင်ဘက်ကြီးထဲမှ အပျော်များဟာ အပြင်ကမ္ဘာသို့ စီးကျခဲ့လေပြီပေါ့ စာရေးသူ သိချင် နေသည့် အဖြေကို ရလိုက်၍ ပြောမပြတက်အောင် ဝမ်းသာပီတိဖြစ်ရပါသည်။
ဤနေ့ သင်ခန်းစာ ပြီးသည့် နောက်နေ့များတွင်တော့ စာရေးသူဟာဖြင့်…မိုနာလီဇာ အပြုံးနှင့် ဂွမ်းဆီထိသလို ကျေနပ်ပီတိအဟုန်ကဖြင့် အရှိန်မသတ်နိုင်ခဲ့လေတော့ပြီ ။ထို့ကြောင့် ဟို ၃နေ့ ပျော်သူများနှင့် မိမိကိုယ်ကို ခိုင်းနှိုင်းမိပါလေတော့ သည်။အဖြေတခုကို သဲသဲကွဲကွဲ သေသေချာချာ သိလိုက်ရခြင်းသည်… အလွန်ခက်ခဲလှသော solution တခုကို result တခု ရလိုက်လို့ပျော်ရွှင်သွားသည်နှင့် လွန်စွာ တူလှပေသည်။သီရိလကာ်နိုင်ငံမှ မြတ်စွာဘုရား၏ညှပ်ရိုးတော်နှင့် စွယ်တော်မြတ်ကို သဲသဲ ကွဲကွဲ ထင်ထင်ရှားဖူးတွေ့ခဲ့ရပါသည်။ မျက်စိထဲ ဘယ်တော့မှ မထွက်တော့သလို ဤအရပ်သို့ လှည့်၍ ဘုရားဖူးလျှင်လည်း ယခုဆိုရင်ဖြင့် မျက်စိမှိတ်လိုက် တာနဲ့ မြတ်စွာဘုရား၏ ညှပ်ရိုးတော် နှင့် စွယ်တော် ကိုသာ အာရုံပြု၍ ဖူးတက်ခဲ့ပါလေပြီ။
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၁၅) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၁၆)
အလင်းများနှင့်ကမ္ဘာ
အလင်းများသည်ကား မျက်နှာပြင်တခုလုံး ၌ လျှံထွက် နေသည့်အလားခံစားနေရပါသည်။ မျက်နှာစည်း ပုဝါ စည်းထားရင်း ညာဘက် မျက်လုံးထောင့်ကနေ ပြင်ပက အလင်းများ အရှိန်နှင့် တိုးဝင်နေသည့် အလား စိတ်က ထင်မိပါ၏။ တခါတလေ မျက်လုံးကိုဖွင့်ကြည့်မိသည် ပြင်ပအလင်းရောင်ဆို၍ စိုးစဥ်းမျှမတွေ့ရ မျက်စိများကျိန်းနေ သည်ဟုပင်ထင်မိပါသည်။
ညအိပ်လျှင် ၎င်းအလင်းရောင်များကြောင့် မနဲကြိုးစား အိပ်ရသည်။ သစ်ပင်လေးတွေ ကို ကြည့်ပြီး မျက်စိမှိတ်လိုက်လျှင်ဖြင့် အရွက်နေရာစိမ်းစိမ်းလေးတွေနေရာမှာ သီတင်းကျွတ် မီးအလှလေးတွေထွန်းညှိထားသလိုမြင်နေရသည်။
မျက်စိမှိတ်ပီး ခဏလောက်နားနေချိန်တွေဆို…ကြယ်တာရာတွေစုံနေတဲ့ မိုးကောင်းကင် အောက်မှာထိုင်နေရသလို ခံစားနေရခဲ့သည်မှာ အတော်ကို ပီတိဖြစ်ရ ပါသည်။တရားတထိုင် တထိုင်ပြီးတိုင်း မျက်နှာစည်းပုဝါလေးကို ချွတ်လိုက်တဲ့ အချိန်များတွင်တော့ မျက်လုံး နှစ် ဘက်ကို ဇုံမှိတ်ကာ အမျှပေးဝေသည့်အလုပ်ကို လုပ်ရပါသည်။ အလင်းများဟာဆိုရင် ပုဝါ ချွတ်ပြီးသည့်အချိန်ဆို ပို၍ လင်းထိန်းနေခြင်းကြောင့် မျက်စိနှစ်ဖက်ကို လက်နှင့်ဖိကာ အမျှ ပေးဝေသည့်အလုပ်ကို မနဲကြိုးစားလုပ်ရသည်…. ထိုအချိန်သည် ပြင်ပမှ မျက်စိတည့်တည့်ကို မီးဆလိုက်အားကောင်းကောင်းနှင့်အထိုးခံနေရသည့်ပမာခံစားနေရပါသည် ။…တဆက်တည်းမှာ ပါပဲ….အတွေး ကဝင်မိပြန်သည်…. အော်… ငါရယ်… အလင်းနိမိတ်မရခင်တုန်းကတော့ အလင်း နိမိတ် ဆိုတာ ဘယ်လိုမျိုးလဲ သိပ်သိချင်နေခဲ့မိတယ်…ယခုတော့ဖြင့်…. အော်…. ထိုအရာများကို ခေါ် လေသည်ဆိုတာကို ယုံမှားသံသယမရှိ ကျေနပ်ပီတိဖြစ်နေရပါဘိ…. လို့ မိမိ၏ အတွေး စကိုဖြတ်လို့…. ဆရာတော်ဘုရားကြီးခိုင်းထားသော ဘုရား ဖူးခန်းများကို ဖူးနေပါတော့သည်။
ဤတွင် သတိရသည်လေးပြောပြပါဦးမည်… စာရေးသူ သမာဓိမရခင်က ဆိုလျှင် မနက်အစော ဆုံးထိုင်ရသောအချိန်တွင်အရမ်းအိပ်ငိုက်ပါသည်…. တခါတလေ ဘယ်လိုတောင်စဥ်းစားမိလဲ… ဆိုရင်…. အင်း.. ဒီအချိန်ကို ဘုန်းဘုန်းဘုရားကို request လုပ်ပြီး အိပ်ချိန်ထားပေးရင် ကောင်း မှာပဲလို့တွေးမိခဲ့ဖူးပါသည်။ အိပ်ငိုက်ကြီးနှင့်ထိုင်နေတာ နီဝရဏတရား ကြီးဖြစ်လို့ အကုသိုလ်ပဲရတာမို့..အကုသိုလ်ဖြစ်မယ့်တူတူ အိပ်ရေးဝအောင်အိပ်ပြီးမှ ထိုင်တော့ အကျိုးရှိတာပေါ့လို့လဲ တွေးမိခဲ့တာပါ….အဲ့အချိန်တုန်းကတကယ်ကို တွေးမိခဲ့တာပါ…. ဒါနဲ့ အလင်းနိမိတ် မရခင်ထိတော့ အိပ်ငိုက်လိုက် မငိုက်လိုက်နဲ့ အဲ့ တရားထိုင်ချိန်ကို အတော် ကျော်ဖြတ်ခဲ့ရတာပါ…. စာရေးသူ အတွက်က ပို၍ ဆိုးသည်က အိမ်မှာတုန်းက ညနဲ့နေ့နဲ့ မှားနေခဲ့သူမို့ ရိပ်သာ ရောက်ရောက်ချင်း ဒုက္ခအတွေ့ဆုံးဟာ အိပ်ခြင်း ပါဘဲ… ညဘက်အိပ်မရတော့ မနက်မထနိုင်.. သွေးပေါင်တွေကကျ ခေါင်းတွေကမူး… အို…. ချာလပတ်လည်နေရင်း ပြန်ဖို့ထိဆုံးဖြတ်ခဲ့မိတာတွေပေါ့…..။
အဲ့ဒီ ဒုက္ခ တွေအားလုံးဟာဖြင့် အလင်းနိမိတ်လေးရတဲ့အချိန်ကစလို့ ကြက်ပျောက် ငှက်ပျောက် ကို ပျောက်သွားခဲ့ရလေပြီပေါ့……. အဘယ်ကြောင့် ဆိုသော်…စာရေးသူ အိပ်ငိုက်မယ်ကြံတိုင်…. ဘာလုပ်ဖြစ်လဲဆိုတော့….( ငါ၏နိမိတ်လေး လင်းထိန် နေစေရမည် လင်းထိန်နေစေရမည်) ဆိုပြီး စိတ်ထဲကနေ ညွတ်ကိုင်းလိုက်တာနဲ့ အလင်းတွေဟာ တကိုယ်လုံး ကိုဖြာထွက်လာပြီး မီးချောင်းအောက်မှာထိုင်နေရသလိုမျိုးကို ခံစားရပြီး လုံးဝအိပ်မငိုက်တော့ ပါဘူး…. အဲ့လိုနည်းနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်… စိတ်ထဲကနေ…ဟာ… ဒီလိုမျိုးလည် အားကိုးလို့ရတာပါလား… ဒီနိမိတ်လေးကဆိုပြီး… ကျိတ်ပြီး ပျော်နေခဲ့ရပါတယ် … ကြည့်စမ်းပါဦး…. ဒလိုသာဆိုလို့ကတော့ ငါ… ဘယ်မှာအိပ်ငိုက်ပါတော့ မလဲ…. ဆိုပြီး…. အရင်က ငိုက်ခဲ့တဲ့ချိန်တွေ နမျောနေမိ ပြန်၏.။ စာရေးသူ၏ attitude အရ အမြဲတမ်း စိတ်ထဲက calculate လုပ်မိသည့်အရာတခုရှိပါသည်… အဲ့ဒါကတော့ ဘယ်အရာ မဆို ပေးလိုက်ရတာနဲ့ပြန်ရတာ တန်နေမှ လုပ်ရကျိုးနပ်သည်ဟု ခံယူချက်ကြောင့် အမြဲ တွက် ဆပြီးမှ လုပ်တက်ပါသည်။ ထိုသို့ အိပ်ငိုက်ခြင်းကို အလကားမတန်ဘူး ဟု စိတ်၌ ခံစား ရပါ သည်… ဒါကြောင့်မို့ အဲ့အချိန်တွေတုန်းက စိတ်ထဲ မအီမသာဖြစ်ခဲ့ရတာပါ….. ခုတော့ဖြင့်…. ဒင်း… ဟင်း….. ငိုက်စမ်းပါဆိုတာတောင်…. နိမိတ်လေးကြောင့်….. ငိုက်ခွင့်လေးတောင်… မရ တော့ရှာပဲ….. တရားအမှတ်ဆီသို့ ဦးတည်လျှက်သာ…. တထိုင်နှင့် တထိုင် မတူသော ရှုကွက် များဖြင့်သာ စီးမျောနေခဲ့ရလေပြီကော……။
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၁၆) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၁၇)
အဲ့ဒီနေ့က မှတ်မှတ်ရရ ဘုန်းဘုန်းလေး တရားစစ်တဲ့ နေ့ပါ….. ဘုန်းဘုန်းလေး တရားစစ်ရင် စစ် ပြီးတဲ့ သူတွေကို တယောက်ချင်းပြန်လွှတ်ပါတယ် စာရေးသူ က ငယ်ဆုံးလေးမို့ အဲ့နေ့ကနောက် ဆုံးကျန်ခဲ့ရသူပေါ့…ဘုန်းဘုန်းလေး က ဘာမြင်လဲ အားလုံးကို တယောက် ချင်း မေးအပြီး စာရေးသူ မြင်တာတွေ လျှောက်အပြီးမှာတော့… သိချင် တာလေး မေးလျှောက် ဖို့အတွက် ဘုန်းဘုန်းလေး ရှိရာ ဆီသို့သွားလိုက်ပါတော့သည်။ ဘုန်းဘုရား တပည့်တော် တခုလောက်မေးပါရစေဘုရား အင်း….. မေးပါ ဒကာမကြီး…. အခု တပည့်တော်တို့ ဘုရားဖူးခန်းသင်ခန်းစာရဲ့ ရည်ရွယ်ချက်က…..
(၁) သဒ္ဒါ တရားထက်မြက်ဖို့ရယ်
(၂) သမာဓိ ထက်မြက်စေရန်…ဆိုတဲ့ရည်ရွယ်ချက် ၂ခု ဆိုတော့ဘုရား…. တပည့်တော် အခု ဝါယူဝါမှတ် လုပ်ရတာ ခေါင်းကိုက်တယ်ဘုရား… ပြီးတော့တပည့်တော် လေလည်းရှာမတွေ့ တော့ဘူးဘုရား… ( တကယ်ကိုလေက အရမ်းနူးညံ့ သိမ်မွေ့သွားပြီး ပျောက်သွားသလို ဖြစ်နေ တာပါ..နှာခေါင်းဝမှာ လက်ချောင်းလေးထားပြီး အသက်ရှူကြည့်တာ လက်ချောင်းကို လေက ထိတယ်ဆိုရုံလေးဘဲထင်ရှားပါတယ်)..အဲ့ဒါကြောင့် မေးလျှောက်ချင်တာကဘုရား….. ဘုရား ဖူးတာကို တပည့်တော်က ခဏလေးပဲ ဖူးပြီး ကျန်အချိန်အားလုံးကို အလင်းနိမိတ်ထဲ စိတ် ကလေး စိုက်ထားပါတယ် ဘုရား… အဲ့လို နေရတာက တပည့်တော် အလွန် ချမ်းသာပါတယ် ဘုရား…အာ့မို့…ဘုရားဖူးတာနဲ့ အလင်းနိမိတ် ထဲစိတ်စိုက်ထားတာနဲ့ ဘယ်ဟာက ပိုပြီး သမာဓိ ကို ထက်စေပါသလဲဘုရား ? အော်… အလင်းနိမိတ်ထဲစိတ်စိုက်တာက ပိုပြီးသမာဓိကို ထက်စေပါတယ်…. အိုးဟိုး.... ပျော်ရပြန်ပါပြီ အာ့ဆိုဘုရား တပည့်တော် ဝါယူမမှတ်ပဲ စိတ်မှန်းနဲ့ အပ်လို့ ရမလားဘုရား? တပည့်တော် မှတ်ရတာ အဆင် မပြေတော့လို့ဘုရား… အလင်းနိမိတ် ထဲ စိတ်ကလေးစိုက်ထားရတာကပဲ ပိုချမ်းသာတယ်ဘုရား အာ့မို့ပါဘုရား… အော်…. အင်း…. ရပါတယ်…. ဟေ…ဟေ့… ဘုန်းဘုန်းလေး ကို ကျေးဇူး တင်လိုက်ထှာ…။
ငါရယ်.. .. ဘုရားဖူးရတာထက် စိတ်ကလေးကို နိမိတ်ထဲစိုက်ထားရတာက အတော့် ကို ဘဝင်ကျလို့နေခဲ့သည်ကို အခုတော့ ရချင်သောအဖြေလေး ကို ဘုန်းလေး က မိန့်လိုက်ပြီ… ဟုတ်လိုက်လေ… ငါကွ အဲ့နေ့ကစလို့… စာရေးသူ ဘုရားဖူးခန်း များကို အချိန်ကြာကြာမဖူးတော့ပဲ ဆရာတော်ဘုရားကြီးခိုင်းထားသော ကြည့်ခိုင်းသော အရာ များကိုသာ ကွက်၍ကြည့်ပြီး ကျန်အချိန်အားလုံးကို နိမိတ်ထဲ စိတ်စိုက်လို့ ဇိမ်ကျလို့ နေခဲ့မိပါ လေတော့သည်… ဘုရား ဖူးခန်းတွေထဲမှ နဂါး ပြည်က ဘုရား သွားဖူးရာတွင် နဂါး ရုံဘုရားရှိလားကြည့်ခဲ့လို့ ဆရာတော်ဘုရားကြီးက မှာလိုက်သည်တွင် ဘေးဘီကြည့်လိုက်ရာ..နဂါး ရုံဘုရားတဆူကို ထိုင်တော်မူဆင်းတုတော်ကြီး ကို နဂါး ကအုပ်မိုးထားသောဘုရားတဆူတွေ့ခဲ့ရပါသည်… မြတ်စွာဘုရား၏ စွယ်တော်မြတ် ကိုလည်း ထင်ထင်ရှားရှား အားရပါးရ ဖူးတွေ့ခဲ့ရပါတော့သည်။
စာရေးသူ ဘုရားဖူးခန်း များကို အသေးစိတ် မရေးပေးတော့ ပါဘူးနော်… နောက်ပိုင်း များတွင် စာရေးသူ အာရုံ၌ ထင်လာသော အတွေ့အကြုံ များကို မျှဝေ ပေးသွားမှာ ဖြစ်ခြင်းကြောင့် အဲ့ အပိုင်းတွေ ကျရင် ပို၍ စုံစုံ လင်လင် ပါလာပါ လိမ့်မည်…စာရေးသူ အတွေ့ အကြုံ များသည် တခြားသော ယောဂီ များနှင့် မတူသော အမြင်များ ဖြစ်နေခြင်း ကြောင့် ဘုရားဖူးခန်း များတွင် စာရေးသူ သည် နိမိတ်ကြောင်းကို ပို့လွတ်၍ဖူးခြင်းမဟုတ်ပဲ… စိတ်ညွတ်လိုက်ရုံဖြင့် မိမိ ဖူးချင် မြင်ချင် တွေ့ချင်သော အရာများသည် အာရုံ၌ လာထင်နေခြင်း ဖြစ်ပါသည်……. ထိုအချိန်သည် အလင်းနိမိတ် ရှိနေချိန်ဖြစ်ခြင်းကြောင့် မိမိအာရုံပြုမိသောနေရာသို့အလင်းက ဆလိုက်ထိုးပေး လိုက်သလို သဲသဲကွဲကွဲ မြင်ရခြင်းမျိုးသာဖြစ်ပါသည်။ ထို့ကြောင့် တချို့ မိတ်ဆွေများ မေးမြန်း နေသော နိမိတ်ကိုပို့လွတ်၍ ဖူးခြင်းမျိုးမဟုတ်ပါဆိုတဲ့အကြောင်းလေး တပါတည်း ဖြေကြား ပေးလိုက်ပါရစေနော်…..။
အပိုင်း ၁၈ တွင် လှီးစားဖြတ်စား သင်ခန်းစာ ဖြင့် ဆေးကုပေးခဲ့ပုံနှင့် မိမိ၏ ကလီဇာ များကို ဆံချည် မျှင်သွေးကြောလေးတွေကအစ မြင်ရပုံ အသေးစိတ် ကို ရေးပေးသွားပါဦးမည်။
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၁၇) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၁၈)
ဆွမ်းစားချိန်များတွင် ဘ ဘဦးဌေးလှိုင် တရားအသံများကိုဖွင့်ပေး ထားခြင်း ၊တနေ့စာ သင်ခန်း စာ နှင့်ကိုက်ညီသော တရားအသံ များဖြစ်ခြင်းကြောင့် မိမိအားထုတ်ပြီးသည်နှင့် ဘာများလိုအပ် မည်နည်း? ဘာတွေဖြည့်စွပ်ရမည်နည်း ဆိုသော အသိစိတ်ဖြင့် တရားနာရင်းဆွမ်းစားရပါသည်။ စာရေးသူ အတွက်တော့ ထိုအချိန်များသည်ကား…. လွန်စွာမှ တန်ဖိုးရှိလှပါသည်။
အဘယ်ကြောင့် ဆိုသော်… တချို့ရှုကွက်များသည် ဘဘပြောသွားသော အထဲ၌ ပါနေသော ကြောင့် မသိတာ မရှင်းတာများအားလုံး ရှင်းသွားလင်းသွားသောကြောင့် ဖြစ်ပါသည်။ တဆက် တည်းမှာပဲ ဤ အစီအစဉ် ကို လေးစား ဂုဏ်ယူနေမိ ပါသည်။ အော်…… သိပ်ကောင်းတဲ့ idea တွေပါလား….. ကြည့်ပါဦး… ဆွမ်းစားနေချိန် ဆွမ်းအပေါ် ရသတဏှာ မဖြစ်အောင်လို့ အန်ကိုက် စီစဥ်ထားတာပါလား… မဟုတ်ရင် ပုထုဇဉ် ပီပီ အစားအသောက်ကိုမှီပြီး အကုသိုလ် စိတ်ကြီး ဖြင့် ဆွမ်းစား ရပေမည်…… ဟင်းက ချိုတယ် ၊ဖန်တယ်၊ခါးတယ် စသောစသော ရသ အပေါ် တွယ်ငြိမယ့် စိတ်ကလေး ကို… ဆွမ်းစားသည့်အာရုံပေါ်စိတ်မရောက်စေပဲ တရားနာရင်း တရား ဆင်ချင်ရင်းနဲ့ ဆွမ်းစားချိန်များကို ကုန်လွန်စေခဲ့သည်မှာ… အတော်ကို ကောင်းလှသည့် စီစဥ်မှု တွေပါလားလို့…. စိတ်ထဲ၌… ခေါင်းတညိမ့်ညိမ့်ဖြင့် ကျေနပ်ပီတိဖြစ်နေရပါတော့သည်။
ဤနေရာ၌ အမှတ်ရမိသည်လေး ပြောပြပါဦးမည်…
စာရေးသူ စစရိပ်သာဝင်တဲ့ နေ့ကပေါ့… ဦးဇဥ်းကြီး ဦးဝိမလ က ယောဂီတွေ လိုက်နာ ရမယ့် စည်းကမ်း တွေထဲမှာ ဆွမ်းစားဆောင်သို့ သွားလျှင် သော်၎င်း ဓမ္မာရုံ သို့ သွားလျှင် သော်၎င်း လက်အုပ်လေးတွေ ချီပြီး သွားရပါမယ်တဲ့…. ဒီစကားကြားလိုက်တော့ စာရေးသူ က ဦးဇဥ်းကြီး မျက်နှာဆီသို့ အကြည့်တချက် ရောက်သွားခဲ့ ပါတယ်….. နှုတ်က ထုတ်ဖော် မမေးခဲ့ပေမယ့်…. မျက်ဝန်းအိမ်၌ စာရေးသူ မေးချင်နေသောအမေးကို ဦးဇင်းကြီးက သိလိုက်ပုံပေါ်ပါသည်… ဒါနဲ့ ဦးဇင်းကြီးက…. ပြန်ဖြေလေပြီ…. ခုလို လက်အုပ်လေးတွေ ချီခိုင်းရတယ် ဆို တာ… ဘယ်သူ့ကိုမှ ရှိခိုးခိုင်းတာဟုတ်ဖူးနော်တဲ့….. မောင်းထောင်မြေဇင်းဆရာတော်ဘုရားကြီး ရှိစဥ်အခါက တဲ့… ဟော… ယောဂီလေးတွေ လက်အုပ်လေးတွေ ချီပြီး လမ်းလျှောက်သွားရင်တဲ့ အင်မတန်ကိုမှ ကျက်သရေရှိလှပါတယ်ကွယ်တဲ့…. အာ့မို့ ဆရာတော်ဘုရားကြီး၏ ဆန္ဒ အရ ခု လို လက်အုပ်လေးတွေချီခိုင်းရပါတယ်တဲ့ကွယ်…. အိုး…. ဟိုး… ငါမေးချင်နေတာ ဦးဇင်းကြီး က ဘယ်လို သိပါလိမ့်လို့လဲ စိတ်ထဲ၌ ဖြစ်နေရင်း… အဖြေကို လွန်စွာမှ ကျေနပ်နေ မိပါ၏….. အင်းနော်… ဟုတ်ပေ သားပဲ… ကြည့်ပါဦး… ခုလို လက်အုပ်လေးတွေ ချီပြီး သွား တော့ တယ်ပြီး ကျက်သရေ ရှိလှတာပါလား…. အင်း… ရှေး သူတော်ကောင်းကြီးတွေရဲ့ တချို့ အစဥ်အလာတွေက တယ်လည်း ချစ်ဖို့ကောင်းလိုက်တာပါလား….. စာရေးသူ၏ စိတ်ထဲ၌ ထင် ကျန်ရစ်ခဲ့သည် များကို ပြန်လည် မျှဝေမိခြင်းလေးပါ အဆွေတို့ရေ……။
စာရေးသူတို့ ဘုရားဖူးခန်းများကို သိမ်းမည့်နောက်ဆုံးနေ့တွင်… ဆရာတော် ဘုရားကြီးဖူးခိုင်းသော ဗြဟ္မာ ပြည်ရှိ စေတီနှင့်တကွ အပို ထပ်ဆောင်း၍ ကြည့်ခိုင်း သည့် သင်ခန်းစာလေးတခုပါခဲ့ပါသည်။ အဲ့သည်အရာကတော့…ဆရာတော်ဘုရားကြီးက မိန့်ပါ သည်… ယောဂီ တို့… ဤရိပ်သာမှာ ဓမ္မာရုံ အသစ်တခု ဆောက်ဖို့ ရည်ရွယ်ချက် ရှိပါတယ်….. အဲ့ဒါ…
(၁) ဆောက်ဖြစ်မဆောက်ဖြစ်
(၂) ဆောက်ခဲ့လျှင် ဓမ္မာရုံ ကဘယ်လိုပုံစံ
(၃) အလှူရှင် က တဦးတည်းလား? စုပေါင်းလား?
(၄) အလှူရှင် က အမျိုးသမီးဖြစ်မလား? အမျိုးသားဖြစ်မလား?
အဲ့ဒါတွေ ကြည့်ခဲ့ကြပါတဲ့….ကဲ… ဆရာတော်ဘုရားကြီးကတော့ တပည့်ယောဂီတွေကို အားကိုး လိုက်ပါပြီတဲ့လေ….အင်း…. စာရေးသူ အတွက် ကတော့ အထူးအဆန်းဖြစ်ရပြန်ပါပြီ…ဟင်… ငါ ဘယ်လို အာရုံပြုရမှာပါ လိမ့်? အင်းလေ ဆရာတော်ဘုရားကြီး ခိုင်း တာဆိုတော့ လုပ်ရမှာဘဲလေ…. တကြိမ်တည်းမဟုတ် ၂ ကြိမ်တောင် အာရုံပြု လိုက်ရပါသည်။ ခိုင်းထားသည်က အသေးစိတ်ကြည့်ရမှာမို့ အချိန်ပိုယူလိုက်ရပါသည်။ သို့သော် မြင်တာတွေကို ယောဂီ Dr.ဒေါ်သက်သက်နွယ် အားပြောပြမိသည်…။
အန်တီရေ… Nippon မြင်တာတော့ ဒီလိုတွေပါ..ဒါမယ့် ဟုတ်မဟုတ် မသိဘူးလေ.. ဆရာတော် ဘုရားကြီးကို မလျှောက်ရဲဘူး တော်ကြာဟုတ်ရင်ကောင်းပါရဲ့ မဟုတ်ရင် မကောင်းဘူးလေနော် လို့…. ပြောပြမိခဲ့စဥ်…အန်တီ… ပြန်ပြောသည်က….အော်… သမီးရယ်… ဟုတ်မဟုတ်အရေးမ ကြီးဘူးလေတဲ့……. မြင်တာကို ပြောပြလိုက်တော့ ကိုယ့်ဆရာတော်ဘုရားလည်း အားတက်တာ ပေါ့တဲ့ သူ့တပည့်တွေကို အားကိုးလို့ ကြည့်ခိုင်းတာလေတဲ့……. ပြောသာပြောပါ သမီးရယ်တဲ့… ဘာမှမဖြစ်ဘူး….. ပြောနော်တဲ့… ဟူး……… ပြောလဲ မပြောရဲဘူး……… ရှေ့ဖြစ်မယ့် အကြောင်းအရာတွေကိုမြင်ရတာကိုပြောရမှာ…. မဟုတ်ရင် အားနာစရာကြီး…. ဒီလိုနဲ့ တရားစစ်ချိန်ရောက်ပါပြီ အသီးသီးကိုယ်မြင်တာတွေလျှောက် ကြလေပြီ….. ရောက်ပါပြီ စာရေးသူ အလှည့်…… ဗြဟ္မာ ပြည်က ဒုဒ္သစေတီ ဖူးမြင်ရသည် များ လျှောက် ပြီးလေပြီ… ပြောရတော့မည်… မပြောခင် စာရေးသူ က ဆရာတော်ဘုရား ကြီးကို အရင်မေးလျှောက်လိုက်ပါသည် ဆရာတော်ဘုရား… ဆရာတော်ဘုရား ကြည့် ခိုင်းထားတာ မြင်ရတာတွေ လျှောက်ရမလားဘုရား ဆရာတော်ဘုရားကြီး က ဆိတ်ဆိတ်နေခြင်းဖြင့် တုန့်ပြန်ခဲ့ပါသည်….ဟင်… ဒါဆို ငါ့ကို ပြောခိုင်းတာပေါ့… အမလေး… ဒုက္ခ… အင်း… မတက်နိုင်… ပြောရပါလေပြီ…..
ဆရာတော်ဘုရား ကြည့်ခိုင်းထားတဲ့ သိမ်ဓမ္မာရုံ အသစ်တခုကို ဤရိပ်သာ အဝင်ပေါက် ဘယ်ဘက်အခြမ်းမှာ ယခုဓမ္မာရုံထက် ပို၍ခမ်းနားကြီးကျယ်ပြီး လှပတောက်ပြောင်တဲ့ ဓမ္မာရုံအသစ်တခုကို မြင်တွေ့ပါတယ်ဘုရား….ပြီးတော့ ဓမ္မာရုံ ရဲ့အတွင်းပိုင်းမှာ ရေပန်းလေးတွေလဲ မြင်တွေ့ရပါတယ်ဘုရား… ပြီးတော့ ဓမ္မာရုံ ရဲ့ ခေါင်းရင်း ဘက်မှာ ရွှေရောင်ဝင်းနေတဲ့စေတီတဆူကိုလဲမြင် ပါတယ်ဘုရား… ပြီးတော့ မတည် အလှူရှင်က အမျိုးသမီး အသား ဖြူဖြူ ခပ်ပြည့်ပြည့် အသက်အရွယ် ခပ်လတ်လတ် သူမက မတည်ပြီး နောက်ပိုင်း အလှူရှင်တွေတန်းစီပြီး ဖြတ်ပိုင်းတွေရေးနေကြ တဲ့ပုံ တွေမြင်ပါတယ် ဘုရား….. မြင်တာ အားလုံး လျှောက်အပြီးမှာတော့ စာရေးသူကို ယောဂီ အားလုံးနီးပါးက ကွက်ကြည့်ကွက်ကြည့်လှည့် ကြည့်ကြလေပြီ… အမလေး….. ဗုဒ္ဓေါ.. ဘာလို့ ပါလိမ့် စာရေးသူ လျှောက်ပြီးစက္ကန့်ပိုင်းမှာပဲ….ဆရာတော်ဘုရားကြီးအသံထွက်ပေါ်လာပါသည်။
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၁၈) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၁၉)
ဆ ရာ တော် ဘု ရား ကြီး ဆီ မှ အ သံ ထွက်ပေါ် လာ သည် က….ဒီ ရိပ် သာ မှာ လေ တဲ့… ယော ဂီ တွေ တ ရားအား ထုတ် ရ တာ သက်တောင့် သက် သာ ဖြစ်အောင် တဲ့ အ ခု ဓမ္မာရုံ ထက် ကြီး တဲ့ ယောဂီ အယောက် ၁၀၀၀ လောက်ဆန့် မယ့် နှစ်ထပ် ဓမ္မာရုံကြီး ဆောက် လုပ် ဖို့ ရည် မှန်း ထား တာ ပါတဲ့… အဲ့ ဒီ ဓမ္မာရုံကိုလေ တဲ့ မြင်ဖူး ထား တဲ့ဘုန်း ကြီး ကျောင်း တကျောင်း လို နွေ ရာ သီမှာ အေး နေ အောင် တဲ့ အ ပေါ် က နေ မိုး အ တုရွာ နေ သ လို မျိုး ရေလေး တွေ ဖွား ဖွား ကျ နေ သ လို အဲ့ သ လို လည်း ထည့် ချင် တာ ပါတဲ့.. ပြီး တော့ စေ တီ တ ဆူ ကို လှိုင် ခေါင်း ပုံသဏ္ဍန် စေ တီ ရဲ့ အ တွင်းထဲ မှာ ယော ဂီ တွေတ ရား ထိုင် လို့ ရ အောင် ဆို ပြီး တည် ချင် တာ ပါတဲ့… အဲ့ ဒီ လို စိတ် ကူးတွေ ရှိ နေ ရင်း နဲ့ မ တည် အ လှူ ရှင် ကို စောင့် နေ တာ ပါ တဲ့… မ နေ့က ဒ ကာ မ တ ယောက်က ဖုန်း ဆက် ပါ တယ်တဲ့… တ ပါးကျောင်း ဆောင် လှူ ချင် လို့ ပါတဲ့… ဒါ နဲ့ ဘုန်း ကြီး က… အဲ့ ဒါ မ လှူ နဲ့ ဦး ဒီ မှာ သိမ် အ သစ် ဆောက် ဖို့ လှူ လိုက် ပါတဲ့… ဒ ကာ မ က သ ဘော တူ ပါ တယ် တဲ့…
အိုးမိုး... အိုးမိုးဟာ.. . ဒ လောက်တောင် တိုက် ဆိုင် ရ သ လား ကွာ… ဆို ပြီး… မိ မိ ကိုယ် ၌ မ ယုံ ကြည် မှုပေါင်း များ စွာ ဖြင့် WHY? ဆို သော အ ဖြေကို ရှာ ဖွေ နေ မိ ပါ တော့ တယ်…..အော်… လော က ကြီး တယ် လည်း.. ထူး ဆန်းလှ ပါ လား…. ဒီ လို အ ရှေ့ကို ဘာ ဖြစ် မ လဲ ဆိုတာ တွေ လဲ ကြို မြင် လို့ရ တယ် နော်…. ဆို ပြီး ကွ ကိုယ်… ဘာ ကို ဘယ် လိုနား လည် ရ မလည်း ကို… မ သိ တော့ပါ ဘူး….ဒီ နေ ရာ လေး မှာ စာ ရေး သူ ရဲ့ အ ရင် က အယုံ ကြည် မ ရှိ ခဲ့ သောအ ရာ လေး များ ကို ဖြည့် စွပ် ပြော ပါ ရ စေ…
စာ ရေး သူ အ ရင် က အ စွန်း အ ရမ်း ရောက် ခဲ့ ပါ တယ်… ဗေ ဒင်၊ ဘိုးတော်၊ အ ကြား အ မြင်၊ ဓာတ် စီး၊ နတ်၊အောက် လမ်း၊အ ထက် လမ်း၊လူပြု စား၊ နတ် ပြုစား စသော စသော အရာများ ကို လုံးဝ လုံးဝ အယုံအကြည် မရှိသလို reasonable ကျကျလည်း လက် ခံ ၍ မရခဲ့သူ တ ယောက် ပါ။
ဒါ ကြောင့် မို့ တ ချို့ကိ စ္စ တွေ ဟာ မိမိကိုယ် တိုင် မ ကြုံ ဖူး သေး လို့ မ ယုံ ဖူး ဆို တဲ့ အ ရာဟာ .. အင် မ တန် မှ ကို မှား ယွင်း တယ် ဆိုတာ… စာ ရေး သူ ခု မှသိလာ ရ တာ တွေ ပါ…..ခု လည်း … စာ ရေး သူ အာ ရုံ ၌ လာ ထင် နေသော အ ရာ များ ကို ပြော ပြ လိုက် တာ… ဆ ရာ တော် ဘု ရား ကြီးဆောက် လုပ် မှာ နဲ့တ ထေ ရာ တည်း လာ တူနေ ရ တာ… အ ဘယ် မှာ မ အံ့ သြ ပဲ နေ ပါတော့ မည် နည်း?…..
ထို ထက် အံ သြ ရ သည်က….
ဤ သို့ အာ ရုံပြု ပြီး ၅ရက် လောက် ကြာတော့ ရိပ် သာ ကို မတည် အ လှူ ရှင်ကိုယ် တိုင် လာ ရောက် ၍ တ ရား ခ ဏ လာ ဝင် တာကို တွေ့ လိုက် ရသော အ ခါ…… ဗုဒ္ဓေါ…… ဟင်…. ငါ့အာ ရုံ မှာ လာ ထင် ခဲ့သော အ လှူ ရှင် က ငါ့အာ ရုံ ထဲ က မြင် ထားတဲ့ အ တိုင်း တ ပုံ စံ ထဲ လာ တူ နေ ပါ ရော့လား… ဟာ… ဘာ တွေဖြစ် ကုန် ပြီ လည်း… ငါလဲ သူ့ ကို မသိ မ မြင် ဖူးရ ပါ ဘဲ ကွယ်….အို… ဘာ တွေ မြ င်ရ တာတုန်း…. အ လှူ ရှင် ရဲ့ အ ရပ် အမောင်း က လွဲ ရင် ကျန် တာ အ ကုန် စာ ရေး သူ ရဲ့ အာ ရုံ ထဲက လူ မှ လူ အ စစ် ကြီးပါ. အာ ရုံ မှာ တုန်း က သူ မ ထိုင် နေ တဲ့ ပုံ လေး မြင်ရ ခြင်း ကြောင့်အ ရပ်အ မောင်း မ ခန့် မှန်း နိုင် ခဲ့ပေ မယ့်… ကျန် တာက တော့ လေ….. တ ခု မကျန် အ ကုန် တူ နေ ရ ပါ တော့ တယ် ကွယ်…..
သူ မ ဆီ က အ မျှ တောင်း မိ ပါ သေးတယ်… စာ ရေး သူ က မ လှူ နိုင် သူ မို့… လှူ နိုင်တဲ့ သူ တွေ ဆီ က အ မျှပေး တာ ကို တော့ အား ရ ပါး ရ ဝမ်း ပန်း တ သာ နဲ့ အ မြဲ သာ ဓု ခေါ်ပါ တယ် ဤ နေ့ က ဘု ရား ဖူး ခန်း နောက် ဆုံး နေ့ လည်း ဖြစ် ၊ သ တိ မြဲရာ ပထမာ…သင် ခန်း စာအဆုံး သတ် တဲ့ နေ့ လည်းဖြစ် လေတော့…နောက် နေ့ ဒုတိယ နည်း သင် ခန်း စာ တက် မည့်ရင် ခုန် သံ က လည်း ဆူ ညံလို့ နေ ရ ပါ တော့တယ်…..
ပါး ဖောက်၊နား ဖောက် နှင့် လှီး စား၊ ဖြတ် စား သ င်ခန်း စာ နေ့ ရောက်လေ ပြီ…
ပြု လုပ် ရ မည့် ပုံစံက…. ပ ထ မ ဆုံး မိ မိ ဆီ မှာ အ လင်း နိ မိတ် ရ လာသည့် အ ခါ အဲ့ ဒီ နိ မိတ်ကို မျက် စိ ရှေ့ ၁ တောင် အ ကွာ မှာ ထားပြီး ညာ ဘက် မျက် လုံးထဲ က နေ ဝင် စေ ပြီး ဘယ် ဘက် မျက် လုံး က နေ ပြန် ထွက် စေမည်။ အဲ့ ဒီ လို အ ကြိမ်ကြိမ် ပြု လုပ် ပေး မည်။ မျက် လုံး ပြီး လျှင် နှာ ခေါင်း ၊ ဤ နည်း အ တိုင်း သာ တည်း… ။ နှာ ခေါင်း ပြီး လျှင် ပါး၊ ပြီး လျှင် နား၊ အ ဆင့် ဆင့် ထို နည်း အ တိုင်း များစုံ ၍ အောက် သို့ ဆင်းသွား ပါ မည်။ အသေး စိတ် ကို မ ရေး ပေးတော့ ပါ ဘူး နော်… ပုံပေါ် ရုံ မျှ ရေး ပေး တာပါ…
အဲ့ ဒီ လို ပြု လုပ်ပေး လိုက် သော အ ခါ မိ မိ ရဲ့ ခ န္ဓာ ကိုယ် တ ခု လုံး ဟာ ဖန် ချောင်း အ လင်းချောင်း တွေ ထိုး စိုက်ထား သ လား ထင် ရ ပါတယ်… ပြီး လျှင် ဦးခေါင်း အ ပေါ် ထက် ၁ တောင် အ ကွာ က နေအ ထက် ဘ ဝက် အ ထိတိုင် အောင် တိုး တိုးသွား ရ မယ်… အောက်ဆို ရင် အာ ကာ သ အဘထိ ၁ တောင် ၅ တောင် ၁၀ တောင် စ သဖြင့် က နေ တိုး တိုး သွားရ ပြီး အ လင်း ချောင်းကြီး ဟာ အ ထက် ဘဝက် အောက် အာ ကာ သ ခ န္ဓာ ကိုယ် ကို ဒိုးယို ပေါက် ဖြစ် အောင် လုပ်ရ ပါ တယ် ပြီး လျှင် အဲ့အ လင်း ချောင်း ကြီး ကို ဦး ခေါင်း ကို ထိုး စိုက် လိုက် တဲ့ အ ခါ မှာတော့….
စာ ရေး သူ ရင်ကို… ဒိတ်… က နဲ… ဖြစ် သွားရ ပါ တော့ တယ်…
စာ ရေး သူ လုံး ဝ မ ယုံနိုင် ရ လောက် အောင် ပါဘဲ… စာ ရေး သူ ရဲ့ ဦးနှောက် ပုံ စံ ပဂတိ လက် ရှိ အ နေ အ ထားအား လုံး ကို TV ထဲ မှာ မြင် ရ သ လို ဆံ ချည် မျှင် သွေး ကြော လေးတွေ က အ စ မြင် လိုက်ရ လို့ ပါ ဘဲ…. အ သေးစိတ် မြင် လိုက် ရ တာပါ… ညာ ဘက် သွေး ကြော တ ခု ဆို အ ခြားသွေး ကြော တွေ ထက် ပို ကြီး ပြီး နည်း နည်းလေး ညို တဲ့ ဘက် ကိုသန်း နေ တာ ပါ မြင် ရ တာ ပါ… ဆ ရာ တော်ဘု ရား ကြီး ပြော ထားပါ တယ်… မိ မိ မှာရော ဂါ တွေ ဘာ တွေ ရှိ နေရင် တ ခါ တည်း မိ မိ ဖာသာ ဆေး ကု သွားပါတဲ့… ရော ဂါ ရှိ တဲ့ နေ ရာ ကို အဲ့ ဒီ အ လင်း နဲ့ နာ နာ မွှေ ပြီး ဖြူ သွားအောင် လုပ် ပါ တဲ့…ဒ လို နဲ့ စာ ရေး သူက တော့ မိ မိ ရဲ့ အ တွင်း က လီ ဇာ အား လုံး ကို TV မှာ မြင် နေ ရ သ လို အ ကုန် တ ခု ခြင်း လိုက်ပြီး ကြည့် ခဲ့ လိုက် ပါတယ်.. ဤ အ ရာ များကို ပုံ ပေါ် အောင်ပြန် ပြော ရ လျှင် ဖြင့် မိ မိ ရဲ့ body ကြီး ကို အ သေးစိတ် scan ဖတ် လိုက်သ လို မျိုး ကို မြင် လိုက် ရတာ ပါ…..
ကဲ… ဘယ် မှာ မထူး ဆန်း ပဲ…နေ ပါ တော့မည် နည်း ကွယ်… ဒီ အ ရာ တွေ ကို… စာ တွေထဲ ၌ သာ ဖတ် ဖူး ခဲ့ ပေမယ့်… မိ မိ ကိုယ် တိုင် ယ ခု လို မျက် ဝါး ထင် ထင် မြင် ရ လိမ့် မယ် လို့ ဘယ် တုန်း က မှ မ ထင်မိ ခဲ့ တာ ပါ…. ခု တော့ဖြင့် ကွယ်… ဟာ… ငါ.. ဒါ တွေ မြင် နေ ရတယ်.. …. အို… ထူး ဆန်းပါ ဘိ… ထူး ဆန်း လှ ပါလား ကွယ် ဆို ပြီး သင် ခန်း စာ တ ခု ပြီး.တခု မ ရိုး ရ သော အ တွေ့အ ကြုံ တွေ နှင့် ရိပ် သာမှာ တ ရား လာ အား ထုတ် နေ သည် မ မြင်တော့ ပဲ… သု တေ သ န လာ လုပ် နေ ရ သ လိုမျိုး ခံ စား လို့ နေ ရ ပါတော့ တယ်…
လှီး စား၊ ဖြတ် စား လုပ်ပုံ ကျ တော့… အ လင်းနိ မိတ် ကို ၁ တောင်အ ကွာ က နေ မိ မိ ရဲ့ နှာ ဖူး ကို လက်၂ လုံး လောက် ဘယ် ဘက် က နေ ညာ ဘက် ကို လှီး ဖြတ် ရမယ်၊ အဲ့ ဒ လို လက်၂ လုံး ချင်း ခပ် စိပ် စိပ်လေး လေး လှီး သွား ရမှာ တကိုယ်လုံး အ ဆုံးထိ ဆို ပါ စို့.. ပြီးလျှင် ဒေါင်လိုက် အဲ့ လို ပဲ လှီးမယ်၊ ပြီး လျှင် ဘေးတ စောင်း လှီး မယ် ဒ လို နဲ့ ခ န္ဓာ ကိုယ် တ ခု လုံး နေ ရာလွတ် မရှိသည်အ ထိ အ လင်း နိ မိတ် နဲ့လှီး ဖြတ် သွား ရ မယ် တဲ့။
ဤ နေ ရာ တွင် ဆ ရာတော် ဘု ရား ကြီး ပြောပြ သော ရယ် စ ရာ လေး ပြော ပြ ပါ ဦး အံ့…… ကွယ် တဲ့.. ဒို့ များ မန်းလေး မှာ ဒီ သင် ခန်း စာပေး တုန်း က လေ တဲ့… ဒ ကာ မ တ ယောက် က ဘာ မေး ဖူး တယ် မှတ်လဲ တဲ့? .. အ ရှင် ဘု ရား ခု လို ဖြတ် ပြီး သား အ သား တွေ ကို တ ပည့်တော် ဘယ် နား သွားထား ရ မ လဲ တဲ့
ဒါ နဲ့ ကျုပ် က လဲ.. ရွဲ့ ပြော လိုက် ပါ တယ်တဲ့… အော်… ဒါ လားကွယ်… ဒ ကာ မ ကြီး အ မျိုး သား က ည နေ ဆို ဆိုင် ကယ် နဲ့ လာ ပြီး ဒ ကာ မ ကြီး ကို သ တင်း လာ လာ မေး တယ် မ လား တဲ့… အေး… အဲ့ တော့… ဒ ကာ ကြီး ဆိုင် ကယ် အ ရှေ့ ခြင်း ထဲ ထည့်ပေး လိုက် ပေါ့ ကွယ် တဲ့…
စာ ရေး သူ က လေ တ ကယ် တော့ သိပ် ကို အရယ် သန် သူ ပါ… တ ခါတ လေ ဆ ရာ တော်ဘု ရား ကြီး ဟာ သ အ တွေး အ ခေါ် လေးတွေဟော လိုက် ရင် လေ.. ဓ မ္မာ ရုံ တ ခု လုံး ရယ်သံ ဖုံး အောင် ရယ် မိ သူ က တော့ စာ ရေး သူ ပါပဲ…စာ ရေး သူ မှတ် တမ်းများ ထဲ မှာ အ မှတ် တ ရ နှင့် အ မှတ် တ မဲ့ ရယ် စ ရာ လေး များ မှတ် သား ထား ခဲ့ သည် က ၄၅ ရက် စာ မှာ စာ ရွက် ၁ ရွက် အ ပြည့် ရှိ နေ ခဲ့ပါ တယ်…
ဒီ လို ဘာ လို့ ရယ် စ ရာ လေး ထည့် ရေး ပေး ရ ပါ သ နည်း ဆို လျှင်… ရိပ် သာ ဆို ပျင်း စ ရာကြီး လို့ ထင် နေ မှာ ဆိုးလို့ ပါ… တ ခါ တ လေမှာ လည်း… တ ရား နာရင်း ဒ လို ရယ် စ ရာ လေး တွေ နှော ပြီး တ ရား ဟော ပေး တက် တဲ့ ကျေး ဇူး ရှင် ဆ ရာသ မား ဆ ရာ တော်၂ ပါး ကို လည်း အမြဲ ရှိ ခိုး ဦးတင် ကျေး ဇူး တင် မိ ပါတယ်….
လှီး စား၊ ဖြတ် စား နေ့မှာ စာ ရေး သူ ယော ဂီ ၁ ယောက် ရဲ့ request လုပ် မှု ကြောင့် အဲ့ယော ဂီ ကို ဆေး ကု ပေး ခဲ့ ပါတယ်…
ကု သ ပေး ပုံ ပြော ပြ ပါ ရ စေ…ပ ထ မ ဆုံး စာ ရေး သူ က အ လင်း များ လျှံထွက် နေ အောင် သ မာဓိ အ ရင် ထူ ထောင် ပါတယ်. ပြီး လျှင် ကု သပေး မည့် ယော ဂီ ပုံ ကို စာ ရေး သူ အ ရှေ့ မှာ အာ ရုံ ယူ ပုံ ဖော် လိုက် ပါ သည်….. စာ ရေး သူ ကို ကာ ယ ကံ ရှင် က လည်း ယုံ ယုံ ကြည် ကြည် ဖြင့် ဆေး ကု သ ခွင့် ပြု ပါ တယ်. သူ မ ၏ အ စောင့် အ ရှောက်များ ကို လည်း ခွင့် ပြု ပေး ဖို့ တောင်း ပန် ခွင့်ပန် ရ ပါ တယ် ပြီး လျှင် စာ ရေး သူ သ စ္စာ ပြု ပါတယ်.. အ ကျွန်ုပ် သည် ဤ ရိပ် သာ စ ဝင် သည့်နေ့ မှ ယ နေ့ ထိ တိုင် ၉ ပါး သီ လ ကို စောင့်ထိမ်း စောင့် တည် ခဲ့ ပါ တယ် သ မ ထ ဝိ ပ သ နာ တ ရား များ ကို လည်း ကျင့် ကြံ ပွား များ အား ထုတ် လျှက် ရှိ ပါ တယ် ဤ သို့ သီ လ သ မာ ဓိ များ စင်ကြယ်စွာ ရှိနေပါတယ် .. ဤရောဂါဝေဒ နာ ရှင် ခံ စား နေ ရ သော ရော ဂါ သည် ဝဋ်နာ၊ ကံ နာ နှင့် သေ မည့်အ နာ ရော ဂါ မ ဟုတ် ခဲ့ပါ လျှင် ယ ခု လို ကု သပေး ပြီး သည် နှင့် အား လုံး အ ရှင်း ပျောက် ကင်း သွား ပါစေ သ တည်း။
ထို အ ချိန် များတွင် စာ ရေးသူ ၏ စိတ် သည် မေတ္တာ၊ဂရုဏာ များ ဖြင့် ပြည့် နက် လျှက် ရှိ နေ ခဲ့ ပါ သည်။ အ ဘယ် ကြောင့် ဆို သော် စာ ရေး သူ သတ္တဝါ တွေကို အ ရမ်း သ နား တဲ့စိတ် များ သည် ရိပ် သာ ဝင် ပြီး ၂၀ ရက် လောက်က တည်း က စ တင် ဖြစ် ပေါ် လာ ခဲ့သည်… ထို့ ကြောင့် အဲ့ ဒီ အ ချိန်ဖြစ် နေ သော မေတ္တာဓာတ် လှိုင်း များ ကလည်း အင် မ တန် မှ ကို အား ကောင်း လွန်း နေ ခဲ့ပါ သည်။
အ လင်း များဆို သည် က တော့ ပြောဖွယ် ရာ မ ရှိ ပါ ပြီ…. သို့နှင့် ယ ခု လို ပြု ဖွယ်ကိစ္စ အ သွယ် သွယ် တို့ပြု လုပ် ပြီး သွား သည့်နောက် တွင် တော့ စာ ရေး သူ မိ မိ ရဲ့ အ ရှေ့မှာ ပုံ ဖော် ထား သော ယော ဂီ ၏ ခန္ဓာ ကိုယ် ကို စာ ရေး သူ ၏ အ လင်း များ နှင့် နေ ရာလွတ် မ ကျန် အောင် လှီး ဖြတ် လိုက် ပါတော့ သည်.. နောက် ဆုံး ၎င်းယော ဂီ ၏ ပုံသဏ္ဍန်ပျောက် ၍ အ လင်း တုံးကြီး ဖြစ် သွား သည်အ ထိ စိတ် ရှည် လက် ရှည် ဖြင့် လှီး ဖြတ် ပေး လိုက် ပါ တော့ သည်…
နောက် နေ့ တွင် ၎င်း ယော ဂီ ဆိုး နေ သောချောင်း သည် လုံး ဝ မဆိုး တော့ ပါ… နောက် ပိုင်း ၎င်း ယော ဂီ ပြောပြ ၍ သိ ရ သည် က အ ခြား ရော ဂါ တ ခု လည်း ပျောက် ကင်း သွား ခဲ့သည် မှာ ယ ခု တိုင် ပါဘဲ တဲ့ ကွယ်….
ဘယ် လောက် တောင် ဝမ်း သာ ပီ တိ ဖြစ် ရ ပါ သ လဲ? ကာ ယ ကံ ရှင်ရော ကု သ ပေး ရ တဲ့ သူ ရော.. ကဲ… ဒလောက် ကောင်း တဲ့…. ဘု ရား ဆေး နည်းတွေ… အ ဘယ် တိုင်း ပြည် တွေ မှာ… လိုက်ရှာ ပြီး.. ဆေး တွေ ကုသ နေ ကြ ပါ သ နည်း ကွယ်…. စာ ရေးသူ ကိုယ် တွေ့ မို့ တိုက် တွန်း လိုက် ချင် သည်က…..
သင့် မှာ သဒ္ဒါ တ ရားသာ အ ပြည့် ရှိ ပါ စေ မိတ် ဆွေ ရယ်….. ရော ဂါ တ ခု အတွက် သော က ဖြစ် နေ လျှ င်တော့…
မြေ ဇင်း က အ ပြန် သေ မင်း ကို အံ တု နိုင်ပြီ ဆို တဲ့ ဆောင် ပုဒ်အ တိုင်း…. ရိပ် သာ ဝင် ၍ မိ မိ ကိုယ် ၌ ကြိုး စားအား ထုတ် ၍ ခန္ဓာ ကိုယ် ရော ဂါ လည်း ပျောက် စိတ် ရော ဂါ တွေ လည်း ပျောက် အောင် တ ရားအား ထုတ် ကြ ပါ လို့ တိုက် တွန်း ရင်း…… အပိုင်း ၂၀ တွင်…သ မ ထ ဗီ ဇာ ကိုဆ ရာတော် ဘု ရား ကြီး က ဘယ် လို ရုပ် သိမ်း ခဲ့ ပါ သ လဲ ဆိုတာ …စောင်. မျှော်ရင်း…..ဤ တွင် ခ ဏ နား ပါ ဦးမည် ။
မှတ် ချက်။ ။စာ ရေး သူ ဤ စာ ရေး နေ ချိန် တွင် အိမ် သို့ ပြန် ရောက် နေပြီ ဖြစ် သော ကြောင့် ဤ စာ ၌ ပါ သော အ ကြောင်း အ ရာ များ ကို ဘာ မှ အာ ရုံ မ ပြု တော့ ပါ လို့
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၁၉) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၂၀)
ယော ဂီ ရေ တ ခု ကူ ညီ ပါ ဦး … ဟင်.. ဘာ ကူ ညီ ရမတုန်း… အော်.. ဟို ဆ ရာ လေး လေ သူ က နိ မိတ် မ ရ သေး လို့ အာ့ဒါ သူ့ ဆီ ကို နိ မိတ် ပို့ ပေးခိုင်း လို့ တ ပည့် တော် ပို့ တာ လည်း မ ရ ဘူး ဖြစ် နေ တယ် ဟင်… နိ မိတ် ဆို တာ တ ခြား တ ယောက် ကို ပို့ ပေး လို့ ရ လို့ လား? ရ တယ် ပြော တယ် ဟာ. .. မ ဖြစ် နိုင် ပါ ဘူး. အင်း..ပါ ဘာ ပဲ ဖြစ် ဖြစ် ကူ ညီ ပါ ဦး လိုက် ခဲ့ ပေး ပါ နော် အဲ့ ဆ ရာလေး သ နား ပါတယ် အော်.. တင် ပါ့.. တ ပည့် တော် ခ ဏ နေ လိုက် ခဲ့ ပါ့ မယ် … ဟာ.. လာ ပါ တခါ တည်း လိုက်ခဲ့ တော့ အော်… အင်း ပါ.. ဟုတ်.. ပါ ပြီရောက် ပါ ပြီ ဆ ရာ လေး အ ဆောင်ဆရာ လေး ပြော ပြ ပါ ဦး တ ပည့် တော် ဘာ ကူ ညီ ပေး ရ မလဲမျက် မှောင် လေး ကုတ် ပြီး ပြန် ဖြေ သည်က အေး.. ဒ ကာ မ လေး ရယ်.. ငါ့ ဆီ ကို နင့် ဆီ မှာ ရှိ တဲ့ နိ မိတ် ပို့ ပေး စမ်း ပါ ဟယ် တဲ့ အော်… ဆရာ လေး တပည့် တော် ပြော မယ် အခု ဆရာ လေး က ဘာ ဖြစ် ချင်တာ လဲ တပည့် တော် ကို အရင် ပြော ပြ ပါ.. ငါ ဟယ် အရမ်း ဘု ရား တွေ ဖူး ချင် တယ်.. ငါ့ ရဲ့ နိ မိတ် လေး က လေ ပါး နား မှာ ပဲ အ လင်း ကွက် လေး ပဲ ရှိ နေ တာ ဘယ် မှ လည်း မ ရွေ့ ဘူး ဟာ. အာ့ မို့ ငါ နင့် လို အ လင်း နိ မိတ် လို ချင် တာ အာ့ မှ ငါ ဘု ရား ဖူးလို့ ရ မှာ လေ. ပြီး တော့ မ နက်ဖြန် ဆို ဆရာ တော် ဘုရား ကြီး က နိ မိတ် တွေ ပြန် သိမ်း တော့မှာ လေ….. အော်… သိ လေ ပြီ.. သူ့ ခ မျာ သ နား ပါ တယ်.. သူ ထင် နေ တာ တွေ လွဲ နေ ပါ ရော့ လား.. သ နား ဖို့ ကောင်း လိုက်တာ.. ဒါနဲ့ စာ ရေး သူ အ သေ အချာ interview ဝင် လိုက် ပါ တော့ တယ်..ဟုတ် ပါ ပြီ ဆ ရာ လေး တ ပည့် တော် အတက် နိုင် ဆုံး ကူညီ ပါ့ မယ်. ကဲ.. ဒီ တော့ တပည့် တော် မေး တာ လေး တွေ ဖြေ ပေး နော်..
အေး.. မေး.. လေ.. ဆ ရာ လေး ဒီ ရိပ် သာ ဝင် တာ ဘယ် ၂ကြိမ် ရှိပြီလဲ? ပြီး တော့ ဘာ ကြောင့် နိ မိတ် မရ တာလို့ ထင် လဲ? ပြီး တော့ ဆရာလေး ရဲ့ တရား အားထုတ်ရ ခြင်းရဲ့ ရည် ရွယ် ချက် က ဘာ လဲ? သူ ပြန် ဖြေ တဲ့ အဖြေ ကို ကြားရ ပြီး စာရေးသူလေ စိတ်အတော် မ ကောင်း ခဲ့ မိ တာ ပါ.. သူ ဖြေ သည်က သူ တရားကို လို ချင် လွန်း လို့ ကျန်းမာရေး မကောင်း သည့် ကြား မှ အိမ် က ခွင့် မပြု သည့် ကြား မှ ဤ သို့ သီလရှင် ဘဝကို လုပ်လာတာ နှစ် ပေါင်း ၂၅ နှစ် ရှိ ပါ ပြီ တဲ့.. ဝင် ဖူး သော တရား စခန်း များ သည်က မြန် မာ နိုင် ငံ မှာ ရှိ သော ရိပ် သာ အစုံ ပါ ဘဲတဲ့… ဒီ မြေ ဇင်း မှာ ၅ ကြိမ် လောက် ရှိ ပါ ဘီ တဲ့ လေ….. သူ အ ရမ်း လို ချင်တာ အ လင်း နိ မိတ် အား ကောင်း ကောင်း နဲ့ ရုပ် နာမ် ဖြစ် ပျက် တွေ ကို ထိုး စိုက် ကြည့် လို့ ရ တဲ့ အ ထိ လို ချင် တာ ပါတဲ့…….. ထက် ပြော သည် က ငါ လေ နင် သိလား တဲ့ တရား အ ရမ်း လို ချင် လွန်း လို့ ရှာ နေ ခဲ့ တာ ၂၅ နှစ် ရှိ ပြီ တဲ့….သူ့ စ ကား များ အဆုံး မှာ တော့ စာ ရေး သူ သိ လိုက် ပါ ပြီ…. သူ မ ဘာ ကြောင့် ယ ခု လို ဖြစ် နေ ရ ပါ သလဲ ဆို တာ ကို. သူ မ ကတော့ သူ မ ကိုယ် သူမ ပြန် မမြင် နိုင် ပါ ပေ….. ဘေး က မြင် နေ ရသည့် စာ ရေး သူ က သူမ၏ လို အပ် ချက် နှင့် လို ချင် မှု လော ဘ ကို တန်း ကနဲ မြင်လိုက် ရ ပါပြီ ကော……. တဆက် တည်း မှာ လည်း သူ မ ပြော ပြ သော အခြား အတွေ့ အကြုံ များ စွာ ကို လဲ သိ ရှိ လိုက် စဥ် မှာ တော့……. သူမ ကို စာ ရေး သူ အ ကောင်း ဆုံး ကူ ညီ နိုင် မယ့် နည်း လမ်း ကို စ တင် စဥ်း စားလိုက် ပါတော့ တယ်…
စိတ်ထဲ မှာလည်း အရမ်း သနား တဲ့ စိတ် တွေ တဖွား ဖွား ဖြစ် ပေါ် နေ မိပါ တော့ တယ်.. အော်.. လူ တွေ လူ တွေ မသိ ရင် သိပ် သ နား ဘို့ ကောင်း တာ ပါ လား နော်.. ဒါ မို့ ထင် ပါရဲ့ မရှိ တာ ထက် မ သိ တာ ပို ခက် ဆိုတာ… ဒါ …ထင်ပါ ရဲ့ လို့ လည်း စိတ် ထဲ ရေ ရွတ် နေ မိ ပါ တယ်… ကဲ… ဟုတ် ပြီ ဆရာ လေး တပည့် တော် ပြော ပြမယ်.. တပည့် တော် ပြော တဲ့အတိုင်း တကယ် လိုက်လုပ် မလား? အေး… လုပ်မယ်…. ဟုတ်ပြီ.. ဒါဆိုရင်… အခု ပထမဆုံး…အရှင် ဘုရား ရဲ့ ဟောဒီ… တင်း ထား ကျုံ့ထား တဲ့ မျက် မှောင် လေး ကို ခု ချက် ချင်း ဖြေ လျော့ ချ ကြည့် ပါ လား.. ဟင်.. ငါ မ လျော့ တက် ဘူး.. အော်… အ ခု တပည့် တော် ကို စ ကား ပြော နေ တဲ့ မျက် နှာ အမူ အရာ လေး ကို ဖြေ လျော့ ချ တာ လေ ပြုံး ကြည့် ပါဦး ဘုရား… ဟာ.. ငါ မ လုပျ တကျ ဘူး ဟ……. အင်း…… ဟုတ် ပြီ ဒါ ဆို တ ပည့် တော် ကြည့်…. ဆိုပြီး.. ကလေး တယောက် ကို သင် ပေး သ လို သင် ပေး အပြီး မှာ တော့. .. သူ မ နည်း နည်း ဘဝင် ကျ လာ ပါ တယ် … ဟုတ် ပြီ ဘု ရား အခု အနေ အထား မဆိုး ဘူး… ခု အရှင် ဘုရား စိတ် ထဲ ဘယ် လို ခံ စား နေ ရလဲ… သေ ချာ လေး မိ မိ စိတ် လေး အ ကဲ ခတ် ကြည့် ပါ ဦး. .. ဟဲ့ … ငါ ပြော မယ် သလား… ငါ့ ရဲ့ စိတ် ကလေ လုံး ဝ မ ညိမ် တာ ဟာ.. ဝင် လေ သိ လို့ ဆို လိုက် တာနဲ့ဟာ… တ လော ကလုံး မြင် ဖူး ကြားဖူး အာ ရုံ အကုန် လုံး စု ပြုံ ဝင် လာ တော့ တာ ဟ… ငါ ဘယ် လို လုပ် ရ မလဲ…. အဲ့ ဒါ ကို…စာရေးသူ… သူ မ ကို အတော် နား လည် သွား ခဲ့ ပါ ပြီ…… သူ မ ဘာ ဖြစ် လို့ တရား နဲ့ ဝေး နေ ရ သလဲ ဆို တာ လည်း လုံး ဝ သိ သွား ခဲ့ ပါပြီ..အတို ချုပ် ပြော ရ လျှင် တော့ စာရေးသူ သူမ ကို ဘယ် လို မှ မကူ ညီ နိုင် ခဲ့ ပါဘူး ဆို တာ ပါဘဲ…
သူမ မှာ တ ရား ကို လို ချင် သော လောဘ အရမ်း ကြီး မား နေခြင်း ကြောင့် အ ခြေ ခံ အဆ င့် ဖြစ် သော မိ မိ စိတ် ကို မိ မိ ပြန် ပြီး အကဲ ခတ် တဲ့ စိတ် လေ့ ကျင့် ခန်း သူမ ဆီ မှာ လုံး ဝ မရှိ တာ သူ မ. မသိ ရှာ လေ ဘူး ကွယ်…….တဆက် တည်း မှာ ပဲ စာရေးသူ အရမ်း သံ ဝေ ဂ ရ ပါ တယ်.. သူ မ လို လူ တွေ ဘယ် လောက် များ များ ရှိ နေ ကြ မလဲ လို့….. ကြိုး မဖြေ ပဲ လှေ လှော် နေ ကြ သူ တွေ…သူ မ မသိ တာ မိမိ ရဲ့ တရား အ ပေါ် မှာ လို ချင် မှု ဖြစ် နေတဲ့ လော ဘ ကိ လေ သာ အတား အဆီး အကြီး ကြီး က တရား နဲ့ ဝေး အောင် လုပ် နေတယ် ဆို တာ ကို ပါဘဲ … တရား ဆို တာ အင် မတန် မှ ကို နူးညံ့ သိမ် မွေ့ လွန်း လှ ပါ တယ်… အ ပူ ဓာတ် တွေ နဲ့ ဘယ် တော့ မှ ချဥ်း ကပ် လို့ မရ ပါ ဘူး… ရည် ရွယ် ချက် နဲ့ သ ဘော ထား မှန် ဘို့ အရေး ကြီး ပါ တယ် ဆို တာ သူ မ မသိ ရှာ လေ ပြီ… သိပ် သနား မိ ပါ ၏….သူ မ အကြောင်း ဘာလို့ ထည့် ရေး ရ ပါ သနည်း…စာရှု သူ များ သူ မ လို သတိ မထား မိ သော အမှား နှင့် တရား အပေါ် မ ချဥ်း ကပ် စေ ချင် လို့ပါဘဲ ….
တကယ် တော့ အဲ့ နေ့ မှာ ဆရာ တော် ဘုရား ကြီး ခိုင်း တဲ့ သင် ခန်း စာ က *ငြိမ်းစေ မည်* ပါ.. နိ မိတ် ကလေး ထဲ စိတ် စိုက် ပြီး ငြိမ်း ငြိမ်း ချမ်းချမ်း လေး စိတ်က ထား ပြီး နိ မိတ် ကလေး ကို ငြိမ်းစေမည် ငြိမ်း စေ မည် လို့ ဆို ပြီး စိတ် က ညွတ် ကိုင်း ရ တာ ပါ…….ဒီ သင် ခန်း စာ ပေး တဲ့ နေ့ မှာ စာရေးသူ က… ဟိုး…… အရှေ့ သင် ခန်း စာ.. ကြီး စေ သေး စေ နေ့ ထဲ က ငြိမ်း စေ မည် မှာ ခံ စား ရ မည့် feeling မျိုး ကို ခံ စား ပြီး ခဲ့ ပါ ပြီ……. တ ကယ် တော့ သင် ခန်း စာ တွေ က နောက် ကျ ပြီး စာရေးသူ က အရှေ့ ရောက် နေ ခဲ့ ပါ လား ဆို တာ ကို အဲ့ နေ့ သင် ခန်း စာ မှ သိ လိုက် ရ တာ ပါ…… ဆ ရာ လေး ထင် သည် က နိ မိတ် ကို ဆရာ တော် ဘု ရား ကြီး က ပြန် ရုပ် သိမ်း မယ် သူ ထင် တာ ပါ. တကယ် တော့ တခါ တလေ မှာ နားလည် မှု လွဲ မှား ခြင်း တွေ ဟာ အတော် ကို နစ် နာ စေ ပါတယ်…
အကြောင်း အရာ တခု ကို သေ သေ ချာ ချာ သဘော မ ပေါက် ပဲ လိုက် နာ ကျင့် ကြံ ခြင်း များ သည် မိမိ အတွက် အရမ်း နစ် နာ တယ် ဆို တာ သိ စေ ချင် မိ တာ ပါ.. ဆရာ လေး က သာ ဓ က ပါ ပဲ… သူ့ ခမျာ ဘယ် လောက် သ နားဖို့ ကောင်း လိုက် ပါ သလဲ… အချိန် တွေ သာ ၂၅ နှစ် သာ ကုန် တယ်… သူ လို ချင် တဲ့ တရား မရ ရှာ သေး ဘူး…
ဒီ စာ နှင့် အတူ ချစ် မိတ် ဆွေ တို့ ကို လည်း စေ တ နာ ဖြင့် သ တိ ပေး ပါ ရ စေ နော်…. တခါ တလေ… တရား အပေါ်.. အရမ်း…. လို ချင် လွန်း တဲ့ စိတ် နဲ့ လုပ် ရင် မ ရ တက် ပါဘူး ဆို တာ ပါဘဲ……. စာရေးသူ က သမထ ဗီဇာ မသိမ်း ခင် နေ့ က ဆရာ တော် ဘု ရား ကြီး က မိ မိ သေ မည့် နေ့ ကို ကြည့် လို့ ရ ပုံ သင် ပေး လိုက် ရာ စာ ရေးသူ ရဲ့ သေ မည့် နေ့ ကို အဖြူ ရောင် စာ ရွက် ပေါ် မှာ စာ ရေးသူ နာ မည် ရယ် အောက် ဘက် မှာ အသက် ရယ် ရေး ထား သော စာ ရေး သူ ၏ အလောင်း ကို မျက် ဝါး ထင် ထင် တွေ့လိုက် ရ တဲ့ အခါ မှာ တော့ အိုး……. ဒ လို လည်း ကြည့် လို့ ရ တာ ပါ လား ဆို ပြီး အံ့သြ မဆုံး လည်း ဖြစ် ခဲ့ ရ ပါ တယ် ဆို တာ လေး ပြော ပြ ရင်း နဲ့…..
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၂၀) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၂၁)
ကဲ… ဒီ က နေ့ သ မ ထ ဗီ ဇာ သိမ်း မယ့် နောက် ဆုံး နေ့ ပါ…. ဆရာ တော် ဘုရား ကြီး မှ ယ ခု လို ပြော လိုက် သော အသံ ကြောင့် စိတ် ထဲ ဝမ်း နည်း သလို လို ဘာ လို လို ဖြစ် သွား မိ ပါ၏ တဖက် က လည်း… အင်း.. ဝိ ပ သ နာ ဆို တာ ဘယ် လို ရှု ရ မှာ ပါ လိမ့် ဆို ပြီး လည်း စိတ် ဝင် စားနေ မိပြန် ၏။ အော်.. ဘာ ပဲ ဖြစ်ဖြစ် ငါ သ မ ထ ပိုင်း မှာ သိ သင့် သလောက် သိိ ပြီး ပြီး ဆို တော့ ဝိ ပ သနာ လည်း ငါ နားလည် မှာ ပါလေ… ကြို မတွေး တာ မကောင်း ဆုံး ပါ…
ဝိ ပ သ နာ နေ့ ရောက် လေပြီ…ဆ ရာ တော် ဘု ရား ကြီး မှ…. ကဲ… အားလုံး လိုက် ရေး… ဒီက နေ့ ရူ ပ ပ ရိ ဂ္ဂ ပွား ရ မယ်…….. ပွား ပုံ က မိ မိ ရဲ့ စိတ် ကလေး ကို နာသီး ဖျား ကနေ ရင် ဝ ကို ပြောင်း ပြီး စိတ် စိုက် မယ် ပြီး လျှင် * ရုပ် ရုပ် ရုပ် * လို့ ဆိုပြီး စိတ် ထဲ ကနေ မှတ် နေရ မယ်… အဲ့ ဒလို မှတ် နေ ရင်း နဲ့ ခန္ဓာကိုယ် မှာ ဝေ ဒ နာ လေး တွေ ပေါ် လာ လိမ့် မယ် အဲ့ ဒလို ပေါ် လာ ရင်…. သေ သေ ချာ ချာ လေး အဲ့ နေရာ ကို ကြည့် လိုက် ပါ ပြီး လျှင် ဘယ်နေရာက နာတာ လဲ? ဘာ ကြောင့် နာ တာ လည်း? အရိုး က နာ တာ လား? အသား က နာ တာ လား? အရေ တွေ က နာ တာ လား? သေ ချာ လေး ကြည့် ခဲ့ ပါ… ကဲ… မ နက် ဖြန် တရား စစ် ပါ မယ်…
ဆရာ တော် ဘုရား ကြီး နောက် ထပ် ထပ် ပြော သည်က…. အေး… အခု ချိန်က စ လို့ နော်… နှာ ခေါင်း တွေ ဘာ တွေ နဲ့ ဘာ မှ မ ဆိုင် တော့ ဘူးနော်… ဝါ ယူ တွေ ဘာ တွေ လေ မထိ တာတွေ ပျောက် တာတွေ နှာ ခေါင်း ပြသနာ တွေ အား လုံး ဒီ ကနေ့ စခန်း သိမ်း ပြီး နော်… ယခု က စလို့ ရင် ချိုင့် ကို စိတ် စိုက် ရမယ့် နေ ရာ ပြောင်း သွား ပြီ နော်……. နှာ ခေါင်း ပြသ နာ တွေ ထား ခဲ့ လိုက် ကြ တော့ ဟုတ် ပလား…စာရေးသူ…. သင် ခန်း စာ အတွက် စာတွေ လိုက် ရေး ပြီး ဓ မ္မာ ရုံ မှာ ထိုင် ရ တဲ့ အချိန် မှာ ဘဲ စ၍ ဝိ ပသ နာ ရှု ပါ လေ ပြီ…
ဘုန်းဘုန်းကြီး ပြောသ လို စိတ် ကို အရင် က အလင်း နိ မိတ် ထဲ စိတ် စိုက် ထား ရာ ကနေ ( စာ ရေး သူ က အလင်း ကို ကြီး စေ သေး စေ သင် ခန်း စာ နေ့ ထဲ က နှာခေါင်း စိတ် မစိုက် တော့ တာ ပါ နိ မိတ် ထဲ ၌ သာ စိတ် ကလေး ကို စိုက် ၍ စျာန် နဲ့ ဟန် ကျ ကျေ နပ် နေခဲ့ သူပါ )ခု နေ့ မှာ စိတ် ကို ရင် ဝ ရင် ချိုင့် ပို့ ရ မည် တဲ့….. ပို့ ပါ လေ ပြီ….ရင် ချိုင့် ပို့ ထား ပြီး *ရုပ် ရုပ် ရုပ် * လို့ ရှု နေ ရင်း……. ခြေ ဖ ဝါး က ကျဥ် တာ ကို ခံ စား လိုက် ရ ပါတယ်….. ဒါ နဲ့ ဘုန်း ဘုန်း ကြီး ပြော သလို ဝေ ဒ နာ ပေါ် လာ မယ် ဆို တာ ဒါ လား မသိ ဘူး ဆို ပြီး အာ့ နေ ရာ ကို စိုက် ကြည့် နေ လိုက် ပါတယ်.. ပထ မ ကြည့် တယ် အကြည့် မခံ ဘူး ပျောက် သွား တယ်….. နောက် တနေ ရာ ရွှေ့ ကြည့် တယ် အကြည့် မခံ ပြန် ဘူး ပျောက် သွား ပြန် ရော… ဟာ.. ဒုက္ခ ပဲ ဒီ လို ကြည့် ရ တာ မဟုတ် ဖူး ထင် ပါရဲ့ ဆို ပြီး နောက် တ ခါ တင် ပါး နဲ့ ကြမ်း ပြင် ထိ ထား တဲ့ နေ ရာ ကနေ နာ လာ ပြန် တယ် အဲ့ဒါ နဲ့ ခြေ ဖ ဝါး ကြည့် ရာ က နေ တင် ပါး နာ လာ တာ ကို ပြောင်း ကြည့် လိုက်တယ်… သူ လဲ အကြည့် မခံ ပြန် ဘူး ကြည့် လို့ မ ရ ဘူး… ကြည့် တဲ့ နေ ရာ ဘာ မှ မှ မရှိ တာ… ဟာ… ငါ့ နှယ် ဒုက္ခ. ပါပဲ….. ဒ လို နဲ့ ဟို ကြည့် ဒီ ကြည့် လုပ် ရင်း မောင်း တီး သံ ကြောင့် တ ရားဖြုတ် လိုက် ရပါ ပြီ……. စိတ် ထဲ မှာ တော့…….. ဟာ…….. ဝိ ပ သ နာ ဆို တာ ဒ လို နာ တာတွေကို လိုက် ကြည့် နေ ရ တာ လား မသိ ဘူး……. ပြီး တော့ အဲ့ နာ တာ တွေ ကို ဘယ် လို ပျောက် အောင် ကြည့် ရ တာ လဲ မသိ ဘူး…. ဟင်… ဒုက္ခ ပါ ပဲ.. ငါ ဘယ် သူ့ ကို မေး ရ ပါ့ မလဲ နော်…
စာရေးသူ စိတ် ထဲ မ ပျော် တော့ သလို ခံ စား လိုက် ရ ပါတယ်… တဆက် တည်း မှာ ပဲ အတွေး များ က တား မရ ဆီး မရ ဝင် လာ လေ ပြီ… ဟင်… ငါ ရယ်… သ မ ထ တုန်း က ဒီ လို မ နာ ပါ ဘူး အ ခု ဘာ လို့ နာ တာ ပါ လိမ့်… ငါ လည်း ဒီ တိုင်း ပဲ ရှု တာ ပါ ပဲ.. အခု က ပို နာ တယ် လို့ ခံ စား ရ တယ်.. ဘာ လို့ ပါ လိမ့် အော်… ခု တချိန် မို့ ထင် ပါ ရဲ့ နောက် တချိန် ထိုင် ကြည့် မှ ပို သိ ရ မယ် လေ ဆို ပြီး အဆောင် ပြန် ရောက် ချိန် စ ထိုင် လေ ပြီ..
အဲ့ နေ့ က တကယ် ကို ဘဝ တသက် တာ ဘယ် တော့ မှ မေ့ မရ သော နေ့ တနေ့ ဖြစ် ခဲ့ လိမ့် မယ် လို့ မထင် ခဲ့ ပါဘူး.. ဖြစ် ချင် တော့ စာရေးသူ အဆောင် က ကျ နေ ထိုး သည် မို့ အရမ်း ပူ သည့် အတွက် ကြောင့် စာရေးသူ ၏ ကျေးဇူး ရှင် ယောဂီ မ မ နဲ့ အတူ သူ မလှူ ထား သော အ ဆောင် အ မှတ် (၉) ၌ ၂ ယောက် တူ တူ အားထုတ် ဖြစ်ခဲ့ ပါသည်။ တ ရား ထိုင် မို့ ပရိ ကံ ယူ မယ် ရှိသေး ခန္ဓာကိုယ် တခု လုံး ဟို နား လှုပ် လှုပ် ဒီ နား ရွ ရွ ခြေ ဖ ဝါး က ကျဥ် လိုက် ကျော ကုန်း က လှုပ် လိုက် စ သော စသော နေ ရာ ပေါင်း စုံ မှ ရွ ရွ မွ မွ တွေ ဖြစ် နေ တာ ကို သတိ ထား မိ နေ သည်… စိတ် ထဲ ၌ မ အီ မသာ ဖြစ် မိ သည် က ငါ တော့် ဒုက္ခ ပဲ ဝိ ပသာ နာ ဆို တာ ဘာ ကြီး လဲ မသိ ဘူး နော်… အရင် က ငါ ဒါ တွေ မဖြစ် ပါဘူး ခု မှ ဘာ လို့ လာ ဖြစ် နေ တာ လဲ မသိဘူး ရက် ပေါင်း ၃၀ လောက် သမထ အား ထုတ် လာ တာ ညိမ့် ညောင်း နေ တာ ပဲ ခု တော့ ဘာ ဒေ လဲ မသိ…… အင်း လေ……. သင် ခန်း စာ အတိုင်း ဘုန်း ဘုန်းကြီး ခိုင်း ထား တဲ့ အတိုင်း တော့ ရှု ရ မှာ ပဲ လေ… သွ သူ တော့ ရှု ရင်း သိ လာ မှာ ပါ လေ.. ဒါ ပေမယ့် စိတ် ထဲ က တော့ နာ မှာ နဲ နဲ ကြောက် နေ မိ တာ တော့ အ မှန် ပါ….ဒ လို နဲ့ စ ထိုင် ပါ ပြီ ခု ဏ ပြော သလို ဖြစ် ပုံ များ က မထိုင် ခင် တည်း က ခ န္ဓာ မှာ ဖြစ် ပေါ် နေ တာ တွေ ကို သိ နေပြီ မို့ ရင် ချိုင့် စိတ် တောင် မစိုက် လိုက် ရ ပါ ဘူး… ဘယ် နေ ရာ အရင် ကြည့် ရမလဲ ဗျာ များ ပါ လေ တော့ သည် …
အော်… အေး… ဟုတ် ပြီ .. ထင် ရှား တာ ကို ပဲ ကြည့် မယ် ကွာ… ဆို ပြီး အ နာ ဆုံး ဖြစ် နေ တဲ့ နေ ရာ ကို လှမ်း ကြည့် လိုက် ပါတယ်… ကြည့် တယ် မရှိ…. မ နက်က လို ပါပဲ….. ဒါ နဲ့ စိတ် ထဲ ဘုန်း ဘုန်း ကြီး အမှာ ရှိ လိုက် သော စကား ကို ဖျတ် က နဲ သတိ ရ လိုက် သည်… ဟာ.. အေး.. ဘုန်း….. က နာ လာ ရင် where? ဘယ် နေ ရာ က နာ တာ လဲ ကြည့် ခိုင်း လိုက် တာ လေ…. အေး….. ဟုတ် က ဘီ….. ငါ… နာ တော့ နာ နေ တယ်… အရိုး က နာ တာ လား… ကြည့် မှ ပဲ… ကြည့် လေ ပြီ အရိုး အစ လေး က နေ စ ကြည့် တယ် ကြည့် မခံ ဘူး ဘာ မှ မရှိ…. ဒါနဲ့ နေရာ ထက် တိုး ရွှေ့ ပြီး ကြည့် တယ်.. ဟာ .. ဒါ လဲ မရ ဘူး ကြည့် လို့…. ဒ လို နဲ့ ပိုက် စိတ် တိုက် ပြီး နာ နေတဲ့ ခြေ ထောက် အရိုး တခု လုံး အစ အ ဆုံး ကြည့် လိုက် တာ… ဟာ… ဘာ မှ လဲ မတွေ့ ဘူး နာ တာ ကတော့ နာ နေ တယ်…
ဒါ ဆို အရိုး က နာ တာ မဟုတ် ဖူး ထင် ပါရဲ့ ….. အ ကြော က လား… ထပ် ကြည့် မယ်… ဟာ… အကြော လည်း… ထို နည်းတူ ပါလား.. ဘာ မှ လဲ ကြည့် မရ ဘူး…. ဒါ ဆို အရေ တွေ က များ လား…. ဟင်…. ဒါ လဲ မဟုတ် ပြန် ဘူး… ဟာ… ငါ….. ဒ လောက် ရှာ နေ တာ ဘယ် က နာ နေ တာ လဲ မ သိ ဘူး….ငါ နာ တော့ နာ နေ တယ်…ငါ အကုန် အသေး စိတ် လိုက် ကြည့် ပြီး ဘီ ဒါ တွေ က နာ တာ တခု မှ မဟုတ် ဘူး… ဟာ… ဒုက္ခ. ပါ ပဲ… ဘယ်နေ ရာ က နာ နေ တာ လဲ? ငါ့ နှယ်… စိတ် တွေ မွန်းကြပ် လာ ပြီ… အဲ့ တချိန် ထိုင် တာ အဓိဌာန် ထိုင် ချိန် ကို ၂ နာရီ alarm ပေး ထား ခြင်း ကြောင့် နာရီ က လည်း မစေ့ သေး ဘူး ကွာ ဆို တဲ့ နာရီ မျှော် တဲ့ စိတ် တွေ ပါ ဖြစ် ပေါ် လာ နေ ခဲ့ ပါ ပြီ…
နာ ကျဥ် မှု က လည်း အထွဋ် အထိပ် ကို ရောက် လို့ နေခဲ့ ပါ ပြီ ဘယ် နေ ရာ က နာ နေ တာ လဲ ဆို တာ လည်း ရှာ လို့ မတွေ့ သေး ပါ ဘူး… where? ဆို တဲ့ အဖြေ လည်း မရ သေး ဘူး စိတ် တွေ အရမ်း မွန်း ကြပ် သလို ခံ စား လာ ရ ပါပြီ……ခဏ နား ပါ ဦး မည်။ဤ ဝိပ သ နာ အပိုင်း များ တွင် စာရေးသူ ရေးပြ ပေး သွား မည့် စ ကား လုံး များသည် စာရှု သူ များ ပုံ ပေါ် အောင် စ ကား လုံး များ ကို သုံး နှုန်း သွား ပါမည်…..အ မှန် တကယ် တော့ စာ ရေး သူ မြင် ခဲ့ ရ သော တ ကယ့် ဉာဏ် အမြင် လေး သည် ကား တခ ဏ လေး မှတကယ့် တခဏ လေး ပါ ဘဲ ရှင် … ဒါ ပေမယ့် အ များ နား လည် အောင် ပြန် ပြော ရ ခြင်း ဖြစ် တာ ကြောင့် စ ကား လုံး များ ဖြင့် ပုံ ဖော် ပြော ပေး ရ ခြင်း သာ ဖြစ် ပါသည် လို့ နား လည် သ ဘော ပေါက် ပေး စေ ချင် ပါ သည် ချစ် ဆွေ တို့ ရေ…
တကယ် တော့ တရား ဆို တာ စ ကား လုံး နဲ့ ပုံ ပေါ် အောင် ပြန် ပြော ပြ ဖို့ အင် မတန် မှ ကို ခက် ခဲ လွန်း လှ ပါ ဘိ… ဒါ ကြောင့် မြတ် ဗုဒ္ဓ က ကိုယ် တိုင် ရှု ကြည့် ပါ လို့ ဟော ခဲ့ လေ သည် မဟုတ် ပါ လော….
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၂၁) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၂၂)
နာ ကျဥ် မှု က လည်း အထွဋ် အထိပ် ကို ရောက် လို့ နေခဲ့ ပါ ပြီ ဘယ် နေ ရာ က နာ နေ တာ လဲ ဆို တာ လည်း ရှာ လို့ မတွေ့ သေး ပါ ဘူး. .. where? ဆို တဲ့ အဖြေ လည်း မရ သေး ဘူး စိတ် တွေ အရမ်း မွန်း ကြပ် သလို ခံ စား လာ ရ ပါပြီ ……ငါ ဘယ်နေရာကြည့်ကြည့် ဘာမှ လဲ မတွေ့ ဘာ မှ လည်း မ ရှိပါ လားကွယ်ဟာ…ဟုတ်ပီ. .. ခြေထောက် တခုလုံး ကြီး က များ နာ နေ တာ လား မသိ ဘူး.. အေး.. ဟုတ်တယ်… ခြေထောက် ကို လှမ်းကြည့် လိုက်သည်… အိုး… မိုး…… ဗုဒ္ဓေါ ရေ… ခြေ ထောက် လဲ မတွေ့ ပါလား... ဟာ… ပြသနာပဲ…. ခြေ ထောက် မှ မရှိတာ…. ဟာ… ဘယ် လို ကြည့် ရတော့မလဲ… ငါ နာ တာ ကတော့ အတော် ကို နာ နေပြီ… where? ဆို တဲ့ ဘယ် နေရာ ကလဲ ရှာ လို့ မတွေ့ သေးဘူး… စိတ်ထဲ မွန်းကြပ် လာတာနဲ့ ခန္ဓာကိုယ် တ ခု လုံး ခြုံ သိုင်း ကြည့် လိုက်ပါ တော့ တယ်…
အရိုး စု ကြီး သာ တွေ့ ရ ပြီး အဲ့ အရိုး တွေ ရဲ့ ဘယ် နေ ရာ ကမှ နာ တာ လည်း မဟုတ် ဘူး…. အဲ့ သလို ရှု နေရင်း စာရေး သူ အာ ရုံ လည်း မညွတ် ပဲ နဲ့ အရိုး စု တခု က မျက်နှာ ရှေ့ မှာ လာ ပေါ် တာ နဲ့ ဘာ ကြီး လဲ ဟ ဆို ပြီး သေ ချာ လေး ကြည့် လိုက် မိ ပါတယ်….. အိုး…… ဟိုး… အရိုး စု တခု ပါလား… ဟာ.. ဒါ ဆို သွ သူ ပေါ် လာ တာ ဆို တော့… အေး… ဟုတ် ပီ… ငါ အရိုး စု ရဲ့ ရင် ဝ ကို အ လင်း နိ မိတ် နဲ့ ရုပ် ရုပ် ဆို ပြီး ရှု ကြည့် မှ ပဲ ဆို ပြီး စာရေးသူ အရှေ့ တဲ့ တဲ့ မျက် နှာ ချင်း ဆိုင် က အရိုး စု ရဲ့ ရင် ဝ တဲ့ တဲ့ ကို စိတ် စိုက် လိုက် ပြီး ရုပ် ရုပ် ဆို ပြီး ရှု လိုက် ပါလေ ရော…. အို…… ဒါ လဲ နာ တာ က နာ တာ ပါ လား……. ဘာ မှ လည်း နာ တာ မသက် သာဘူး… ဟာ….. ငါ တော့… ဘာ တွေ ရှု ကွက် တွေ မှား ကုန် ပြီ လဲ မသိ တော့ ဘူးကွာ … ဘယ် လို ရှု ရှု နာ တာ လဲ မ ပျောက် ဘူး…
ဘယ် နေ ရာ က နာ တာ လည်း ရှာ မရ ဘူး…….. alarm က လဲ ခု ထိ မမြည် သေး ဘူး ငါ ဖြုတ် ချင် နေပြီ… ဘာ လုပ် ရင် ကောင်း မလဲ…စာ ရေး သူ စိတ် တွေ အပြင် ကို ခုန် ပေါက် ပြေး ထွက် ကုန် ပါလေ ပြီ… သ မ ထ တုန်း က ညိမ့် ညောင်း သလောက် ဝိပသနာ ကျ မှ နာ ကျဥ် မှု က အတော် ဆိုး ရွား လှ ပါ တကား နော်….. လို့ အတွေး များ ဖြင့် စိတ် ပြန့် လွင့် ခဲ့ လေ ပြီ…. စာ ရေး သူ၏ attitude အ ရ တခု ခု ကို လုပ် လျှင် အချိန် ပေး လိုက် ရတာနဲ့ ပြန် ရတဲ့ result က တန် နေ မှ ကြိုက်တက် သူဖြစ် သောကြောင့် ယခု တရား တချိန် စိတ်တွေထွက်ကုန် သည် ကို မ နှစ် သက် တော့ ပေ… alarm မမြည် ခင် ဖြုတ် ၍ ဘုန်း ဘုန်း လေး ဆီ တရား သွား မေး မြန်း လျှောက် ထား ချင် စိတ် များက ကြီး စိုး ခဲ့ လေ ပြီ….အေး.. ကွာ… ငါ.. ရှာ မ ရမယ့် တူ တူတ ရား ဖြုတ် ပြီး သွား မေး တာ ကောင်း ပါ တယ် လေ……….ဖြုတ် လိုက် ပါ ပြီ……ဖြုတ် ပြီး တအောင့် အ ကြာ ဘေး မှာ ရှိ သော ယောဂီ မ မ တ ရား ဖြုတ် ပြီး ချိန် မှာ တော့… ယောဂီ မ မ ကို မိမိ ထိုင် ခဲ့ စဥ် ကြုံ တွေ့ ပုံ များ ကို အား ရ ပါး ရ ပြော ပြ ပါ လေ ပြီ…. သူ မ ကို လည်း မေး မိ သည် က….. ယောဂီ ….. ဝိပသနာ ဆို တာ ဒ လို ပဲ အရမ်း နာ တာ လား ဟင်? အော်…. အေး.. နာ တာ ကတော့ နာ တယ်… ဟာ.. တပည့်တော် ပြော မယ် နော် နာ တာ မှ အတော် နာ တာ ယောဂီ ရဲ့…… အေး…..ဘုန်း ဘုန်း လေး ဆီ ပဲ သွား မေး ကြ ရအောင် လေ……၂ယောက် သား… အမေး ခန်း ဖွင့် ရန် ဘုန်း ဘုန်း လေး စံ ကျောင်း ဆီ ယွန်း ခဲ့ ပါ လေ တော့ သည်။
ရောက် ပါပြီ… ဘုန်း ဘု ရား တပည့် တော် ယ ခု တရား တချိန် မှာ ဘုရား… ဘုန်း ဘုန်းကြီး ရှာ ခိုင်း ထားတဲ့ ဝေ ဒ နာ ပေါ် လာ ရင် where? ဘယ် နေ ရာ က နာ တာ လဲ? Why? ဘာ ကြောင့် နာ တာ လဲ ဆို တာ အဖြေ ရှာ မရ သေး ဘူး ဘု ရား တပည့် တော် ဘာ ကြည့် ကြည့် မရှိ ဘူး ဘု ရား…… ပြီး တော့ တပည့် တော် ဘုန်း ဘုန်း ကြီး ကြည့် ခိုင်း သလို အရိုး အသား အရေ အကုန် အသေး စိတ် ကြည့် ပါတယ် ဘုရား….. နာ တာ က အဲ့ ဒါ တွေ က လည်း မဟုတ် ဘူး ဘုရား..ဒါ ပေမယ့် တပည့် တော် နာတာ တော့ အတော် ကို နာ နေ တာ ပါ ဘု ရား … အဲ့ ဒါ တပည့် တော် ဘယ် လို နာ တာ ပျောက် အောင် ရှု ရမ လဲ ဘု ရား……? ပြီး တော့ တပည့် တော့ လဲ အာ ရုံ မ ပြု ဘဲ နဲ့ သူ့ အလို လို အရိုး စု တွေ လဲ ပေါ် လာ တယ် ဘု ရား။ ( ဘုန်း လေး က ပြုံး လိုက်သည်) ပြီး တော့ ဘုရား ……တပည့် တော် စိတ် ထဲ မကျေ မနပ်တွေ အား မလို အား မရ တွေ မွန်း ကြပ် မှု တွေ ဖြစ် လာ ပါတယ် ဘု ရား….. အဲ့ ဒါ တ ပည့် တော် ဘယ် လို ဆက် ပြီး မှတ် ရ မလဲ ဘု ရား….? ပြီး တော့ မနက် ဖြန် ဘုန်း ဘုန်းကြီး တရား စစ် ရင် တ ပည့် တော် ဘာ တွေ ဖြေ ရ မှာ လည်း ဘုရား…….? ဘုန်း လေး ပြန် ဖြေ လေ ပြီး……. ဒ ကာ မ ကြီးဘာကြည့် ကြည့်မ ရှိ ဘူး လို့ မြင် တာ မှန် ပါ တယ်…….. သ မာ ဓိ အရမ်း ကောင်း နေ တော့ အကုန် အသေး စိတ် လိုက် ကြည့် လို့ ရ နေ တာ ပါ……… နာ တာ ကို ပျောက် အောင် ရှု နေ တာ မဟုတ် ဘူး ဒ ကာ မ ကြီး..
နာ တာ က သူ့ အကြောင်း ရှိ လို့ နာ တာ ခန္ဓာ ရှိ နေ သရွေ့ ဒါ တွေ က ရှိ နေ မှာ ဘဲ.. နာ တဲ့ သ ဘော ကို မကြိုက် လို့ ဆန့် ကျင် နေ တဲ့ ဒ ကာ မ ကြီး စိတ် က အာ့ သလို မကျေမနပ် တွေ ဖြစ် နေ ရင် တော့ ဒ ကာ မ ကြီး လမ်း ကြောင်း ချော် သွား ဘီ….. ဘုန်း လေး မျက် နှာ မှဲ့ လျှက် ဖြေ သည် ဒါဆို ဘုရား တပည့်တော် နာ တာကို ဘယ် လို ပျောက်အောင် ရှု ရမ လဲ ဘုရား…? ဒီ အတိုင်း ဆက် ရှု သွားပါ ဒ ကာ မ ကြီး နောက် ရှုရင်းရှုရင်း နဲ့ သိ လာ ပါလိမ့် မယ်… ဖြေး ဖြေး နဲ့ ဉာဏ် တွေ တက် လာ ပါလိမ့်မယ်….. ဒါဆို ဘု ရား တပည့် တော့ တခု ထပ် မေး ချင် တယ် ဘု ရား…. သ မ ထ မှာ ရှု နေ တဲ့ စိတ် နဲ့ အခု ဝိ ပသ နာ မှာ ရှု နေ တဲ့ စိတ် က တူ ပါ သလား ဘု ရား? အင်း… စိတ် က တော့ တူ ပါတယ် ဒ ကာ မ ကြီး ဒါ ဆို ဘု ရား… ဘယ် ဟာ က မတူ တာလဲ ဘု ရား? ဝိ ပသနာဉာဏ် ဆို တာ ကရော ဘု ရား ဘယ် စိတ် ကို ပြောတာ လဲ? ဒကာမ ကြီး ဒီအတိုင်း ဆက် ရှု သွား ရင်း နဲ့ နောက် ပိုင်း ရုပ် နာမ် ကို ကွဲ ကွဲ ပြား ပြား သိသွား တဲ့ အချိန် ကျရင် အဲ့အချိန်မှာ ဖြစ် ပေါ် လာ မယ့် အသိ ဉာဏ်တခု တွေ့ လိမ့်မယ်.. ဝေဒနာ ဆို တာ ပျောက် အောင် ရှုရတာ မဟုတ်ဘဲ သူ့သဘော သူဆောင်ပြီး အကြောင်း ရှိ လို့ ပေါ် လာ ပြီး ပျောက် သွား မယ့် အခြေ အနေ မျိုး ကို မြင် အောင် ရှု ရမယ်..
အခု ဒ ကာ မ ကြီး မြင် တာ တွေ ရှု ကွက် တွေ က မှန် နေ ပါတယ်.. နောက် ဒီ အတိုင်း ဆက် ရှု သွားရင် တဖြေး ဖြေး နာ တယ် ဆို တာ ကို သိ တဲ့ စိတ် ကလေး တ ဖြေး ဖြေး သိမ် မွေ့ ပြောင်း လဲ လာပါ လိမ့် မယ်.. ဒီ တိုင်း ရှင်း ပြ နေ ရင် တော့ ဒ ကာ မ ကြီး သိပ်နားလည်မှာ မဟုတ် ဘူး.. ဆက်ရှု ကြည့် ပါ ဒီ အတိုင်း.. ဝေ ဒ နာ ကို ဆန့် ကျင် တဲ့ စိတ် မဟုတ် ပဲ လက် ခံ တဲ့ စိတ် ထား ပါ။ ပြီး ရင်း ရှု ရင်း ရှု ရင်း နဲ့ သ ဘော ပေါက် နားလည် လာ ပါလိမ့်မယ်…… ဒါ ဆို ဘုရား နာ တာ က ဘယ် တော့ ပျောက် မှာ လဲ ဘု ရား……. ( ထ ရိုက် ချင် စ ရာ ကောင်း လောက် အောင် ဒီမေးခွန်းကို အကြိမ် ကြိမ် မေးမိခဲ့သူ စာရေးသူ ပါ) ထိုစဥ် အချိန် တွေ က စာ ရေးသူ တကယ် ကို မသိခဲ့ တာပါ… ဟာ… ဒ ကာ မ ကြီး က လဲ နာ တာ ကတော့ သေ မှ ဘဲ မ နာ တော့ မှာ လေ…. နာ တာကို ပျောက် အောင် ရှု ဘို့ မဟုတ် ဘူး ဒ ကာ မ ကြီး ရဲ့ သူ့ သဘာ ဝ ကို သိ အောင် သိ တဲ့ အ ထိ ရှု ရမှာ… အင်း ပါ… ဒီ အတိုင်း ဆက် ရှု ပါ နော် ဒ ကာ မကြီး ရှု တာ မှန် နေ ဘီ နော်… ကဲ.. ကဲ… သွား.. သွား…သွား
စာ ရေး သူ ပြန် သာ လာ ရ သည် ဘဝင် က သိပ် မကျ စာရေးသူ အဖြေ ကို သိချင် နေမိ သည် …အင်း ပါ လေး… ငါ ဆက် ရှု ကြည့် မယ် လေ… နောက် တ ထိုင် ဘာ များ ထူး မလဲ မသိ ဘူး.. အဆောင် ပြန် ရောက် တ ထိုင် ထိုင် လေ ပြီ…အ ရိုး အကြော က နာ တာ မဟုတ် မှန်း ကောင်း ကောင်း ကြီး သိ နေပြီ မို့…ဒီ တခါ သူ တို့ ကို မကြည့် တော့ ပါ… စိတ် ကလေး ကို relax လုပ် ပြီး အသာ လေး ပေါ် နေ တဲ့ ထင် ရှား နေ တဲ့ ဝေ ဒနာလေး ကို အာရုံ စိုက် ပြီး သမဓိကို ထက် တိုး ရှု လိုက် ပါ သည်…ကြည့် နေ တဲ့ နေ ရာ ကနေ မီး ထ တောက် သလို feeling ခံ စား လိုက် ရ ပါ သည်.. ဟာ.. ဒ လို ရှုရ တာ မဟုတ် ဘူး နဲ့ တူ တယ်… နောက် တခါ နောက် တနေ ရာ နာ နေ တာ ကို လှမ်း ကြည့် လိုက် သည် အိုး… ထုံး အိတ် ကြီး ပြို လဲ သွား သလို ဖွား ကနဲ ဖြစ် သွား ပြန် သည်… ဟာ.. ဒါ လဲ ရှု နည်း မ မှန် ဘူး ထင် ပါ ရဲ့… ဒ လို နဲ့ တထိုင် ပြီး သွား ပြန် သည်…
နောက်နေ့ မနက် အစောပိုင်း တရားထိုင်ချိန်တွင် ယောဂီ Drသက်သက်နွယ် ကိုမေးကြည့်သည် အန်တီရေ ဝိပသနာ ဆိုတာ ဒလိုဘဲ တင်ပါး အရမ်းနာတာ လားဟင်?
စာရေးသူ တင်ပါးလေး ၂ဖက် ကို လက်နှင့်ပွတ် လျှက် မေး မိသည်.. အန်တီ ပြန် ဖြေသည် က အေး သမီး နာ တယ်.. ဒါ ပေမယ့် နာ တဲ့ သဘော လေး ကို မြင် အောင် ကြည့်ပါ တဲ့……… ဟင်… သဘော.. ဆို တာ ဘာ ကို ပြော တာ လဲ အန် တီ… ? အော်… သမီး ရယ်.. သ ဘော ဆို တာ သ ဘော ပဲ ပေါ့… အန်တီ ဘယ် လို ပြော ပေး ရ မလဲ… အင်း…… စာ ရေး သူ ရိပ် မိ လေ ပြီ… ဝိ ပသနာ ဆို တာ ပြော ပြ ရတာ ခက် သည် ထင် ပါရဲ့.. .. ဘုန်း လေး ပြော လိုက် တာ တွေ ကို လဲ သိပ် နား မလည် ဘူး……. ခု ဒီ အန်တီ ပြော တာ က ပို ဝေး သွား ပြီ …… သ ဘော ကို သိ အောင် လုပ် ပါတဲ့…
ဟင်… ငါ ကတော့… နာ တာပဲ သိတယ်… သ မထ တုန်း က ညိမ့် ညောင်း သလောက် ဝိပသနာ မှာ အတော် နာ တာ ပဲ သိ တယ်… အင်း လေ.. ရှု ရင်း သိ လာ မယ် ဘုန်းလေး ပြော လိုက် တာ ပဲ ငါ ဆက် ရှု မယ် လေ….
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၂၂) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၂၃)
ဒု တိ ယ တကြိမ် ထိုင် တဲ့ တ ထိုင် မှာတော့ စိတ် က လေး ကို အ သာ အယာ ဖြေ လျော့ ပြီး အ သာလေး ပေါ် လာသမျှ အ ရာ တွေ ကို သေ ချာ လေး စူး စိုက် ကြည့် နေ တုန်း….. ဖြတ် ကနဲ….. ရုတ် တ ရက် နာ နေ တဲ့ ခြေ ထောက် ကနေ တင် ပါး အောက် က ပူ နေ တဲ့ နေ ရာ ကို ပြောင်း ပြီး သိလိုက် ချိန် မှာ တော့… ohh…… My…. God… ဗုဒ္ဓေါ… ဘု ရားရေ… ဟာ… ငါ.. ထင် နေ တာ… ရုပ် ကြီး က နာ နေ တယ် ထင် နေ တာ… ဟာ.. ဒီမှာ…. ဒင်း.. ဒင်း….. တရား ခံ… အို… စိတ် က နာ တယ် လို့ ခံ စား နေတာ ပါလား… ဟာ.. စိတ် ကို လှန်း မြင် လိုက် မှ…. သေ ဘီ ဆရာ… ခု မှ… တကယ် ကို ..ငါ… မျက် လှည့်… အပြ ခံ လိုက် ရ ပါ ရော့ လား…ဟာ…. ငါ… က.. ခြေ က နာ တယ် တင် ပါး က နာ တယ်.. ထင် နေတာ.. အားပါး ပါး.. ကြည့် ပါ ဦး ကွာ… စိတ် က နာ တယ် လို့ ခံ စား နေတာ ကြီး ကို…Ohhh…. My…God… ဟာ… ငါ သိ ဘီ… ငါ သိ သွား ခဲ့ ဘီ…
စာရေးသူ အဲ့ တချိန် အား ထုတ် လိုက် ချိန် မှာ မြင် လိုက် ရတဲ့ အမြင် ဟာ လေ ခု စာရေးသူ ဒီ စာ ရေး နေတဲ့ အချိန် ထိ ဒီ အမြင် ကြီး ကို အသဲ ထဲ စွဲ ကျန် နေခဲ့ ပါ တော့ တယ်….. သူ့ ကို ဒါ ဟာ ရုပ် ပဲ ဒါ ဟာ နာမ် ပဲ လို့ စေ့ စေ့ စပ် စပ် နဲ့…… သူ ပြော ၊ ငါ ပြော ၊ နာ သိ ၊ စာ သိ မဟုတ် လေ ပဲ… တကယ် ကို ကွက် ကွက် ကွင်း ကွင်း ထင် ထင် လင်း လင်း အတွေး မပါ မိ မိ ဉာဏ်နဲ့ မြင် လိုက် ရတဲ့ တခဏ မှာ လေ……အို… ချစ် ဆွေ တို့ ရယ်.. ဘယ် လို ပြော ရ မလဲ ကွယ်… စ ကား လုံး ကို ရှာ လို့ မရ တော့ ပါ ဘူးကွယ်… တဆက် တည်း မှာ ဘဲ ဒီ အသိ ဒီ မှာ တင် ရပ် နေ မယ် သင် ထင် ပါ သလား?…
အိုး… ဟိုး.. ဘယ် ဟုတ် လေ မလဲ ကွယ်…… ကြည့် စမ်း ငါ ထင် နေ တာ ခြေ၊ လက် ၊ဒူး ၊ ခါး ရှိ တယ် ထင် နေ တာ ၊ ဟာ… ဘယ် မှာ ရှိ လို့ တုန်း… နာ တာ က where ဆို တဲ့ တည် နေ ရာ ငါ လိုက် ရှာ နေ တာ.. ဟာ.. သူ့ မှာ ဒူး ၊ ပေါင် မှ မရှိ တာ၊ နာ တယ် လို့ ခံ စား မိတဲ့ နာမ် လို့ ခေါ် တဲ့ အသိ စိတ် ပဲ ရှိ နေ တာ ကြီး ကို… ဘယ် မှာ တုန်း… ငါ၊ သူ တပါး၊ ယောကျာ်း ၊ မိန်း မ ၊ ပုဂ္ဂိုလ် သတ္တဝါ ၊ တကယ် ရှိ နေ တာ ရုပ် နဲ့ နာ မ် ကြီး ကို.. There is not I not mineလို့ ပြော တာ သိပ် မှန် လေ ပြီး ပေါ့… ငါ မှ မရှိ တာ ဘယ် မှာ ငါ့ ဥ စ္စာ ဆို တာ ရှိ မ တုန်း ကွယ် အော်…… ငါ ဟာ အရူး ကြီး ပါ လား….. ကြည့် စမ်း တ သံ သရာ လုံး ငါ လို့ ထင် ပြီး အ လိမ် ခံ ခဲ့ရတာ.. ဒါ ကြောင့် ဘု ရားက ဟော တာ ငါ သိ ဘီ.. ပု ထု ဇဥ် တွေ ဟာ အရူး တွေ ကြီး ပဲ.. ဆို တာ… ဟာ.. အေး… ဒါ ကို ပြော တာ နေ မယ်… ငါ ရယ် ကြည့် စမ်း… ကွ ကို ရူး မှန်း မ သိ ဘူး… ခု မှပြန် ကြည့် မိ တယ် ကွာ.. ကွ ကို…….. ဒီ လို ရုပ် နဲ့ နာ မ် ပဲ ရှိ တယ် လို့ စာ ဖတ် ဖူး တာ တွေ တရား နာဖူး တာတွေ ဟာ လေ အခု လို မိမိ ကိုယ် တိုင် သိ လိုက် ရ သော အသိလောက် heart မထိ ပါ ဘူး မိတ်ဆွေ ရယ်…
ခု တော့.. ခု တော့.. ဖြင့် လေ… ဒီ လို သိ လိုက် ရ တဲ့ တ ဒ ဂ် လေးမှာ လေ စာ ရေးသူ ဘာ စိတ် ဖြစ်သွား လဲ သိ လား ဟင်… ?မိမိ ကိုယ် ကို အရမ်း သ နား သွား တယ် ပြီး တော့… သ တ္တ ဝါ တွေ ကို သနား တဲ့ စိတ် အရမ်း ဖြစ် သွား တယ် သိ လား..ဟာ.. သ တ္တ ဝါ တွေဟာ သိပ် သနား ဘို့ ကောင်း တာ ပါ လား ကွယ်.. သူ တို့ မ သိ ရှာ ဘူး… ဒီ မှာ ကြည့် ပါ ဦး ဘယ် မှာ တုန်း ငါ.. ငါ မှ မရှိ တာ… တ ငါ ထဲ ငါ ပြီး.. အ တ္တ လို့ သူ တို့ ထင် နေ ကြတယ်… အ မလေး ဒီ မှာ လာ ကြည့် စမ်း ပါ ဦး အ တ္တ မှ မဟုတ် တာ ကွယ်…
ဒီ တထိုင် ပြီး တဲ့ နောက် မှာ တော့ စာ ရေး သူ တရား ဖြုတ် ပြီး စင်း ကြံ လျှောက် ရင်း ခုဏ ထိုင် စဥ် မှာ မြင် ခဲ့ ရ ပုံ များ ကို ပြန် ပြီး recall ခေါ် လို့ ဆင်ချင် နေ မိပါ တော့ သည်.. ဆင် ချင် နေ ရင်း စိတ် ထဲ က နေ လှိုက် ခနဲ လှိုက် ခနဲ နဲ့ ဘု ရား ကို ကျေးဇူး တင် စိတ် များ ဖြစ် ပေါ် လာ မိ ပါ တယ်.. အော်… ကြည့် စမ်း… ဘု ရား သာ မ ပွင့် ခဲ့ လျှင် ဒါ တွေ ငါ ဘယ် သိ ရပါ့ မလဲ… အော်… အတော် ကို ကျေးဇူး ကြီး မား လှ ပါ ပေ တယ်…
နောက် နေ့ တရား စစ် ချိန် ရောက် လေ ပြီ..အ ရှေ့ ယောဂီ တွေ ထဲ မှာ ဆရာ တော် ကြီး ကို လျှောက် ကြ သည် များ ထဲ မှ စာ ရေး သူ စိတ် ထဲ မှတ် မှတ် ရ ရ ရှိ နေ လိုက် တဲ့ ဦး ဇင်း တပါး တ ရားလျှောက် ပုံ နဲ့ ရက် တို လာ ဝင်သည့် အမျိုး သမီး ယောဂီ တ ဦး တရား လျှောက် ပုံ များ ကို မျှ ဝေ ပေးချင် ပါ သေး သည်..ဦး ဇင်း လျှောက် သည်က..ဆရာ တော် ဘု ရား တ ပည့် တော် ရဲ့ တင် ပါး နှစ် ဘက် အောက် က လေ ကွမ်း သီး လုံး ၂ လုံး ကို ဖင် ခု ထိုင် ထား ရ သလို မျိုး နာ ကျဥ် မှု ဝေ ဒ နာ ဟာဖြင့် အဆ မတန် နာ လွန်း တာ ကို ပဲ သိ ပါတယ် ဘုရားတဲ့ ( စာရေးသူ ပြုံးမိသည်)ဝိ ပသနာ နေ့ ရုပ် ရုပ် လို့ ရှု ရသော သင်ခန်းစာ နေ့ တွေ မှာ လေ.. ယောဂီအများ စု လျောက် ကြ သည် က သူ တို့ ဘယ် လို နာ ကျဥ် ခံ ခက် ဖြစ် ကြတယ် ဆို တာ များကို မိမိတို့ အာ ရုံ မှာ ခံ စားမိ သလို ဥ ပမာ များဖြင့် လျှောက် ကြသည် က အတော် ကို သ ဘော ကျ စ ရာ လေး တွေ ပါဘဲ.. တင် စား တဲ့ တ ချို့ စ ကား လုံး များ က စာ ရေးသူ အတွက် အင် မတန် မှ ကို စိတ် ဝင် စား သ ဘော ကျခဲ့ ရ ပါ တယ်..
အမျိုး သ မီး ယောဂီတ ယောက် လျှောက် သည် က သူ့ ဦး ခေါင်း ဦး နှောက် နေ ရာ က ရေ တွေ ဆူ ပွက် နေ သလို ဗွက်.. ဗွက်… ဗွက်… နဲ့ အသံ တွေ တောင် ကြား ရ တယ် ဘု ရားတဲ့… သူ တ ခါ မှ ဒ လို မဖြစ် ဖူး ပါ ဘူး တဲ့.. စာရေးသူ က တော့ ပို၍ ထူး ဆန်း ရ သည် ပေါ့ကွယ်.. ဒီ လို နဲ့ စာရေးသူအလှည့် ရောက် ပါ လေ ပြီ..
စာ ရေး သူ လျှောက် လေ ပြီ… မှန် လှ ပါ ဘု ရား.. ဆရာ တော် ဘု ရား ကြီး ရှာ ခိုင်း လိုက် သော..အရိုး က နာ တာ လား? အ ရိုး ကို အလင်း နိမိတ် နဲ့ ထိုး စိုက် ရှာ တာ အ သေးစိတ် ပိုက် စိတ် တိုက် ရှာ ပါတယ် ဘု ရား.. ဘာ မှ မ တွေ့ ပါဘူး ဘုရား.. အကြော ကို လဲ ဒီ လို ပဲ ရှာ ပါ တယ် ဘု ရား.. ဘာ မှ မတွေ့ ပါ ဘူး ဘုရား.. အ ရေ တွေ က လဲ ဒီ အတိုင်း ပါ ပဲ ဘုရား.. ခြေ ထောက် တချောင်း လုံး က နာ တာ လား.. ဆို ပြီး ရှာ တာ လည်း ခြေ ထောက် လဲ ရှာ မတွေ့ ပါ ဘူး ဘုရား…… နောက် ဆုံး မှ……. တပည့် တော်…. တွေ့လိုက် တာ က ဘု ရား….. ရုပ် က သွ သူ အကြောင်း ရှိ လို့ နာ နေ တာ ကို သိ နေ တာ က စိတ် ကြီး ပါ ဘု ရား.. နာ တယ် လို့ သိ တဲ့ စိတ် ပဲ ရှိ ပါ တယ် ဘု ရား.. တပည့် တော် ဘာ ကြည့် ကြည့် အကြည့် မခံ ပါ ဘူး ဘုရား ကြည့် တာ နဲ့ ပျောက် ပျောက် သွား ပါ တယ် ဘု ရား..အပိုင်း (၂၄) တွင် အနိစ္စ ကို မြင်ခဲ့ရပုံနှင့် ဓမ္မာရုံ ထဲ၌ မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ရပုံ များကို မျှဝေ ပေးသွား ပါဦးမယ် အဆွေ တို့…ဝိပသနာ ပိုင်း မှာ စာ ရေးသူ မျက်ရည် ခဏ ခဏ ကျခဲ့ရ ပါတယ် အဆွေ တို့ ရယ်…
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၂၃) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း(၂၄)
နာ မ ပ ရိ ဂ္ဂ စတင်ရှု ပွား ခိုင်းသော နေ့မှာ တော့ ရင်ချိုင့် ရင် ဝ ကို စိတ် စိုက် ပြီး *သိသည် သိ သည်* ဆိုပြီး မှတ်ရပါသည်…စာရေးသူ ၏ ပထမနေ့ ထဲ က အမြင် ဖြစ် တဲ့ ရုပ်နဲ့ နာမ် ပဲ ရှိနေ တာ ကြီးကို သိ လိုက် ရ ပြီးတဲ့ အချိန် မှ စလို့ စာ ရေး သူ အ လှည့် ဖျား မခံ ရတော့ အောင် သ တိကို ခပ် ကြပ် ကြပ် ထား လို့ စောင့် ကြည့် ပါလေ ပြီ…မ ထိုင် ခင် က တည်း က သ တိ က တ ကိုယ် လုံး ကို ဖြန့် ကျက် လို့ ထား လိုက်ပါ သည်….ဒ လို ထား လိုက် တော့ ရုပ် တ ရား ဖောက် ပြန် မှု လေး က စ မယ် ကြံ တုန်း စာ ရေး သူ ကကြည့် လိုက် သိ လိုက် တာ နဲ့ ဘာ မှ မရှိ တော့ ပါ ဘူး…. ဒီ လို နဲ့ ကြည့် နေ ရင်း……ဟာ.. သ တိ….. သတိ… အတော် အ ရေး ပါ တာ ပါ လား… ကြည့် စမ်း ငါ သေ သေ ချာ ချာ သ တိ စိုက် ထား လိုက် တော့ ဒင်း… နာ ချိန် တောင် မရ လိုက် ပါ လား… ဟာ….. ဒါ ဆို… မင်း ကြပ် ကြပ် သ တိ ထား ဆို တဲ့ စ ကား များ ဒီ ကနေ များ လာ သလား မသိ ပါဘူး….. ကြည့်စမ်း.. ဒင်း… သတိ ကို ခပ် ကြပ် ကြပ် ထား လိုက် တော့ လှုပ် တောင် မ လှုပ် ရဲ တော့ ပါ လား ကွာ….အေး… ဟုတ် ပြီ.. ငါ ဒီ့ထက်ပို ပြီး သတိ ထား မယ်… ဒ လိုနဲ့ အသာ လေး ကြည့် နေ ရင်း လှစ် ကနဲ ဆို စိတ် ကလေး လည်း ထွက် သွား ရော…… အ မ လေး… သ တိ ပြန် ရ တဲ့ အချိန် ကျ တော့… ဒင်း… က နာ နေ ပါ ရော့ လား… အော်… သိ ပြီ..ငါ သိ ပြီ… သ တိ ဆို တာ အပ် ဖျား တ ထောက် စာ လောက် တောင် လွှတ် လို့ မရ ပါ လား ကွယ် … လွှတ် လိုက် တာ နဲ့ သေ ဘီ ဆ ရာ ဖြစ် ပါ လေ ရော့ လား… အော်… ဒါ ကြောင့် သ တိ ဘယ် လောက် အ ရေး ကြီး တယ် ဆို တာ ဆ ရာ တော် တွေ တဖွ ဖွ ပြော နေ ကြ တာ ဒါနေ မှာ ပေါ့…..
အေး… ဟုတ် တယ်… ကြည့် စမ်း…. သ တိ….. သ တိ… သူ ဟာ အ ခု ရုပ် နဲ့ နာမ် ရဲ့ ဖြစ် ပျက် ပြောင်း လဲ မှု တွေ ကို စက္ကန့် လေးရဲ့ ၁၀ ပုံ ၁ ပုံ ဆံ ချည် မျှင် တထောက် စာ လောက် တောင် လွှတ် လို့ မရတာ ကို ငါ သိ သွား ပြီ…အော်… ဟုတ် ပြီ…. ဒါကြောင့်..ဘုန်း လေးက ပြော တာ ကိုး ဖြေးဖြေးအား ထုတ်ပြီး သိလာပါ လိမ့်မယ် ဆို တာ…ဒလိုနဲ့ တ ထိုင် ပြီး တိုင်း စာရေး သူ စိတ် ထဲအ သစ် တခု ပြီး တ ခု သိ သိ လာ ရလို့ ကျေ နပ် နေ မိပါ တော့…စာတွေဖတ်ဖူး ထား တဲ့ တရားတွေ နာ ဖူး ထား တဲ့ အသိ feeling မျိုး နဲ့ က တော့ လွန်စွာမှ ကွာ ခြား လွန်း လှ ပါ တယ်….
ဟိုး… အ ရင် က လည်း… သတိ အကြောင်း ရေး ပြော ဟော ထား တဲ့ တ ရား တွေ နာ ဖူး ဖတ် ဖူး ပေ မယ့် ဒ လောက် အ သေး စိတ် ဘယ် လို အရေး ပါ တာ လည်း ဆို တာ မ ရိပ် စား မိခဲပါ ဘူး…သူ ပြော ၊ ငါ ပြော လို့ သာ သ တိ အ ရေး ကြီး တယ် နော်… လို့ လိုက် ပြော မိ တာ တွေ လည်း ရှိ ခဲ့ ဖူး သည် ပေါ့…
စာထဲ ဖတ် ဖူး ထား သော မြတ် စွာ ဘု ရား က အ ရေးကြီး လွန်း လို့ ပ ရိ နိဗ္ဗာန် စံ ခါ နီး အချိန် ထိ တောင် အ ကြိမ် ပေါင်း ဘယ် လောက် တောင် ရှိ တယ် ဘာ ညာ ဆို ပြီး ဒလိုနာဖူး ဖတ် ဖူး သ တိ အ ရေး ကြီး ကြောင်း ပြော မိခဲ့ သေး သည် ပေါ့ ကွယ်….
သို့ သော်…… ဤ သို့ မိမိ ခန္ဓာ ထဲ ဉာဏ် စိုက် လိုက် လို့ သ တိ ဟာ ဘယ် လောက် ဘာ ကြောင့် အရေး ပါ ရ ပါ သလဲ ဆို တာ ကို မိမိ ကိုယ် တိုင် သိ ရှိ လိုက် တဲ့ အခါ မှာ တော့… အော်…… ဒါ့ ကြောင့် ကိုး ဆို တာ ကို…. လှိုက် ခနဲ လှိုက် ခနဲ နဲ့ ကျေ နပ် နေ မိ ပါ တော့ တယ်…… ဓမ္မာ ရုံ မှာ ထိုင် ရတဲ့ အ ချိန်…. သ တိ လေး နဲ့ စောင့် ကြည့် နေ တုန်း…. ဗြုန်း ဆို…… ယောဂီ ထိမ်း ဦး ဇင်း ကြီး မှ ရုတ် တရက် သ တိ ပေး စ ကား ထွက် ပေါ် လာ သည် က……. အဲ့ သလို… ဝေ ဒ နာ ပေါ် တာ လေး ကို ကြည့် နေ ရင်း မိမိ စိတ် က လေး ကို လည်း ပြန် အ ကဲ ခတ် ကြည့် ပါတဲ့… စိတ် မှာ ဘာ ဖြစ် နေ လဲ ဆို တာ ကို ကြည့် ကြည့် ပါ တဲ့….
ဒီ စကား ကြား လိုက် တာ နဲ့ စာ ရေး သူ ဖျတ် က နဲ ဆို သတိ ကို စိတ် ဆီ လှမ်း ပြီး ကြည့် လိုက် မိ ပါ တယ်…အိုး…မိုး… အိုး… မိုး… ဟာ… ဟုတ် ပ… စိတ် မှာ တွေ့ ပြီ…..ဟာ.. အေး… ငါ စိတ် ကို ကြည့် ရ မှာ မေ့ နေ တယ် ရုပ် ကို ဘဲ မ လွတ် တမ်း ကြည့် နေ မိ တယ်……..ဟုတ် ပေ သား ပဲ… ကြည့် စမ်း ဒီ မှာ စိတ် တွေ ဖြစ် ပျက် ပြောင်း လဲ နေ တာ အိုး.. နဲ တာ မှ မဟုတ်….ဒီ အချိန် မှာ ရုပ် တရက် အသိ တချက် တိုး လာ သည်… ဟာ.. ကြည့် စမ်း.. ငါ့ ရဲ့ စိတ် နာ ကျဥ် မှု ဝေ ဒ နာ မရှိ ရင် ကျေ နပ် ပီ တိ ဖြစ် နေ ရ မှာ လေ… သော မ န သ ဖြစ် ရ မှာ လေ… ပြန် နာ လာ ရင် လည်း.. မ လို ချင် တဲ့ စိတ် ဒေါ မ န သ ဖြစ် ရ မှာ လေ… အို…. ကြည့် စမ်း ဒါ တွေ မဖြစ် ပဲ ငါ့ စိတ် ကလေး က stable ဖြစ် နေ ပါ့လား…..
WHY? ဒ လို ဘာ ကြောင့် ဖြစ် တာ ပါ လိမ့်? အကဲ ခတ် ကြည့် လိုက် ရာ…..ဟာ… သူ တို့ မမြဲ ဖူး ဆို တာ ကြီး ကို ငါ သိ နေ တယ် လေ… သူ့ အကြောင်း ရှိ လို့ ပေါ် လာ ပြီး ပြန် ပျောက် သွား ကြမှာ ကြီး ကို… ငါ သိ နေ တယ် လေ…. ငါ နာ တာ လည်း မဟုတ် ငါ ပျော် တာ လည်း မဟုတ် ဖူး လေ.. ဒီ ရုပ် တရား ရော နာမ် တရား ရော က ခ ဏ လေး ပဲ လေ မြဲ မှ မ မြဲ ကြ တာ ဟာ….. ဒါ ကြောင့် ကိုး……. ဒါ ကြောင့် ငါ့ စိတ် မှာ… ဝေ ဒ နာ မဖြစ် လို့ ဆို ပြီး ဝမ်း သာ တဲ့ စိတ် မဖြစ် သ လို ဝေ ဒ နာ ပေါ် လာ လို့ ဆို ပြီး လည်း မခံ ချင် စိတ် မှ မရှိ တာ…
အို… အနိစ္စ အနိစ္စ အနိစ္စ ကို မြင် တယ် ဆို တာ ဒါ နေ မယ်…… ဟာ… အေး…. ငါ့.. ရဲ့ စိတ် မှာ တ ကယ် ကို stable ဖြစ် နေ တာ လေ… ဒ လို အတွေး မပါ သိ သိ ပေး လိုက် တဲ့ တဒဂ် အတွင်းမှာ ဘဲ… စာ ရေးသူ ရင် ဘတ် ထဲ မှာ ငို ချင် စိတ်က လုံး ဝ ကို ထိမ်း မရ ခဲ့ တော့ ပါ ဘူး…ဒီအခါ မှာ တော့ စာ ရေး သူ ဒီ အမြင် ရဲ့ နောက် ကွယ် မှာတော့ အတွေး စကြောင့် ငိုချလိုက် ပါတော့တယ် တွေး မိ လိုက် သည် က……အော်… ဘု ရား ဘုရား ဘုရား ဆို တာ ဒါ ကြောင့် ပွင့် ရ တာ ပါလား…. သုံး လော က ထွဋ် ထား သဗ္ဗေညုတ မြတ်စွာ ဘု ရား ကျေးဇူး ကြီး မား လွန်း လှ ပါ တကား….. ဘုရား က ဒါ တွေ အကုန်သိ သွားပြီ လေ…. ဒါ ကြောင့် သ တ္တ ဝါ တွေ ကို သူ့ လို မြင် စေ သိ ချင် စေချင် ပြီ ပေါ့…. ဒီ မယ်…. မင်း တို့.. အ ပြင် ကို မ ကြည့် နဲ့ မင်း တို့ ခန္ဓာ ထဲ ခ ဏ လောက် လှည့် ကြည့် ပါ ဦး လို့ ပြော နေ သလို ပါ ဘဲ လား…. အို….. မေ တ္တာ ဂ ရု ဏာ မှ မဟာ ဂ ရု ဏာ ရှင် ကြီး အစစ် ပါ ပေ လား. … ဘုရား….. ဘု ရား သာ မပွင့် ရင်… ဒါ တွေ ဘယ် သိ ပါ့ မလဲ… မ ရှိ တာ တွေ ကို ငါ က အရှိ ထင် နေတာ ပဲ.. အို… ကျေး ဇူး လွန် စွာ ကြီး မား လှ ပါ ပေ တယ်…. အကြိမ် ကြိမ် ဦး ခိုက် ပူ ဇော် မိ ပြန် တယ်… မြတ် စွာ ဘု ရား ကို ကျေး ဇူး တင် တဲ့ စိတ် ကြည် ညို တဲ့ စိတ် တွေ ဟာ အဲ့ ဒီ တော့ မှ လျှံ ကျ လာ ပါ တ ကား ….ဗုဒ္ဓံသရဏံဂစ္ဆာမိ ဆို တာ အခု မှ တကယ် ဖြစ် တာ ပါ လား….… ဘုရား က ဒါ ကြောင့် ဧဟိပသိကော လို့ ဟော ခဲ့ တာ ပါ လား..တကယ် ပါဘဲ မိမိ ကိုယ် တိုင် ရှု ကြည့် မှ သာ သိ တာ ပါ လား…ခု မှ….. ဓမ္မံသရဏံဂစ္ဆာမိ……. ကို အသေ အချာ ကြည့် ညို တက် ပါ ပြီ လား…. ဆ ရာ တော် ဘု ရား တွေ သာ မ ရှိ ခဲ့ လျှင် ဘယ် မှာ လာ ပြီး မိ မိ ဖာ သာ သိ နိုင် မှာ တုန်း… ကျေးဇူး ကြီး မား လှ ပါ ပေ တယ်…… ဆရာ တော် ဘု ရား များ…ခု မှ တကယ် သံဃံသရဏံဂစ္ဆာမိ ဆို တာ ကို ရင် ထဲ က လှိုက် လှိုက် လှဲ လှဲ ကြည် ညို တက် ပါပြီ….ခု မှ ဘဲ ငါ.. တကယ်…….. ကိုမှ.. ရတနာ ၃ ပါး ကို တကယ် ကြီး ကြည် ညို တက် ခဲ့ ပါ လေ ပြီ လား……. ဒီ အတွေး စ များ ၏ နောက် ကွယ် က ရလာဒ် ကတော့ မျက် ရည် ဖြိုင် ဖြိုင် နှင့် အတူ….. ဟာ.. ငါ လေ.. ဒါ တွေ အရင် က မသိ ခဲ့ ဖူး…… အသိ တွေ နောက် ကျ လိုက် တာ…
ဓမ္မာ ရုံ ထဲ ၌ စိတ် ရှိ လက် ရှိ အား ရ ပါး ရ ငိုချ လိုက် ချင် ပေ မယ့်… သတိ ကပ် လိုက် ပါ သည် … အော်……. လူ တွေ အများ ကြီး လေ မသင့် တော် ပါ ဘူး ဆို တဲ့ အတွေး ကြောင့် ရှိုက် ငို မိ ရုံ ရင် လှိုက် ဖို ဖြင့် ဤ တရား တထိုင် ကို ဇာတ် သိမ်း လိုက် ရ ပါ တော့ တယ် ချစ် ဆွေ တို့ရယ်.. ….ထို တ ထိုင် ပြီး လို့ စာ ရေးသူ ၏ ချစ် မ မ ယောဂီ ကို အကြောင်း စုံ ပြော ပြ၍ ဘာ ကြောင့် ဘယ် လို ဒ လို တွေ ဖြစ် ရ ပါ သနည်း ပြော ပြမိ ရာ.. ချစ် မ မ ပြန် ပြော လေ သည် က..ယော ဂီ ရေ အဲ့ ဒါ ယောဂီ က အနိစ္စ ကို မြင် သွား တာ လေ တဲ့…….ဒါ ကို စာ တွေ ထဲ မှာ သင် ဖူး ပါ တယ် တဲ့… ယောဂီ မ မ က အဘိ ဓမ္မာ တက် ထား ဖူး သူမို့ စာနဲ့ ပေ နဲ့ ကိုက် ပြ ပြော ပြ၍ စာ ရေးသူ ကို အား ပေး ပါသည်…… ယောဂီ ရေ အဲ့ ဒါ တ ရား တက် တယ် လို့ ခေါ် တယ်.. ဆက် ကြိုး စား ဆက် ကြိုး စားနော် တဲ့…စာ ရေးသူ အတွက် ကတော့ လေ ရိပ် သာ ၄၅ရက် ခရီး မှာ ဒီ မ မ ကြောင့် အင် မတန် မှ ကို အား တွေ ရှိ ခဲ့ ရ ပါ တယ်.. စာ ရေး သူ တို့ နောက် ပြောလေ့ ရှိသည် က… တပည့် တော် က တရား ထောက် ပေါ့ လေ တဲ့
ဟုတ် လည်း ဟုတ် ပေ သည်.. တ ရား တထိုင် ပြီး တိုင်း ဘာ မြင် တယ် ဘာ ဖြစ် တယ် ဆို တာ ကို ..မ မ ကို သာ ပြော ပြနေ မိ ခဲ့ သည် ကိုး….ဤ စာနှင့် အတူ ထပ် လောင်း ၍ ကျေးဇူး စကား ဆို လိုက် ပါ ရစေ ယောဂီ မမရေ… Thanks a lot for your kindness I love you… .အပိုင်း (၂၅) မှာ သ ဘော ဆိုတာ ဒါ ပါလား ဆို တဲ့ အသိ ကို ရှု ကွက် တကွက် တည်း နဲ့ သိ လိုက် ရ ပုံ ကို ပြော ပြ ပေး သွား ပါ ဦး မည် အဆွေ တို့ ရေ…….ဒီ စာ ရေး ရင်း စိတ် ထဲ အလွန် တရာ မှ တိုက် တွန်း စကား ဆို ချင် မိသည် က……အား အား မ အား အား တရား အားထုတ် ကြ ပါကွယ် လို့… သင့် ဖာသာ သိ လာ တဲ့ အသိက… စာ သိ ၊ နာ သိ တွေ ထက် ဘယ် လို မှ ယှဥ် ပြ ပြော ပြ ဥ ပမာ ပေး စ ရာ စ ကား မရှိ လောက် အောင် heart ထိ ပါ လိမ့် မယ် လို့… လော ကီ လောကုတ္တာ ၂ ခု လုံး တကယ်ကို အကျိုး ပြီး မြောက် ပါ တယ် လို့..စာ ရေးသူ ပြော တာ ကို မယုံ ပါ နဲ့.. .. ဟုတ် မဟုတ်… ကိုယ် တိုင် အားထုတ် ကြ ပါ လို့.. မိမိက ဘယ် နည်း နဲ့ ဘဲ အား ထုတ် အား ထုတ် ဘယ် နည်း စနစ် ဖြစ် ဖြစ် ဘု ရား နည်း များ သာမို့ … မိမိ က သာ ဘယ် စရိုက် ရှိ သူလည်း… အရင်ဆုံး သိအောင် လုပ်ပြီး အားထုတ် ကြ ပါ နော် လို့…ရင်ထဲ အ သဲ ထဲ ကနေ လှိုက် လှိုက် လှဲ လှဲ ဂ ရု ဏာ တရား မေ တ္တာ တ ရား ဖြင့် တိုက် တွန်း ရင်း………….
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၂၄) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၂၅)
ဝေ ဒ နာ ကြည့် နည်း ၄ နည်း ….၁) တိုက် ရိုက် ကြည့် ခြင်း… ၂) ဘေး ကနေ ကြည့် ခြင်း … ၃) ခြုံ ကြည့် ခြင်း ……၄) ကိုယ် နဲ့ မဆိုင် သလို ကြည့် ခြင်း ……ဆိုပြီး ၄ နည်း နဲ့ ကြည့် ပါ တဲ့…… ဆရာ တော် ဘု ရား ကြီး မှ မိန့် လေ သည် ။စာ ရေး သူ အတွက် အဲ့ ဒီ နေ့ သင် ခန်း စာ မ တိုင် ခင် တ ထိုင် ပြီး ထဲ က ဝေ ဒ နာ နဲ့ ငါ နဲ့ ဘာ မှ မဆိုင် သလို ဘေး က နေ အခြား လူ တယောက် ကို ကြည့် နေ ရ သ လို ကြည့် လို့ ပဲ ရ ပါ တော့ တယ်…
ဝေ ဒ နာ သက် သက် ကြည့် နေ တဲ့ စိတ် က သက် သက် အဲ့ ဒါ ကို ပြန် သိ နေ တဲ့ စိတ် ပဲ တွေ့ ပါ တော့ တယ်… နောက် ပိုင်း ထိုင် တိုင်း ထိုင် တိုင်း ဘာ ပဲ ရှိ တော့ လည်း ဆို တော့ အ ပေါ် စီး ကနေ အုပ် မိုး ပြီး ခြုံ သိုင်း မြင် နေ ရတဲ့ စိတ် ကလေး ပဲ ရှိ တော့ တယ်……..အော်……. ဆ ရာ တော် ဘု ရား ကြီး ကြည့် ခိုင်း တဲ့ ၄ နည်း……..ငါ က ၄ နည်း စလုံး နဲ့ ကြည့် ပြီး လို့ နေ ပါ ရော့ လား နော်…..ဆွမ်း စား ချိန် ဖွင့် ပေး ထား သော ဘဘ ဦးဌေးလှိုင် အ သံ ဆီ မှ….အင်း… ဝေ ဒ နာ ကို ရှု မှတ် ရာ မှာ အ သေး စိတ် ရှု ကွက် တကွက် တည်း ဆုံး သည် အထိ ဝေ ဒ နာ ရဲ့ သ ဘော ဆို တာ ကို သိ အောင် ရှု ပါ တဲ့….
ဒီ စ ကား ကြား ပြီး အ ဆောင် ပြန် ရောက် လို့ ဘ ဘ ပြော သည့် အတိုင်း ဝေ ဒ နာ ကို အ သေး စိတ် ရှု မှတ် ပါ လေ သည်…. ထူး ခြား ရှု ကွက် တခု က တော့…တင် ပါး နေ ရာ က နေ… ပူ လာ သည် ကို အ သေ အချာ လေး သ တိ ခပ် ကြပ် ကြပ် က လေး ထား ပြီး အ နု စိတ် ကြည့် လိုက် သည့် အခါ မှာ တော့….အို… … ဟာ…… ပူ တယ် ဘယ် လို ပူ တာ လည်း နာ တယ် ဘယ် လို နာ နေ တာ လဲ? … ဟေ….. သေ ချာ ကြည့် မှ ပူ တာ က သ ဘော မျှ ပါ လား ပူ တာ ကို သိ နေ တဲ့ စိတ် ပဲ ရှိ နေတာ…ပူနေ တာ ကို ခွဲ ခြား စိတ် ဖြာ ပြီး ကြည့် လိုက် တော့ မှ…ဟာ… သ ဘော တရား ပဲ ရှိ တာ ပါ လား.. ဘယ် မ လဲ..ပူ တာ ကို ငါ ဘယ် လို ပြန် ပြော ရ ပါ့ မလဲ?… ပူ တဲ့ သ ဘော ဆို တာ ကို က သ ဘော သက် သက် ကြီး ပါ လား ကွယ်…..
တဆက် တည်း မှာ ပဲ စာ ရေး သူ ရှု ကွက် တကွက် ထဲ ကို…… အ သေး စိတ်……. ဆုံး အောင် ရှု လိုက် မှ ပဲ…အော်… ယောဂီ Dr သက် သက် နွယ်…ပြော တဲ့… သ ဘော ဆို တာ ဒါ ကို ပြော တာ နေ မယ်… အေး… ဟုတ် ပြီ…ငါ သဘော ပေါက် ပြီ ကွ… သ ဘော တ ရား……တရား သဘောဆို တာ လဲ ဒါ ကို ပြော တာ နေ မှာ…… အေး….. ဟုတ် လည်း ဟုတ် တာ ပဲ ငါ အရင် က တင် ပါး ၂ ဖက် ကို ကိုင် ပြီး ပူ တယ် နာ တယ် လိုက် အော်…. နေ တာ….. ဒီ မယ် ခု မှ အား လုံး ငါ သဘော ပေါက် ပြီ ဟေ့…. အော်….. သ ဘော ပဲ ရှိ တာ ကြီး ကို… အဲ့ တော့ င ရုတ် သီး စပ် တာ ကို အ ဓိ ပ္ပါယ် ပြော ပြ ပါ လို့ ပြော ပြ ခိုင်း သလို တော့ ဖြစ် နေ ပါ ပြီ ကော…. ငါ ရယ်..ကြည့် စမ်း…. သ ဘော ဆို တာ ကို ခု မှ သိ တယ် ကျန်း….. အေး …… အဲ့ တုန်း က ယောဂီ ပြော သလို ပူ သဘော လေး ကို သိ အောင် ကြည့် ဆို တာ… ခု ငါ သိ သွား ပြီ… အော်… ရှု ကွက် တကွက် ထဲ ကို အဆုံး ထိ အ သေ အချာ အ သေး စိတ် ရှု ပါ လို့ ပြော တာ ခု လို သိရအောင် ရှု ခိုင်း တာ ပါ လား…
သ တိ တ ခု ရ မိ သည် က….. ဝေ ဒ နာ အဆုံး ထိ လိုက်…… ဆို သည့် စ ကား က ဒီ က များ လာလေ သလား မသိ အခု ဝေ ဒ နာ ကို အ စ အ လယ် အ ဆုံး ဖွတ် ဖွတ် ညက် ညက် ကျေ အောင် အ သေး စိတ် ထိုး စိုက် ကြည့် လိုက် မှ ဘဲ…. အော်… သ ဘော ပဲ ရှိ တာ ပါ လား… ဘယ် မှာ တုန်း တင် ပါး က ပူ တယ် ၊ နာ တယ် ၊ ဘယ် မှာ တုန်း ငါ့ တင် ပါး..အော်…အော် အော်..ခန္ဓာကိုယ် တခုလုံး ဘယ်နေရာမှ လဲငါ လည်း ရှာ မတွေ့ နာ တဲ့ နေ ရာ လည်း ရှာ မ တွေ့… သ ဘော တရား သက်သက်မျှပဲ တွေ့ နေ ပါ ရော့ လား ကွယ်…ဟုတ် က ဘီ… ဟုတ် က ဘီ…. ငါ သိ ပြီ… တရား သ ဘော ဆို တာ သ ဘော တရား သ ဘာ ဝ တရား မျှ သာ တည်း…
ဆ ရာ တော် ဘု ရား ကြီး တ ရား စစ် လေ ပြီ…….အ ရှေ့ မှ ယောဂီ များ ကိုယ် စီ လျှောက် ကြ လေ ပြီ…ယောဂီ တ ယောက် လျှောက် သည် က…. တ ပည့် တော် ဘု ရား… သိ သည်..သိ သည် လို့ ရှု နေရင်း တပည့်တော်၏ အပေါ် ပိုင်း ခန္ဓာကိုယ် တခုလုံး ပျောက်သွား တယ် ဘု ရား နောက် တ ထိုင် မှာ တော့..တပည့် တော်…အ သားတွေ အ ဖက် လိုက် ကွာ ကျ လာ ပါ တယ်. ပြီး တော့ အ သားစိုင် ကြီး များ ကို သွေး သန် ရဲ ရဲ နဲ့ မြင် တွေ့ ရ ပါ တယ် ဘု ရား……
ထို ယောဂီ လျှောက် နေ သည် ကို ကြား ရ ပြီး စာ ရေးသူ စိတ် ထဲ… အေး.. ငါ့ ကျ ဘာ လို့ ဒ လို ဒေ မ မြင် တာ ပါ လိမ့်… သူ တို့ တွေ လျှောက် ကျ ရင် ဟို မြင် ဒီ မြင် ဟို ဟာ ဖြစ် ဒီ ဟာ ဖြစ်… ငါ့ ကျ သူ တို့ လို မမြင် မ ဖြစ် ပါ လား…. WHY? စိတ် ထဲ မှတ် ထား မိ ပြန် ၏… ဘု န်း လေး ကို အ မေး တော် ရှိ ရ ပေ ဦး မည် ကိုး….. နောက် အ မျိုး သား ယောဂီ တ ဦး လျှောက် သည် က တ ပည့် တော် ရင် ဘက် ကြီး ကွဲ ထွက် သွား သလို ပွင့် ထွက် သွား သလို ခံ စား ရ ပါ တယ်… ဘုရားယောဂီ အားလုံး လျှောက် ပြီး လေ ပြီ…
စာ ရေး သူ အလှည့် ရောက် လေ ပြီ…
တပည့် တော် ဘုရား… အခု ခန္ဓာကိုယ် တခု လုံး ကို အ ပေါ် က နေ ခြုံ ပြီး သိ နေ တဲ့ အ သိ စိတ် တခု ပဲ ရှိ ပါ တော့ တယ် ဘု ရား….. တပည့် တော် ဘာ မြင် တာ ဘာ ဖြစ် တာ အား လုံး ကို ခြုံ ပြော ရ ရင် ဘု ရား… တပည့် တော် စိတ် မှာ သတိ ရယ် သိ တာ ရယ် ဒီ ၂ ခု ပဲ ရှိ ပါ တော့ တယ် ဘု ရား… သတိ နဲ့ အသိ ပဲ ရှိ နေ ပါ တယ် ဘု ရား… ….နောက် နေ့ များတွင် တော့ ဉာဏ် စဥ် ၁၀ ပါး ကို တနေ့ ၁ ပါး ပွား များ ရ လေသည် ….ဤ အ ပိုင်း များကို တော့ စာ ရေး သူ အသေး စိတ် မ ရေး ပြ တော့ ပါ.. စာ ရှု သူ များ အ တော် များ များ သိ ထား ပြီး သား အ ကြောင်း အရာ များ မို့ မ ရေး ပေး ရ ခြင်း ပါ….
သို့ သော် စာ ရေး သူ လို ယောဂီ အသစ် များ အတွက် မူကား ရည် ရွယ် ၍ ခြား သော သူ တ ယောက် ရေး ထား သော ဉာဏ် စဥ် ၁၀ ပါး အကြောင်း အ သေး စိတ်ကို copy ပေး ပါ မည်….. မသိ သေး သူ များ ဖတ် ရှု လေ့လာ နိုင် ရန် မျှ သာ ဖြစ် သည်… အောက် ဆုံး တွင် ဖော်ပြပေး ပါ မည်။သို့ နှင့် စာ ရေး သူ ဉာဏ် စဥ် တွေ ရှု နေ ရသော ၅ရက် မြောက် နေ့ တွင် တော့ စာ ရေး သူ စိတ် ထဲ အင် မတန် မှ ကို မေး ချင် နေ ခဲ့ သော အ ကြောင်း အရာ တခု ကို မေးခွင့် ကြုံ ခဲ့ လေ ပြီ…
အဲ့ နေ့ က ဘုန်း ဘုန်း လေး တရား စစ် တဲ့ နေ့ ပါ… ထုံး စံ အတိုင်း ပေါ့…တ ရား စစ် ပြီး လျှင် တ ယောက် ချင်း ပြန် လွှတ် လေ သည် ပေါ့… စာ ရေး သူ နောက် ဆုံး ကျန် ပြန် ပြီ ပေါ့…ဘုန်း လေး က..ကဲ… ဒ ကာ မ ကြီး…လျှောက် ပါ ဦး….. ဘာ မြင် တုန်း….စာ ရေး သူ ဘုန်း လေး ကို ဘယ် လို ပြန် လျှောက် လိုက် လဲ ဆို တော့… ဘုန်း ဘုန်း ဘု ရား တပည့် တော် က ဘာမြင် တယ် မ လျောက် ခင် ဘု ရား …တ ပည့် တော်… သိ ချင် နေ တာ လေး မေး ခွင့် ရှိ မ လား ဘု ရား… ?
ဘုန်း ဘုန်း လေး ခေါင်း လေး အသာညိမ့် လို့.. ရ ပါ တယ် ဒ ကာ မ ကြီး… မေး ပါ တဲ့… ပျော် ဘီ လေ…… မေး ရ ချီသေး……ဒ လို ပါ ဘု ရား တပည့်တော် သိ ချင် နေ တာ က…. *စိတ် * က…ဘယ် နား မှာ ရှိ ပါ သလဲ ဘုရား ?… ဘုန်း ဘုန်း ပြန် ဖြေ ပါ ပြီ.. အော်… စိတ် က ( …………………..) ရှိ ပါ တယ် ဒ ကာ မကြီး… အိုး.. ဟိုးးးးးးးးးးးးးးးးးးးး ဒါ ကြောင့် ကိုးးးးးးးးးးးးးးးယေ့…… ပျော် လိုက် တာ… ဒီ အဖြေ လို ချင် နေ ခဲ့ တာ ကြာ ပါ ဘီ ကော… ဟာ… အေး.. ဟုတ် ပေ သား ဘဲ… ငါ အဲ့ ဒါ ကို အတော် သိ ချင် နေ ခဲ့ တာ.. ဟို နေ့ တွေ ထဲ က မေး မိ ရင် ကောင်း သားကွာ… လို့ လဲ.. အ မေး နောက် ကျ ခြင်း ကို အား မလို အား မရ ဖြစ် နေ ရင်း…
နောက် ဆုံး ယောဂီ လည်း ဖြစ် မိမိ သိ ချင် နေ သည့် အဖြေ ကို လည်း ရ.. ရင် ဘက် ထဲ က ရင် ခုန် သံ က လည်း နားထဲ က ပြန် ကြား နေ ရ… ဒိတ်…ဒိတ်… ဒိတ်.. နဲ့… အပျော် ကို သ တိ မကပ် မိ လိုက်….ဓ မ္မာ ရုံ အ ဝ အနောက် ဘက် မှာ ထိုင် နေ တဲ့ ယောဂီ ထိမ်း ဦးဇင်း ဆီ အပြေး ခြေ လမ်း ဖြင့် ဘေးနား သွား လို့…ညာ လက် သီး ကို ဆုပ်…….. အ ပေါ် ကို မြှောက် တင် လိုက် ပြီး ခန္ဓာကိုယ် ကို ကြမ်း ပြင် က နေ လက် သီး ဆုပ် လောက် ကွာ အောင် ထ ခုန် လိုက် ပြီး…….. ယေးးးးးးး ဦး ဇင်း……….. ဦး……. ဇင်းးးးးးးးးးး ဘု ရားးးးးးးးးးး ဆို ပြီး.. အပြေး ဘက် ရောက် ခြေ ထောက် အစုံ မိုး ပေါ် ခုံ လို့… အရှင် ဘု ရား… တပည့် တော် သိ ဘီ… သိ သွား ဘီ ဘုရား….. တပည့် တော် လို ချင် နေ တာ အဲ့ အဖြေ ဘု ရား… တွေ့ လား ဘု ရား……. ဘုန်း လေး ဖြေ ပေး လိုက် တာ….. တပည့် တော် သိ သွား ဘီ သိ သွား ဘီ ဘု ရား… ဒါ ကြောင့် တ ပည့် တော် စိတ် ထဲ ခိုး လို့ ခု လုဖြစ် နေ တာ ခု တော့ ရှင်း သွား ခဲ့ လေ ပြီ ဘု ရား.. အရမ်းပျော် တယ် ဘု ရား…
ဦး ဇင်း ကြီး က မ ဟာ ပီ တိ အပြုံး လှ လှ ကြီး ဖြင့်.. စာ ရေး သူ ကို ပြန် ပြုံး ပြ ပြီး အေး ပါ.. အေး ပါ… ညည်း သိ ဘို့ပဲ အ ရေးကြီး ပါတယ်… ကဲ… ဒ လို လေး စိပ် ကြည့် စမ်း ဘာ ဖြစ် လဲ နာ လား?…. အေး.. အဲ့ ဒါ ပဲပေါ့ ….. စိတ် ဘယ် နေ ရာ နေ လဲ… ခု သိ ဘီ ဟုတ်.. အေး…. အေး.. ဝမ်း သာ တယ်…. ဝမ်း သာ တယ်….. ည ည်း သိ မှ ဘဲ… စာ ရေး သူ ပျော် တာ ထက် ဦး ဇင်း ကြီး က ပို ပျော် နေ လိမ့် မယ် ဆို တာ စာ ရေး သူ နောက် ရေး မယ့် ကျေးဇူးရှင်ကြီး များအပိုင်း မှာ သီး သန့် ဖော် ပြ ပေး သွား ပါ မည်။ အဲ့နေ့က အပျော် က လေ ယ ခု စာ ရေး နေ ရင်း တောင် ထ ခုန် ချင် နေ မိသ လို ပျော် နေ တာ ခု ထိ ပါ ဘဲ……ဘာနဲ့ တူ သလဲ ဆို ရင်ငယ် ငယ် က သချ်ာ ပုစ္ဆာ တစ်ပုဒ် အ ဖြေ ရ သွား ရင် ဝမ်း သာ သ လို မျိုး ပါဘဲ…..စာ ရေး သူ ထ ခုန် လိုက် တာ ကို အပြင် မှာ ရပ် နေ သော စာရေးသူ၏ ယောဂီ မ မ က မြင် ဖြစ် အောင် မြင် လိုက် ပါ သည် တဲ့ ဗျာ…အဆောင်ပြန် လမ်း တွင် တော့ ပြုံး စိ ပြုံး စိ မြုံန်း ထိ သလို နဲ့ ခြေ ဖ ဝါး က ကြွ တ ကြွ တ ဖြစ် လို့ အဆောင် ဘယ် လို ပြန် ရောက် မှန်း တောင် မသိ လိုက် ပါ တော့ ပေ သည်။ စာ ရေး သူ ဘုန်း လေး အ ဖြေ ကို ပဟေဠိ အ နေ ဖြင့် (……….) ထား ခဲ့ ပါ သည်… စာ ရေးသူ ရဲ့ စာဖတ် ဓမ္မ မိတ်ဆွေ များ ထဲ မှာ ဤ အကြောင်း အရာ ကို ဘယ် နှစ် ယောက် များ စိတ် ဝင် စား မလဲ သိ ချင် မိ လို့ပါ.. ထို့ ကြောင့် အဖြေ ကို comment တွင် ရေး သား ဖော် ပြ ပေး ကြ ပါ လို့ တောင်း ဆို လိုက် ပါ တယ် ရှင်….အကယ် ၍ များ စာ ရေး သူ လို လုံး ဝ မသိ သေး သူ များ ပါ နေ ခဲ့ ပါလျှင် လည်း မသိ ပါ လို့ ရေး ပေး ပါ နော်…..
စာ ရေး သူ က ဒီ အဖြေ သိ ပြီး သွား တဲ့ နောက် မှာ ရှု ကွက် တိုင်း ရှု ကွက် တိုင်း ဟာ… ရှင်း ကနဲ လင်း ကနဲ နဲ့ တ ထိုင် နဲ့ တ ထိုင် အ သိ တွေ မတူ တော့ ပါ ဘူး… ဒါ မို့ မိတ်ဆွေ တို့ ကို လည်း ဖြစ် စေ ချင် လို့ပါ…. ကဲ….. စာ လည်း အတော် ရှည် နေ ပြီ.. ခ ဏ နား ပါ ဦး မည်… အပိုင်း ၂၆ တွင် တော့ စိတ် အစဥ် တန်း ကြီး သာ မြင် ရပုံ ကို တင် ပြ ပေး သွား ပါဦး မည် အဆွေတို့ ရေ… စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၂၅) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၂၆)
အ ဘယ် ကြောင့် က မ္မ ဌာန်း အားထုတ် ရ ပါ သနည်း?
(1) မ သိ သေး တဲ့ တ ရား တွေ ကို သိ အောင် အား ထုတ် ရ တာ ပါ…
(2) မ မြင် သေး တဲ့ တရား တွေ ကို မြင် ဖို့ အား ထုတ် ရ တာ ပါ…
(3) မျက် မှောက် မ ပြု ရ သေး တဲ့ အ ရာ တွေကို မျက် မှောက် ပြု နိုင် ဖို့ ရန် အား ထုတ် ရ တာ ပါ…
(4) ကိုယ် တွေ့ မသိ သေး တဲ့ အ ရာ တွေ ကို ကိုယ် တွေ့ သိ ရ အောင် အား ထုတ် ရ တာ ပါ…
ဆင်း ရဲ ရ ဟတ် အ လည် ရပ် ———————-သ တ္တ ဝါ ခပ် သိမ်း သောက် သောက် လဲ ဆင်း ရဲ နေ တာ ဘာ လို့ လဲလှူ မှု ၊ ကျင့် မှု ၊ အား ထုတ် မှု အပြု နည်း ကြလို့ ပါ ပဲ….. မ လှူ မ တန်း မ ပေး ကမ်း ဆင်း ရဲ နေ တာ ဘာ လို့ လဲ ….. နေ ရာ တ ကာ စေ တ နာ သ ဒ္ဒါ နည်း ကြ လို့ ပါ ပဲ…… အ သိ အ လိ မ္မာ ဉာဏ် ပ ညာ ကောင်း စွာ မ ရှိ ကြ လို့ ပါ ပဲ….. အ သေ အချာ ဒေ သ နာ အ လေ့ အလာ နည်း ကြ လို့ ပါ ပဲ…လုပ် ရ ကိုင် ရ လူ့ ကိ စ္စ.. ကိ စ္စ များ ကြ လို့ ပါ ပဲ……. ယ ခု လို လကျာ လေး များကို ဆ ရာ တော် ဘု ရား ကြီး မှ အ ရှေ့ က တ ခေါက်တိုင်ပေး ယောဂီတွေက အနောက်က လိုက်ဆိုရပါသည်။
စာ ရေး သူ က တော့ ထို လကျာ လေး များ လိုက်ဆိုရသည့် အချိန်များကို လွန်စွာ နှစ်ချိုက် မိပါ၏ နောက်များ သီးသန့် လကျာ လေး များကို ရေးပေးသွားပါမည်… ၄၅ ရက်လောက်မှတ် သား ထားသည် ဆိုတော့ များလှသည်ပေါ့။
ရိုး၊ သား၊ ကြော၊ ရေ၊ ဤ ၄ ထွေ သေ ချာ ခွဲ ကြည့် လေ။ ဖြစ် ၊ တိုး ၊ လျော့ ၊ ပျက် ဤ ၄ ချက် ဆက် စပ် သ တိ ထား။စေ့ စပ် အား၊ စူး စိုက် အား အား ၂ အား နဲ့ အ သေ အချာ ရှု မှတ် ရ မယ် တဲ့ ထို နေ့ က ဘုန်း ဘုန်း လေး သင် ပေး လိုက် သည် ပေါ့….စာ ရေး သူ က ပု ဗ္ဗ ကိ စ္စ ၄ ပါး ရှု ပွား ပြီး သွား သည့် နောက် ပိုင်း များ တွင် တော့ တ ထိုင် နှင့် တ ထိုင် မ တူ ညီ သော အ သိ များ က ပို ပို သိ သိ လာ ရ ပါ တယ်…စာ ရေးသူ အ ရှေ့ ပိုင်း များ တွင် ပြော ပြ ခဲ့ ဖူး သော… ရိပ် သာ နှင့် ကပ် လျက် ဘေး ဘုန်း ကြီး ကျောင်း မှ ပ ဌာန်း ရွတ် သံ သည် ဝါ တွင်း ကာ လ ၄ လ လုံး ရွတ် သည် ဖြစ် ၍ ဤ အ သံ သည် ရိပ် သာ စ ခန်း သိမ်း ခါ နီး ၃ ရက် အလို မှသာ အ သံ ဆဲ သွား ခဲ့ သည် ပေါ့…စာ ရေး သူ က ဤ အသံ ကို အကြောင်း ပြု၍ သမ ထ ပိုင်း ရက် ပေါင်း ၃၀ တွင်း ၌ အ သံ ကို အာ ရုံ မ စိုက် မိမိ နှာ သီး ဖျား သာ ကျိတ် မှိတ် အာ ရုံ စိုက် ခဲ့ ခြင်း ကြောင့် ပို ၍ သ တိ စိုက် ရ ခြင်း ကြောင့် ပို လို့ တောင် သ မာ ဓိ က အား ကောင်း လာ သ လို ဖြစ် ခဲ့ ရ ပါ တယ်…။
ယ ခု လည်း ဝိ ပ သ နာ ပိုင်း တွင် တော့… ဤ အ သံ အကြောင်း ပြု၍ အ ရှု ခံ အာ ရုံ ရ ကာ အ သိ တိုး ခဲ့ ရ တာ ကို ပြော ပြ ချင် လို့ ပါ…ထို နေ့ ညနေ တ ရား စ ထိုင် တဲ့ အ ချိန် ထင် ရှား ဆုံး အာ ရုံ က အ သံ ဖြစ် နေ လေ သည်….သို့ နှင့် အ သံ ကို သေ သေ ချာ ချာ အာ ရုံ စိုက် ၍ သတိ ကို တင်း ကြပ် နေ အောင် ကပ် ထား လိုက် ပြီး အ သံ ကို လိုက် လိုက် ပြီး သိ ပေး နေ ရင်း… ဘာ ဖြစ် လာ လည်း ဆို တော့… ဟာ… အ သံ က ကြား တဲ့ စိတ် မှာ ဖြစ် တာ ဘဲ… ကြား တဲ့ အ သံ တ ချက် ကြား… တ ချက် သိ… တချက် သိ နဲ့… အို… သိ နေ တာ ပဲ… ရှိ တာ ပါ ပဲ လား… အ သံ အ ပေါ် အ ဓိ ပ္ပါယ် ဖော် ၍ မရ တော့ ပါ… မာ မာ အေး သီ ချင်း ဆို သံ ပဲ…ဆိုင် ကယ် သံ ပဲ… စ သော စ သော အ နောက် က နေ အဓိ ပ္ပါယ် တွေ ဖော် မရ တော့ ပါ ဘူး…အဲ့ ဒီ တ ထိုင် အ သံ အ ပေါ် သတိ ကြီး ကြီး ကပ် ၍ လိုက် သိ ပေး လိုက် သည် က အ ချိန် ဘယ် လို ကုန် မှန်း မ သိ ကုန် သွား ပါ လေ တော့ သည်…ဒါ နဲ့ ဘုန်း ဘုန်း လေး မိန့် လိုက် သော အား ၂အား ရဲ့ အစွမ်း တယ် လည်း ထိ ရောက် သကိုး ဆို ပြီး ကျေ နပ် နေ မိပါ တော့ တယ်…စာ ရေး သူ က တော့ ( စစစစ) စ ၄ လုံး လို့ တင် စား မိ လိုက် ပါ တယ် စေ့ စပ် အား၊ စူး စိုက် အားအ တော် ထိ ရောက် လှ ပါ တယ်…စေ့ စေ့ စပ် စပ် အား ထုတ် ခြင်း ရဲ့ ရ လာဒ် ပါ ဘဲ …အ သံ ကို မှတ် တက် သွား သည့် အကျိုး ရ လိုက် ပါ တော့ သည်။
နောက် တထိုင် တွင် တော့ စိတ် ၏ အ ခြေ အနေ များ ကို သေ ချာ စောင့် ကြည့် တဲ့ အား ကို ပို ပေး မိ နေ သည်.. ရုပ် ဖောက် ပြန် ခြင်း ထက် နာမ် ရဲ့ ဖောက် ပြန် ခြင်း ကို ကြည့် ရ သည် က ပို နူး ညံ့ သလို ပို လည်း သိမ် မွေ့ လှ ပါ သည်။ရင် ချိုင့် စိတ် စိုက် ၍ လည်း မ ရ တော့ ပါ……. အ ဘယ် ကြောင့်ဆို သော်..ရင် ချိုင့် မှ မ ရှိ တာ ဘယ် လို စိတ် စိုက် လို့ ရ မတုန်း…အ ပေါ် စီး က နေ ခြုံ သိုင်း ပြီး စောင့် ကြည့် နေ ရ သလို ပဲ ရှိ နေ တော့ တယ်…အဲ့ ဒီ ကြည့် နေ တဲ့ စိတ် က လေး ကို နောက် စိတ် က ပြန် သိ နေ တယ်…..သူ က လည်း ကြည့် လို့ မှ မရ တာ…. သိ လို့ ပဲ ရ နေ တာ ကြီး ကိုး…ထို အချိန် ဖျတ် က နဲ……. စိတ် တွေ တ စိတ် ပြီး တ စိတ် ဖြစ် ပျက် သွား နေ တာ ကို လိုက် သိ ပေး နေ ရင်း… ဟာ… ကြည့် စမ်း… စိတ် အ စဥ် အ တန်း ကြီး ပဲ ရှိ နေ ပါ ရော့ လား……… ဒီ နေ ရာ မှာ စာ ရေး သူ တင် စား ပြော ပြ ချင် တဲ့ စ ကား တခု က တော့ ပု ရွတ် ဆိတ် အ တန်း သွား နေ သလို မျိုး မြင် လိုက် ရ တာ ပါ ဘဲ…ဒီ ဥ ပ မာ ကို စာ ရေးသူ ပြန် ပြော ပြ တဲ့ အ ခါ ပုံ ပေါ် အောင် ပြော ဖို့ လိုက် စဥ်း စား တဲ့ အခါ ပု ရွတ် ဆိတ် နဲ့ ဥ ပမာ ပေး ရင် မြင် သာ လောက် မယ် လို့ ထို စဥ် က စဥ်း စား မိ ခဲ့ သည်.. မ ကြာ သေး မှီ ရက် က တ ရား တ ပုတ် နာ လိုက် သည့် အထဲ တွင် ဘုန်း ဘုန်း တပါး က လည်း ဤ သို့ ဥ ပ မာ ပေး ထား သည် ကို နာ လိုက် ရ၍… ဟာ.. အေး.. ငါ.. အား ရှိ သွား ဘီ.. ငါ လည်း ဒ လို မြင် လိုက် ရ သလို ခံ စား ရ တာ ပဲ…ဒါ ကြောင့် စာ ရေး သူ ဒ လို တင် စား ပေး လိုက် ပါ တယ်…။
အဲ့ ဒီ နေ့ မှာ ပဲ တိုက် တိုက် ဆိုင် ဆိုင် ဘုန်း ဘုန်း ကြီး က အခေါ် ရှိ ၍ သွား လိုက် ရ သော အ ခါ…… ဘုန်း ဘုန်း ကြီး ကို မ ထင် မှတ် ပဲ တွေ့ ရှိ ပုံ ကို လျှောက် တင် လိုက် မိ ပါ သည်။ ဘုန်း ဘုန်း ကြီး က… ပြုံး ၍ ခေါင်း ညိမ့် ပြီး.. အင်း… ညည်း က တရား ထက် တယ် လေ တဲ့….ဤ စကား တခွန်း သာ ပြန် ၍ ပြော လေ သည်…စာ ရေး သူ ကို ဘုန်း ဘုန်း ကြီး ခေါ် သည် က အ ခြား တော့ မဟုတ် ပါ… ရိပ် သာ လာ ဝင် သော အ မျိုး သား ယောဂီ တွေ ထဲ မှ ခ ဏ ဦး ဇင်း ဝတ် နေ သော ကို ရန် ကုန် ဆို သော သာ သ နာ ပြု ပု ဂ္ဂိုလ် တ.ယောက် ပါ လေ သည်…. ကို ရန်ကုန်(မြတ်စေတနာ ဓမ္မမောင်မယ်များအသင်း) ဖြစ် ပါတယ်….. အဲ့ဒီ အကို မှ ယခု မြေ ဇင်း နည်း စ နစ် ဖြင့် တရား အား ထုတ် ခြင်း ကို တဲ့ ကမ္ဘာ က နေ သိ အောင် သူ က ဖြန့် ဖြူး ချင် မိ ပါ တယ် တဲ့.. အာ့ မို့ ယခု တရား စ ခန်း ဝင် ယောဂီ ကိုယ် တွေ့ များ ကို ရိုက် ကူး ရေး လုပ် ချင် ပါ သည် ဆို ခြင်း ကြောင့် ဆရာတော် ဘု ရား ကြီး မှ ရိုက် ကူး ရေး တွင် Nippon ကိုယ် တွေ့ မျှ ဝေ ပေး ရန် ခေါ် တွေ့ ခြင်း ဖြစ် ပါ သည်။
စာ ရေး သူ တို့ (၁၁.၁၀.၁၉) နေ့ တွင် ယောဂီ ကိုယ်တွေ့ များ ရိုက် ကူး ထား သော video အခွေ တွင် လည်း Nippon ရဲ့ ကိုယ် တွေ့ sharing များ ကို နီး စပ် ရာ ယောဂီ တွေ မှ တဆင့် နား ထောင် နိုင် ပါ တယ် လို့…ဒ လို နဲ့ စာ ရေး သူ တို့ ရိပ် သာ စ ခန်း သိမ်း မည့် မတိုင် ခင် ၁ ရက် အလို နေ့ တွင် ဆရာ တော် ဘု ရား ကြီး မှ တ ရား စစ် လေ ပြီ…….ယောဂီ များ အ သီး သီး ဖြေ ကြ သည် ပေါ့….စာ ရေး သူ အလှည့် ရောက် လေ ပြီ…တင် ပါ့ ဘု ရား…တ ပည့် တော်… ရှု မှတ် ရင်း ရှု မှတ် ရင်း နဲ့……. နောက် ဆုံး တော့……စိတ် စေတသိတ် ရုပ် ပဲ တွေ့ နေ ပါ တော့ တယ် ဘု ရား ထို အဖြေ ကို သာ ဆ ရာ တော် ဘု ရား ကြီး အား လျှောက် တင် လိုက် မိ ပါ တော့ တယ် ရှင်….ဟုတ် ပေ သည် ကော…စား ရေး သူ တ ရား တထိုင် ပြီး တိုင်း ပြီး တိုင်း ပြန် လည် စမ်း စစ် ကြည့် တော့….. ဒါ တွေ ပဲ မြင် ရ တာ ကို သ တိ ထား မိ လာခဲ့ ပါ တယ်…..တ ဆက် တည်း မှာ ပဲ.. အတွေး က….. အော်… ဒါ ကြောင့် မြတ် စွာ ဘု ရား က….. တ ကယ့် အရှိ တရား ၄ မျိုး ပဲ ရှိ တယ် စိတ်စေတသိတ်ရုပ်နိဗ္ဗာန်ဆို တာ ဟုတ် လိုက် တာ….. ဟုတ် လိုက် တာ…။
စာ ရေး သူ ကတော့ နိဗ္ဗာန် ဆို တာ ကို တော့ တိတိ ကျကျ မ မြင် မိ သေး တော့ ဘုန်း ဘုရား ကို ထည့် မလျှောက် ခဲ့ ပါ ဘူး…သို့ သော်……..စာ ရေး သူ ရိပ် စား မိ သွား ပါပြီ……တံ ခါး ဝ နား ကို ရောက် သလို ခံ စား ရိပ် စား မိ ခဲ့ လေ သည် ပေါ.ဘု ရား၊ ရ ဟန္တာ နှင့် အရိ ယာ သူ တော် ကောင်း ကြီး များ ၏ စိတ် ကို လည်း ပို ၍ ရိပ် စား မိ သွား ခဲ့ လေ ပြီ…..သို့ နှင့် ရိပ် သာ မှ ပြန် မည့် နေ့ မတိုင် ခင် ည နေ တွင်….စာ ရေး သူ အင် မတန် မှ မေး ချင် နေ သော မေး ခွန်း များ ကို မေး ရန် အတွက် ဘုန်း ဘုန်း လေး စံ ကျောင်း သို့ ယွန်း ခဲ့ ပါ လေ တော့ သည်…..
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်း (၂၆) ပြီး၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏
အပိုင်း (၂၇)
#၄၅ရက်ဓမ္မခရီးသိခဲ့လေပြီချမ်းသာနည်း
ရိပ်သာကနေရက်စေ့လို့ အိမ်သို့ပြန်ရတော့မယ်…မေးစရာများတပွေ့တပိုက်ကြီးနှင့် ဘုန်းဘုန်း လေး စံကျောင်း သို့ ယွန်းခဲ့လေသည်။ ဘုန်းဘုရား.. အိမ်ပြန်ရောက်လျှင် ဘယ်လို……အား ထုတ်ရမလဲဘုရား အော်…. အင်း…ဗုဒ္ဓါနုသတိ လေး ကို ၁၅မိနစ်လောက်ပွားပြီးရင် မေတ္တာ ကမဌာန်းကို ၁၅ မိနစ်လောက်ပွားပြီးရင် အသုဘကမ္မဌာန်းနဲ့မရဏာနုသတိ ကို ၁၅ မိနစ်လောက် ပွားပြီး..အာနာပါန ရှုပါ..အဲ့ဒါလေးတွေကို.. မိမိထိုင်မယ့် အချိန်နဲ့ ချိန်ပြီး အတိုးအလျော့ လုပ်ပေါ့ …. တဲ့… ဘုန်းဘုန်းဘုရား … ပြီးတော့ ပည့်တော် တခုမေးချင်ပါသေးတယ်ဘုရား…ပည့်တော် ခုရနေတဲ့ နိမိတ်ကို ပါဠိလို စာနဲ့ ဘယ်လို နာမည်တပ်လို့ရပါသလဲ ဘုရား…… အင်း……ပဋိ ဘာဂနိမိတ် လို့ခေါ်တယ် ဒကာမကြီး…..… အို….. ဟုတ်လားဘုရား… နောက်ပြီး ပည့်တော် မေးချင်သေးတယ်ဘုရား မေးပါ ဒကာမကြီး… ဟို … လေ… ပထမစျာန် တို့ ဘာတို့.. ဆိုတာ ဘယ်လို ကျင့်ရ တာလဲ ဘုရား? ဘယ်လိုမျိုး ကို ခေါ်တာပါလဲ ဘုရားပည့်တော် အဲ့လို မျိုးတွေ လည်းရချင်သိချင်ပါတယ်ဘုရား… ဘုန်းဘုန်းက ပြုံးလိုက်သည်။အော်… ဒကာမကြီးရဲ့ စျာန်ရဲ့ အဓိပ္ပါယ် က စိုက်စိုက်စူးစူးအထူးမြဲမြံရှုအားသန်စျာန်ဟုခေါ်သဏ္ဍန်… တဲ့…ခု.. ဒကာမကြီး က နာရီဝက် စိတ်ငြိမ်ပြီးရှုနေနိုင်ရင် ဒါ နာရီဝက် စျာန်ရနေတာပေါ့…တနာရီရရင်လည်း တနာရီ စျာန်ဝင်စားနေတာပေါ့……….အဲ့ဒါ စျာန်ပဲပေါ့ ဒကာမကြီး ရဲ့….တင်ပါ့ဘုရား….. ပြီးတော့ ဘုရား…….တချို့တွေက နှမ်းအိုးလှော်သလိုမျိုးတို့ ဦးခေါင်းထဲက ပွက်ပွက်ပွက်ဆူသလိုမျိုး တို့ စတာတွေ မြင်ကြတာ…ပည့်တော်က အာ့မျိုးတွေလဲမမြင်ဘူးဘုရား…ဘာလို့ပါလဲဘုရားပည့်တော်ရှုတာတွေများမှားနေတာလားဘုရား အော် … မဟုတ်ပါဘူး… မ မှားပါဘူး။
ဒကာမကြီး ရဲ့…. တယောက်နဲ့ တယောက်က မြင်ကြတာချင်း မတူကြလို့ပါ…. တဲ့..ဒကာမကြီး က ကျတော့ ပညတ်တွေကို မမြင်တော့တာ…တဲ့ဒါ… အရမ်းကောင်း ပါတယ်… တဲ့…သူများတွေ မြင်သလိုမျိုး မမြင်လို့ ဒကာမကြီး ရှုတာ မှားနေတာ မဟုတ်ပါဘူး…. တဲ့… အော်…ဟုတ်လား ဘုရား..တင်ပါ့ဘုရား. မေးဦးမယ်ဘုရား …အမေးအမြန်းထူသူမို့…အားနာနာနဲ့ပဲ ဘုန်းဘုန်း လေးကို ဆက်မေးရပါသည်……. ဟိုလေ ….. တပည့်တော် က ခုလိုပဲ ဆက်ရှုသွားရမှာလား ဘုရား.. အင်းပေါ့… ဒါပေါ့… ဒကာမကြီးက လမ်းကြောင်းပေါ် ကို ရောက်သွားပြီ…. အဲ့အတိုင်း လေးသာ ဆက်လျှောက်သွားပါ…နော် …တဲ့… အော် … ဟုတ်လားဘုရား… တင်ပါ့ ဘုရား..ဟိုလေ… ပြီးတော့… လေ… ဒီမေးခွန်းကို တော့ အတော်အားယူပြီး မေးလိုက်ရပါသည်။
..အဘယ်ကြောင့်ဆိုသော်… အားအရမ်းနာရလို့ပါ…သို့သော်… မမေးရင်လည်း… စာရေးသူက ငတုံးမို့.. မေးမှကို သိရမှာမို့… မေးခဲ့ရတာပါ…ဂယ်တော့…. စာရေးသူ ဟာ အတော်ကို တုံးလွန်း တဲ့အထဲမှာ ပါ ဘာတယ်…ကိုယ့်အကြောင်း ကိုယ်ပြောရတာအားရှိထှာ..မေးပါပြီ… ဟိုလေ… ဘုန်း… တပည့်တော် စာဖတ်ဖူးတာလေ…………………………. …#ဝိပသာနာအားထုတ်တော့မယ်ဆိုဆရာကအရေးကြီးတယ်တဲ့…#ဆရာကောင်းကိုရှာရမယ်တဲ့… အဲ့လိုဖတ်ဖူးတော့ဘုရား…အာ့ဒါ… ဆရာကောင်းဆိုတာဘယ်လိုမျိုးကိုပြောတာလဲဘယ်လိုရှာရမလဲ ဘုရား…ဘုန်းဘုန်းရဲ့ ဒီတခါ အပြုံးကတော့ဖြင့်…စာရေးသူမျက်စိထဲ ဘယ်တော့မှမထွက်တော့ပါ…..မေးခွန်းမေးပြီး ဘုန်းဘုန်းဘုရားကို အတော်တော့အားနာ နေမိတာအမှန်ပါ…..ပြုံ၍ ပြန်ပြောသည်က…အော်… ဒကာမကြီးရဲ့ မိမိကို လမ်းကြောင်းမှန် ပေါ်ကို ရောက်အောင် တည့်ပေးနိုင်တဲ့သူဟာ ဆရာပဲပေါ့….. အယ် …..… ဟို… အယ်… အင်း… ..အာမေဋိတ်သံတွေ ပြန့်လွင့်ကုန်လေပြီ….အော်… မှန်ပါ့ဘုရား… ဒါ… ဒါဆို…. ဆရာတော်ဘုရားက… တပည့်တော် ရဲ့ဆရာကောင်းပေါ့ဘုရား …အော်… အင်း… ဒါဆို… ပည့်တော်မှာ ဆရာကောင်းရသွားပြီပေါ့ဘုရား… ဝမ်းသာလိုက်တာ ဘုရား……ဒါဆို ပည့်တော် အိမ်ပြန်ရောက်လို့… အားထုတ် ရင်း မသိတာ ရှိရင်လည်း… ဘုန်းဘုရားကို မေးလို့ရတာပေါ့နော်…ဘုရား..။
ဘုန်းဘုန်းလေးက… ခေါင်းလေးကို အသာအယာငြိမ့်လို့…ရတာပေါ့…. ရတာပေါ့… အချိန်မရွေး မေးပါ ဒကာမကြီး ရယ်…. တဲ့…ဟူးးးးးးး… မေးသာမေးလိုက်တာ ရှေ့မျက်နှာနောက်ထား မေးလိုက်ရမှ အလုံးကြီးကျသွားတော့တယ်…. ဂလု…ဟုတ်ပါသည် စာရေးသူ အဖို့ ကတော့… ရိပ်သာ ကနေပြန်သွားပြီးရင် ရိပ်သာကို နောက်တခေါက် ပြန်ရောက်ဖို့ဆိုတာ အတော်ခက်သွား ရပြီမို့…မိမိသိချင်တာတွေ အကုန်မေးမှကိုရမှာပါ…စိတ်ရှည်လက်ရှည် နဲ့ မေးသမျှ အသေးစိတ် ဖြေပေးတဲ့ ဘုန်းဘုန်းလေး ကိုလည်း…ယခုဒီစာနှင့်အတူ ဦးခိုက်ပူဇော်ပါ၏ မေးခွန်း များအပြင် နောက်ဆုံး စာရေးသူ စိတ်ထဲ အဖြေမရသေးသော စာရေးသူ ၏ အကြောင်းကို လည်း…ထပ်မံ၍… ဘယ်လို… နေထိုင်သင့်ကြောင်း ဘုန်းဘုန်းလေးကို အကြံဉာဏ်တောင်း လိုက်ပါသေးသည်…။
ဤသည်ကားဆိုရင်ဖြင့်… ရိပ်သာမှမပြန်ခင်လေး…ဘုန်းဘုန်းလေးကို မေးမိသော မေးခွန်းများ သာတည်း….ထို့နောက်တွင်တော့…စာရေးသူ စိတ်ထဲ ရှင်းလင်းသွားသလို ခံစားရပြီး… အကျေ နပ်ကြီး ကျေနပ်၍ ပီတိဝေဆါ…. ဤမြေကမ္ဘာ မှာ….ငါ့လောက်ပျော်တဲ့သူ ရှိဦးမလားဟေးးးးးးး … ဆိုပြီး… ထအော်မိလိုက်ချင်ခဲ့မိပါသည်။ရိပ်သာ ၄၅ ရက်အတွင်း စာရေးသူတို့…လုပ်အားဒါန များ ..ပြုလုပ်ရသော နေ့တွေကို ဖြတ်ကျော်ခဲ့ရပါသေးသည်။စာရေးသူအနေနဲ့ လွန်စွာပျော်ရပါ သည်။တခါမှ မလုပ်ဖူးသောအရာများကို လုပ်ရခြင်းကြောင့် အတော်ကို ပျော်ရပါသည်…နောက် ပိုင်းသိလာရသည်က… အဘယ်ကြောင့်ထိုသို့ လုပ်အားပေး ခိုင်း သနည်း ဆိုလျှင်ဖြင့်..ယောဂီ တွေဟာ… ဒီ ၄၅ ရက်လုံးလုံး… တရားအားထုတ်ခြင်းမှအပ ဘာဆိုဘာမှ မလုပ်ရပဲ…တရား ကိုသာ တွင်တွင်အားထုတ်နေခဲ့ရပါသည်..ဝေ ယျာဝစ္စ ကုသိုလ်ရှင်တွေကလဲ… လိုလေသေးမရှိ စောင့်ရှောက်ကူညီကြသည်..ထိုသို့သော ရက်ရှည်ကာလာတွင် မိမိတို့ယောဂီ များတွင် အကြွေး တင် သလို ဖြစ်စေမည် ဆိုးသောကြောင့်…ရိပ်သာတွင် အနည်းငယ်မျှသော ဝေယျာဝစ္စ ကုသိုလ် လေးများ.. ပြန်ပြု၍… ဆွမ်းကျွေးပြန်ဆပ်ရသည့်သဘော….ဆိုတာကို နောက်ပိုင်းမှ… နားလည် လာခဲ့ရပါသည်….စာရေးသူအတွက်ကတော့… တရားအားထုတ် အပြီး… မိမိကိုယ်ကို အတော် ယုံကြည်မှု များရှိနေခဲ့သည်ပေါ့..။
ငါ… ဒီအတိုင်း… ဆက်လျှောက်သွားရင်ဖြင့်…ရောက်မှာကျိန်းသေတယ်ဆိုပြီး… ကျိတ်ပျော်နေခဲ့ ရပါသည်…တရားအားထုတ်ပြီးမှ လည်း ဆရာတော်ဘုရားကြီးများနှင့် တကွအဖက်ဖက်ကနေ လိုလေသေးမရှိအောင် စောင့်ရှောက် ကူညီပေးကြသူများ အားလုံးရဲ့ စေတနာမေတ္တာတရားများ ကိုလည်း ပိုမိုသိရှိလာရပါသည်..ယောဂီ ထိမ်း ဦးဇင်းကြီး ဦးဝိမလ ဆိုလျှင်ဖြင့်…စာရေးသူ၏ Daddy သဖွယ်ပါပဲ..အစစအရာရာ တရားတွေတက်အောင် စကားမများဖို့ကျန်းမာရေးဂရုစိုက် ဖို့..စသောစသော အရာများကိုအင်မတန်ဂရုတစိုက်နှင့်စောင့်ရှောက်ပေးခဲ့သည် မဟုတ်ပါလော ရိပ်သာ ၄၅ ရက်အတွင်းမှာတော့ဖြင့်.. .#ကျေးဇူးရှင်ဆရာတော်ဘုရားများ#ယောဂီထိမ်းဦးဇဥ်းများ#ဝေယျါဝစ္စကုသိုလ်ရှင်များ#ရိပ်သာနေကိုရင်သာမဏေများအားလုံးတို့သည်…စာရေးသူ ၏ #ကျေးဇူးရှင်ကြီးများသာဖြစ်လေတော့သည်…။
သူတို့၏ အထောက်အပံ့သာကောင်းကောင်းမရခဲ့လျှင် စာရေးသူ လည်း တရားကောင်းကောင်း အားထုတ်နိုင်လိမ့်မည်မဟုတ်ပေ…ရိပ်သာဝင်ကြေး တကျပ်တပြားမှ ပေးစရာမလိုပဲ… ၄၅ရက် လုံးလုံး… နေထိုင်ရေး စားသောက်ရေး ဝေယျာဝစ္စ စသည်များကို ….မိမိတို့ လက်နှင့်တချက်မတို့ ထိရပဲ… အဆင်ပြေပြေအားထုတ်နိုင်အောင်…….စီစဥ်ပေးထါးတာဟာဆိုရင်ဖြင့်… ဘယ်တော့ မှ တန်ဖိုးမမေ့နိုင်တော့ပါဘူးရှင်……..ဆရာတော်ဘုရားကြီးမှလည်းတင်းကြပ်ထားသောစည်းကမ်းတွေသည်လည်း…စာရေးသူတို့တရားတက်ရေးပင်မဟုတ်ပါပေလော….ဘာမှမလုပ်ရ…တရားပဲအားထုတ်ရမယ်…ဒါဟာ… ရောက်လာသည့်အတွက် အချိန်ကို တန်ဖိုးရှိရှိအသုံးချစေချင်လွန်း၍ ထုတ်ပြန်ထားသော စည်းကမ်းများဆိုတာ… နောက်ပိုင်းမှ ပိုပိုသိလာခဲ့ရပါသည်..
.#ဆရာတော်ဘုရားကြီးများ၏#မေတ္တာကိုပိုပိုနားလည်လာခဲ့ရပါသည်လည်း ….နောက်ဆုံးအနေနဲ့ စာရေးသူ ကတော့ ရိပ်သာ ၄၅ ရက်ခရီးမှာ ဘာကို သိလိုက်ရလဲ ဆိုရင်တော့…#သတ္တဝါတွေကိုအရမ်းသနားတဲ့စိတ်ဖြစ်မိပါတယ်…#အထူးသဖြင့်မိမိကိုယ်ကိုအရမ်းသနားပါတယ်…
အော်…ငါရယ်… ကြည့်စမ်းပါဦး… တသက်လုံး… တ..ငါ…ထဲ…ငါခဲ့တာ…ဘယ်မတုန်း…ငါ… ဒီ….ငါ…..ကြောင့်…… ဒုက္ခ တွေရောက်ခဲ့လိုက်ရတာ….ခုတော့ တရားအားထုတ်ကြည့်လိုက် တော့…. ငါ…ထင်…နေတာနဲ့ အလွဲကြီး လွဲနေပါရော့လား…………သနားဖို့သိပ်ကောင်းတာ ပဲ…မိမိကိုယ်ကို အရမ်းကို သနားမိတာနဲ့ တပြိုင်နက်… မေတ္တာစိတ် ကလေးပါ ဖြစ်ပေါ်လာ ခဲ့ရပါသည်…ရင်ထဲ မေတ္တာလဲ ကိန်းလည်းသွားရော.. အား….ပါးးး…ပါးးးးး… အေးလိုက်တာ …ငြိမ်းလိုက်တာ…မေတ္တာမဝင်ခင် တုန်းက ပူခဲ့သမျှ… ခုကျမှ တကယ့် အအေးဓာတ်ကလေး ခံစားလိုက်ရတော့…အိုးးးးးး…… ဒလောက်ကောင်းတဲ့… အေးချမ်းတဲ့ မေတ္တာ တရား……ငါ… အရင်က ဘာလို့များ…မသိခဲ့တာလဲနော်…. တဆက်တည်းမှာ ပဲ… သတ္တဝါ တွေကို သိပ်သနား တဲ့စိတ်ဖြစ်ပေါ်လာခဲ့တယ်…အော်… သတ္တဝါ တွေ… မသိဘူး… သူတို့ မသိကြဘူး… မသိလို့… ပူလောင်နေကြတယ်…။
ဆင်းရဲနေကြတယ်…သနားဖို့ကောင်းလိုက်တာ…#သိပ်သနားဖို့ကောင်းတာပဲ…. ဆိုတဲ့ #သတ္တဝါတွေအပေါ်မေတ္တာစိတ်လည်းဖြစ်ပေါ်လာခဲ့ရပါတယ်…အင်း…… ငါ.. အိမ်ပြန် ရောက်ရင်တော့ဖြင့်…ငါ… သိရသလို….. ငါ့လို မသိသေးတဲ့သူတွေကို…စာစုလေးတွေ ရေးပြီး….မျှဝေမယ်ဆိုတဲ့အတွေးဖြစ်ခဲ့ရပါတယ်…..စာရေးသူလို မသိသေးတဲ့သူတွေ များရှိနေခဲ့လျှင် ဤစာစုလေးဖတ်ပြီး တရားအားထုတ်ချင်စိတ်ဖြစ်ခဲ့လျှင်ဖြင့် သူလည်း အေးချမ်းတော့မယ်…. ချမ်းသာတော့မယ်ဆိုပြီး …သဒ္ဓါတရားများဖြစ်ပွားလာ၍…..။
.ယခုလို…#၄၅ရက်ဓမ္မခရီးသိခဲ့လေပြီချမ်းသာနည်း။ဆိုတဲ့… ခေါင်းစဥ်နဲ့…အပိုင်း ၂၇ ထိ ရေးသား၍.. မျှဝေလိုက်ရပါတယ် ရှင်…
🙅🙅🙅🙅🙅🙅🙅
ဤတွင် အပိုင်းအားလုံး ပြီး ဆုံးပါပြီ။
🙏🙏🙏🙏🙏🙏🙏🙏🙏
စာရှုသူအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏🙏