Spread the love

အမှတ် စဥ်(၈) (၁၀.၁၀.၂၀၂၀) မှ (၉.၁၁.၂၀၂၀) ထိ ရက်(၃၀) မောင်းထောင်မြေဇင်း Online တရား စခန်း ကြီး ယနေ့ဆို ပြီး ပါပြီ…မောင်းထောင်မြေဇင်း တရား စခန်းမှ ဆရာတော် ဘုရားကြီး အားလည်း ကောင်း၊ တရားပြ ဆရာတော် ဦးအရှင်ပညာဒီပ(မြေဇင်းကမ္မဌာနစရိယ ဓမ္မာစရိယ) အားလည်း ကောင်း လွန်တရာ ကျေးဇူး တင်ရှိ စွာဖြင့် ရိုသေစွာ ရှိခိုး အပ်ပါသည်…တဖန် ဤ တရား စခန်း ဖြစ်မြောက်အောင် ဝိုင်းဝန်း ဆောင်ရွက် ကြသော အကျိုး တော်ဆောင်များ အားလည်း အင်မတန် ကျေးဇူး တင်ရှိလှ ပါသည် သံသရာ တစ်ကွေ့မှာ တွေ့ခဲ့ ကြတဲ့ online ဓမ္ မမိတ်ဆွေ သူတော်စင် များအားလုံး ကျန်းမာ ချမ်းသာပြီး တရားထူး တရား မြတ်၊များ ရကြပါ စေဟု ဆုတောင်း မေတ္တာ ပို့သ အပ်ပါ သည်…..။

ဤ တရား စခန်းမှ ရ ရှိသော အကျိုး ကျေးဇူး များ

၁။ တရား အားမထုတ် ခင်ပြုသော ပဋိ ကံများ သိရှိ သွားခြင်း (၁) ဘုရားအား ဆီမီး၊ ပန်း၊ ရေချမ်း ကပ် လှူပါ (၂) သီလ ဆောက်တည်ပါ (၃) ဘုရား အစရှိသော မိဘ ဆရာ သမား များအား တောင်း ပန်ပါ။

၂။ ဗုဒ္ ဓါနုဿတိ ပွားများ ခြင်း အရဟံ = လူ၊ နတ်၊ ဗြဟ္မာ တို့၏ ပူဇော် အထူးကို ခံယူ တော်မူ ထိုက် သော မြတ်စွာ ဘုရား၊ အရဟံ = ကိလေသာ ကင်းစင် တော်မူသော မြတ်စွာဘုရား၊ အရဟံ =ဆိတ်ကွယ် ရာ၌ပင် မကောင်းမှုကို ပြုတော် မမူတော် မြတ်စွာ ဘုရား ဟူ၍ ဗုဒ္ဓ၏ ဂုဏ်တော်ကို ပွားများ ခြင်းဖြင့် ငြိမ်းအေးခြင်း ကို ရ၍ ဗုဒ္ဓ မြတ််စွာ ဘုရားအား ပို၍ ပို၍ ကြည်ညို သဒ္ဒါ ပွားများ စိတ်များ ဖြစ်ပေါ် လာပါ သည်။

၃။ မေတ္တာ ကမ္မဌာန်း စီးဖြန်းခြင်း၊ သက်ရှိ ဟူသမျှ နှင့် ခုနှစ်ရက် သားသမီး တို့အား ပြုံးရွှင် သော အ သွင် ဖြင့် စကော ကဲ့သို့ စည်းဝိုင်း အတွင်း ပို့၍ ပြုံး ရွှင်သော မိမိကို မြင်ခါ ဦးစွာ ပထမ မိမိ ကိုယ်ကို မေတ္တာ ပို့ ပါ.။ (၁) ငါသည် ဘေးရန် ကင်းရ ပါလို၏ (၂) ငါသည် ကျန်းမာရပါလို၏ (၃) ငါသည် ချမ်း သာရ ပါလို၏ (၄) ငါ ဘေးရန် ကင်းသလို သက်ရှိဟူသမျှ ဘေးရန် ကင်းကြ ပါစေ.. ငါ ကျန်းမာ သလို သက်ရှိ ဟူ သမျှ ကျန်းမာ ကြပါ စေ ငါ ချမ်းသာ သလို သက်ရှိ ဟူ သမျှ ချမ်းသာ ကြပါ စေ ဟု မေတ္တာ ကမ္မဌာန်း စီးဖြန်း ခြင်းဖြင့် အေးငြိမ်း မှုအတိကို ရစေ ပါသည်။

၄။ မရဏ နုဿတိပွား များခြင်း လူသေ အလောင်း များနှင့် မိမိ သေသည့်ပုံ စံအား မြင်ရောင်၍ ခပ် သိမ်း သော သတ္တဝါ တို့သည် တဖွဲဖွဲ သေနေ ကြသလို ငါလည်းပဲ သေရ မှာပါ တကား၊ သေရချည်သေး သေရ ချည်သေး..သေရချည်သေး ဟူ၍ မရဏ နုဿတိ ပွားများ ခြင်းဖြင့် သေခြင်း တရားကို ဆင်ခြင် မိပါသည်။

၅။ သမာဓိ တည်တောင်ရန် နှာသီး ဖျား၌ စိတ်စိုက် ၍ ဝင်လေအား ဝါယူဝါ မှတ်များ မှတ်ခြင်း ဖြင့် သမာဓိ ရလွယ် စေခြင်း၊ နှာသီး ဖျားမှာ စိတ်ထား ၍ ရှူရှိက် လိုက်သည့် ဝင်လေအား ဝင်သည်၁ မှ ဝင်သည် ၈ အ ထိ ရေတွက် ကာ ၁ ဝါ ဟု မှတ် ယူခြင်းကို ဝါယူဝါ မှတ် ဟုခေါ်ပါသည်..ထိုသို့ ဝါယူ ဝါမှတ် ၁၀ ခါ ပြည့်လျှင် လက် ကောက်ဝတ် မှာ စုပါ၊ ဝါယူဝါမှတ် ၂၀ ပြည့်လျှင် တံတောင်မှာ စုပါဝါ ယူဝါ မှတ် ၃၀ ပြည့်လျှင် ပုခုံး မှာစုပါ ဝါယူဝါမှတ် ၄၀ ပြည့်လျှင် နားရွက်မှာ စုပါဝါ ယူဝါမှတ် ၅၀ ပြည့်လျှင် ဂြိုလ်စောင်းမှာ စုပါထိုသို့ ဘယ်ညာ စုလျှင် ဝါယူဝါမှတ် ၁၀၀ ရပါသည်…

၆။ သမာဓိ အားကောင်း လာပြီး အလင်း နိမိတ်များ ရရှိစေခြင်း။

၇။ တဖန် အလင်း နိမိတ်များ ရရှိလာစဥ် ဘုရားများ ဖူးရန်နှင့် ခန္ဓာကိုယ် အစိတ် အပိုင်း များအား ပုံသဏ္ဍာန် အမျိုးမျိုး ဖြင့် မမြဲသော သခါရ တရားကို သိသာ ထင်ရှားစွာ ရှုမှတ် နိုင်အောင် စိတ်ညွတ် တတ်လာ ခြင်း။

၈။ မိခင်ကြီး ဆုံးပြီးး တည်းက အိပ်မက် တောင်မ မက်ပဲ ဤ တရားစခန်း ဝင်မှ အိပ်မက် ထဲတွင် မိခင် ကြီးအား တွေ့ရပြီး အမျှဝေ ခွင့် ရခြင်း။

၉။ တရား စခန်း ဝင်ရာတွင် တစ်နေ့ထက် တစ်နေ့ထက် တစ်နေ့ သမာဓိ အားကောင်းလာပြီး မလှုပ် မယှက် ကျောက်စိုင် ကျောက်သား ထုပမာ ခိုင်မြဲစွာ ထိုင်နိုင် လာရသလို တရား၏ နူးညံ့ သိမ်မွေ့ နက် နဲမှုကို သိရှိပြီး ခန္ဓာ၏ ရုမ်၊ နာမ်ဓမ္မများ ဖြစ်ပျက်မှု မမြဲသော အနိစ္စ၊ ဒုက္ခ၊ အနတ္တ များအား နားလည် သဘောပေါက်စွာ ရှု မှတ်ပွား များရခြင်း။

၁၀။ အာနပါန အဆင့်(၄)ဆင့်အား နက်နဲစွာ သိရှိအား ထုတ်ရခြင်း သတိမြဲရာ ပထမာ ဒုမှာ ရှည်တိုသိ သုံးချက်ထိမှာ တတိယာ စမှာ ငြိမ်းစေတည်း…။

၁၁။ သမာဓိ အား လွယ်ကူစွာ ထူထောင် နိုင်ပြီး ဉာဏ်စဥ်များ တဆင် ပြီး တဆင့် သိရှိ လာ၍ စည်း စနစ် ကျ စွာ ရှု မှတ် ပွား များ အား ထုတ်နိုင် ခြင်း အစ ရှိသော အကျိုး ကျေး ဇူးများ စွာကို ရ ရှိစေ ပါသည်။ ထို့ ကြောင့် ဤ မောင်းထောင်(မြေဇင်း) Online တရား စခန်းအား ဖွင့်လှစ်ရန် စီစဥ် ပေးခဲ့ ကြသော တရား ပြ ဆရာတော် ဦးအရှင်ပညာဒီပ( မြေဇင်း ကမ္မဌာန စရိယ ဓမ္မာစရိယ ) အား ကျေးဇူးတင်စွာ ရိုသေ စွာရှိခိုး ဦးတင်၍ လည်းကောင်း၊ IT နည်း ပညာ ပိုင်း ကို ကျွမ်း ကျင်စွာ ရှိလှသော အကျိုး တော် ဆောင်များ အား လည်းကောင်း၊ အမေး အဖြေ ကဏ္ဍတွင် စိတ်ရှည် လက်ရှည် ဖြေကြား ပေးခဲ့ ကြသော စီနီယာဓမ္မ မိတ်ဆွေ များ အားလည်း ကောင်း၊ တရားအား ထုတ်ဖော် အား ထုတ်ဖက် ဓမ္မမိတ် ဆွေ များအား လည်းကောင်း အ လွန် အင်မတန် ကျေးဇူးတင် လှစွာ ဖြင့် ကျန်းမား ချမ်းသာ ဘေးရန် ကွာ၍ ကပ်ကြီး သုံးပါးကျော် လွှားနိုင် ကြပြီး တရား ထူး တရားမြတ် များရ ကြ ၍ ကောင်း ကျိုး လိုရာ ပြည့်ကြ ပါစေဟု ဆုတောင်း မေတ္တာ ပို့သ လိုက် ရပါသည် ရှင့်…..ဆရာတော်နှင့် အကျိုးတော် ဆောင်များ၊ ဓမ္မမိတ် ဆွေများ အားလုံး၏ ပြုသမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ် တို့အား သာဓု သာဓု သာဓု ဟု ရိုသေ စွာ ခေါ်ဆိုအပ် ပါသည်ရှင့်. ပြုသမျှ ကုသိုလ် ဒါန၊ သီလ၊ ဘာဝနာများအား အမျှ အမျှ အမျှ ပေးဝေတော်မူပါသည်…သာဓု သာဓု သာဓု ခေါ်ဆို နိုင် ကြ ပါ စေသာ်ဝ်….။

Chit Myet Wun(Facebook Account မှ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *