Spread the love

တစ်ကယ် ဆို ကျွန်မတို့ရဲ့ စိတ်။ သည် စိတ် ကလေးက ရိုးသား ဖြူစင် လွန်းလို့ အပေါင်း အသင်း မှား တတ် ပါတယ်။ အင် မတန် ဖြူဖွေး တောက်ပ လို့ အရောင် တ လက် လက် စိတ် ကလေးက လောဘ ဒေါသ မောဟ မာန စသည် စေတသိတ် တွေနဲ့ သွားပေါင်း မိတာ ကိုး။ သည်တော့ စိတ် လေးဟာ ညစ်နွမ်း မှေးမှိန် သွားပါ တော့တယ်။ မူလက တလက်လက် အလင်းရောင် ထွက်သမျှ လမင်းကို တိမ်မည်းတို့ ဖုံးအုပ်သလို လောကကို အလှမဆင်နိုင်တော့ပါဘူး။ သည်ညစ်နွမ်းနေတဲ့ စိတ်ကလေးကို ဒါန၊ သီလ၊ ဘာဝနာတွေနဲ့ ပြန်လည် သန့်ရှင်း ပေးရ ပါတယ်။ မြေဇင်း တရားမှာ တော့ သည်စိတ်ကလေးဟာ သူ့ရဲ့ အပေါင်း အသင်းဟောင်း တွေနဲ့ ထင်သလို ပျော်ပါး ပျံ့လွင့်နေ ချင်သလိုနေလာတာကို စတင်ပြီး ကိုယ်စောင့် ကမ္မဌာန်းတွေနဲ့ ပေးတွေ့လိုက် ပါတယ်။ ဘာလို့ဆို ကိလေသာ သူငယ်ချင်း တွေက သူ့ကို လက်မလွှတ် ချင်လို့ အနားမှာ ပြန်ခေါ် မလို့ ကပ်စောင့်နေ တာ ကိုး။ ကိုယ်စောင့် ကမ္မဌာန်း လေး ပါး ဖြစ် တဲ့ ဗုဒ္ဓါ နုဿတိမေတ္တာ၊ သေခြင်း တရား တွေက စိတ် ကလေးကို ဝန်းရံ လိုက် ပြီး အပြင် က အ ပေါင်း အသင်း ဟောင်း တွေ ဆီ မပြန် နိုင်အောင် တားဆီး ပေးလိုက် ပါတယ်။ ကိုယ်စောင့်ကမ္မဌာန်းတွေက စိတ်ကလေးကိုသမထ၊ဝိပဿနာတွေ အဆင့် ဆင့်ကို မြင်နိုင် အောင် ဘဝ တစ်သက် စောင့် ရှောက်ပေး မှာပါ။ တကယ် ဆို ယောဂီ က မြေဇင်း တရားတွေ ကို မြင်တဲ့ အ မြင် ဟာ ထူးဆန်း တဲ့ နိမိတ် အလင်း၊ ဘုရား တွေ ဖူးဖို့ ဆို တဲ့ လောဘ၊နိမိတ်မရ၊ဘုရားမဖူးရရင်ဒေါသဖြစ်။

ဒါဆိုရင် ယောဂီရဲ့ စိတ်ကလေးကို မြေဇင်းတရားတွေက အလွန်ဖြူစင်သော နေရာထိခေါ်ပါ့မယ် ဆိုပါ လျှက် အပေါင်း အသင်းဟောင်း လောဘ ဒေါသ မောဟ တွေကို အသာလေး ဖွက်ခေါ် လာ တာနဲ့မတူပေဘူးလား။ ကိုယ်စောင့်ကမ္မဌာန်းတွေက စတင်ပြီး စိတ်ကလေးကို စောင့်ရှောက် ချိန် အပေါင်းအသင်းဟောင်း တွေ ဖယ်ထုတ် လိုက်ပါ။ နိမိတ်အလင်းရချင်၊ ဘုရားဖူးချင် တယ်ဆိုတဲ့ လောဘ၊ သူများတွေဖူးရ၊ ငါကဖူးမှဖူးရ ပါ့မလား ဆိုတဲ့ သောက၊ မဖူးရရင်ဒေါသ။ ငါကြဘာလို့ မဖူး ရလည်း လမ်းကြောင်း မှန်ရဲ့လားဆိုတဲ့ သံသယ။ အပေါင်းအသင်း ဟောင်းတွေ ကို မြေဇင်း တရား စခန်းထဲ ခေါ်လာ၊ ရင်ထဲ ဖွက် မထား ပါ နဲ့။ သူတို့ ကြောင့် စိတ် ကလေး ညစ်နွမ်း နေတာ၊ အရင်က အပေါင်းအသင်း ဟောင်းတွေ အားလုံးကို စွန့်ပစ်မယ် ဆိုတဲ့ စိတ် ကလေး နဲ့ စတင် ပါ။ မြေဇင်း တရားက လှေကားထစ်လေးလို အဆင့်ဆင့်ပါ။ ကိုယ်စောင့် ကမ္မဌာန်း က လေးပါး။

မြေ ဇင်း တ ရား က အသုဘ ဘာဝနာ နဲ့ ‌မရဏာ နုဿတိ ပေါင်း ပါ တယ်။ ပြီး တော့ အာနာ ပါန ကလေး ဆင့် ၊ဝိပဿနာ မှာ ပုဗ္ ဗကိစ္စလေးပါး၊ ဉာဏ်စင် ဆယ်ပါး။ လှေကား ထစ်ပေါင်း၂၂ ဆင့် လောက် ကို တင်ခိုင်း တာ ပါ။ ပြီးမှ အပေါ် ရောက်ထိ တင်ပေး လိုက်တာ။ တစ်ဆင့်ချင်း ကိုကျေ ညက် မှ သာ အ ဆင့်ဆင့် တက်နိုင် ပါတယ်။ ကကြီး ခကွေးမှ မကြေရင် က၊ကာ၊ကိ၊ ကီကိုဘယ် သို့တက် ရပါ့။ မြေဇင်း တရားမှာ ဆရာတော် ဘုရားက ကြိုးတစ်ကုံးသာ သီစရာပေးလို့ ပန်းခင်း ကြီးထဲ ထည့်ပေး မှာပါ။ ဖြူစင် လှပ မွှေးကြိုင်သော ပန်းတို့ ရဖို့ ကိုယ့်ဖာသာ ရှာဖွေ သီကုံး ရပါ မယ်။ ဆရာတော် က ပန်း ဖြူဖြူ မွှေး မွှေး လေး တွေ လို ချင်၊ ဘယ် သို့ ခူး ပါ သာ ညွှန် ပါ မယ်။ ယောဂီတို့ဖာသာ ရှာဖွေခူးဆွတ် သီကုံးရ ပါမယ်။ ယောဂီစိတ် တို့ ညစ်နွမ်း လို့ကတော့ ပန်းတော မှာ တဝဲ လယ်လယ် မွှေးသော၊ ဖြူလွလွပန်းကလေးတို့ မရနိုင် မသီနိုင် ပါဘူး။ သူတပါး ခူးဆွတ် ထားသော ပန်းတို့ကဖြူဖွေးလှ ပလိုက်တာ၊ ငါကတော့ ဖြင့်ခုထိပန်း ဖြူဖြူ မတွေ့ ရလို့ မောရင်း ပန်းတော ထဲ လမ်း ပျောက် နေ တာ က။ အပေါင်း အသင်း ဟောင်း တွေ ကို ပန်းခြံ ကြီး အဝ မှာ မထား ခဲ့ပါပဲ ဖက်တွယ် ခေါ်ဆောင် လာလို့ပါ။ ယောဂီရဲ့ သမထ၊ ဝိပဿနာ ပန်းကုံး လေးမှာ ဖြူ စင် လှပသော ပန်းဖြူဖြူ မွှေးမွှေး တိူ့ ဖြင့် သီကုံးလို ပါလျှင် ကိလေသာ သူငယ် ချင်းဟောင်း တို့ ကို ထား ပစ် ခဲ့ပါ။

ပန်းကုံး လေးမှာ ဖြူစင် မွှေးပျံ့ သောပန်း တို့ ဖြင့် သီကုံး နိုင် ဖို့၊ ပန်းခြံ ထဲ မှာ စိတ်တိုင်းကျ ကျေ နပ်ပီတိ အပြည့် ပန်းခူး၊ ပန်းသီ နိုင် ဖို့ဆို ရင်တော့ အား လုံးကို ခေတ္တ ချန်ရစ် ပြီး သည် နေ့ သည် လမ်းကို သွားသည် ပန်းပွင့် အဖြူလေး ရှိတယ် ပြောတဲ့ နေရာကို သာတစ် ယောက်ထဲ ခြေလှမ်း ရဲရဲ ဖြင့်သွား ပါ။ အပေါင်း အသင်းဟောင်း တို့ကို ဖွက် ခေ့ါ် ထားခဲ့ ရ င်ပန်း တို့အလယ် မှာ လမ်း ပျောက် နေ တော့ မှာ ပါ။ ကိုယ် စောင့် ကမ္မဌာန်း တို့ ဝန်း ရံ၊ အာနာ ပါန လေး ဆင့် ခြံရံ ပြီး ပန်း တိုင် ဝိပဿနာ ဆီရောက် တဲ့ အခါ ယောဂီ ရဲ့ ပန်းကုံး လေးမှာ ဖြူဖွေး မွှေးကြိုင် သောပန်း တို့ရှိ နေ ပါပြီ။ အဲ့သည် ပန်းကုံး လေးကို ကြည်နူး ပီတိဖြင့် လည်မှာ ဆွဲထား ရင် ကိလေသာ အပေါင်း အသင်း တွေနား ယောဂီကပ်ချင် တော့မှာ မဟုတ် ပါဘူး။ ခပ်ဝေးဝေးမှာ သာနေနေ တော့မှာ ပါ။ ယော ဂီ ရဲ့ ပန်း ကုံး လေး ဟာ တခြား သော အဖိုး တန် ကျောက် မျက် လည် ဆွဲ များထက် အဆ ပေါင်း ထောင်ချီ သောင်း ချီ တင့်တယ် မွှေး ကြိုင် လှ ပါ တယ်။ အ ခြား သော လည် ဆွဲ များ ကို နောက်၊ နောက် ဘဝ များ ကို မ ယူ ဆောင် နိုင် သော်လ ည်း သည် ပန်း လည် ဆွဲ လေး က တော့ မွှေး ပျံ့ လွန်း စွာ ဘ ဝ သံ သ ရာ အ ဆုံး တိုင် ယူ ဆောင် သွား နို င်မှာ ပါ။ ဒါ ကြောင့် ကျွန် မ တို့ မြေ ဇင်း ပန်း ဥ ယျာ ဉ် ကြီး က နွယ် နီ နတ် ပန်း များ ထက် မွှေး ပျံ့ ဖြူ စင် သော ပန်းပွင့်တို့ဖြင့် သံ သ ရာ ထိ ယူ ဆောင် သွား နိုင် သော စိတ် ပန်း ကုံး လေး ကို လို ချင် ပါ လျှင် ။ ပန်း ဥ ယျာ ဉ် အဝ မှာ ကိလေသာ အပေါင်းအသင်း ဟောင်းတို့ ကိုထားခဲ့ပါ။ တခြား တခြား သော ပန်းဥယျာဉ် များ မှာ ပန်း ခူး ဖူး လျှင် လည်း မေ့ လိုက် ပါ။ အား လုံး အား လုံး ကို ထား ခဲ့ ပြီး မှ မြေဇ င်း ပန်း ဥယျာဉ်မှူး က ပြောပြသော လမ်း က လေး မှာ ဘယ်လို လေးလျှောက် လို့ဘယ် ပန်းပွင့်လေး ကို ခူး ပါ။ ပြော သမျှ နား ထောင် ပါနော်။

တခါ တခါ ပန်းကလေးတွေက နှင်းဆီ နှယ်ဆူး တွေရှိလည်း မွှေးပျံ့ နေတတ် ပါတယ်။ ဆူးမစူးဖို့ က လည်း ဘယ်သို့ ခူးပါ ဥယျာဉ်မှူး က သွန်သင် မှာပေါ့။ ဒါ ကြောင့် စိတ် ကလေးက ကြည် လင် လန်းဆန်း မှသာ ဖြူစင်သော အလင်းနိမိတ် ပန်းလေးကို မြင်နို င်သလို သည်ပန်းယာဉ်ဖြင့်လည်း ဥ ယျာ ဉ် အ နှံ့ ကျဲ ဖြန့် ကြည့် နိုင် လို့ သံ သ ရာ မှာ အ ကောင်း ဆုံး ယူ ဆောင် သွား နိုင် သော.. ပန်းကုံး လေးကို ရနိုင် မှာ ပါ။ ဒါကြောင့် ငါဟာဖြင့် လင်းလက် နေသော နိမိတ် ပန်းပွင့် လေး ဖြင့် ပန်း ဥယျာဉ် ကြီးထဲ ခရီးဆန့်ချင်ပါလျှင် စိတ်ကလေးကို ဖြူစင်စွာရှိနေဖို့ လိုပါတယ်။ကျွန်မတို့ရဲ့ မြေဇင်း ပန်းဥယျာ ဉ်ကြီးက နတ်ပြည် က နန္ဒဝန် ဥယျာဉ်ကြီး ထက်ကို ပိုလှ ပါ တယ်။ ပိုပြီး မွှေး ပျံ့ ဖြူ စင် သော ပန်းတွေ လည်း ရှိ ပါ တယ် ။

ဒါ ကြောင့် ပန်း ဥ ယျာဉ် ဝမှာ အ ပေါင်း အ သင်း တွေ ထား ခဲ့ ပါ။ ဥ ယျာဉ် အ စ လမ်း လေး မှာ ဥယျာဉ် မှူး စကား ကိုသာ အသေအချာ နား ထောင် ပြီး လျှော ကိ ပါ။ စိတ် တည် ငြိမ် အေး ချမ်း ကြည်လင် လာ တာ နဲ့ အ မျှ တောက် ပ လင်း လက် သော နိမိတ် ပန်းပွင့် ကလေး ကို စ တွေ့ ရ မှာမို့။ ရက် ၃ဝ ပြည့် ချိန် ယော ဂီ ရဲ့ ကြိုး စား မှု အရ အားကိုး ထောက် တည် ရာ ပန်း တစ် ကုံး တော့ ယော ဂီ တို့ ရ မှာ ပါ။ တစ် ခု တော့ ရှိ တာ ပေါ့။ ဥ ယျာဉ် ထဲ လှည့် လည် ရှာဖွေ ခူး ဆွတ် ချိန်။ လောဘ ဒေါသ၊ မောဟ၊ မာန၊ သံသယ သည် သို့ သော အ ပေါင်း အ သင်း ဟောင်း တို့ ကို ခိုး ဖွက် ခေါ် လာ ခဲ့ ရင် ယော ဂီ ရ တဲ့ ပန်း ကုံးလေးက ဖြူစင် မှု၊ မွှေးကြိုင် မှုနည်း ချင်နည်း နိုင် ပါ တယ်။ ဒါ က လည်း ကိစ္စ မရှိ ပါ ဘူး။ ယောဂီ အတွက် မြေဇင်း ဥယျာဉ် ကြီးက အမြဲ ရ င်ဖွင့် ကြို ဆို နေ တာ ပါ။ နောက် တစ် ခေါက် နောက် တစ် ခေါက် တွေမှာ ပိုလို့ ဖြူစင် ပိုလို့မွှေး ကြိုင် သောပန်းတို့ကို တဖန်ပြန်ခူးလို့ရပါသေးတယ်။

ယောဂီ တိုင်းကို ဖွေးမွှေး ပျံ့လှပသောပန်း တွေသာတွေ့ရှိသီကုံးနိုင် ကြပါစေလို့ အမြဲဆုတောင်း ပေးနေ ပါတယ်။ သည်နေ့ ၁၅ရက် ဒီဇင်ဘာ၂ဝ၂ဝပါ။ ကျွန်မ ဗောဓိ အေး ငြိမ်း မှာ ၄၅ရက် စခန်း ဝင်တာ ၁၅ရက် ဒီဇင်ဘာ၂ဝ၁၉ပါ။ တစ်နှစိ ပြည့် အထိမ်း အမှတ် အနေနဲ့ ဓမ္မ မိတ်ဆွေ မြေ ဇင်း ယောဂီ အသစ် များကို သည် စာစု ဖြင့် နှုတ်ခွန်း ဆက် သ ပါတယ်။ အရာ အား လုံးက အနတ္တ ပါ ပဲ။ သူ့ သ ဘော သူ ဆောငိ ပါ တယ်။ နှစ် စဉ် ဒီ ဇင် ဘာ တိုင်း မှာ ၄၅ ရ က် စ ခန်း ဝင် မယ် လို့ တွေး ထား တဲ့ ကျွန် မ ရဲ့ အ တွေး လေး တွေ က အနတ္တ လို အ စိုး မ ရ မ ပိုင် ဆိုင် နိုင် ခဲ့ ပါ ဘူး။

အန်တီ ခိုင်ဇင်သက်(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published.