Spread the love

လူငယ်လေးတွေ တရား အားထုတ်ခြင်း အမှုကို အဆက် ပြတ်မသွား စေချင်ပါ။ ဆက်ခါဆက်ခါ နေ့စဥ်ပုံမှန်မပြတ်အားထုတ်သွားပါနော်။✅အချိန်နဲသည် များသည် ကြာကြာ ထိုင်နိုင်ခြင်း မထိုင် နိုင်ခြင်းသည် အဓိက မကျပါ။ နေ့စဥ် ပုံမှန် မပျက် မကွက် လုပ်နေ ခြင်းကသာ ပို၍ အဓိကကျပါ သည်။ ✅ထိုင်မှ တရား အားထုတ်လို့ ရမယ်ဆိုတဲ့ *ထိုင်* ခြင်းဆိုသော ပညတ် စကားလုံးအပေါ် လုံးဝ စိတ်အာရုံကို ညွှတ် မထားပါနဲ့။ကျန်အ ချိန်များကိုလည်း သတိ နဲ့ အမြဲ နေနိုင်ဖို့ သတိအမြဲ ကပ်ပေး ထါးပါ။✅ထား သတိကနေ ရှိသတိ ဖြစ်လာ ပါလိမ့်မယ်။💚တရားသဘောတွေကို သိရှိ ဖို့ရာ တခုတည်းသော လိုအပ် ချက်သည် *သတိ * ပါ။✅🍀 သတိ တစ်လုံး အစဥ်သုံး အဆုံး နိဗ္ဗု တာ🍀ထို့ကြောင့် ထိုင် နေတုန်းသာ သတိမြဲ ကျန်ချိန် သတိ မွဲ နေရင် တရား အတက် နှေးပါလိမ့် မယ်။သို့အတွက် ကြောင့် သတိ တရားဖြင့် ဣရိယာပုတ် ၄ ပါးစလုံးတွင် တရားအားထုတ်နေပါ။✅တစ်ရှု တစ်ရှိုက် အတွင်းမှာပင် နိဗ္ဗာန် မြင်နိုင်သည်မို့ ထပ်သတိ ဆက်သတိ ကြပ်သတိ များကို ခပ်ကြပ်ကြပ်ထားကာ သတိနဲ့ အချိန်တိုင်း နေပါ။✅အထူး အထူး သတိထားသင့်သည်က နေ့စဥ် နည်း နည်း ပုံမှန် မပျက် မကွက် အားထုတ် နေဖို့ ပါ။✅ တရား အဆက်ပြတ် သွား လျှင် ဘာ ဖြစ် တက်လဲဆိုတော့…စာရေးသူလို ဖြစ်သွားပါ လိမ့်မယ်။ စာရေးသူက ငယ်ငယ်လေးနဲ့ သစ္စာတရား တွေ နာကြား ပြီး တရား နဲ့ တ ကြိမ် တွေ့ ခဲ့ဖူး ပါတယ် ။သို့ သော် နေ့ စဥ် ပုံမှန် မလုပ် သွားတော့ ကိလေသာတွေ ကြားခိုတာများပြီး…သတိနေရာမှာ ကိလေသာများသာ ဆက်သွားခဲ့ပါတယ် ။😔

ကိလေသာ ရေယဥ် ကျောမှာ မျောသွား ခဲ့သည်က ယခု တရားနဲ့ တဖန် ပြန်တွေ့ သည့် အချိန် ထိ ပါပဲ။ သို့သော် ချစ်ညီမလေး နဲ့ မောင်လေးတို့ အသက်အရွယ်မှာ စာရေးသူလည်း ယခုလို တရား အရသာ များ ကို တကြိမ် ခံစား မိခဲ့ ဖူးသူ ပါလို့။ ထို့အကျင့် ကို ဆက်ခါ ဆက်ခါ ကြိမ်ဖန် များစွာ မကျင့်ခဲ့သည့် အတွက်ကြောင့် လောကဓံ အဆိုးနဲ့လည်းကြုံလိုက်ရော အလဲထိုးခံလိုက်ရ ပါလေ ရော ကွယ်။ ဒါမို့ ဘဝ နှင့် ရင်း၍ ရသော အတွေ့ အကြုံ မို့ ယခုလို သတိပေး နှိုးဆော် တိုက်တွန်း လိုက်ရ တာပါကွယ်။🙆 သိတဲ့ အဆင့်မှာ တင်မရပ်ထား ကြပါနဲ့နော် သတိမြဲ သွားတဲ့အထိ အသိ ခိုင်မြဲ သွား တဲ့ အထိ ဆက်ခါ ဆက်ခါ ကျင့်နေ ပါလို့ နော် ။✅ လူ့ လော က ထဲမှာ နေမယ် ဆိုရင် *မွေးစား အဖေကို အဖေလို့ ခေါ်သလိုမျိုး ကျင့်ကြံ နေထိုင် ပါနော် *သမုတိ သစ္စာတွေ ကို မပယ် ရပါဘူး။အခေါ်အဝေါ် အနေနဲ့ ခေါ်ပါ ခေါ်နေတဲ့ စကားလုံးအပေါ်ကို *မစွဲ*ပါနဲ့။ ဒါဆို လူ့လော က ထဲနေ ​ လို့ရ ပါပြီ။ အစွဲကင်းအောင် လေ့ကျင့်ခြင်း ကို တရား အားထုတ် ခြင်းလို့ ခေါ်တာမို့.. ဘာ မြင်မြင် ဘာကြားကြား မစွဲပါနဲ့။ ရေပွက်ပမာ ဥပမာ ကို အချိန်ရတိုင်း သတိရပါ။

အနတ္တ ကို ကောင်း ကောင်း သဘော ပေါက် ထား ရင် မစွဲတော့ တာမို့..အနတ္တ သဘော ကို အမြဲ ဆင်ချင် နှလုံး သွင်းပါ နော် ။ အရာ အားလုံး က ခဏလေး ပါပဲ အချိန် အကြာ ကြီး ဘယ်အရာ မှ မမြဲ ပါဘူး။ ရှေ့ကိုလည်း ကြိုမတွေး ပါနဲ့ နောက်ကို လည်းပြန်တွေးပြီးမပူဆွေးပါနဲ့။ယခု လက်ရှိ ပစ္စုပ္ပန် တည့်တည့်လေးမှာပဲ သတိမြဲ နေအောင် လေ့ကျင့် ကြပါနော်။ သတိနဲ့ မေတ္တာ ဆောင် ၍ ဘဝ လက်ကျန် ခရီးကို ဖြတ် သန်း ပါနော်။ တရား စခန်းပြီး သွားပြီး နောက် နေ့ စဥ် ဘယ်လို နေ ထိုင်သွား သင့်သလဲ မမ နီပွန်ရယ်…ဆိုပြီး မေး လာသော ၁၀ ကျော်သက် ကလေး များ အား ပြန် လည် ဖြေကြား ပေးလိုက် ရပါသည်။ ကလေး မလေးများနှင့် မောင်လေး ဤစာကို တွေ့ ရှိဖတ်ရှု နိုင်ကြပါစေကွယ်။လူငယ်ယောဂီလေးများအားရည်ရွယ်၍ရေးပေးလိုက်ရပါ၏။I love you all🙏💜🙏တရားတွေ့ချမ်းမြေ့ကြပါစေ။

Nippon San (Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *