Spread the love

မနက်အစောကြီး ၃နာရီဆိုနိုးရတယ်။၃နာရီ၃ဝမှာ တန်းစီရတယ်လေ။ ၃နာရီ၄၅မှာ ဓမ္မာရုံကြီးထဲ ရောက်ပါပြီ။ တရား မတက်ခင် ကထိုင်လျှက်အိပ်ပျော်သွားတတ်ပေမယ့် တရား တက်ပြီး ဉာဏ် စင်အဆင့်ဆင့်ဆို မအိပ်တော့ပါပဲ။တစ်နာရီခွဲအချိန်ဘယ်လိုကုန်သွားတယ်မသိလိုက်ပါဘူး။ ၅နာ ရီ ၁၅ဝန်း ကျင်မှာ ဆွမ်းစား ဆောင်ကြီးမှာ အရုဏ်ဆွမ်းစားရပါတယ်။ စားပွဲတစ်ဝိုင်းမှာ ယောဂီ ၄ယောက် ထိုင်ရတာပါ။ကျွန်မက လူလည်ကြပြီး ဆရာတော် တို့ဝိုင်းကို ကျောခိုင်း တဲ့ခုံအ ရင်ဦး တာ ပေါ့။ဒါ မှ။မဟုတ် ရင် ဆရာတော့် ကို ကြောက်တော့ ခေါင်းကြီး တွင် တွင်ငုံ့ နေရ မယ်လေ။ စပ်စုချင် သေးတာကိုး။ မျက်နှာချင်း ဆိုင်ခုံမှာ မမိုး။ညာဖက် ခုံမှာ သန်းသန်း။ဘယ်ဖက် ခုံမှာ ဖြူ ဖြူခိုင်။အဲ့လိုထိုင်ရတာပါ။မမိုးကတော့ ဆရာတော့်ကိုမျက်နှာချင်းဆိုင်ထိုင်ရတာပေါ့။ ဒါပေမယ့် မမိုးကအနေတည်တော့ပြဿနာ မရှိပါဘူး။ကျွန်မလို အပြင်က သစ်ပင်တွေလည်း ကြည့်ချင် သူ မှမဟုတ်တာ။ ဆွမ်းစားဆောင်ကြီးထဲမှာ မီးရောင်ပဲရှိပြီးအပြင်မှာ မှောင်နေတာပါပဲ။ သင်္ကြန်တုံး ကဆို ဆွမ်းစား ချိန်ဆို အပြင်မှာလင်းနေပါပြီ။မြူတွေ ဆိုင်းပြီးလှပတဲ့ ဧပြီမနက်ခင်းမှာ ထန်းပင် တွေ ပန်းပင် တွေကို ကျွန် မ နှစ်သက် စွာ ငေးမိ မြဲ။ ဒီဇင်ဘာ ဇန်နဝါရီ ရဲ့ ညတာ ရှည် မှုတွေ က အရုဏ် ဆွမ်းစား နေလည်းအပြင် မှာ အမှောင်ထုသာ ရှိပါ တယ်။ ကြမ်းပြင်တွေကအေးစက်နေ တော့ ခြေစွပ်ကမပါ။အသာလေးခြေဖျားထောက် ထားရတာပါလား။ခေါင်းစွပ်ချွတ်လိုက်ရင် နား ရွက်တွေပါအေးစက်နေတော့တာ။

ဆွမ်းစားဆောင် အဝင် တံခါးမကြီးက တဝက်ဖွင့်ထားတော့ လေတွေက အေးနေ တာပါ။ အပြင် မှာတော့ အလင်း ရောင် မရှိ ။ မီးရောင် အနည်း ငယ် သာရှိ ပါလား။ မနှစ်က ဆောင်း။ မနှစ်က ဒီ ဇင်ဘာ၃၁မှာ ည၁၂နာရီလည်း ဟက်ပီး နယူးရီးယား လို့ အော်မယ့် သူမရှိလည်း ဘဝ အတွက်က တကယ့်ကို Happy Time ပါ။ ဆွမ်းစား ပြီးရင် တစ်ပါး ကျောင်း လေးဆီ ပြန်ပြေး ကြတဲ့ အ ခါ လမင်းက ကောင်းကင်ပေါ်ကကြည့်နေတတ်ပါတယ်။တစ်ပါးဆောင်အပေါ်ကနေ လမင်းကို ခဏ ခဏ ကြည့်မဝစွာ ကြည့်ခဲ့ရတာ ဘယ်လို မေ့နိုင် ပါ့။ ၆နာရီ ဓမ္မာရုံဆီ တရားနာ၊ တရား အစစ်ခံဖို့ ပြန်ဝင် ချိန်မှာပင် အလင်း ရောင်က မပီပြင်။ ဓမ္မာရုံထဲ မဝင်ခင် လေးဆို အလင်းသဲ့သဲ့မှာ အဝေး က မပီမပြင် ထန်းပင်စု ကို လှမ်း ကြည့် မိမြဲ။ မီးတိုင် လှလှလေး တွေနဲ့ စင်္ကြာ ပင်ပုလေးက ပန်း ဖြူဖြူတွေထိမြင်ရပါလား။ နိစွဓူဝ၄၄ရက်လုံးမြင် ရတဲ့သည်မြင်ကွင်း။ ပထမဦးဆုံးရက်ကတော့ ၉နာရီမှ ကျောင်းကိုရောက်တာ မဟုတ်လား။ မြေဇင်းက ဘူမိဇေဌပါ။ ဗောဓိ အေးငြိမ်းကလည်း ကျွန်မတို့ရဲ့ဘူမိနက်သန်ပါပဲ။အခုသွားမလားဆို အခုသွားချင်တဲ့နေရာပါပဲ။လာချင်ပါသော်လည်း ခရီးက ဝေးနေဆဲ ပါလား။ ကျွန်မက ဗောဓိ အေးငြိမ်းမှာ နေရတာ တရားလာသင်တဲ့ ကျောင်းသူ တစ်ယောက် လိုပါပဲ။ ည၉ နာရီက မနက်၃ နာရီထိတော့ ကြောက် နေတတ် ပြီး မနက်၃ နာရီ က ည၉နာရီထိ ပျော်နေတော့တာပါ။ ကိုယ့်ဖာသာ အသက်ကြီးနေတဲ့ အဖွားကြီးဆိုတာလည်း သတိ မရ။ ဘော်ဒါ ဆောင်လာနေတဲ့ ကျောင်းသူလေးလို ဆရာသင်သမျှ စာကြိုးစားဖို့ ပဲစိတ်ထဲရှိနေခဲ့ တာပါ။

အခုလည်း ဆရာတော် ဦးပညာဒီပရဲ့ ဆွမ်းစားဆောင် ပုံနဲ့ လပြည့်လမင်းကြီးက ကျွန်မကို ဗောဓိ အေးငြိမ်းဆီ ပြန်အလွမ်းသည်းစေတာ ပါပဲ။ အမှန်ဆို ကျွန်မနဲ့ မမိုးက ချိန်းထားတာပါ။ ဒီဇင်ဘာ ၃၁ရက်ကို ဗောဓိအေးငြိမ်းက ၄၅ရက်စခန်းတခုမှာ ဝင်ဖြစ်အောင်ဝင်မယ်လို့။ ကျွန်မတို့ကိုလော ကကြီးက အနတ္တဆိုတာ မမမေ့ရအောင် များခုလိုဖြစ်စေခဲ့ တာလား။ ယောဂီတွေကို ၄၅ရက် အ တွေ့ အကြုံတွေ စာရေးခိုင်းတော့ ကျွန်မက စားပွဲ၊ကုလားထိုင်နဲ့ ဆွမ်းစားဆောင်ထဲ စာသွား ရေး နေ ခဲ့ တာပါ။သင်္ကြန်ဆို ဆွမ်းစား ဆောင်ကြီး ပြည့်လို့ အပြင် စင်္ကြန် တွေထိ စား ပွဲ ကုလား ထိုင် တွေ ထုတ်ပြီး ဆွမ်းစားရတဲ့ ထိယောဂီတွေ များလွန်း ပါတယ်။ လာမယ့် သင်္ကြန်ထိတော့ မနေပါ နဲ့ လား ကိုဗစ် ရယ် လို့ တွေးပေ မယ့် ကိုယ့်ကိုယ် ကိုမှ မပိုင် တာ ကိုဗစ် ကိုလည်း ဘယ်ပိုင် ပါ့ မ လည်း။ ကျွန်မပိုင်ရင် ကိုဗစ်ကို စင်္ကြဝဠာတံတိုင်းထိသွားထားထားလိုက်မှာပေါ့။ သင်္ကြန်ကိုမျှော် ။ ဘယ်သော အခါမှ ရိပ်သာဆီ သွားနိုင်ပါ့ မလဲ။တစ်နေ့ နေ့ပေါ့လေ။

အန်တီ ခိုင်ဇင်သက်(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published.