Spread the love

ပုံမှန်ဆို စာရေးသူက မေတ္တာကို ဘယ်လိုလေး ပို့လေ့ ရှိပါသလဲ ဆိုရင်ဖြင့် တရားထိုင်သလို ထိုင် လိုက် ပါတယ်။ ပြီးလျှင် ရှေးဦးစွာ ပြုဖွယ် ကိစ္စ မှန်သမျှ ပြုလုပ်ပြီး ပါလျှင် မိမိ ၏ နှလုံးသား ကို အာရုံ ယူလိုက် ပါတယ်။ ပြီးလျှင် ငါသည် ကျန်းမာရပါလို၏ ချမ်းသာ ရပါလို၏ ဆိုပြီး စိတ် ထဲမှ နေပြီး ရွတ်ဆိုမှုလေး ပြုပြီး စိတ်ကိုတော့ နှလုံးအိမ်ကို ထိုးစိုက် ထားပါ တယ်။ထိုသို့ ဘယ်အချိန် ထိ ပြုလုပ် သနည်း ဆိုလျှင် ဘဝင် ငြိမ်ကျ သွားသည်ထိ ပို့လွှတ် ပါသည်။ ငြိမ်ပြီ ဆိုမှ အပြင် ကို စပို့ လွှတ်ပါ သည်။ အပြင်ကို ပို့လွှတ်သည့် အခါ မိမိ အာရုံယူမည့် အထူး ပုဂ္ဂိုလ်များ ရှိခဲ့ ပါလျှင် ထိုပုဂ္ဂုလ်၏မျက်နှာကို အာရုံအရင်လှမ်းယူပါသည်။အာရုံမိပြီထင်ရှားပြီ ဆိုတာနှင့် ၎င်းပုဂ္ဂိုလ်၏ နှလုံး အိမ်ကို အာရုံ ပြု၍ ငါဘေးရန်ကင်း၍ ချမ်းသာ သကဲ့သို့ ထိုသူ(….) ကျန်းမာပါစေ ချမ်းသာ ပါစေ။ဘေးကင်းပါစေရန်ရှင်းပါစေ။မိမိ၏ခန္ဓာဝန်ကိုကောင်းစွာရွက်ဆောင်နိုင်ပါစေ။ဆိုပြီးစိတ်နဲ့ရွတ်ပွားပြီးထိုသူ၏နှလုံးအိမ်ကိုစိတ်စိုက်ထားလိုက်ပါတယ်။ထိုအပို့ခံရသူ၏ မျက်နှာပြုံးပျော်ရွှင် လာသည့် ပုံရိပ်လေး ထင်လာသည် နှင့် ရပ်လိုက်ပါသည်။ ထို့နောက် အထူးပြု ပုဂ္ဂိုလ် မရှိခဲ့လျှင် သတ္တဝါ အနန္တကို ပို့လွှတ် ပါသည်။ ပို့လွှတ်ပုံမှာ မိမိ၏ နှလုံးအိမ်ကို အာရုံပြန်ယူ စိတ်စိုက်ပြီး မိမိ ကိုယ်၌ အအေးဓာတ်ဖြစ်ပေါ်လာသည့် အခြေအနေကိုအာရုံယူ၍..ငါဘေးရန်ကင်း၍ချမ်းသာ သ ကဲ့သို့ဆိုပြီးစိတ်ထဲကနေ မိမိ၏ချမ်းသာမှုကိုအာရုံပြုကြည့်ပြီးအာရုံယူလိုက်ပါသည်။၃၁ ဘုံသား အားလုံးကို စိတ်ဖြင့်အာရုံယူ၍ စိတ်ဖြင့် ဝိုင်းထားသော အဝိုင်းပုံ စက်ဝိုင်းကြီးထဲသို့ စိတ်ကို စိုက် ထား လိုက်ပြီး။ ၃၁ ဘုံ၌ကျင်လည်ကြ ကုန်သော သတ္တဝါအနန္တတို့ ကျန်းမာကြပါစေ ချမ်းသာကြ ပါစေ။ဘေးကင်းကြပါစေ။ရန်ရှင်းကြပါစေ။မိမိတို့၏ ခန္ဓာဝန်ကိုကောင်းစွာ ရွက်ဆောင်နိုင်ကြပါ စေ။ဆိုပြီးစိတ်နဲ့ရွတ်ဆို၍စိတ်ကိုစက်ဝိုင်းထဲသို့ထိုးစိုက်ထားပါသည်။ဤသို့ပို့နေရင်းစိတ်ကလေးရပ်ချင်လာသည့် အချိန်ကျလျှင်ပို့လွှတ်ခြင်းကို ရပ်တန့်လိုက် ပါသည်။အားလုံးပြီးလျှင် သစ္စာဖြင့် နိဂုံးချုပ်လိုက်ပါသည်။

အကျွနုပ်သည် ယခု မိမိကိုယ်ကို မေတ္တာပို့ခြင်း သတ္တဝါ အနန္တကို မေတ္တာပို့ခြင်း အမှုအား ပြုလုပ် ဆောင်ရွက် ပြီးခဲ့ ပါပြီ။ ဤစကားသည် မှန်၏ ဤသစ္စာသည်မှန်၏ ဤမှန်ကန်သောသစ္စာစကား ကြောင့် တပည့်တော်ပို့လွှတ်သော မေတ္တာများသတ္တဝါများ ရရှိကြပြီး အေးချမ်းကြ ပါစေ။ထို့သို့ သစ္စာ နှင့် ချုပ် လိုက် ပါသည်။ ဤ တွင် မေတ္တာ ပို့ ခြင်း ပြီး၏။ စာရေး သူ ၏ မေတ္တာပွား ပို့ပုံ ကို အသေးစိတ် ရေးပေးခြင်းမျှသာ…တစ်ဦးနှင့်တစ်ဦး ပွားပို့ပုံခြင်း မတူနိုင်ကြပါ။စိတ်ခြင်းအကြိုက် ခြင်း စရိုက်ခြင်းမတူကြသည်မို့..မိမိတို့စိတ်အားသန်ရာပွားပို့ တက်ကြပါသည်။လိုရင်းအနှစ်ချုပ် လေးက တော့ဖြင့် မိမိ ကိုယ်ကို အရင်ချမ်းသာအောင် လုပ်ပြီး မိမိချမ်းသာသလို တစ်ပါး သူတွေ လည်း မိမိလို ချမ်းသာကြပါစေ လို့ဆိုတဲ့… အေးမြတဲ့ မေတ္တာ ဓာတ်လှိုင်း တွေ ဖြစ်အောင် မိတ္တူ ပွားခြင်း မျိုးလို ပါပဲ။ ထို့ကြောင့် မေတ္တာသည် ညီမျှခြင်း ရှိရပါမည်။ ပို့မည့် သူသည် အရင် အေး ချမ်းနေရပါမည်။အပို့ခံရသူရမရသည်မိမိနှင့်မဆိုင်။မိမိ၏အလုပ်သည်မိမိအေးချမ်းသလိုသူတစ်ပါးတွေသတ္တဝါတွေ အဖြူ အမဲ အကြီးအသေး အနီးအဝေး မြင်အပ် မမြင်အပ် ရှည် တို အလတ် မှန်သမျှ မိမိလို အေးချမ်းပါစေ ဆိုတဲ့ စိတ်ကသာလျှင် အဓိက ကျပါသည်။စာရေးသူကကျတော့ စိတ်က ဘာဝနာ အလုပ်တွေ လုပ်နေသူမို့ အထူး တည်ငြိမ်အောင် အချိန်ယူ၍ သမာဓိ ထူထောင် နေစရာ မလို တော့တာမို့ မိမိ ကိုယ်ကို ငြိမ်းအေးအောင် အရင် ပို့လွှတ် ဖို့ရာ အင် မတန်ကို လွယ် လွန်းမြန်လွန်းလှပါသည်။စိတ်ကလေး ၂ မိနစ် ၃ မိနစ်လောက်ဆို အနည်ထိုင်ကျ ငြိမ်ကျသွားပြီမို့ ပို့ချင်သည်များ တခဏအတွင်းနှင့်စိတ်ညွှတ်လိုက်ရုံပါပဲ။

တရား အားမထုတ် ခင်တုန်းက တော့ မေတ္တာပို့တာ အရမ်း ခက်ခဲလွန်း ခဲ့ရပါတယ်။ ဘာလို့လဲဆို တော့ မိမိကိုယ်၌ကမှ မငြိမ်းချမ်းတာ ဘယ်လိုပို့လို့ရ မလဲနော်။ကျန်းမာပါစေ လို့စိတ်ကဆိုလိုက် ပေမယ့် ရင်ဘက်က ပူနေတာလေနော်။ ဘဝင်ကမငြိမ်းချမ်းဘူးလေနော်။ဒီတော့ မိမိကိုယ်၌ကမှ မငြိမ်းအေးတာ ဘယ်လိုလုပ်ပြီး သူတပါးကို ချမ်းသာစေချင် ငြိမ်းအေးစေချင်တဲ့စိတ်ကို ပို့လွှတ် လို့ရ မလဲနော်။ ပါးစပ် မေတ္တာပဲရနေ တာပေါ့..မေတ္တာဆိုတာ စိတ်နဲ့ပို့လွှတ်ရ တာလေနော်။အဲ့လို မိမိကိုယ်ကို အေးအောင် မလုပ်နိုင်ခဲ့လို့ မေတ္တာမပို့တက်ခဲ့ ရပါဘူး။ဟော… တရား အားထုတ် ပြီး နောက်ပိုင်း လည်းကျရော..Auto မေတ္တာ စိတ်ကြီးကို ဖြစ်သွားတာ ပါလားးးးးး🤗🤗🤗🤗စာရေး သူရဲ့ တရား အား ထုတ် တဲ့ မူ လ ရည် ရွယ် ချက် ကိုက စိတ်ချမ်း သာချင် လို့လေ နော်။ တကယ် လည်း စိတ် ချမ်းသာ နည်းလည်း သိသွား ရော…ဟော… မေတ္တာ ကမ္မဌာန်း ကို အသေး စိတ် လေ့ ကျင့်လို့ ရသွားပါလေ ရောကွယ်🤗🤗🤗..အိုးး ဘာပြောကောင်းမလဲ လွယ်မှလွယ်😁..စိတ်ညွတ် နည်းစနစ်ကို သေသေချာချာ သင်ပေးလိုက်တဲ့ ဆရာတော် ဘုရားများ ကိုလည်း ကျေးဇူး အရမ်း တင်ရ ပါတယ်။🙏🙏🙏🙏🙏 ထိုသို့တ ရားအားထုတ်ထားသည့်အခြေခံကြောင့်သာလျှင် မေတ္တာ ပို့ရတာအင်မတန်ကိုလွယ်ကူသွားခဲ့ရပါသည်။ မဟုတ်ရင် ယောင်ချာချာဖြစ်နေဦးမှာပါ။ဒါမို့ ယခု ဒီစာလေးကို ဖတ်မိ ကြသည့် သူတော်ကောင်း အားလုံးလည်း မေတ္တာကို လက်နက် သဖွယ် ကိုင် ဆောင်ထားကြပါလို့ တိုက်တွန်းလိုက်ရပါသည်။

တစ်ဖက် ရန်သူက မီးနဲ့ လာရင် ရေနဲ့သာ လောင်းချပေးလိုက်ပါ။ဘာလာလာငြိမ်းအေးဖို့ ရေကိုပဲ ဆောင်ထား ကြပါ စို့နော်။ တဆက် တည်းမှာပဲ စာရေးသူ သိစေချင်မိတာလေး တခုက… စာရေး သူ အထူး မေတ္တာ ပို့ပေးမည်ဟု သုံးနှုန်း လိုက်ရ ခြင်းသည်။ ငါ့ကိုဆုတောင်းပေးသူများသာ ချမ်း သာပါစေ ကျန်သူများမပါ…ဟု…ဒီလို ဆိုလို လိုက်ခြင်း မဟုတ်ပါ ဘူးနော်။❌ဆိုလို ချင်တာလေး က တော့ပုံမှန်အမြဲပို့ပေးနေကြထက် အချိန်တခု ကန့်သတ်ပြီး ပို့ပေးပါမယ် ထိထိရောက်ရောက် စိတ်ကလေးကို ညွတ်ပို့ပေးပါ မယ်လို့ ဆိုလိုသည့်သဘောပါ။အမြဲလည်း ပို့လွှတ်ပေးနေပါသည်။ ဒါလေးကို အထင် မမှား စေချင်၍ ရေးပေး လိုက်ရ ပါ၏။🤗🤗🤗🤗🤗စာရေးသူမှာ ခွဲခြား ဆက် ဆံခြင်း မျိုး ဆိုသည့် စိတ်ထားမျိုးနဲနဲလေးမျှ တောင်မရှိတာပါ။ရှိလို့ကိုလည်း မရတာပါ။သတ္တဝါ တိုင်းကို မိမိ၏ ကိုယ်ပွားများ သကဲ့ သို့သာ မြင်လို့ ရပါ သည်။ ဤသည်ကား ဆိုလျှင် ဖြင့်စာရေး သူ၏သစ္စာစကားပါ။စာရေးသူကိုယ်တိုင်မိမိမနှစ်သက်သည့်မည်သည့်အရာကိုမှမကျင့်သုံးပါ။❌ညီမျှခြင်းကို အင်မတန် နှစ်သက် ပါသည်။✅သတ္တဝါ အားလုံးကို ဤစာနဲ့ အတူ မေတ္တာပို့ သပေး လိုက် ပါ၏။ ကျန်းမာ ကြပါစေ ချမ်းသာ ကြပါစေ။ လိုရာ ဆန္ဒများ ပြည့်ဝ ကြပါ စေ။

Nippon San(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *