Spread the love

ကျန် ခဲ့ တဲ့ ၆ နှစ် ခန့် က နေ့ စဉ် ရက် ဆက် မိုး ကုပ် ဆရာ တော် ကြီး တ ရား တွေ နာ ပါ တယ်။ နားကတရားနာ ဉာဏ်လေးက ခန္ဓာလှည့် အချီချီဟော သဘောက မပေါက်ပါ။ တရား နာနေ တုံး ဘယ်လို တရားမှတ် မလည်း ပေါ့။ ကျွန်မ ဉာဏ်က မလိုက် နိုင် သေး တာ ပါ။ သည် လို နဲ့ တရား တွေ အမျိူးစုံလင်နာပါလျှက် ခန္ဓာဉာဏ်မရောက် ခဲ့ပါဘူး။ မြေဇင်း ဗောဓိအေးငြိမ်း မှာ ၄၅ ရက် စ ခန်း ဝင် ချိန် တ ရား ဟော၊ တရား စစ် ချိန် မှာ ဆရာတော် ကြီး အရှင် ကေလာသ က ပြော ပါ တယ်။ ယောဂီ တစ်ယောက်ကို တရား စစ်နေချိန် ကိုယ့် အလှည့် မ ရောက် ခင် ဆို စိတ် တွေ က ဟိုရောက် သည်ရောက်။ ဟိုကြည့် သည်ကြည့် နဲ့။ အဲ့လို မနေ ရဘူး ။ကိုယ့်အလှည့် မရောက်ခင် တရား မှတ်နေ ရတယ်တဲ့။ ကျွန်မက ဆရာတော်ကြီး ဦးကေလာသနှင့် ဆရာတော်လေး ဦးပညာ ဒီပ က သည်လို မှတ်ဆို မှတ်လိုက် တာပါ။ အဲ့သည် အချိန်မှာ တရား မှတ်နေ ရင်း မှာ တရား စစ် တာ တွေလည်း အကုန် သိနေ ပါ တယ်။ ခန္ဓာမှာ ဉာဏ်ဘယ် လို ထည့်တယ် ကောင်းကောင်း နား လည်လာ ပါတယ်။ ဉာဏ်စင် တွေ မြင့်လာ တာ နဲ့ အမျှ ဘယ် တရား နာ နာ အများကြီး သဘော ပေါက် လာ တာ ပါ။ မိုးကုပ် ဆရာတော်ကြီး မေးသလို ဆို သဘော ပါ လား ဟေ့ ဆို ပါ ပါ တယ် ဘု ရား ဖြေ လို့ ရ သွား တာ ပေါ့။ ခု နောက် ပိုင်း ဗောဓိအေးငြိမ်း က ပြန် လာ ပြီး ဝိပဿနာ ကို အများကြီး သဘော ပေါက်သွား ပါပြီ။ မဂ္ဂင်လမ်းမှာ အတော် ခရီးပေါက် သွားပြီ။ ခု နောက် ပိုင်း ကျွန်မ တရား ကတော့ အမြဲ နာပါ တယ်။

သဲအင်းဂူ ဆရာတော်ကြီး။ အောင်သုခ ဆရာတော်ကြီး၊ ဖားအောက် ဆရာတော်ကြီး..မြောက်ဦး ဆရာတော်ကြီး။ အောင်လံ ဆရာတော်ကြီး။ အကုန် နာ သမျှ ဘယ် တရား နာနာ ဉာဏ်က လိုက် နိုင်လာ ပါ တယ်။ အောင်လံ ဆရာတော်ကြီး ရဲ့ သောတာပတ္တိမဂ် ကျင့်စဉ် တရားကို နာရင်း ခန္ဓာ မှာ စိတ်ထည့် လိုက်တာ။မနောဓါတ် နဲ့ မနောဝိဉာဉ်ထိ သဘောပေါက်လာပါတယ်။ ခုနောက်ပိုင်း မနက် တရားပွဲ ဆရာတော်ဦးပညာဒီပ တရား။ ညတရားပွဲ ဆရာတော်ဦးကေလာသ တရား တွေ နာရင်လည်း နားကတရားနာ ရင်ထဲထိ ဉာဏ်ထည့်နိုင် လာပါတယ်။တကယ်တော့ ကိုယ့်ဉာဏ်က မလိုက်နိုင်သေး ချိန်တော့တရား အနှစ်နဲ့ ဝေးနေဦးမှာပါ။ ဉာဏ်ကလိုက်နိုင်လာပြီဆို ဘယ်တရား ပဲနာပါစေ ခန္ဓာ ထိစိတ်နှစ်နိုင် လာတာပါပဲ။ ခုချိန်တော့ နားက တရားနာ စိတ်ကခန္ဓာဉာဏ်ရောက် တတ်ခဲ့ပါပြီ။မြင့်မားသော သမာဓိကတဆင့် ဝိပဿနာ ဉာဏ်စဉ်အဆင့်ဆင့် ထိရောက်အောင် ပို့ ဆောင်ပေး ခဲ့‌သော ကျေးဇူးတော် အရှင်ဆရာသမား အားလုံး တို့ကို ရိုသေ မြတ်နိုး လက်စုံမိုး ၍ ရှိခိုး ကန်တော့ လိုက်ရ ပါတော့ သည်။

အန်တီ ခိုင်ဇင်သက်(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *