Spread the love

တကယ်ဆို ခုရက် စာရေးချိန်တွေ ပိုပေးနေ မိပါတယ်။ဗောဓိအေးငြိမ်းက ၄၅ရက်စခန်း ပြန်လာ တာ တစ်နှစ် ရှိတော့မယ်။ စာတစ်အုပ်ကို ရေးလိုက် ပြင်လိုက် ဖြည့်လိုက်နဲ့ ပြီးကို မပြီးနိုင်။ ဘဝ မှာမသေခင်တော့ မြေဇင်း တရားအတွေ့အ ကြုံလေးကိုစာတစ်အုပ်အဖြစ်ကျန်နေခဲ့ချင်တာကိုး။ ဒါကြောင့် fbမှာ စာရေးတာ လျှော့ထား ပါတယ်။ ဒါပေမယ့် သည်ပုံလေး မြင်တော့.. စာရေး ချင် လာ ပါတယ်။အဲ့ဒါက တော့။ ထုံနေအောင် အားထုတ်ဆိုတဲ့ ထုံတယ်ဆိုတဲ့ စကားလေးပါ။ ကျွန်မ ငယ်စဉ် ကတော့ ပုတီးစိပ် ဂါထာ ရွတ်မှာ လိုချင်တယ် ဆိုတာ ပါပါ တယ်။ခုချိန် ခုအသက် တော့ ကုသိုလ်၊အကုသိုလ်ခွဲခြားသိပြီး ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတဲ့ ဗုဒ္ဓဘာသာတစ်ယောက်ထားရှိရမယ့် ကမ္မဿကတဉာဏ် ကတော့ အပြည့် အဝရှိ လာပါပြီ။ သံသရာဝဋ် ဆင်းရဲကိုနားလည်လာတာနဲ့အမျှ သတိလက်လွတ် နေချိန် နည်းလာပါတယ်။ကျွန်မအနှစ် သက်ဆုံးက မေတ္တာကမ္မဌာန်းပါပဲ။ ဘယ် အချိန်ဖြစ်ဖြစ် သတိဝင် တိုင်း အသံတစ်ခု ပေါ်တိုင်း မေတ္တာပို့ တတ်လာသလို ဆရာတော်ကြီး တစ်ပါး က လမ်းထွက် လို့ လူတစ်ယောက်တွေ့မေတ္တာပို့ တတ်ရမယ်တဲ့။

ကျွန်မတွေ့သမျှ မြင်သမျှကြားသမျှကို မေတ္တာပို့ရ ကြိုက်နှစ် သက်လာခဲ့ပါပြီ။ ည ညဆို အိမ်ရှေ့ လမ်းမှာ လမ်းလျှောက်ရင် ကျွန်မ အလုပ်နဲ့ ကျွန်မ ရှူပ်ပါ တယ်။လမ်းထဲရှိ သမျှ အသက်နဲ့ ခန္ဓာ တည်နေတဲ့ သတ္တဝါတွေ ဘေးရန် ကင်းပါစေ။ ချမ်းသာပါစေ ကအစ သစ်ပင်ကြီးငယ်က ရုက္ခစိုး တွေ၊မမြင်အပ်တာတွေ အကုန်မေတ္တာပို့ လမ်းလျှောက် နေမိပါတယ်။ မနက်မှာတစ်ခါတော့ fb ကိုဖွင့် ကြည့်ပါတယ်။သူငယ်ချင်းတွေရဲ့ သာရေး၊နာရေးလေးတွေကြည့်ပြီး စာအုပ်ရေးဖို့ ဆီစိတ် ထားပေမယ့် သည်ငှက်ကလေးပုံ မြင်တော့ ငှက်ကလေး အစာရှာရင်း ဘေးရန် ကင်းပါစေ၊ ချမ်း သာပါစေဆို မေတ္တာပို့ရင်း ပြုံးမိ ပါတယ်။သည်ပုံလေးက ဟိုးတရုပ်ပြည်ကပုံ။ ငှက်ကလေး က ဖြင့်ရှိလားမရှိလားမသိ။ ဒါပေမယိ့ ကျွန်မစိတ်က သည်ငှက်လေး ဘေးရန်ကင်းပါစေ။ ချမ်းသာ ပါစေဆို တာလေးစိတ်ထား နေမိပါတယ်။ဂါထာ၊မန္တာန်၊ပရိတ်မှအစဝိပဿနာထိ ကိုယ်ထပ်တ လဲအားထုတ်မှ ဉာဏ်လိုက်လာ တာပါ။ထုံလာမှ အကျိူးပေးလာတာမို့ တစ်ခုခု ကိုတော့ အမြဲ ဆင်ခြင်နှလုံးသွင်းနေရမှာပါ။

ကျွန်မကတော့ ထိတ်လန့်သွားတဲ့အခါ၊ရုပ်တရက်နေမကောင်းတဲ့အခါ၊စိတ်မှာ၊နှုတ်မှာ ဘာတွေ ရွတ်မိဆင် ခြင်မိသလဲ။အမြဲသတိထားပါတယ်။ ညဖက်၊နေ့ဖက်လမ်းထွက်လို့ ခွေး တစ်ကောင် ကျွန်မဆီလာနေရင် နမောတဿကအလိုလို နှူတ်ကထွက်လာသည် ထိကြောက်တတ်ပါတယ်။ စိတ်မှာတော့ ခွေးတွေကို သီးသန့်မေတ္တာပို့ကြည့်မယ်လို့တွေးထားပါတယ်။ဟိုရက်က ခေါင်းမူး တော့မျက်လုံးမှိတ်လိုက်ရင်း ငါသည်ဘေးရန်ကင်းရပါလို၏ စိတ်ထဲရောက်ပြန်ရော။ ရင်ထဲ က နာလာ၊အောင့်လာတဲ့ အခါမျိူးတော့ အနိစ္စလို့ မှတ်နေမိ ပြန်ပါရော။ ဘယ်လိုအချိန်၊ ဘယ်လို ဒါဏ်ရာ၊ဘယ်လိုဝေဒနာလာစေဦး စိတ်မှာ၊နှုတ်မှာ ကုသိုလ်တစ်ခုခုထုံနေပြီဆို အနည်းဆုံး နတ် ပြည်လောက် ရောက်ပါတယ်။ နတ်ဘဝမှာ ပျော်ရွှင် မေ့မူးနေဦး အနိစ္စလို့ ကြားလို့ က သေချာ သောတာပန်နတ် ဖြစ်မှာပါ။သည်ဘဝ သည်ခန္ဓာနဲ့ ကုသိုလ် မျိူးစုံမွှမ်း ထုံ ပြီဆိုရင် သည်ဘဝ သောတာပန် မဖြစ်ဦး နောက်ဘဝကတော့ မြေကြီးလက်ခတ် မလွဲရမယ်လို့ သေချာ နေပြီမို့။ များများ အားထုတ်၊ များများ ထုံမွှမ်းပြီးတော့ သံသရာကို အတတ်နိုင်ဆုံး ချုံ့ပေးလိုက် ကြ ရအောင်လား။

ဒေါ်ခိုင်ဇင်သက်

Leave a Reply

Your email address will not be published.