Spread the love

* ထုံတာ ကျင်တာ ပဲ ဖြစ်ဖြစ်၊ ကိုက် ခဲတာ ပဲ ဖြစ်ဖြစ် စိတ်ကလေး အသာလျော့ ထားပြီး တော့ သူ့အပေါ်မှာလက်မခံချင်တဲ့စိတ် မဖြစ်စေဘဲ စိတ်ကလေးအေးအေးနဲ့ အရှိကိုအရှိအတိုင်း သိသိ ပေးနေ လို့ရှိရင် အဲဒီနာ ကျင်မှု ဖောက်ပြန် မှုတွေဟာ ပြောင်းပြောင်းသွားတာတွေ့ရမယ်။* မပင် ပန်းဘဲနဲ့ ကြည့်နိုင်လာမယ်၊ ကိုယ်နာသော်လည်း စိတ်မနာဆိုတဲ့ အခြေအနေထဲ ရောက်လာ မယ် ၊ ဒါကြောင့် ဘာပဲ ဖြစ်လာ ဖြစ်လာ စိတ် အေးအေးနဲ့ ကြည့်နိုင်ဖို့လိုတယ်၊ ဒီလိုသတိလေးနဲ့ အေး အေးကြည့်တဲ့ အကျင့်ရသွားရင် ဒီထက်ပိုဆိုးတဲ့ နာကျင်ခံခက်မှုမျိုးကြုံလာရင် အေးအေး ကြည့် တတ်တဲ့ အရည်အချင်းဟာ တဖြည်းဖြည်း တိုးတက်လာမယ် ၊ စိတ်ကိုကျင့်တာ အာရုံကောင်းမ ကောင်းနဲ့ မဆိုင် ပါဘူး ။* အခု ဖြစ်တဲ့ ဝေဒနာက ထိုင်တုန်း ခဏ တစ်ဖြုတ်ဖြစ်တာလေ ၊ ခုချက် ချင်းပြင် လိုက်ရင် ပျောက်သွားမှာပါ၊ ဘယ်လောက်မှ မကြီးကျယ်ပါဘူး၊ နောင်တစ်ချိန်မှာ ဆေး ရုံမှာဖြစ်စေ ၊ဆေးခန်းမှာဖြစ်စေ ဘယ်လိုနည်းနဲ့မှဖျောက်လို့မရတဲ့ ဝေဒနာ တစ်ခုခုနဲ့ ကြုံလာရင် လှည့် လို့ ပြောင်း လို့မရတဲ့ အိပ်ယာ ထဲမှာ ဝေဒနာ တစ်ခုခု ကြာရှည်ခံစားရမယ်ဆိုရင် စိတ်မနာ အောင်ဘယ် လိုနေ မလဲ၊ ဘယ်လို စိတ်ထား မျိုးနဲ့ ကြည့်မ လည်း၊ ကြိုတင် ပြင်ဆင်ထားဖို့ ခုက တည်းကလေ့ကျင့်ထားဖို့လိုတယ် ။* ဒုက္ခကို တွန်းဖယ်ရင် ဒုက္ခဟာ ပိုဆိုးတယ်၊ ဒါ ကြောင့်တွန်း ဖယ်ဖို့ မကြိုး စားဘဲ လိုလို ချင်ချင်နဲ့ ကြည့်ပါ၊ တစ်ခါတ လေကြည့်ရင် လျော့သွား တာလည်းရှိ တယ်၊ မသက်မသာတိုးလာရင် စိတ်ထဲတင်းကျပ်မှု များလာမယ်၊ ကိုယ် ခန္ဓာလည်း တောင့်တင်း လာတယ်၊ စိတ်မကျေမနပ်လည်း ဖြစ်လာတတ်တယ်၊ အဲဒီ မကျေ နပ်တဲ့စိတ်ကို သိသိပြီးတော့ အသာကလေးနေပေးလိုက်ပါ၊ကိုယ် နာပေမယ့် စိတ်တင်းကျပ်မှုလျော့လာမယ် ။

* စိတ်တင်း ကျပ်မှုဖြစ်ရင် စိတ်ထဲမှာ တင်းတာကိုအရင် သိအောင် ကြည့်ပါ၊ ကြည့်ရင်းနဲ့ နောက် ဆုံးမှာ ဘယ်လိုနည်းနဲ့မှ သည်းမခံ နိုင်ဘူးဆိုရင်တော့ သတိလေးနဲ့သိပြီးတော့ လက်ခြေ အနေအ ထား ပြင်ပါ၊ ဝေဒနာရှုနည်းနဲ့ပတ်သက်ပြီး နာကျင်ကိုက်ခဲ ကိုပဲအာရုံစိုက်ရှုခိုင်းတာများတယ်၊ နာ လေလေ စူးစိုက်လေလေ၊ ရွှေဥမင် ဆရာတော် ဘုရားကြီးကတော့ စိတ်ခံချက်ဘက်ကရှုဖို့ လမ်း ညွှန် ပါတယ်၊ ကြည့်ပါ ။* သိပ်နာ နေရင် သူ့ကိုအာရုံမပြုနဲ့၊ မခံချင်တဲ့ခံစားချက်ကို အာရုံပြုပေး၊ မကြိုက် ရင် မကြိုက် တဲ့ စိတ်ကလေး ကို အာရုံပြုပေး၊ သတိထားပေး၊ ဘာကြောင့် ဖြစ်နေတာ၊ စိတ်ကောင်းရင် အားလုံးကောင်း သွားတယ်၊ မခံချင်တဲ့စိတ် ပျောက်ချင် တဲ့ စိတ်ဖြစ် နေရင် အဲဒီ စိတ်ကိုကြည့်၊ ကြည့်ပေးရင် အေးချမ်းသွားမယ်၊ နာတဲ့ နေရာကို ချည်း သွားမကြည့်နဲ့၊ နာတာကို ချည်း သွားကြည့် နေရင် နာတာကြီးကို ပုံကြီးချဲ့သလို ဖြစ်တယ် ။* မကြိုက်ရင် မကြိုက်တဲ့ စိတ် ကလေး ကိုကြည့်၊ တင်းကျပ်တဲ့ စိတ်ကလေးကို လျှော့ပြီး သက်သက်သာသာနဲ့ကြည့်ပေးပါ။

သည်းခံပြီး ကြည့် ပေးပါ၊ မရ တော့လည်း ပြောင်းပြင် ရတာပေါ့၊ သတိ ထားပြီး ကြည့်နေပါ၊ နာ တာကိုခန္ဓာနဲ့ မရော စေနဲ့၊ ကိုယ်က သက်သက် သက်သက် စီမှန်း သိအောင် ကြည့်ရတာ လို့ပြော ပါတယ်၊ ဒါက ပညတ် ပရမတ် ခွဲခြားနား လည်ဖို့ပြော တာပါ၊ ဒီအ ချက်ကို ကံယုံ ဆရာတော် က ကိုယ်နဲ့ခန္ဓာ မရောစေနဲ့ လို့ပြော ပါတယ်၊ မရှိ တာကို မကြည့်နဲ့၊ မရှိ တာက ပညတ် ( ဒူး ခါး တင် ရင် ခြေ လက်စသည် )၊ ရှိတာက ပရမတ် ( ရုပ်နာမ် သဘောသဘာဝ )၊ ဝိပဿနာတရား ရှုရာမှာ ပညတ်၊ ပရမတ်ကွဲဖို့ သိပ်အရေးကြီးတယ်။* ဝေဒနာကိုဘာဖြစ်လို့ မကြိုက်တာလည်းတဲ့၊ ဝေဒ နာ နဲ့ဖက်ပြီး သေရမှာတဲ့၊ အသုံးချတတ်ရင် ရန်သူဟာ မိတ်ဆွေဖြစ်တယ်၊ ပေါင်းတတ်ဖို့ပဲလိုပါ တယ်၊ ရွှေဥမင်ဆရာတော်ကြီးက လမ်းညွှန်ပါတယ် ။🙏ကံယုံဆရာတော်🙏

credit thank’s🙂 U Lwin Kyaw Kyaw

Nippon San(Facebook မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *