Spread the love

ကျွန်မ ဗုဒ္ဓဂါယာ မရောက်ဘူးပါ။ သွားချင်လိုက်တာဆိုတဲ့ ခံစားမှုနည်းတာရော။ မတမ်းတမိတာ‌ ရော။ သူငယ်ချင်းသန်းသန်းနဲ့ မမိုးကတော့ ရောဂါကင်းစင် ကမ္ဘာတစ်ခွင်ဖြစ်ရင် ဒို့ သူငယ်ချင်း၃ ယောက်အတူ သွားမယ်တဲ့။ ကျွန်မမ တက်ကြွလေတော့ သူတို့ကအားမရ။ ပိုက်ပိုက်ပေါတဲ့ မမိုး က တော့ မဇင်ရယ် မမိုး တို့ရှိ ပါတယ် တဲ့။ ပိုက်ဆံ တွက် နေတယ်ထင် မှာပေါ့။ ပိုက်ဆံက ခုချိန် သားကို မေမေ ဗုဒ္ဓဂါယာ သွားချင်တယ် ပြောရင်ပေးမှာ သိပါတယ်။ ကျွန်မကိုက စိတ်အားထက် သန်မှုနဲ တာပါ။ ကျွန်မ စိတ်က ရတနာဃရ စံအိမ် ရှေ့ ပဌာန်း ရွတ် ချင်တာ တစ်ခု က လွဲ ဘာ မှ မတက်ကြွ ပါဘူး။ ရိပ်သာမှာ ဆရာတော် ကြီးက မြတ်စွာ ဘုရားရဲ့ဖွား၊ ပွင့်၊ဟော၊ စံဖူး ကြဆိုတဲ့ နေ့က တော့ ကျွန်မ မှတ် နေရင်း ပထမဦးဆုံး သည်နေရာ လေးရောက်သွား ပါတယ်။ ခုလို တော့ လူတွေ၊ ပန်းတွေ မရှိပါပဲ ပကတိကျောက်သား ပန်းပွင့်လေးတွေ ကိုပဲ မြင်ရ ပါတယ်။ ကျွန်မ က မြေဇင်း တရား တွေကို အလွန့် အလွန် နှစ်သက် ပါတယ်.။ ဗုဒ္ဓါနုဿတိ မှတ် ရတာ ကြိုက် သလို မေတ္တာ ကမ္မဌာန်းကတော့ အလွန့်အလွန် ကြိုက် ပါ။ အမြဲလို သတိလွတ်ရင် နည်းနည်း သတိဝင် တာနဲ့ ငါသည်ဘေးရန်ကင်းရပါလို၏ ချက်ခြင်းစိတ်ထဲ ရောက်ပါတယ်။ ခက္တာကသေမယ်သိသိနဲ့ မရဏာ နုဿတိမကြိုက်တာပါပဲ။ ရိပ်သာမှာ မှတ်ကာစ သင်္ကြန်မှာ ကိုယ့်ကိုယ်ကို သေသ လိုကို စိတ်ထား မရပါဘူး။ တစ်ရက် လုံး မှတ်မှ တစ်ခါလားသေတာ မြင်ရ ပါတယ်။ မှန်ခေါင်းလေး ထဲ နှင်းဆီနီနီလေးနဲ့ လှလှပပသေနေတာ တစ်ခါထဲမြင်ပါတယ်။ဆရာတော်ဦးပညာဒီပပြောပြသလို အနုပညာရှင်တွေရဲ့ ဓမ္မစက္ခုအမြင်က သိပ်လှပသတဲ့။ ကျွန်မ မြင်သမျှက တကယ်လှပါတယ်။

ကျွန်မ ညီမလေးဝိုင်းကတော့ မရဏ နုဿတိ မှတ် ရကြိုက်သတဲ့။ ကျွန်မက သေရ ဦးမယ်တော့ ဆင်ခြင် ပါတယ်။ ဒါပေမယ့် မရဏာ နုဿတိ ကိုတော့ အချိန်ပေး မမှတ် ဖြစ်။ မေတ္တာ ကမ္မဌာန်း ကိုသာ တခါတခါ တစ်နာရီ မက မေတ္တာ ပို့ကောင်း နေတာ။ ဒါပေ မယ့်။ သည်နေ့ က အမှတ် စဉ် ၁၁မြေဇင်း ယောဂီတွေ မရဏာနုဿတိ မှတ်တဲ့နေ့။ ကျွန်မလည်း အမြဲလိုလို အချိန် မပေးတက် သော မရဏာ နုဿတိ လိုက် မှတ် ပါတယ်။ မရဏာ နုဿတိ မှတ်ရင် အရင်ထက် လွယ်တာ က ၄၅ရက် စခန်းက အနာဂတ် မှန်ကြည့်ပြီး ထဲက ကျွန်မ သေတာ မြင်ဘူး တော့ မှတ်ရတာ ပိုလွယ် လာပါတယ်။ ခပ်သိမ်းသော သတ္တဝါ တို့ တဖွဲဖွဲ သေနေကြ သလိုတဲ့။ အင်းးးးးးးးးးးးးးမြင်ရ လွယ် ပါတယ်။ ဖုန်းထဲမှာ များ လိုက်တဲ့ အလောင်း ကောင်တွေ။ ငါသည်လည်း သေရဦးမှာ ပါတကား။ သေရ ချည်သေး။ သေရ ချည်သေး။ အဲ့လိုလည်း ရောက်ရော ကျွန်မက ရယ်ချင်ရော။ ကျွန်မ က ဗောဓိအေးငြိမ်း မြေဇင်း အွန်လိုင်း တရားစခန်းရဲ့ ဗော်လန်တီယာပါ။ အမေး အဖြေ ရက်တွေမှာ အမှတ်စဉ်၃ ကတည်းက ဖြေနေရ တာပါ။ ယောဂီတွေရဲ့ အမေးပေါင်းများစွာကို အမြဲကြားနေရ ပါတယ်။ ယောဂီတွေ များတာနဲ့ အမျှ မေးတာ တွေမှာ မထင်မှတ်တာတွေ ပါလာတတ်ပါတယ်။

အမေး အဖြေ ဖြေရတာ အတော် လေး လျှင်မြန် စွာ လည်း စဉ်းစား ရပါ တယ်။ ကျွန်မ ကတော့ မေးသမျှ သိရင်သိတာ ဖြေမယ်။ မသိရင် မသိတာ ပြောပြမယ်။ ရိုးသားစွာပေါ့လို့ အမြဲတွေးဖြေ ပါတယ်။အမှတ်စဉ် တစ်ခုမှာပါ။မရဏာနုဿတိနေ့မှာ ယောဂီ ငယ်ငယ် တစ်ယောက်က ပြောပါ တယ်။ အန်တီ ။ သေရ ချည်သေး။ သေရ ချည်သေး ဆိုတာ ကြီးက ရွတ် မကောင်း ဘူး။ ထောင့် ထောင့်ကြီးမို့ မရွတ်ရင်ရ သလားတဲ့။ကျွန်မရုပ်တရက် ဘာပြောရမှန်းမသိ။ကျွန်မတို့တုံးကတော့ ဆရာတော်က ဒါကျက်၊ ဒါရွတ်၊ ဒါမှတ် နဲ့ ပြောလိုက်ရင် သည်တိုင်း၊ကျက်၊ ရွတ်မှတ်တာမို့ မစဉ်း စားမိ။ ဒါကြောင့်မို့ ဒါဆိုလည်း သမီးရယ် သေရဦးမယ်။ သေရဦး မယ်သာ မှတ်ပါတော့လို့ ဖြေရ တယ် လေ။ သည် နေ့ မရဏာ နုဿတိ မှတ် ရင်း အဲ့သည် ယောဂီ လေး သတိရ ပြုံး မိပါ တယ်။ အမေး အဖြေ ဖြေရတာ တကယ်ဆို အထူးအဆန်း မေးတာ လေးတွေ ကို မကြာခဏကြုံရတိုင်း ပြုံး ရပါ တယ် ။ မေးလည်း မေးတတ် ကြ ပါ လား ။ ကောင်း ပါတယ် ။ အတွေ့ အကြုံ ရတယ် ။ ကုသိုလ် ရတယ်။ ကျွန်မ လို တွေ့ သမျှ စာရေး ချင်သူ က အတွေ့ အကြုံကောင်းတွေ ရပါတယ်။ မြေဇင်း နည်းစနစ် အဆင့်ဆင့်ကိုလည်း ဉာဏ်စဉ် အဆင့်ဆင့် က အစ အကျွမ်း တဝင် မှတ်မိနေ တာက အမေးအဖြေ ကဏ္ဌရဲ့ ကျေးဇူးပါ။ ကျွန်မက ယောဂီ တွေ ဘုရား ဖူးပြီဆို သဘော ကျလို့ တခါတခါ လိုက်ဖူးကြည့်ပါသေးတယ်။ရိပ်သာမှာဆို ဆရာတော်က အိမ်ဘုရားကိုမဖူးခိုင်းပါဘူး။

ကျွန်မ ကလည်း အိမ်က ဘုရား တစ်ခါမှ မဖူး ပါဘူး။ ၁၅ရက် စခန်း တွေ ရှိစဉ်က အမေး အဖြေ ရှိ တဲ့ နေ့ မှာ ဆရာတော် ဦးပညာဒီပ တရားနာရင်း ကိုယ်ဖြေရမယ့် အချိန် စောင့် ပါတယ်။ ဆရာ တော်က ယောဂီတွေကို ၅မိနစ်လောက် အိမ်ကဘုရားဖူးကြရ အောင်ဆိုမှ ငါလည်းအိမ်ကဘုရား တစ်ခါမှ မဖူးဘူးဘူး။လိုက်ဖူး ကြည့်မယ်။ ၅မိနစ်ထဲ ရပါ့မလား တွေးမိသေး။ မှတ်နေခိုက် ပထမ ဘုရား ကျောင်းဆောင်ရဲ့ မှန်တွေ အရင်မြင် ပြီးမှ။ ဆရာသက်နှင်းဆွေ လှူထားတဲ့ နဂါးရုံ ဘုရား။ သမီးလေး တစ်ယောက် လှူထားတဲ့ ရွှေသိမ် တော် ဘုရား။ စသည် စသည် ကျောင်းဆောင် ထဲ ရှိ ဘုရား လေးတွေမှအစ အကုန်ဖူးရ ပါတယ်။ ကြည်နူးပီတိ ဖြစ်ရ ပါပေါ့။ ကျွန်မ ဘဝမှာ မြေဇင်း က ပြန်မှ တစ်နေ့ အနည်းဆုံး တရား တစ်ခါမှ မထိုင် ရရင် ကိုယ့်ကိုယ်ကို လူမိုက်ကြီးလို့ ထင်နေ တော့ တာပါပဲ။ ဝိပဿနာ ဖြစ် ပျက် တွေကို သတိထား ရင်း ကျွန်မက တော့တစ်နေ့ တစ်နေ့ ၃၁ ဘုံ အလည် ထွက်လို့ မေတ္တာ တစ်ခုက တော့ မပျက် မကွက် မှတ်နေ တတ်တော့ တာပါ။

အန်တီ ခိုင်ဇင်သက်(Facebook မှ ကူးယူး ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *