Spread the love

#မေတ္တာသည် ကုသိုလ် အားလုံး#ခေါင်းဆောင် ဖြစ်ပါ သည်။ ရှေး ဦးစွာ ဘာကြောင့်ပွားခိုင်း ရ သနည်း ဆိုတဲ့ အကြောင်း လေးကို မရေးသေးခင်..ကမ္မဌာန်း လေးဆယ် ကို ပညတ် ကမ္မဌာန်း နှင့် ပရမတ် ကမ္မဌာန်း ဟူ ၍ နှစ်မျိုး ခွဲထား သည်.ဆို.တဲ့.ကမ္မဌာန်း ၄၀ ထဲက ဘယ်ဟာ ကတော့ ပညတ်ကမ္မဌာန်း ဘယ်ဟာကတော့ဖြင့် ပရမတ် ကမ္မဌာန်း ဘယ်ဟာ ကိုပွားရင်ဖြင့် စျာန်ထိရနိုင် တယ် ဘယ်ဟာ ကတော့ ဖြင့် ဘယ်ထိ မရောက်နိုင်ဘာကြောင့်မရောက်နိုင်တာ စ သော စသော အသေးစိတ်များ ရေးသားထားသော ကမ္မဌာန်း ၄၀ အကြောင်း ဗဟုသုတ ဖြစ်စေရန် ဆရာတော် ကြီးများ လူပုဂ္ဂိုလ် ဆရာများ ရေးပေး ထါးသော စာများ ကို အသေး စိတ် ဖတ်ရှု လေ့ လာ နိုင်ပါ တယ် လို့ ပြောပါရစေ…ရှင်..အဲ့ဒီလို ဗဟုသုတ အဖြစ် ဖတ်ရှုလေ့လာထားခြင်းဖြင့် ယခု မြေဇင်း နည်း ၏ သင်ခန်း စာ တွင် မေတ္တာ ကမ္မဌာန်း ကို ဘာကြောင့် ပွားခိုင်း ရတာလည်း ဘယ်လောက် တောင် အကျိုးများ လိုက်လည်း ဆိုတာ တွေကို ရိပ်မိ သွားနိုင် မှာမို့ ပါ..ဒီမှာ တော့ စာရေး သူက စာရေး သူ ရှုထောင့်ကနေ စာရေးသူ ခံစားသိရှိသွားရတဲ့ ဓ္ဓရသ ကိုပဲ ရေးပေး သွားမှာမို့ စာတက် ပေတက် ပုဂ္ဂိုလ် ကြီးများ ကဲ့သို့ ပါဠိတွေ စာပေတွေ နဲ့ တော့ ကိုက်ပြ ပေးနိုင် မှာ မဟုတ် ပါရှင့်.. စာရေးသူ ကျင့်သိနားလည်သွားသလို မြန်မာလို ရှင်းရှင်းလေးကို ပဲ ဖော်ပြ ပေးသွား ပါ့မယ် နော် စာပေ တက်ကျွမ်း တက်သိနားလည် ထားသူများ အနေနဲ့တော့ စာရေး သူ၏ စာကို ဖတ်ရှုမိလျှင် ပေါ့တန်နေပါလိမ့်မယ် ရှင့်..။

မေတ္တာကမ္မဌာန်းကို ဒုတိယ နေ့မှာ စတင်ပွားများခိုင်း ရခြင်းဟာ..ယောဂီ တို့၏ စိတ်ဟာ မေတ္တာ ဓာတ်တွေနဲ့ ဝေးကွာနေရတာမို့ တရား အားထုတ်တဲ့ အချိန်မှာ ကိလေသာတွေ ဝင်ရောက် နှောင့် ယှက် လာလျှင် မိမိ၏ စိတ်သည် မေတ္တာ နှင့် မထုံထား လျှင် ဖြင့်..အရာရာ ကို ဒေါသ နဲ့ တုန့်ပြန် မိမယ်..လောဘ နဲ့ တုန့်ပြန် မိမယ်.. မောဟ နဲ့ တုန့် ပြန် မိနေ တက်ကြ ပါ တယ်..အဲ့ဒီ ကိလေသာ တွေနဲ့ တုန့်ပြန် မိနေ သမျှ အကုသိုလ် ကြီးများသာ ဖြစ်နေ မှာပါ..ဒီတော့ မေတ္တာကမ္မဌာန်း လေး ကို ပွားများထားတဲ့ သူကျတော့..မေတ္တာကို ပွားနေကြဖြစ်နေတော့ အရာရာကို မေတ္တာနဲ့ တုန့်ပြန် မိတော့ အေးချမ်း ပြီး ကုသိုလ်စိတ်တွေ ဖြစ်နေရတာပေါ့..မေတ္တာကမ္မဌာန်း ကို ပွားခြင်းအားဖြင့် ရရှိ လာမယ့် မေတ္တာ အကျိုး (၁၁) မျိုးကို လည်း.. ပွားများ နေသူက ရပြီး သားဖြစ် နေ ပါတယ်.. ဆရာတော်ဘုရားကြီးများက မေတ္တာပွားပို့ပုံနှင့် ပွားပို့ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူး များ ကိုတော့ ဟောပြော ပေးသွားကြပါပြီ..ဒါကိုတော့ အသေးစိတ် မရေးပေး တော့ပါ ဘူးနော်.. ပုံမှာလည်း ပါနေ ပြီမို့ပါ..ပွားပို့တဲ့ အခါမှာ တရားထိုင်သလိုထိုင်မယ် မိမိရှေ့တဲ့တဲ့မှာ စကောဝိုင်း ပုံသဏ္ဍာန် စိတ်ကူးနဲ့ ပုံဖော်ပြီး ၃၁ ပုံသားတွေကို အဲ့ဒီ စိတ်ကူး ဖန်တီးထားတဲ့ စကောဝိုင်းထဲ ကို စိတ်ကို ညွှတ်ကိုင်းပြီး မေတ္တာပို့ ခိုင်းခြင်းဟာ.. စိတ်ကို တနေရာထဲမှာ စုစည်း တက်အောင်လို့ ပါ စကောဝိုင်း ပုံဖော်ခိုင်း ခြင်းဟာ မိမိ၏စိတ်ကို အလေ့အကျင့် လုပ်ခိုင်း တာပါ.. ။

ဘုရားဖူး သင်ခန်းစာတွေ ရောက်လျှင် အလွယ်တကူ စိတ် စုစည်း စိတ် ညွှတ် ကိုင်း တက်အောင် ပါ.. အဝိုင်းပုံ ဖော်နေတဲ့စိတ်တွေ ၃၁ ဘုံသား တွေကို မျက်စိနဲ့ မြင်ယောင် နေရတာတွေဟာ စိတ် နဲ့ ပြုလုပ် နေရတာတွေ ကြီးပါပဲ..အဲ့ဒလိုစကောဝိုင်း ပုံမဖော်တက်တဲ့သူကလည်းစိတ်ကို စုစည်း နည်းကို မသိမသာ လေ့ကျင့်ပြီးသား ဖြစ်နေ ရပါ တယ်..မေတ္တာပို့ တဲ့အခါ ကျတော့ ထားရ မယ့် စိတ်နေ စိတ်ထားက..မိမိချမ်း သာသလို ဘေးရန်ကင်းသလို သတ္တဝါ တွေ မိမိလိုပဲ ဘေးကင်းကြ ပါစေ ချမ်းသာ ကြပါစေဆို တဲ့ စိတ်ကို သွင်းပြီးပွားများရပါတယ်..အဲ့ဒီ စိတ်ကို သွင်းတဲ့ အခါ အ ရင် ဦးဆုံး မိမိက တကယ် ငြိမ်း ချမ်း နေတဲ့ စိတ်ကို ပထမဦးစွာ စိတ်ကူး နဲ့ ပုံဖော်နေ ရပါတယ်.. မိမိကသာ ငြိမ်းချမ်းတဲ့ အရသာကို ခံစားဖူးမှသာ သူတပါးတွေကိုလည်း မိမိလို ခံစားစေချင် တာ မို့ အရင် ဦးဆုံး မိမိကိုယ်ကို အဲ့ဒလို ခံစားမှု မျိုးရအောင် လေ့ကျင့် ရတာပါ..မိမိက တကယ်ချမ်း သာနေ တဲ့ စိတ်ကလေး ခံစား မိသွား တာနဲ့ ၃၁ ဘုံသားတွေကို မိမိလို ချမ်းသာစေချင်တဲ့ မေတ္တာ စိတ် အစစ် အမှန် ပေါ်ပေါက်သွားပါပြီ..တနည်းအားဖြင့် မိမိဖာသာ စိတ်ချမ်းသာအောင် တွေးယူ တက် ခြင်း မျိုးကို ဆိုလို တာပါ..အတွေးဟာ ပီတိ ဖြစ်အောင်လည်း တွေးလို့ ရသလို ဒေါသ ဖြစ် အောင်လည်းတွေးယူလို့ရပါတယ်..ဒီတော့ ဒီနေရာမှာ မိမိတကယ် ကြည်နူးဝမ်းမြောက် ဝမ်းသာ နဲ့ ရွှင်လန်း နေတဲ့ မိမိရဲ့ ပုံတူ ပုံရိပ် လေးကို စိတ်ကူး တွေးတော ပေးနေ ရတာ ပါ..။

ကိုယ် တွေး တာ ပြုံ ပျော် နေ တဲ့ ရွှင်လန်း နေတဲ့ ပုံဆိုတော့ ပျော်တဲ့ ဓာတ်တွေ စိမ့်ထွက် လာပြီး တကယ် အေးနေတဲ့ feeling ကို ခံစားရ ရှိအောင်ထိ တွေးယူ ပုံဖော်ရတာပါ..ပို့တဲ့အခါမှာ တော တောင်ရေမြေတွေကိုမြင်နေရမှာမဟုတ်ပဲ တကယ်သက်ရှိသတ္တဝါ အသက်နှင့်ခန္ဓာအထင်အရှား ရှိနေတဲ့ သတ္တဝါ တွေကိုပဲ အာရုံ ယူရမှာဖြစ် ပါတယ်..စစချင်း လေ့ကျင့် ခါစမှာ အလွယ် တကူနဲ့ မေတ္တာစိတ် ဖြစ်ပေါ် လာဖို့ အင်မတန် ခက်ခဲ လှပါတယ်..ဘာကြောင့်လဲ ဆိုတော့.. မေတ္တာပို့မယ့် သူကိုယ် တိုင်က ကိလေသာ အပူ မီးတွေ နဲ့ အဝိုင်း ခံထားရတာမို့ ချက်ချင်းအေးအောင်လုပ်ဖို့က မလွယ် လှတာပါ..ဒါကြောင့် ဤ နည်း စနစ်ကို စတင် သင်ပေး လိုက်ထဲ ကနေ တရား ထိုင် တိုင်း ထိုင်တိုင်း ၅ မိနစ် ၁၀ မိနစ် မေတ္တာလေး ပွားပြီး မှ အာနာပါန ကို မှတ်ခိုင်းရတာပါ..အဲ့လို မေတ္တာ ပွားပြီးမှ အာနာပါန ရှုပွားမယ်ဆိုရင် ဝါယူဝါမှတ် တွေ သန့်သန့်လေး တွေ များများရ လာပါတယ် ..တည်ညိမ်နေတဲ့ ရွှင်လန်းနေတဲ့ စိတ်တွေ ကြောင့် သတိတွေ ပိုမြဲ ပြီး မှတ်လို့ရှုလို့ ပိုကောင်းလာ ရတာပါ.တဖြေးဖြေးချင်း မေတ္တာ အရှိန် အဟုန်ကို မသိမသာ မြင့်တင် ပေးသွားတာပါ နောက်တ ခု.. ရည်ရွယ်ချက်က..ကမ္မဌာန်း တွေအားထုတ် လာကြတဲ့အခါ မှာ သံသရာမှာ ဆွေမျိုး တော်စပ် ဖူးသူများကရော ယခုဘဝ ဆွေမျိုးများကပါ.. (အခြားသော ဘုံဘဝ တခုခုသို့ ရောက်ရှိနေကြ ပြီ ဆိုလျှင်..) အမျှတောင်းချင်သော လိုချင်သောအခါမျိုးမှာ..။

မိမိက တရားတွေအားထုတ်ပြီး မဟာကုသိုလ်ကြီး တွေကို ပြုလုပ်နေပြီဆိုတာ ကို သိတဲ့ သူတွေ က အကယ် ၍များ သူတို့က အမျှလာတောင်း တဲ့သဘောမျိုး မိမိကို အရိပ်အယောင်များ ပြသခဲ့ လို့ ရှိရင်..ထိုသူများကို မေတ္တာပို့ အမျှဝေ ဖို့အတွက် လည်း အဆင်သင့် ဖြစ်နေအောင် လေ့ ကျင့် ပေးထါး ရတာပါ..မေတ္တာပို့တာကို ပါးစပ်က မဆိုပဲ စိတ်ထဲကနေ သူတို့လေးတွေ ချမ်းသာ ကြပါ စေ ဆိုတာကို စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ပို့သ ပေးတက် နေပြီ မို့ မိမိရဲ့ မေတ္တာဓာတ်ကြောင့် သူတို့တွေ အေးမြ ကုန်တယ် အမျှပေးဝေလိုက်လို့ သာဓုခေါ်နိုင်ရင် ချက်ချင်း ကုသိုလ်တွေရပြီး ဘဝတွေ ပြောင်းသွား ကြတယ်..ဒါမျိုး အနေအထားမျိုး တစုံတရာ ပေါ်ပေါ က်လာခဲ့ လျှင်လည်း အသုံး ပြုလို့ ရအောင် လက်နက် တပ်ဆင် ပေးထါး လိုက်တဲ့ သဘောပါ.. နောက် ရည် ရွယ်ချက် တခုက..မေတ္တာ ဟာ ချောဆီ နဲ့ ဥပမာ တူပါ တယ်..အရာ အားလုံး ချောချော မွေ့မွေ့ အခက်အခဲ မရှိ အောင် လည်ပတ် နိုင်ရေးဟာ ချောဆီ နဲ့တူတဲ့ မေတ္တာ ပါနေ မှသာ အရာ အားလုံး ချောချော မွေ့မွေ့ ဖြစ်နေ ပါတယ်..မေတ္တာကို စျာန်ရတဲ့ အထိ ပွားများနေမယ် ဆို အင်မတန်မှ ငြိမ်းချမ်းလှ ပါတယ်..။

ဒီနေရာမှာ စျာန်ရဲ့ အဓိပ္ပါယ် လေးကို လည်း ဗဟုသုတ ရေးပေး ပါရစေ..ဈာန်ဆိုသည်မှာ ကိလေ သာတို့ကိုလောင်ကျွမ်းခြင် စိတ် ကိုအေးညိမ်းစေခြင်း..စိုက်စိုက်စူးစူး အထူးမြဲမြံရှုအားသန် စျာန် ဟု ခေါ် သဏ္ဍန် ..အဲ့ဒီ အဓိပ္ပါယ်.. ပါ..တဲ့ ဒီတော့ မိမိရဲ့ စိတ်ကလေး ညိမ်ပြီး သတ္တဝါ တွေ ကို မိမိ လိုချမ်းသာ စေချင်တဲ့ စိတ်ကလေး နှလုံးသွင်းပြီး နေနေတာကို က စျာန်ဖြစ်လို့နေပါပြီ..ဒါကို မိမိ က တနာရီ နေနိုင် ရင် ပွားနိုင်ရင် တနာရီ မေတ္တာစျာန် နဲ့ နေတဲ့ သဘော ဖြစ်နေ ပါပြီ..ကဲ… ဘယ် လောက်တောင် ကောင်းလိုက် သလဲ..ဘယ်လောက် တောင် အကျိုး များ လိုက် သလဲ.. ၂ဦး၂ဖက် အကျိုး ရှိမှရှိ..🤗🤗ဒ လောက်ကောင်းတဲ့ မေတ္တာကမ္မဌာန်း ကို ဒီလိုပွားများရတယ် ကွယ်… လို့.. သင်ပေးလိုက်တဲ့ ဆရာတော်ဘုရားကြီး တွေရဲ့ ကျေးဇူး မ များပေဘူး လားကွယ်….အကြိမ်ကြိမ် ဦးခိုက် မိပါတယ် 🙏🙏🙏🙏🙏မေတ္တာပွားပို့ နည်း နဲ့ မေတ္တာ ဟာချောဆီ နဲ့ တူတဲ့အရာ ကို ဘယ် အချိန်ထိ ပွားများနေမလဲ..အသက်ရှိနေသမျှ မေတ္တာလေးနဲ့ နေရင် မကောင်းပေဘူးလား..။

နောက် ရည်ရွယ်ချက် တခုက မေတ္တာပွား ပို့နေသူဟာ လူချစ် နတ်ချစ် တကယ့် ဘုရား ပေးတဲ့ ပီ ယဆေး အစစ်ကြီး ဖြစ်တယ် ဆိုတာ ကို သိစေ ချင်လို့ ပါ.. တဲ့..တကယ် ကို လူ ချစ် ခံရ တာပါ… မယုံ ရင်တော့ စမ်းသာ ကြည့်ပေတေါ့ 😊.စာရေးသူ ကတော့ ကိုယ်တွေ့ကို ဖြစ်နေ ရပါပြီ..မမြင် ရတဲ့ သတ္တဝါတွေလည်း တပြေး ညီစိတ် နဲ့မေတ္တာ ထားတက် သွား ပါတယ်..ကမ္မဌာန်း တွေ အား ထုတ် နေရင်းက အကြောင်း တခုခု ကြောင့် စိတ်ရှုပ် စိတ်ညစ် စရာ တခုခု ပေါ်လာ ခဲ့လျှင်လည်း မေတ္တာလေး ပွားပို့ ပြီး နေ နေ တက်ဖို့ မေတ္တာ ကမ္မဌာန်း ကို ပွားခိုင်း ရတာပါ..ဆိုကြ ပါစို့ တရား အားထုတ် ရင်း..စိတ်တို စရာ တခုခုကြုံတွေ့လာရ ရင် ချက်ချင်း မေတ္တာကမ္မဌာန်း ကိုသာ ပွားနေ လိုက် တနာရီ လုံး လုံး..စိတ်ကလေး ပြန်ကြည် လင်လာပြီး ရှေ့ဆက် တရား အားထုတ် လို့ ချော ချောမောမော ရသွားပါလေရော…မေတ္တာပွားပို့နေတဲ့အချိန် မှာ မိမိချမ်းသာနေတဲ့စိတ်ကို မွေးမြူ နေရတာမို့ မိမိကိုယ်ကို တကယ်ချစ်တက်လာပါတယ်..နောက်ပိုင်း ဝိပဿနာ ရှူပွား ရတဲ့ အပိုင်း များ ကျရင် တော့ ရုပ် တွေ နာမ်တွေ ကို သေသေ ချာချာ ကွဲကွဲ ပြားပြား သိရှိ နားလည် သွား တဲ့ ဉာဏ် မျိုးလည်း ဖြစ်သွားရော..ဟော… အဲ့အချိန်ကျတော့မှ တကယ့် မေတ္တာအစစ်ကြီး သတ္တဝါ တွေကို ပို့နိုင် သွားတယ် ထားနိုင် သွား တယ်..ဒါမို့ မေတ္ တာကမ္မဌာန်း ကို သေသေ ချာချာ စူးစူး စိုက်စိုက် နဲ့ ပွားများ တက်အောင် သင်ပေး ထါးရ ခြင်းဟာ..ယခုလို ရည် ရွယ် ချက် များ ကြောင့် ပါ..ဒါ မို့ ဒီ ကမ္မဌာန်း ကို ဘာ ကြောင့် ပွား များ ခိုင်း ရ သလဲ ဆိုတဲ့ အဓိပ္ပာယ် လေး ကို ပေါ် လွင် လောက်ပြီလို့ ထင်မိပါတယ် ရှင့်…။

မေတ္တာ ပွားခြင်းအားဖြင့် ဒေါသ မဖြစ်စေဘူး လူချစ် နတ်ချစ်. နတ်တွေက ချစ်တော့ မိမိကို အန္တ ရယ် မဖြစ်အောင် စောင့်ရှောက် ပေးနိုင်တယ် လူတွေကလဲ ချစ်တော့ လုပ်ကိုင်မှု တွေက အဆင် ပြေတယ် အာ့မို့လဲမိမိကို စောင့်ရှောက် ပေးလို့ ကိုယ်စောင့် ကမ္မဋ္ဌာန်း တခုထဲမှာ ပါနေ ရတာပါ..🎵🎶 မေတ္တာဖြန်းမှ လန်းဆန်းမယ်သာ ယုံ😊🎵🎶ဤသည်ကား ဆိုရင်ဖြင့် မေတ္တာ ကမ္မဌာန်း ကို ဘာကြောင့်ဒုတိယနေ့မှာပွားခိုင်းရပါသနည်း❓ ဆိုသော ရည်ရွယ်ချက်များသာတည်း….

Nippon San(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *