Spread the love

💘💘💘💘💘သံသယပျောက်ပါစေ🎶🎶အမှန်ဘဝရောက်ပါစေ==သံသယပျောက်ပါစေ🎶🎶🎶အမှန် ဘဝ ရောက် ရောက်ပါ စေလေ🎶🎶သီချင်း ဆိုချင်တာ မဟုတ် ပါဘူး။ နိမိတ် မေး ချိန်ဆို။ ဘုရား ဖူးချိန်ဆို ယောဂီ တို့ရဲ့ သံသယ တွေ မြင်ရ တဲ့အခါ သံသယ မထားဖို့ ထပ်တ လဲလဲ ပြော ပါ သော် လည်း တစ်ချိူ့ က ငြိမ်နေ တော့ နား လည် လား မ သိ။ နား မလည် လား မသိ။ ဘာ လို့ လည်းကွယ်။ ဘာလို့လဲ။ သံသယ ဆိုတဲ့ ဝိစိကိစ္ဆာကြီး က ဘာလို့ကပ်ငြိနေပါလိမ့်။ စိတ်ကနိမိတ် ပါ။ စိတ် တည်ငြိမ် ကြောင်း အချက်ပြ တဲ့ သင်္ကေတလေး ပါ လို့ ထပ်ခါ ပြောပါ သော်ငြား ကိုယ့် အားရက် စက်တယ်။ နား မလည် ဘူးထင် ပါရဲ့။ ဘယ်သို့ ရှင်းပြ ရပါ့။ ကိုယ် ပျော်ပါ သော်လည်း မော ပါတယ်။ ဖြစ်နိုင် ရင် ကိုယ်ပဲ တရား ထိုင်လိုက် ချင် ပါရဲ့။ ဘုရား ကို ယုံကြည်၊ တရားကို ယုံ ကြည်၊သံဃာကိုယုံကြည်လို့ ကိုယ့်ကိုယ်ကို ငါကြိုးစားမယ် ငါ့အင်အားရှိသမျှအရယူမယ်။ သည် သို့သာ သဒ္ဓါတွေ ရှိနေတာ ပဲလေ။ ယုံကြည် လိုက်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်လိုက်ပါ။ အကြွင်း မဲ့ ယုံ ကြည် လိုက် ပါ။ စိတ်‌ တည် ငြိမ်လို့ရ တာ ပါဆို။ စိတ် တွေက မငြိမ်တော့ တာဟာ သူများ တွေတော့ နိမိတ် ရကုန်ပြီ။ ငါရမှရပါ့မ လားတော့ စလာပါပေါ့လားကွယ်။ စာနာပါတယ်။ မအား လပ်တဲ့ ကြားကအချိန်မရ အရယူကြိုး စားရ တော့လည်း ရချင်လို ချင် စိတ်ရှိ မှာပါ။ တကယ့်ကို စာနာ တာပါ။ ကျွန်မလည်း ယောဂီ ဘဝက လာရတာပါပဲ။

ဒါပေမယ့် ကျွန်မ လုပ်ပေး လို့မရ လို့ သာပါ။ ကျွန်မ မှတ်ပေးလို့ ရမယ်ဆို မှတ်ပေးလိုက်ချင်မိပါ ရဲ့။ စိတ်က နိမိတ်ပါ ငြိမ်ငြိမ်လေး သမာဓိ တက်သည် ထက်တက်အောင် မှတ်ပါ ဆိုသော်လည်း။ အမှန်ဆို ကျွန်မတို့လည်း ယောဂီသစ်လေးဘဝ ဆရာတော်ကသည် လိုမှတ်ဆိုမှတ် လိုက်တာပါ။ ဘာမှ သံသယမရှိ ပါဘူး။ ကျွန်မကတော့ အလင်း နိမိတ်ဆိုတာ ဝိပဿနာ ခြမ်းမှာ မသိ ကျိူးကျွံ ထားရမှာပါ။ ဝိပဿနာမှာ ရမှာပါပြောပြနေပါသော်လည်း။ တခါတခါတော့ ငါတော့ ဆရာတော် ဦးပညာဒီပ ရှေ့ သွားသွား လျှောက်ရငိုရ ဝဋ်တော့ လိုက်ပြီလား တောင် တွေးပါရဲ့။ ယောဂီ တိုင်း နိမိတ် တွေရဘုရား တွေဖူး၊ ဝိပဿနာ မှာလည်း ဉာဏ်စင် တွေ မြင့်ဖြစ် စေချင်မိ ပါတယ်။ ပျော် လိုက်မော လိုက်နဲ့ ပဲတစ်ပွဲပြီး တစ်ပွဲပါ။ ကိုယ်ပြော ပြလို့ နားလည်ပြီး အဆင်ပြေ သွား ရင် ထပ် တူညီဝမ်းသာရပြန်ရော။ ကျွန်မကတော့ရတနာသုံးပါးကို အကြွင်းမဲ့ယုံကြည် ပါတယ်။ဒါကြောင့် ဝိစိကိစ္ဆာဆို တာမရှိ ပါဘူး။ အားလုံးကို သည်သို့ သည် သို့ ဖြစ် စေ ချင်မိ ပါသော် လည်း။ သူ က သူကိုယ် ကကိုယ် လို့ကျွန်မ ကနားလည် ပြီးသားပါ။ ဒါကြောင့် သံသယတွေ ပျောက် အမှန်ဘဝ ရောက်ကြပါစေလို့ မေတ္တာပို့သပေးယုံမှလွဲ=======။

အန်တီ ခိုင်ဇင်သက်(Facebook မှ ကူးယူး ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *